← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) - မိစ္ဆာအမြုတေနှင့် လူသား

ကျူးလင်က လီချိုးဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"အဆင့်မြင့်နတ်ဘုရား လီချိုး... ရှင် ကျွန်မတို့နောက်ကို ဘာလို့ လိုက်နေတာလဲ..."

လီချိုးက သူမကို ပြုံးပြကာ ပြောလိုက်သည်။

"ကျွန်တော်က မင်း အသက်ကယ်‌ပေးထားတဲ့ကျေးဇူးကို ဆပ်ချင်သေးလို့ပါ... ပြီးတော့ ကျွန်တော့်ကို သေတွင်းထဲပို့ခဲ့တဲ့သူရဲ့ ကျေးဇူးကိုလည်း ပြန်ဆပ်ရဦးမယ်လေ..."

ထိုစကားကို ကြားသောအခါ ကျူးလင်က ပြောလိုက်သည်။

"ရှင်က ကျွန်မရဲ့ အသက်ကယ်ထားတဲ့ကျေးဇူးကို ဆပ်ဖို့လိုသေးတယ်လို့ ထင်နေမှတော့... ကျွန်မအပေါ် တင်‌နေတဲ့ ရှင့်ရဲ့အကြွေးနဲ့ ရှို့ဝူအပေါ် ထားတဲ့ ရှင့်ရဲ့ရန်ငြိုးကို ဖြေဖျောက်လိုက်ကြရအောင်..."

“မိစ္ဆာနတ်ဘုရားအပေါ် ထားတဲ့ ရန်ငြိုးကို လက်လွှတ်လိုက်တာဟာ ကျွန်မကို ကျေးဇူးဆပ်တာလို့ပဲ သတ်မှတ်လိုက်ပါ...”

သူမ ပြောပြီးသည်နှင့် လုချိုင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မဖြစ်ဘူး... မင်းက မလိုလားရင်တောင် ကျွန်တော်ကတော့ မင်းရဲ့ အသက်ကယ်ကျေးဇူးကို ဆပ်မှာပဲ... ပြီးတော့ သူ ကျွန်တော့်အပေါ် လုပ်ခဲ့သမျှ အရာအားလုံးကိုလည်း ပြန်ပေးဆပ်ရလိမ့်မယ်..."

ထိုသို့ပြောပြီးနောက် သူက သူမ၏ဘေးတွင် တည်ငြိမ်စွာ ရပ်နေလေသည်။ ကျူးလင်မှာ ပြောစရာစကားမဲ့သွားပြီး စိတ်ထဲမှ တွေးလိုက်မိ၏။

“နဂါးမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက တကယ်ပဲ မှန်ကန်တာပဲ...”

“နဂါးတစ်ကောင်ရဲ့ ရန်ငြိုးက ဘယ်လောက်အထိ ကြီးမားလဲဆိုတာနဲ့ သူတို့ ဘယ်လောက်အထိ ခေါင်းမာသလဲဆိုတာကို ငါ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီ...”

လီချိုးကို ဖျောင်းဖျ၍ မရနိုင်သဖြင့် ကျူးလင်က သူ့ကို လောလောဆယ် လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။

သူမအနေဖြင့် လီချိုးကို အရာအားလုံး ရှင်းရှင်းလင်းလင်း မရှင်းပြမီ ရှို့ဝူ၏ ဒဏ်ရာရနေသော လည်ချောင်းကို ဦးစွာ ဂရုစိုက်ပေးရန် လိုအပ်ပေသည်။

သူမ တံခါးကို ခေါက်လိုက်ပြီး ခဏမျှ စောင့်ဆိုင်းလိုက်ရာ မိန်းကလေးငယ်တစ်ဦးက တံခါးလာဖွင့်ပေးလေသည်။

မိန်းကလေးငယ်သည် တံခါးခေါက်သူမှာ သူမဖြစ်ကြောင်း မြင်သောအခါ ရှက်ကိုးရှက်ကန်း ပြုံးပြရင်း ဘေးသို့ ဖယ်ပေးကာ ပြောလိုက်၏။

"အစ်မကြီး... ပြန်လာတာ ကြိုဆိုပါတယ်..."

ကျူးလင်က မိန်းကလေးငယ်ကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။

"ထူထူ ဘယ်မှာလဲ..."

မိန်းကလေးငယ်က ဧည့်ခန်းဆီသို့ ညွှန်ပြကာ ပြောလိုက်၏။

"ထူထူက ဟိုမှာ…ရှိတယ်..."

ထိုသို့ပြောပြီးနောက် မိန်းကလေးငယ်က ကျူးလင်၏ လက်ညှိုးကို ဆုပ်ကိုင်ကာ ပြောလိုက်ပြန်သည်။

"သမီးနဲ့ လိုက်ခဲ့ပါ အစ်မကြီး... သမီး လိုက်ပို့ပေးမယ်..."

