အခန်း ၄၈၇
Vol. 49 Ch. 487
အခန်း (၄၈၇)ပြတင်းပေါက်တံခါးဘောင်ထက်တွင် ထိုင်နေသော ကျန်းချင်ရီက ဘိုင်ရုရွှယ်နှင့် ချင်စီယောင်တို့ကို မော့ကြည့်လိုက်လေ၏။
ချင်စီယောင်ဖြစ်စေ၊ ကျန်းချင်ရီဖြစ်စေ မည်သူကမျှ သူတို့၏ ကိုယ်ယောင်ကိုယ်ဝါများကို ဖုံးကွယ်ထားရန် မတွေးတောခဲ့ကြချေ။
မည်သို့ပင်ဆိုစေကာမူ ဘိုင်ရုရွှယ်၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ကိုယ်ယောင်ဖုံးကွယ်ထားခြင်းက အသုံးဝင်မည်မဟုတ်ပေ။
ပန်းထိုးဖိနပ်လေးများကို စီးနင်းထားသော ကျန်းချင်ရီ၏ ခြေထောက်သေးသေးလေးများက ပြတင်းပေါက်မှတစ်ဆင့် ကြမ်းပြင်ထက်သို့ ဆင်းသက်လာခဲ့ပြီး ဘိုင်ရုရွှယ်တို့ရှိရာသို့ လျှောက်လှမ်းသွားလေတော့သည်။
"နတ်မိမယ်ကျန်း... ထိုင်ပါဦး"
ဘိုင်ရုရွှယ်က ကျန်းချင်ရီအား ထိုင်ရန် သဘောထားကြီးစွာ ဖိတ်ခေါ်လိုက်ပြီး သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။
အခန်းတွင်းရှိ စားပွဲဝိုင်းလေးတွင် လောက၌ ပြိုင်ဘက်ကင်းလှပသော အမျိုးသမီးသုံးဦး ထိုင်နေကြပြီး အကယ်၍ သူတို့သုံးဦးကို အမှတ်အသားများအဖြစ် ချိတ်ဆက်ကြည့်မည်ဆိုလျှင် တြိဂံပုံစံတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ကုတင်ထက်ရှိ ရှောင်မိုမှာမူ အခန်းတွင်း၌ ဖြစ်ပျက်နေသမျှကို ဘာတစ်ခုမျှ မသိရှိဘဲ အိပ်မောကျနေရှာသည်။
ဤအခြေအနေကို ကျန်းချင်ရီက အတော်လေး ရယ်စရာကောင်းသည်ဟု တွေးတောနေမိ၏။
"အားလုံးစုံညီနေပြီဆိုမှတော့ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့"
ဘိုင်ရုရွှယ်က အိမ်ရှင်မတစ်ဦးကဲ့သို့ တည်ငြိမ်ကျော့ရှင်းစွာဖြင့် အခြေအနေကို ဦးဆောင်ကြီးကြပ်နေလေ၏။
"ရှင်တို့နှစ်ယောက် ဘာကိုလိုချင်နေတာလဲ၊ ဘာအတွက် ဒီကိုလာခဲ့ကြတာလဲ၊ ပြီးတော့ ဘယ်သူ့အတွက် လာခဲ့တာလဲဆိုတာကို ရုရွှယ်က ကြိုပြီး ခန့်မှန်းမိပြီးသားပါ"
"အလားတူပဲ၊ ကျွန်မ ဘာလုပ်ချင်လဲဆိုတာကိုလည်း ဒီရက်ပိုင်းအတွင်း ရှင်တို့စုံစမ်းထားမှုတွေအရ သေချာပေါက် နားလည်ထားပြီးလောက်မှာပါ"
"ကျွန်မရဲ့ ခင်ပွန်းကို ကျွန်မက လိုချင်တယ်ဆိုရင် ရှင်တို့နှစ်ယောက်က သေချာပေါက် သဘောတူမှာ မဟုတ်ဘူးလေ"
"ထိုနည်းတူပဲ၊ ရှင်တို့နှစ်ယောက်က ကျွန်မခင်ပွန်းကို လိုချင်တယ်ဆိုရင်လည်း ကျွန်မက သဘောတူမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကျွန်မတို့သာ တိုက်ခိုက်ကြမယ်ဆိုရင် ဒီနန်းတော်ကြီးသာမက ကျိုးတိုင်းပြည်တစ်ခုလုံးတောင်မှ ဖုန်းဆိုးမြေအဖြစ် ပြောင်းလဲသွားနိုင်တယ်"
ဘိုင်ရုရွှယ်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်၏။
"ဒါဆိုရင် ကျွန်မတို့သုံးယောက် စည်းကမ်းတစ်ခုလောက် သတ်မှတ်လိုက်ကြရင်ကော ဘယ်လိုလဲ"
