အခန်း ၄၈၁
Vol. 49 Ch. 481
အခန်း (၄၈၁)
ကျိုးတိုင်းပြည်၏ နန်းတော်ကြီးအတွင်း၌ ရှောင်မိုသည် မင်္ဂလာသတို့သားဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနေချေပြီ။
ဤဝတ်စုံကို ယန်ရုရွှယ်က ကိုယ်တိုင်ဒီဇိုင်းဆွဲဖန်တီးပေးထားခြင်းဖြစ်လေ၏။
ရှောင်မို၏အမြင်တွင် သူသည် ဤဝတ်စုံကို စောစောစီးစီးကတည်းက ဝတ်ဆင်ခဲ့သင့်ပေသည်။
သို့သော်ငြားလည်း ကိစ္စရပ်မြောက်မြားစွာ ဆက်တိုက်ဖြစ်ပျက်ခဲ့ရသောကြောင့် ယခုအချိန်အထိ ကြန့်ကြာနေခဲ့ရခြင်းဖြစ်လေတော့သည်။
နန်းတွင်းအစေခံမလေးများက ရှောင်မိုအား မင်္ဂလာဝတ်ရုံတော် ဝတ်ဆင်ပေးပြီးနောက် ဘေးဘက်၌ရပ်နေသော စစ်လီက ရှောင်မို၏အသွင်အပြင်ကို ငေးမောကြည့်ရှုနေမိကာ သူမ၏မျက်ဝန်းအစုံ၌ ကြည်လင်တောက်ပသော အရောင်အဝါများ တလက်လက် တောက်ပနေလေ၏။
စစ်လီ၏အမြင်၌ သူမ၏သခင်သည် မူလကပင် အလွန်တရာ အချောအမောဖြစ်ပေသည်။
ယခုလို သခင်ဖြစ်သူက မင်္ဂလာသတို့သားဝတ်ရုံကို လဲလှယ်ဝတ်ဆင်လိုက်သောအခါ ပို၍ပင် တက်ကြွခန့်ညားသော အငွေ့အသက်များ ယိုဖိတ်ကျနေချေပြီ။
သို့သော် စစ်လီ့အတွက် နှမြောတသဖြစ်မိစေသောအရာမှာ သူမ၏သခင် ဝတ်ဆင်ထားသော ဤမင်္ဂလာဝတ်ရုံသည် သူမကိုလက်ထပ်ရန်မဟုတ်ဘဲ အခြားတစ်ယောက်ကို လက်ထပ်ရန်အတွက် ဖြစ်နေခြင်းပင်။
"ထားလိုက်ပါလေ၊ ဒါက ကိစ္စသေးသေးလေးပါ။ အဲဒီ သာမန်လူသားမိန်းမနှစ်ယောက်ကို ခေါင်းစဉ်တစ်ခုအနေနဲ့ အရင်အမြတ်ထုတ်ခွင့်ပေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓားတစ်သောင်းဂိုဏ်းချုပ်ကို ငါ ဖြေရှင်းပြီးသွားတာနဲ့ သခင်နဲ့ အချိန်မရွေး နှစ်ကိုယ်တူကျင့်ကြံခြင်းကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ပြီး သူ့ကို ခေါ်သွားလို့ရပြီပဲဟာကို"
စစ်လီက သူမ၏ရင်ထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်လေ၏။
"စစ်လီ... စစ်လီ... စစ်လီ"
"အရှင်မင်းမြတ်"
စစ်လီတစ်ယောက် အတွေးလွန်နေစဉ် ရှောင်မိုက အကြိမ်အနည်းငယ်မျှ ခေါ်လိုက်မှသာ သူမမှာ အသိပြန်ဝင်လာလေတော့သည်။
"ငါတို့ နန်းတော်ထဲက ထွက်ခွာကြတော့မှာကို မင်းက ဘာတွေ ငေးမောနေတာလဲ" ဟု ရှောင်မိုက မေးမြန်းလိုက်၏။
"ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ အရှင်မင်းမြတ်" စစ်လီက ခေါင်းငုံ့ကာ ပြောလိုက်သည်။ "အရှင်မင်းမြတ်က ဒီမင်္ဂလာဝတ်ရုံနဲ့ တကယ်ကို ခန့်ညားလွန်းတယ်လို့ ကျွန်တော်မျိုးမ ခံစားမိသွားလို့ပါ။ ဘယ်မဟာပညာရှင်က ဒီမင်္ဂလာဝတ်စုံကို ဖန်တီးချုပ်လုပ်ခဲ့လဲမသိပေမယ့် တကယ်ကို အံ့မခန်းပါပဲ"