သူမ၏ လက်ညှိုးကို ဆုပ်ကိုင်ထားရင်း ဧည့်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသော ချစ်စရာကောင်းသည့် သုံးနှစ်အရွယ် မိန်းကလေးငယ်ကို ကြည့်ကာ ကျူးလင်က နူးညံ့စွာ ပြုံးလိုက်ပြီး ပြောလိုက်၏။

"ကောင်းပါပြီ..."

သူမနှင့် ရှို့ဝူတို့ ဧည့်ခန်းဆီသို့ ယှဉ်တွဲ၍ လျှောက်လှမ်းသွားချိန်တွင် လီချိုး၏ အကြည့်များက မိန်းကလေးငယ်နောက်သို့ လိုက်ပါသွားလေသည်။

ခဏအကြာတွင် သူက မျက်မှောင်ကြုတ်ကာ ဧည့်ခန်းဆီသို့ လျှောက်လှမ်းသွားချေသည်။ စက်ဝိုင်းပုံ တံခါးဝကို ဖြတ်သန်းသွားစဉ် သူ ကြောင်အမ်းသွား၏။

ဧည့်ခန်းထဲတွင် ခန္ဓာကိုယ်အတွင်း၌ မိစ္ဆာအမြုတေများ ရှိနေကြသော ကလေးငယ် ၃၀ ကျော် ရှိနေပေသည်။

လီချိုးက သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ ကလေးအားလုံး၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ ထိုကလေးများသည် မိစ္ဆာများမဟုတ်ဘဲ လူသားများ ဖြစ်နေကြောင်း သိရှိသွား၏။

လူသားများ ဖြစ်နေပါလျက်နှင့် သူတို့၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာအမြုတေများ အဘယ်ကြောင့် ရှိနေရသနည်းဟူသော မေးခွန်းအတွက်မူ လီချိုး အဖြေရှာမရခဲ့ချေ။

သူသည် ထိုကလေးများကို အချိန်အတော်ကြာ စိုက်ကြည့်နေသော်လည်း အဖြေကို ရှာမတွေ့နိုင်သေးပေ။

တစ်ဦးတည်းသော နဂါးနတ်ဘုရားအနေဖြင့် သူသည် မိစ္ဆာလောက၏ အုပ်စိုးသူ ဖြစ်၏။ မိစ္ဆာများနှင့် ပတ်သက်၍ သူ မသိသောအရာဟူ၍ မရှိခဲ့ချေ။

သို့သော် ယခုမူ မိစ္ဆာများနှင့် ပတ်သက်၍ သူ မသိသေးသော အရာအချို့ ရှိနေကြောင်း သူ သတိပြုမိသွားလေသည်။

အစ်ကိုအသစ်က သူတို့ကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသောအခါ ကလေးများသည် ကျူးလင်၏ နောက်ကွယ်တွင် အလျင်အမြန် ပုန်းကွယ်လိုက်ကြပြီး လီချိုးကို ပြန်လည်စိုက်ကြည့်နေကြ၏။

သူစိမ်းများကို ကြောက်ရွံ့ကြသော်လည်း ကလေးများသည် စိတ်အလိုအလျောက်ပင် ဤအစ်ကိုအသစ်အပေါ် ဆွဲဆောင်ခြင်း ခံနေရပေသည်။

သူတို့က လီချိုးကို ရှောင်ရှားနေသော်လည်း စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်၏။

"မစိုးရိမ်ကြပါနဲ့... အဲဒီအစ်ကိုက လူဆိုးမဟုတ်ပါဘူး..."

သူမ၏ စကားကို ကြားသောအခါ ကလေးများသည် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီချိုးကို လှမ်းကြည့်လိုက်ကြသည်။

သူ့ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ကလေးများသည် ဖြည်းဖြည်းချင်း စိတ်အေးသွားကြပြီး ထူထူနှင့် ဖုတ်ကောင်လေးတို့ ရှာဖွေပေးထားသော ကစားစရာများဖြင့် ဆက်လက်ကစားနေကြသည်။

လီချိုးကိုလည်း တစ်ချက်တစ်ချက် လှမ်းကြည့်နေကြလေသည်။

ကလေးများကို ချော့မော့ပြီးနောက် ကျူးလင်က သူမ၏ ယုန်ကလေးကို ပတ်ပတ်လည် ရှာဖွေကြည့်သော်လည်း ရှာမတွေ့ချေ။

ထူထူတစ်ယောက် အပြင်တွင် ကစားနေသည်ဟု ထင်မှတ်ကာ သူမက ထူထူထံသို့ စိတ်ချင်းဆက်သွယ်မှု ပို့လွှတ်လိုက်၏။

“ထူထူ... နင် ဘယ်မှာလဲ...”

တစ်စက္ကန့်မျှအကြာတွင် ထူထူက ပြန်မေးလိုက်သည်။

“သခင်မလေး... ရောက်နေပြီလား...”

ကျူးလင်က ရှို့ဝူအား ဆိုဖာပေါ်တွင် ထိုင်ရန် ကူညီပေးရင်း ပြောလိုက်၏။

“အင်း... ငါ ဧည့်ခန်းထဲမှာ...”