"စည်းကမ်း..." ချင်စီယောင်က ဘိုင်ရုရွှယ်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး ပြုံးလျက် "အစ်မတော်က ဘယ်လိုစည်းကမ်းမျိုးကို သတ်မှတ်ချင်တာလဲဆိုတာ သိပါရစေ" ဟု မေးမြန်းလိုက်ပေသည်။
အခြားတစ်ဖက်တွင်မူ ကျန်းချင်ရီသည်လည်း သူမ၏ ထက်မြက်စူးရှလှသော အငွေ့အသက်များကို ထက်ဝက်ခန့် ရုပ်သိမ်းလိုက်ပြီး ဤပင်လယ်လေးစင်း၏ အရှင်သခင်မထံတွင် မည်သို့သော အဆိုပြုချက်မျိုးရှိနေသနည်းဟု သိလိုစိတ်ပြင်းပြစွာဖြင့် ဘိုင်ရုရွှယ်ကို စိုက်ကြည့်နေလေ၏။
တကယ်တမ်းဆိုရလျှင် သူတို့သုံးဦးအနက် မည်သူကမျှ အခြားသူများကို အပြတ်အသတ် အနိုင်ယူနိုင်စွမ်းမရှိကြောင်းကို ကျန်းချင်ရီလည်း ကောင်းစွာ သိရှိထားပေသည်။
အကယ်၍ သူတို့သာ တကယ်တိုက်ခိုက်ကြမည်ဆိုပါက ဘိုင်ရုရွှယ် ပြောသကဲ့သို့ပင် ကျိုးတိုင်းပြည်ကြီးမှာ အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ကျန်းချင်ရီအနေဖြင့် ကျိုးတိုင်းပြည်ကို ဂရုမစိုက်ဘဲ ပျက်စီးသွားမည်ဆိုလျှင်တောင်မှ မှုမည်မဟုတ်သော်လည်း ရှောင်မိုကမူ ဂရုစိုက်ပေသည်။
ထို့ကြောင့် လတ်တလောတွင် ကျန်းချင်ရီကလည်း ထိုအခြေအနေအထိ မရောက်လိုပါချေ။
"ဒါက ကျွန်မ ရေးဆွဲထားတဲ့ စာချုပ်ပါ၊ ရှင်တို့နှစ်ယောက် ဖတ်ကြည့်လို့ရပါတယ်"
ဘိုင်ရုရွှယ်က သူမ၏ သိုလှောင်အိတ်အတွင်းမှ သာမန် စက္ကူဖြူနှစ်ရွက်ကို ထုတ်ယူလိုက်လေတော့သည်။
ချင်စီယောင်နှင့် ကျန်းချင်ရီတို့က စက္ကူပေါ်ရှိ သေသပ်လှပသော လက်ရေးစာလုံးများကို ဖတ်ရှုလိုက်ကြပြီး သူတို့၏ စိတ်အာရုံများကို စုစည်းကာ နက်ရှိုင်းသော အတွေးများထဲသို့ နစ်မျောသွားကြ၏။
"ရှင်တို့ ဖတ်လို့ ပြီးသွားရင် ပြဿနာမရှိဘူးလို့ ထင်ရင် နာမည်လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ခဲ့ကြပါ"
ဘိုင်ရုရွှယ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်မတို့ သုံးယောက်စလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အရမ်းမြင့်မားလွန်းနေတော့ ဒီလောကမှာရှိတဲ့ စာချုပ်ချုပ်ဆိုခြင်း မှော်ပညာတွေက ကျွန်မတို့အပေါ် ဘာလွှမ်းမိုးမှုမှ မရှိနိုင်ဘူးလေ။ ဒီလိုမှတော့ သာမန်လူသားတွေရဲ့ နည်းလမ်းအတိုင်းပဲ သွားကြတာပေါ့။ ရှင်တို့နှစ်ယောက်စလုံးကလည်း သိသိမှတ်မှတ်နဲ့ လိုက်နာကြဖို့ မျှော်လင့်ပါတယ်"
"ပြဿနာမရှိပါဘူး" စာချုပ်ကို ဖတ်ရှုပြီးနောက် ချင်စီယောင်၏ မျက်ဝန်းလေးများ ကွေးညွတ်သွားပြီး "ဒီလိုဆိုမှတော့ အစ်မတော်ရုရွှယ် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့" ဟု ဆိုလိုက်၏။
"ကျွန်မလည်း ပြဿနာမရှိပါဘူး။ ပင်လယ်လေးစင်းရဲ့ အရှင်သခင်မကလည်း တိတိကျကျ လိုက်နာနိုင်ဖို့ မျှော်လင့်ပါတယ်"
ကျန်းချင်ရီက သူမကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
"ဒါပေမဲ့ ဒီစာချုပ်ထဲမှာ စည်းကမ်းချက်တစ်ခုကို ထပ်ပေါင်းထည့်ချင်တယ်"
...