"ဒီမင်္ဂလာဝတ်ရုံလား" ရှောင်မိုက လက်နှစ်ဖက်ကိုဆန့်တန်းကာ သူဝတ်ဆင်ထားသော သတို့သားဝတ်စုံကို ငုံ့ကြည့်လိုက်လေ၏။ "ဒီမင်္ဂလာဝတ်ရုံကို သခင်မလေးယန်က ကိုယ်တိုင်ချုပ်လုပ်ပေးခဲ့တာလေ။ သခင်မလေးယန်က မဟာကျိုးရဲ့ နံပါတ်တစ် ပါရမီရှင်အမျိုးသမီးပီပီ တကယ်ကို လက်ရာမြောက်လွန်းပါတယ်"
"..." အရှင်မင်းမြတ်၏ အဖြေကို ကြားလိုက်ရသောအခါ စစ်လီ၏ မျက်ဝန်းထဲတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက ထုတ်ဖော်မပြချေ။ ထို့အစား သူမက ပြုံးကာ "ဒီလိုကိုး။ မိဖုရားကြီးက ဒီလောကမှာ တကယ်ကို ရှားပါးတဲ့ အမျိုးသမီးတစ်ဦးပါပဲ" ဟု ပြောလိုက်လေသည်။
"တကယ်ကို ရှားပါးလွန်းလှပါတယ်" ရှောင်မိုက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး စစ်လီနှင့် စကားဆက်မပြောတော့ဘဲ အိပ်ဆောင်တော်၏ အပြင်ဘက်သို့ လျှောက်လှမ်းသွားလေ၏။ "သွားကြစို့၊ မင်္ဂလာအချိန်အခါ ကျရောက်ဖို့ နီးကပ်နေပြီ"
"မှန်လှပါ အရှင်မင်းမြတ်" စစ်လီက ရှောင်မို၏နောက်မှ အလျင်အမြန် လိုက်ပါသွားတော့သည်။
သို့သော် မကြာမီမှာပင် စစ်လီက တစ်စုံတစ်ခုကို သတိရသွားကာ ရှောင်မို၏ မျက်နှာဘေးတစ်စောင်းကို မော့ကြည့်လိုက်လေ၏။ "အရှင်မင်းမြတ်... မိဖုရားကြီးနှစ်ပါးထဲက ဘယ်သူ့ကို အရင်သွားကြိုမှာလဲ"
နန်းတော်တွင်း၌ နေထိုင်ခဲ့ရသော အချိန်ကာလများအတွင်း စစ်လီသည် ရှောင်မို၏ အခြေအနေများကို အပြည့်အဝ နားလည်သဘောပေါက်နေခဲ့ချေပြီ။
ဓလေ့ထုံးတမ်းဝန်ကြီး၏သမီး ယန်ရုရွှယ်ဖြစ်စေ၊ ချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီး ချင်မုကျိုးဖြစ်စေ မောင်းမဆောင်တွင်း၌ သူတို့၏ အဆင့်အတန်းမှာ တူညီကြပေသည်။
သူတို့နှစ်ဦးစလုံး၏ ဘွဲ့အမည်များမှာ ကြင်ယာတော်ငါးပါး၏ အကြီးအကဲ "မိဖုရားကြီး" ပင် ဖြစ်လေ၏။
သို့သော်ငြားလည်း ကျိုးတိုင်းပြည်၏ ဓလေ့ထုံးတမ်းများအရ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် မင်္ဂလာဆောင်လျှင်ပင် တရားဝင်မင်္ဂလာပွဲဖြစ်နေသရွေ့ သတို့သမီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုရန် လိုအပ်ပေသည်။
ပြဿနာမှာ သခင်ဖြစ်သူက မည်သူ့ကို အရင်သွားကြိုမည်နည်း။
ဤသည်မှာ သေးငယ်သော ပြဿနာတစ်ခုဟု ထင်ရသော်လည်း တကယ်တမ်း၌ ချင်တိုင်းပြည်နှင့် ယန်မိသားစုတို့၏ ဂုဏ်သိက္ခာမျက်နှာစာနှင့် သက်ဆိုင်နေပေ၏။
"ဒီကိစ္စအတွက် မင်း စိတ်ပူစရာမလိုပါဘူး" ရှောင်မိုက ပြုံးလျက် ပြောလိုက်သည်။ "ဓလေ့ထုံးတမ်းဝန်ကြီးဌာနက လူတွေက နှစ်ဖက်စလုံးကို ကျေနပ်စေမယ့် အစီအစဉ်တစ်ခု ထွက်လာဖို့အတွက် အချိန်ပြည့် အလုပ်များနေခဲ့ကြတာလေ။ သူတို့ ကြိုတင်ပြင်ဆင်ပြီးနေပါပြီ"