သူမ ပြောပြီးသည်နှင့် ထူထူက ချက်ချင်းပင် ပြောလိုက်သည်။

“ကျွန်တော် အခုပဲ လာခဲ့မယ်...”

ထူထူ ပြောပြီးနောက် ကျူးလင်က ဒုတိယထပ်သို့ မော့ကြည့်လိုက်ရာ ထူထူ အောက်သို့ ခုန်ချလာသည်ကို မြင်လိုက်ရ၏။ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ပြီးနောက် ထူထူက သူမဆီသို့ ခုန်ဆွခုန်ဆွဖြင့် ပြေးလာချေသည်။

ယုန်ကလေးသည် ရှို့ဝူ၏ လည်ပင်းပေါ်ရှိ လက်ငါးချောင်းရာကို မြင်သောအခါ ထိတ်လန့်သွားပြီး မေးလိုက်၏။

"ဘယ်သူကများ ဒီလောက် သတ္တိကောင်းပြီး သူ့လည်ပင်းကို ညှစ်ရဲတာလဲ..."

ကျူးလင်က ထူထူ၏ မေးခွန်းကို ပြန်လည်ဖြေကြားရန် အချိန်မရမီမှာပင် ယုန်ကလေး၏ နောက်ကွယ်မှ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ငါပဲ..."

ထူထူ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် ၎င်း၏ မျက်လုံးနီနီကြီးများ ပြူးကျယ်သွား၏။ ထူထူက လီချိုးကို လက်ညှိုးထိုးကာ အံ့အားသင့်စွာ ပြောလိုက်လေသည်။

"မင်းက တကယ်ပဲ အသက်ရှင်နေသေးတာလား..."

လီချိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဒါပေါ့... ငါ့ကို သတ်ဖို့က လွယ်ကူတယ်လို့ မင်း ထင်နေတာလား..."

လီချိုးနှင့် ထူထူတို့ နှစ်ဦးလုံးမှာ မြင့်မြတ်သော သားရဲမျိုးနွယ်စုမှ ဆင်းသက်လာသူများ ဖြစ်ကြသဖြင့် သူတို့သည် အချင်းချင်း သိကျွမ်းကြပြီး ရင်းနှီးသော ဆက်ဆံရေး ရှိကြပေသည်။

သူမ၏ ယုန်ကလေးမှာ လီချိုးနှင့် စကားပြောရန် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ကျူးလင်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးရင်း မေးလိုက်၏။

"ထူထူ... ရှို့ဝူရဲ့ လည်ချောင်းကို အရင်ဆုံး ကုသပေးနိုင်မလား..."

သူမ၏ မျက်နှာပေါ်ရှိ မပျော်မရွှင် ဖြစ်နေသော အမူအရာကို မြင်သောအခါ ထူထူက အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်၏။

"ရပါတယ် သခင်မလေး..."

၎င်း၏ အမွေးပွပွ ခြေဖဝါးလေးများက ရှို့ဝူ၏ လည်ပင်းကို ထိတွေ့လိုက်သည့် ကာလတွင် ထူထူ၏ ခြေဖဝါးလေးများထံမှ နူးညံ့သော အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

စက္ကန့်အနည်းငယ်အကြာတွင် သူ၏ လည်ပင်းပေါ်ရှိ ညိုမည်းဒဏ်ရာများ ပျောက်ကွယ်သွားပြီး ရှို့ဝူက နေရထိုင်ရ သက်သာစေရန် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်၏။

ကျူးလင်က ရှို့ဝူ၏ လည်ပင်းကို စစ်ဆေးပေးရင်း မေးလိုက်သည်။

"သက်သာသွားပြီလား..."

သူမ၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်သောအခါ ရှို့ဝူက သူ၏ လည်ပင်းကို ထိတွေ့ထားသော သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပြောလိုက်၏။

"ကိုယ် ဘာမှမဖြစ်ပါဘူး..."

သူ၏ ပုံမှန်အတိုင်း နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံကို ကြားလိုက်ရသဖြင့် ကျူးလင်က သက်ပြင်းချနိုင်သွားပြီး ပြောလိုက်၏။

"တော်သေးတာပေါ့..."

ရှို့ဝူနှင့် ကျူးလင်တို့အကြားရှိ ရင်းနှီးကျွမ်းဝင်သော အပြန်အလှန် ဆက်ဆံမှုကို မြင်သောအခါ လီချိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... မင်း နောက်ဆုံးတော့ သူ့ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီလား..."

သူ ဤမေးခွန်းကို မေးလိုက်သည်နှင့် တစ်ပြိုင်နက် ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။ ရှို့ဝူက လီချိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျူးလင်ကို လှမ်းကြည့်လိုက်၏။

သူတို့နှစ်ဦး အချင်းချင်း စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ရှို့ဝူက ကျူးလင်၏ လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

All Chapters