နောက်တစ်နေ့ နံနက်ခင်း။
ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာသော နေရောင်ခြည်က ကုတင်ထက်ရှိ ယောကျ်ားပျို၏ မျက်နှာပေါ်သို့ ကျဆင်းလာခဲ့ပေသည်။
ယောကျ်ားပျို၏ မျက်ခုံးများက ရုတ်တရက် တွန့်ချိုးသွားသော်လည်း ဖြည်းဖြည်းချင်း ပြန်လည်ပြေလျော့သွားလေ၏။
ဆယ်နာရီခန့်မျှ အိပ်မောကျနေခဲ့ပြီးနောက် မျက်ခွံများမှတစ်ဆင့် နေရောင်ခြည်၏ အလင်းရောင်ကို ခံစားသိရှိလိုက်ရသဖြင့် ယောကျ်ားပျိုမှာ တဖြည်းဖြည်း အသိစိတ် ပြန်လည်နိုးကြားလာခဲ့ချေပြီ။
ရှောင်မိုက မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကုတင်ပေါ်မှ ထထိုင်ကာ ကုတင်ခေါင်းရင်းကို မှီချလိုက်သည်။
သူ ခေါင်းအနည်းငယ် ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် အချိန်အတော်ကြာ အိပ်စက်ခဲ့ရသောကြောင့် ဖြစ်မည်ဟုသာ သူ တွေးတောလိုက်ပေသည်။
ဒီလောက်အထိ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အေးချမ်းစွာ အိပ်စက်ခဲ့ရသည့် နောက်ဆုံးအချိန်မှာ မည်သည့်အချိန်ကဖြစ်ကြောင်းကိုပင် သူ မမှတ်မိနိုင်တော့ပါချေ။
"ဒါပေမဲ့ ပြောရမယ်ဆိုရင်... မနေ့ညက တကယ်တမ်း ဘာတွေဖြစ်သွားခဲ့တာလဲ"
ရှောင်မိုက သူ၏ နဖူးကို ပွတ်သပ်လိုက်ပြီး ခေါင်းခါယမ်းကာ မနေ့ညက အဖြစ်အပျက်များကို ပြန်လည်မှတ်မိရန် ကြိုးစားလိုက်လေ၏။
သို့သော် မနေ့ညက ချင်မုကျိုး၏ အိပ်ဆောင်တော်သို့ သွားခဲ့ပြီးနောက် ယန်ရုရွှယ်၏ အိပ်ဆောင်တော်သို့ သွားရောက်ခဲ့သည်ကိုသာ ရှောင်မို မှတ်မိနေပေသည်။
ယန်ရုရွှယ်၏ မင်္ဂလာမျက်နှာဖုံးပုဝါနီလေးကို ဖယ်ရှားလိုက်ချိန်တွင် သူမမှာ ယခင်က သူ ဆုံတွေ့ခဲ့ဖူးသော အမျိုးသမီးဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။
ထို့နောက် မင်္ဂလာဦးည၏ ရင်ခုန်ဖွယ်ရာ အငွေ့အသက်များအောက်တွင် သူက ယန်ရုရွှယ်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့သည်။
ထို့နောက် သူ အသိစိတ်များ လွတ်ကင်းသွားခဲ့လေ၏။
"စစ်လီ..."