ရှောင်မို၏ စကားသံအဆုံး၌ သူသည် လှေကားထစ်များမှ ဆင်းလျှောက်သွားကာ သူ၏အသံက စစ်လီ၏နားထဲသို့ ပျံ့လွင့်လာလေ၏။ "ပုံမှန်အားဖြင့်တော့ ငါက မိဖုရားကြီးနှစ်ပါးစလုံးကို တစ်ပြိုင်တည်း သွားကြိုမှာပေါ့"
"ဟင်"
စစ်လီက မျက်တောင်များ တဖျတ်ဖျတ်ခတ်သွားပြီး သူမ အကြားအာရုံများ မှားယွင်းသွားလေသလားဟု တွေးတောမိသွားသည်။
"နှစ်ယောက်စလုံးကိုလား"
"တစ်ပြိုင်တည်း ကြိုမယ်"
မိစ္ဆာကမ္ဘာ၊ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ နန်းတော်ကြီး။
အိပ်ဆောင်တော်တစ်ခုအတွင်း၌ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မသည် သူမ၏ မျက်ဝန်းများကို မှိတ်ထားပြီး ဖြူဝင်းသော လက်ဖဝါးဖြင့် ခေါင်းကိုထောက်ကာ နူးညံ့သော ပက်လက်ကုလားထိုင်ပေါ်တွင် ဘေးတစောင်း လှဲလျောင်းနေလေ၏။ သူမ၏ ရှည်လျားသော အမြီးကိုးချောင်းမှာ ပိုးသားများအလား လေထဲတွင် လွင့်ဝဲယိမ်းထိုးနေပေသည်။
အမျိုးသမီး၏ ဆီးနှင်းကဲ့သို့ ဖြူဆွတ်နေသော ဆံကေသာရှည်များမှာ ပခုံးထက်မှတစ်ဆင့် သွယ်လျသောခါးလေးဆီသို့ ဖြာကျနေပြီး သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်အချိုးအစားနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေလေသည်။
ဆီးနှင်းဖြူ မြေခွေးနားရွက်တစ်စုံမှာ သားရဲနားရွက်ပုံစံ ဆံထုံးအဆင်တန်ဆာတစ်ခုကဲ့သို့ အမျိုးသမီး၏ ဆံပင်များနှင့် ပေါင်းစပ်သွားသယောင် ထင်မှတ်ရပေ၏။
ဆီးနှင်းဖြူ ဝတ်စုံရှည်ကြီး၏အောက်တွင်မူ အမျိုးသမီး၏ မို့မောက်နေသော ရင်အုံအစုံရှိနေလေသည်။
သူမမှာ ဘေးတစောင်း လှဲလျောင်းနေသောကြောင့် မူလကပင် ကျော့ရှင်းနေသော သူမ၏ ကိုယ်ဟန်ကောက်ကြောင်းများမှာ ပို၍ပင် ထင်းကနဲ ပေါ်လွင်နေချေပြီ။
ထိုအောက်တွင်တော့ အမျိုးသမီး၏ ကျစ်လစ်ချပ်ရပ်နေသော ဝမ်းဗိုက်အောက်ပိုင်းလေး ရှိနေပေသည်။
ဆက်လက်ဆင်းသွားပါက တောင်တန်းများသဖွယ် ကွေးညွတ်နေသော ကောက်ကြောင်းများ ထပ်မံပေါ်ပေါက်လာပြန်သည်။
ထို့နောက်တွင်တော့ စကတ်စွန်းအောက်မှ အမျိုးသမီး၏ ဖြူဝင်းပြီး နူးညံ့သွယ်လျသော ခြေတံလေးများပင် ဖြစ်လေ၏။
အမျိုးသမီး၏ ခြေတံများမှာ အနည်းငယ် ကွဲဟနေသော စကတ်ကြားမှ ဖြူဝင်းမှုကို ဖော်ပြနေပြီး သိုးဆီဥကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ ပူးကပ်လျက်ရှိနေပေသည်။
အမျိုးသမီး၏ အပြစ်အနာအဆာကင်းမဲ့သော ခြေတံရှည်များမှတစ်ဆင့် ဆက်လက်ငုံ့ကြည့်လိုက်ပါက ချောမွေ့သော မျဉ်းကြောင်းနှစ်ခုဆုံမှတ်၌ သူမ၏ ခြေမျက်စိလေးရှိနေလေသည်။
နံနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အမျိုးသမီး၏ ခြေမျက်စိပေါ်သို့ ဖြာကျလာသောအခါ ကြွေထည်များ၏ အေးစက်သော အဖြူရောင်မျိုးမဟုတ်ဘဲ နွေးထွေးသော ရေထဲသို့ကျဆင်းသွားသည့် အစောပိုင်းဆီးနှင်းများ၏ အဖြူရောင်ကဲ့သို့ ဖြစ်နေပေသည်။ ထိုအောက်တွင် ခပ်ဖျော့ဖျော့ အပြာရောင်သွေးကြောလေးများကို မြင်တွေ့နေရ၏။ ခြေမျက်စိအရိုးလေးမှာ ကတ္တီပါများထဲတွင် ဝှက်ထားသော ပုလဲကြယ်သီးလေးတစ်လုံးကဲ့သို့ ကွက်တိမို့မောက်နေပြီး လုံးဝန်းသော်လည်း ကြွားဝါလွန်းခြင်းမရှိဘဲ အလင်းရောင်ကို နူးညံ့သောထောင့်ချိုးများအဖြစ်သာ အလင်းယိုင်စေလေသည်။
ထိုခြေဖမိုးလေးများမှာ အနည်းငယ် တင်းကျပ်နေပြီး ခြေဖဝါးနှင့် ဖနောင့်တို့က ပြီးပြည့်စုံသော စက်ဝန်းခြမ်းပုံစံကို ဖော်ကြူးနေကာ ဖြူဝင်းမှုကြားထဲမှ ဖျော့တော့သော ပန်းနုရောင်လေး သန်းနေပေ၏။
အမျိုးသမီး၏ ခြေချောင်းလေးများမှာ ပုလဲလုံးလေးများနှင့်တူကာ သို့မဟုတ် ရေစက်များစိုရွှဲနေသော ဆန်စေ့ဖြူဖြူလေးများနှင့်တူပြီး ၎င်းတို့ကိုမြင်တွေ့ရသူတိုင်း မြေကြီးပေါ်ကျ၍ ညစ်ပေသွားမည်ကို စိုးရိမ်သဖြင့် ပန်းကန်လုံးတစ်လုံးထဲတွင် ထည့်ကာ ယုယုယယ ဆုပ်ကိုင်ထားချင်စိတ်ကို ဖြစ်ပေါ်လာစေလေသည်။
"အရှင်မင်းမြတ်"
ကြောင်နားရွက်နှင့် အမျိုးသမီးတစ်ဦးက အိပ်ဆောင်တော်အတွင်းသို့ ဝင်လာပြီး အရိုအသေပေးလိုက်၏။
အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက သူမ၏မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ ထိုမြေခွေးမျက်ဝန်းများမှာ သဘာဝအလျောက် ဆွဲဆောင်မှုအပြည့်ရှိနေပြီး အမျိုးသမီးတစ်ဦး မြင်တွေ့လျှင်တောင်မှ ဝိညာဉ်ကို ချိတ်ဆွဲခံလိုက်ရသကဲ့သို့ ခံစားရစေမည်ဖြစ်သည်။
"ဘယ်လိုနေလဲ" အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက အစေခံမလေးကို မေးမြန်းလိုက်သည်။
"အရှင်မင်းမြတ်ကို အစီရင်ခံပါတယ်" ကြောင်နားရွက်နှင့် အစေခံမလေးက ပြန်လည်ဖြေကြားလေ၏။ "ဒီနေ့က မဟာကျိုးရဲ့ ဧကရာဇ်အတွက် မင်္ဂလာအချိန်အခါပါ။ ဓားတစ်သောင်းဂိုဏ်းချုပ်ကို ဘဝသုံးခု လောကသုံးခု ဆေးလုံး ဖော်စပ်ရာမှာ ကူညီပေးဖို့ ကျွန်မတို့ သဘောတူပြီးပါပြီ။ ကျွန်မတို့ရဲ့ စည်းကမ်းချက်တွေကိုလည်း ချိုးယဲ့ကနေတစ်ဆင့် အဲဒီဂိုဏ်းချုပ်ဆီကို ပေးပို့ထားပြီးပါပြီ။ ဒါပေမဲ့ သူမ သဘောတူမလားဆိုတာကိုတော့ ကျွန်တော်မျိုးမ မသိပါဘူး"
"သူမ သဘောတူလိမ့်မယ်" အမြီးကိုးချောင်း မြေခွေးတိုင်းပြည် ဘုရင်မ၏ မျက်ဝန်းထဲတွင် မကျေနပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက ချက်ချင်း ဖိနှိပ်လိုက်လေသည်။ "ငါ မပြောရင်တောင် သူမက အဲဒီလို လုပ်မှာပါပဲ။ အဲဒီ တစ်ဇွတ်ထိုးနိုင်တဲ့ မိန်းမက အစကနေ အဆုံးအထိ ဒီလို တစ်ဇွတ်ထိုးနိုင်တုန်းပဲ"
