← Chapters

အခန်း ၄၈၉

Vol. 49 Ch. 489

အခန်း ၄၈၉

Vol. 49 Ch. 489

အခန်း (၄၈၉)

"ကျွန်တော်မျိုးမက အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ အရှင်မင်းမြတ် ကျန်းမာတော်မူရဲ့လား"

စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်၏ အရှေ့တွင် ဘိုင်ရုရွှယ်နှင့် ချင်စီယောင်တို့က ရှောင်မိုအား အသီးသီး ဦးညွှတ်အရိုအသေပေးလိုက်ကြလေ၏။

"ကိုယ်တော် ကျန်းမာပါတယ်" ရှောင်မိုက မိဖုရားကြီးနှစ်ပါးကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ဆိုလိုက်သည်။ "ကိုယ်တော့်ရဲ့ ချစ်လှစွာသော မိဖုရားကြီးတို့... မတ်တတ်ရပ်ကြပါ"

"အရှင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်"

ဘိုင်ရုရွှယ်နှင့် ချင်စီယောင်တို့က မတ်တတ်ရပ်လိုက်ကြပြီး လက်များကို အရှေ့တွင်ယှက်ကာ ရှောင်မို၏ဘေး၌ ရပ်နေကြပေရာ အလွန်ပင် နာခံမှုရှိပုံပေါ်နေချေပြီ။

သို့သော် သူတို့နှစ်ဦးစလုံးမှာ အလယ်သုံးဆင့်မှ ကျင့်ကြံသူများဖြစ်ကြောင်းကို ရှောင်မို သိရှိထားပြီး အခြားသော ရည်ရွယ်ချက်များရှိနေကြောင်းကိုလည်း သိထားလေရာ သူတို့အပေါ် ပိုမို၍ သတိထားနေမိတော့သည်။

ထို့အပြင် ရှောင်မို၏ အမြင်တွင် မနေ့ညက အဖြစ်အပျက်များအကြောင်းကို ကျန်းချင်ရီက သူ့အား ပြောပြသွားခဲ့ပြီဖြစ်ကြောင်းကို သူတို့နှစ်ဦးစလုံး ကြိုတင်သိရှိထားပြီးဖြစ်မည်မှာ သေချာလှပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတို့သုံးဦးအကြား ဆွေးနွေးထားခဲ့ကြသော သဘောတူညီချက်များအနက်မှ တစ်ခုဖြစ်ကောင်း ဖြစ်နေနိုင်သည် မဟုတ်ပါလော။

သို့သော် ဤအချိန်၌မူ သူတို့က ပုံမှန်အတိုင်းသာ ပြုမူနေကြပြီး မနေ့ညက ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။

"သွားကြစို့၊ အချိန်လည်း လင့်နေပြီ။ ငါတို့ မယ်တော်ကြီးဆီသွားပြီး အရိုအသေပေးဖို့ လိုသေးတယ်" ရှောင်မိုက သူတို့နှစ်ဦးကို ပြောလိုက်လေသည်။

သူတို့က ထိုကိစ္စကို စတင်ထုတ်မပြောလာမှတော့ ရှောင်မိုကလည်း သဘာဝကျကျ အလိုက်ကန်းဆိုးမသိသောသူတစ်ယောက်ကဲ့သို့ မပြုမူနေတော့ဘဲ ဘာတစ်ခုမှ မဖြစ်ခဲ့သကဲ့သို့သာ ဟန်ဆောင်လိုက်တော့သည်။

"မှန်လှပါ အရှင်မင်းမြတ်"

ဘိုင်ရုရွှယ်က ကျော့ရှင်းစွာ ဦးညွှတ်လိုက်ပြီး ရှောင်မို၏ ဘေးမှလိုက်ပါလာခဲ့၏။

"ဒါဆိုရင်လည်း မြန်မြန်သွားရအောင် အစ်ကိုတော်အရှင်မင်းမြတ်..."

ချင်စီယောင်ကမူ ယုန်ပေါက်လေးတစ်ကောင်အလား ရှောင်မို၏ ဘေးတွင် ခုန်ဆွခုန်ဆွဖြင့် လိုက်ပါလာခဲ့ရှာသည်။

သူတို့သုံးဦးက တော်ဝင်ရထားလုံးပေါ်သို့ တက်ရောက်လိုက်ကြပြီး လင်ရှင်းနန်းဆောင်ဆီသို့ အတူတကွ ထွက်ခွာလာခဲ့ကြလေ၏။