ရှောင်မိုက တံခါးဝဆီသို့ အသံပြုခေါ်ဆိုလိုက်သည်။
မကြာမီမှာပင် စစ်လီက အခန်းတွင်းသို့ ဝင်ရောက်လာပြီး ရှောင်မိုအား ဦးညွှတ်အရိုအသေပေးလိုက်၏။ "အရှင်မင်းမြတ်..."
"မနေ့ညက တစ်ခုခုများ ဖြစ်ခဲ့သေးလား" ဟု ရှောင်မိုက စစ်လီအား မေးမြန်းလိုက်ပေသည်။
"အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ ဘာတွေဖြစ်သွားခဲ့တာလဲဆိုတာကို ကျွန်တော်မျိုးမလည်း မသိပါဘူး"
စစ်လီက ရိုးသားစစ်မှန်သော လေသံဖြင့် ပြန်လည်ဖြေကြားလေ၏။
"မနေ့ညက ကျွန်တော်မျိုးမက တံခါးအပြင်ဘက်မှာ စောင့်နေခဲ့တာပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ကျွန်တော်မျိုးမ အရမ်းပင်ပန်းလာပြီး အပြင်ဘက်မှာတင် အိပ်မောကျသွားခဲ့ပါတယ်"
"ကျွန်တော်မျိုးမ နိုးလာတော့ ကိုယ့်အခန်းထဲမှာ အိပ်နေလျက်သား ဖြစ်နေတာကို တွေ့လိုက်ရတယ်။ မနေ့ညက ကျွန်တော်မျိုးမကို အခန်းထဲ ပြန်ပို့ပေးခဲ့တာ သူပါလို့ မနက်က အစ်မတော် သိုးငယ်လေး ပြောတာကို ကြားလိုက်ရပါတယ်။ ပြီးတော့ အရှင်မင်းမြတ်ကိုလည်း နန်းတွင်းအစေခံမလေးတွေကပဲ အိပ်ဆောင်တော်ကို ပြန်ပို့ပေးခဲ့တာတဲ့"
"ဒါပေမဲ့ မနေ့ညက အရှင်မင်းမြတ် အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီး သေရည်တွေလည်း အများကြီး သောက်ထားလို့ အိပ်ပျော်သွားတာဖြစ်ရမယ်လို့ မိဖုရားကြီးရွှယ်က ပြောတာကို ကြားခဲ့ရပါတယ်"
တကယ်တမ်းဆိုရလျှင် ရှောင်မိုသာမက စစ်လီ ကိုယ်တိုင်လည်း မနေ့ညက ဘာတွေဖြစ်ပျက်သွားခဲ့သနည်းဆိုတာကို အလွန်အမင်း သိချင်နေခဲ့ပေသည်။
မနေ့ညက စစ်လီ သတိမလစ်မီအချိန်လေးတွင် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို ဝိုးတဝါး မြင်တွေ့လိုက်ရလေ၏။
ထိုသူမှာ ဝတ်စုံနီကို ဆင်မြန်းထားပြီး အရပ်မောင်းကောင်းကာ ကျော့ရှင်းလှပသော ကိုယ်ဟန်ကောက်ကြောင်းကို ပိုင်ဆိုင်ထားပေသည်။
နန်းတော်ကြီးအတွင်း၌ ယန်ရုရွှယ်နှင့် ချင်မုကျိုး နှစ်ဦးတည်းကသာ မင်္ဂလာဝတ်စုံနီကို ဝတ်ဆင်ထားခဲ့ကြခြင်းပင်။
အခြားတစ်နည်းအားဖြင့်ဆိုရသော် ထိုအစွမ်းထက်လှသော ဝိညာဉ်ဖိအားကြီးမှာ ချင်မုကျိုးထံမှ ထွက်ပေါ်လာခြင်းဖြစ်ရပေမည်။
ထို့အပြင် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သေချာပေါက် စစ်လီထက် နိမ့်ကျမနေပါချေ။
စစ်လီ၏အမြင်တွင် ချင်မုကျိုးသည် ယောကျ်ားလုရန် သွားရောက်ခဲ့ခြင်း ဖြစ်မည်မှာ သေချာလှပေ၏။