တင့်တန်ဟု အမည်ရသော ကြောင်နားရွက်နှင့် အစေခံမလေး၏ မျက်ဝန်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို ပြောချင်သော်လည်း တုံ့ဆိုင်းနေသည့်ပုံပေါ်နေပေသည်။
နောက်ဆုံးတွင် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် တင့်တန်က မေးမြန်းလိုက်၏။ "အရှင်မင်းမြတ်... အဲဒီ ကျိုးတိုင်းပြည်က နိုင်ငံငယ်လေးတစ်ခုမျှသာပါ။ အဲဒီ ကျိုးတိုင်းပြည်ရဲ့ ဧကရာဇ်ဆီမှာကော ဘာတွေများ ထူးခြားနေလို့လဲ။ ဘာဖြစ်လို့ အရှင်မင်းမြတ် ကိုယ်တိုင်တောင်မှ ဒီလောက်အထိ အာရုံစိုက်နေရတာလဲ"
"ဒီကိစ္စက မင်းမေးရမယ့် ကိစ္စမဟုတ်ဘူး" အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက ကြောင်နားရွက်နှင့် အစေခံမလေးကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
အဆုံးမဲ့ ဝိညာဉ်ဖိအားကြီးတစ်ခုက အခြားတစ်ဖက်ရှိသူ၏ အပေါ်သို့ ချက်ချင်း ဖိချလိုက်ချေပြီ။
တင့်တန်သည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် "ကျွန်တော်မျိုးမ စကားမှားသွားပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်မင်းမြတ်" ဟု တောင်းပန်လိုက်လေ၏။
"ဒုတိယအကြိမ်ဆိုတာ မရှိစေနဲ့" အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မက သူမ၏ ဝိညာဉ်ဖိအားကို ရုပ်သိမ်းလိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။ "ဆင်းသွားတော့၊ မင်းလုပ်သင့်တာကို သွားလုပ်ချေ"
"မှန်လှပါ အရှင်မင်းမြတ်"
အစေခံမလေး တင့်တန်သည် အလျင်အမြန် မတ်တတ်ရပ်ကာ နဖူးမှ ချွေးစေးများကို သုတ်ဖယ်လိုက်ပြီး အိပ်ဆောင်တော်အတွင်းမှ ဆုတ်ခွာသွားတော့သည်။
အစေခံမလေး ထွက်ခွာသွားပြီးနောက် အခန်းတွင်း၌ အမြီးကိုးချောင်း မြေခွေးတိုင်းပြည်၏ ဘုရင်မသာ ကျန်ရစ်ခဲ့လေ၏။
အမျိုးသမီးက မော့ကြည့်လိုက်ပြီး သူမ၏အကြည့်များမှာ ပြတင်းပေါက်တံခါးဘောင်မှတစ်ဆင့် အဝေးဆီသို့ ဖြတ်သန်းသွားပေသည်။
ထိုသည်မှာ အနန္တဓမ္မလောက တည်ရှိရာ အရပ်မျက်နှာပင်။
"ရှင်က မင်္ဂလာဆောင်တော့မလို့လား... ရှင်က မင်္ဂလာဆောင်တော့မယ်ပေါ့လေ..."
အမြီးကိုးချောင်း မြေခွေးတိုင်းပြည် ဘုရင်မ၏ မြေခွေးမျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားလေသည်။
အမျိုးသမီး၏ နှလုံးသားထဲတွင် တာအိုကျင့်ကြံသူတစ်ဦး၏ ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။
"စိတ်မပူပါနဲ့၊ ဒီတစ်ကြိမ်လည်း ရှင့်ကို ငါ သတ်ပစ်ဦးမှာပါ"
"ပြီးခဲ့တဲ့အကြိမ်တုန်းကလိုမျိုးပေါ့"