တော်ဝင်ရထားလုံးပေါ်တွင် ဘိုင်ရုရွှယ်က ရှောင်မိုအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးချမ်းမှုများ ပြည့်နှက်နေပြီး မျက်နှာသာပေးခံရရန်အတွက် အပြိုင်အဆိုင် ကြိုးစားမည့် ရည်ရွယ်ချက်မရှိသယောင် ပုံပေါ်နေသော်လည်း သူမ၏ လှုပ်ရှားမှုတိုင်းက ရှောင်မိုအတွက် စဉ်းစားတွေးတောပေးနေခြင်းသာ ဖြစ်ပေသည်။

သူ ဘာလိုချင်နေသနည်းဆိုသည်ကို ဤယန်မျိုးနွယ်စု၏ သမီးတော်က တစ်ချက်ကြည့်ရုံဖြင့် သိရှိနေသကဲ့သို့ပင် ရှောင်မို ခံစားလိုက်ရလေ၏။

ဤယန်မျိုးနွယ်စု၏ သမီးတော်မှာ လူတွေကို ဂရုစိုက်ပြုစုတဲ့နေရာမှာ တကယ်ကို အရည်အချင်းရှိပုံရပေသည်။

အခြားတစ်ဖက်တွင်မူ ချင်စီယောင်က ရှောင်မိုအား သစ်သီးများ ခွံ့ကျွေးနေပြီး သူမ၏ ကစားမက်သော အသွင်အပြင်လေးမှာ အလွန်တရာ ဆွဲဆောင်မှုရှိလှကာ မျက်ဝန်းလေးများကလည်း ရှောင်မိုအပေါ် ချစ်ခြင်းမေတ္တာများနှင့် ရင်းနှီးကျွမ်းဝင်မှုများ လျှံကျနေတော့သည်။

ခဏတာမျှ ရှောင်မိုတစ်ယောက် သူတို့နှစ်ဦး ဟန်ဆောင်နေခြင်း ဟုတ်မဟုတ်ကိုပင် ဝေခွဲမရဖြစ်သွားခဲ့ရချေပြီ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ပြုမူလုပ်ဆောင်ပုံများကိုသာ သီးသန့်အကဲဖြတ်ကြည့်ရမည်ဆိုပါက သူတို့မှာ တကယ့်ကို သူ၏ဇနီးသည်များအလား အသွင်ဆောင်နေပြီး သူ့ကို ခင်ပွန်းသည်တစ်ဦးအဖြစ် ရိုးသားစစ်မှန်စွာ ဆက်ဆံပေးနေကြသောကြောင့်ပင်။

နံ့သာတိုင်တစ်တိုင်စာမျှ အချိန်ကုန်လွန်သွားပြီးနောက် တော်ဝင်ရထားလုံးက ရပ်တန့်သွားခဲ့ပြီး သူတို့သုံးဦးမှာ လင်ရှင်းနန်းဆောင်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့လေ၏။

ရှောင်မိုက မိဖုရားကြီးနှစ်ပါးကို ဦးဆောင်ကာ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

မယ်တော်ကြီးယန်က သူတို့သုံးဦး ရောက်ရှိလာမည့်အချိန်ကို ကြိုတင်စောင့်ဆိုင်းနေနှင့်ပြီးဖြစ်လေ၏။

"သားတော်က မယ်တော်ကြီးကို အရိုအသေပေးပါတယ်။ မယ်တော်ကြီး ကျန်းမာတော်မူရဲ့လား"

"ကျွန်တော်မျိုးမက မယ်တော်ကြီးကို အရိုအသေပေးပါတယ်။ မယ်တော်ကြီး ကျန်းမာတော်မူရဲ့လား"

ရှောင်မို၏ ဦးဆောင်မှုအောက်တွင် သူတို့သုံးဦးက မယ်တော်ကြီးယန်အား လေးစားစွာ ဦးညွှတ်အရိုအသေပေးလိုက်ကြပေသည်။

"ကောင်းပါတယ်၊ ကောင်းပါတယ်။ ဘာလို့ မကျန်းမာဘဲနေရမှာလဲ။ ဒီနေ့က တကယ့် နေ့ထူးနေ့မြတ်ကြီးပဲဟာကို"

မယ်တော်ကြီးယန်က ပြုံးလျက် ရှေ့သို့ ထွက်လာကာ သူတို့သုံးဦးကို တွဲ၍မတ်တတ်ရပ်စေလိုက်လေ၏။

"ဘယ်လိုလဲ... ဒီနန်းတော်ထဲမှာ နေရတာ အသားကျရဲ့လား။ တကယ်လို့ တစ်ခုခု အဆင်မပြေတာရှိရင် ငါကိုယ်တော်နဲ့ အရှင်မင်းမြတ်ကို အချိန်မရွေး ပြောလို့ရတယ်။ ကြိတ်မှိတ်သည်းခံနေဖို့ မလိုဘူးနော်"