သို့သော် နောက်ဆုံးတွင် မနေ့ညက ဘာပြဿနာမှ ကြီးကြီးမားမား ဖြစ်မလာခဲ့ဘဲ သူမ၏ သခင်ဖြစ်သူက အိပ်ဆောင်တော်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ခြင်း ခံလိုက်ရသည့်အပြင် သူ၏ မူလယန်စွမ်းအင်မှာလည်း အပြည့်အဝ ကျန်ရှိနေဆဲဖြစ်လေသည်။
ဤသည်မှာ ချင်မုကျိုးပင်လျှင် ယန်ရုရွှယ်ကို ဘာမှမတတ်နိုင်ခဲ့ကြောင်း သက်သေပြနေပေသည်။
ထိုယန်ရုရွှယ်မှာလည်း သေချာပေါက် သာမညလူတစ်ယောက် မဟုတ်ပါချေ။
ဒါဆို သူမသခင် လက်ထပ်ခဲ့သော ဤအမျိုးသမီးနှစ်ဦးမှာ ဘယ်လိုအခြေအနေမျိုး ဖြစ်နေကြသနည်း။
သူတို့ရဲ့ တကယ့် နောက်ခံမည်သူမည်ဝါဖြစ်ကြောင်းတွေက ဘာတွေများလဲ။
ကုတင်ထက်၌ ရှောင်မိုက မျက်မှောင်ကြုတ်လိုက်ပြီး စစ်လီပြောသော စကားများကို တွေးတောနေမိလေ၏။
စစ်လီ၏ စကားများမှာ အလွန်တရာ ယုတ္တိရှိလှပေသည်။
မနေ့က သူသည် မင်္ဂလာလုပ်ငန်းစဉ်များ အစအဆုံးကို ဖြတ်သန်းခဲ့ရသဖြင့် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီး သေရည်များကိုလည်း အများအပြား သောက်သုံးထားခဲ့မိသည် မဟုတ်ပါလော။
သို့သော် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရှောင်မိုက အမြဲတစေ ခံစားနေရဆဲပင်။
သူသည် ချီသန့်စင်ခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးဖြစ်ရာ ဘယ်လိုလုပ်ပြီး အိပ်မောကျသွားလောက်သည်အထိ ပင်ပန်းနွမ်းနယ်နေနိုင်ပါမည်နည်း။
မနေ့ညက တစ်ခုခုတော့ သေချာပေါက် ဖြစ်ပျက်ခဲ့ရပေမည်။
"ဒီလိုကိုး၊ မင်း သွားလို့ရပါပြီ" ရှောင်မိုက လက်ယမ်းပြလိုက်ပြီး သူမကို မေးနေလည်း အချည်းနှီးသာဖြစ်မည်ဟု ခံစားလိုက်ရသည်။
"မှန်လှပါ အရှင်မင်းမြတ်"
စစ်လီက ခေါင်းညိတ်အရိုအသေပေးလိုက်ပြီး အခန်းတွင်းမှ ထွက်ခွာသွားတော့သည်။
ရှောင်မိုက ကုတင်ပေါ်မှဆင်းလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ငှဲ့သောက်လိုက်လေ၏။
ထိုအချိန်မှာပင် ပြတင်းပေါက်မှတစ်ဆင့် ဓားလေပြေတစ်ခုက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ပေသည်။
ရှောင်မို မော့ကြည့်လိုက်သောအခါ ကျန်းချင်ရီမှာ သူ၏အရှေ့၌ ထိုင်နေနှင့်ပြီးဖြစ်လေ၏။
မျက်နှာဖုံးပုဝါအောက်ရှိ သူမ၏ မျက်နှာကို ရှောင်မို မမြင်တွေ့နိုင်သော်ငြားလည်း။
သူ ကောင်းကောင်း ခံစားသိရှိနိုင်ပေသည်။
ယခုအချိန်တွင် နတ်မိမယ်ကျန်းမှာ အလွန်အမင်း မကျေမနပ်ဖြစ်နေလေတော့သည်။