မယ်တော်ကြီးယန်က ဘိုင်ရုရွှယ်နှင့် ချင်စီယောင်တို့၏ လက်သေးသေးလေးများကို အလွန်တရာ ရင်းနှီးကျွမ်းဝင်စွာ ဆွဲကိုင်လျက် နူးညံ့သော ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်စေလိုက်ပြီး သူတို့ကို ကြီးမားလှသော ဂရုစိုက်မှုများ ပြသနေတော့သည်။

ယန်မျိုးနွယ်စု၏ သမီးတော်ပဲဖြစ်ဖြစ်၊ ဤချင်တိုင်းပြည်၏ သက်တော်အကြီးဆုံးမင်းသမီးပဲဖြစ်ဖြစ် မယ်တော်ကြီးယန်က သူတို့နှစ်ဦးစလုံးအပေါ် တန်းတူညီမျှစွာ ဆက်ဆံနေသကဲ့သို့ပင်။

"မယ်တော်ကြီးကို လျှောက်တင်ပါတယ်၊ ဒီနန်းတော်က ကိုယ့်အိမ်ကိုယ့်ယာလိုပါပဲ၊ ကျွန်တော်မျိုးမ အရမ်းကို အသားကျနေပါပြီ" ဘိုင်ရုရွှယ်က ပြုံးလျက် ဖြေကြားလိုက်လေ၏။

"ဟုတ်ပါတယ် မယ်တော်ကြီး... အစ်ကိုတော်အရှင်မင်းမြတ်က ကျွန်တော်မျိုးမနဲ့ အစ်မတော်ရုရွှယ်အပေါ် အရမ်းကို ကောင်းမွန်ပါတယ်" ချင်စီယောင်ကလည်း မျက်ဝန်းလေးများ ကွေးညွတ်သွားသည်အထိ ပြုံးလျက် ဆိုလိုက်သည်။

"မင်းတို့တွေ အဆင်ပြေရင်ပဲ ကောင်းပါပြီလေ။ မင်းတို့နှစ်ယောက်စလုံးက မယ်တော်ကြီးရဲ့ မျက်စိအောက်က အသည်းနှလုံးလေးတွေပါ။ နောင်ကြရင် ဒီမောင်းမဆောင်ကိုလည်း မင်းတို့ပဲ စီမံခန့်ခွဲသွားရမှာ"

မယ်တော်ကြီးယန်က သူတို့၏ နူးညံ့ပြီး အရိုးမဲ့နေသကဲ့သို့ရှိသော လက်ကလေးများကို ညှစ်လိုက်ရင်း လူကြီးတစ်ဦးက မျိုးဆက်သစ်တစ်ဦးကို ရိုးသားစစ်မှန်စွာ ဆုံးမသွန်သင်နေသည့်အလား လေးနက်စွာ ပြောလိုက်ပေ၏။

"ဒီမောင်းမဆောင်ထဲမှာ နေရတာက တခြားနေရာတွေလို မဟုတ်ဘူးဆိုတာကို မယ်တော်ကြီးလည်း သိပါတယ်။ လွတ်လပ်မှု သိပ်မရှိဘူးပေါ့လေ၊ ဒါပေမဲ့ ရေခဲတိုက်ကြီးထဲမှာ နေရသလိုမျိုးလည်း မဟုတ်ပါဘူး"

"မင်းတို့နှစ်ယောက်က ညီအစ်မကောင်းတွေ ဖြစ်လာကြပြီး အရှင်မင်းမြတ်အတွက် နေ့စဉ်ဘဝရဲ့ အသေးအဖွဲ ကိစ္စလေးတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့ ငါကိုယ်တော် မျှော်လင့်ပါတယ်။ အဲဒီထက်ပိုပြီးတော့ ငါတို့ မဟာကျိုးတော်ဝင်မိသားစုအတွက် ဖြူဖြူဖွေးဖွေး ကလေးလေးတွေကို အမြန်ဆုံး မွေးဖွားပေးနိုင်ဖို့လည်း မျှော်လင့်တယ်နော်... နားလည်လား"

"မှန်လှပါ မယ်တော်ကြီး၊ ကျွန်တော်မျိုးမ နားလည်ပါတယ်" ဘိုင်ရုရွှယ်က သဘောထားကြီးစွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ဘေးရှိ ချင်စီယောင်ကို တစ်ချက်ကြည့်လိုက်ကာ "ကျွန်တော်မျိုးမက မုကျိုးနဲ့ သေချာပေါက် သင့်သင့်မြတ်မြတ် နေထိုင်သွားမှာပါ။ မယ်တော်ကြီးအတွက် မောင်းမဆောင်ရဲ့ ကိစ္စရပ်တွေကိုလည်း မျှဝေထမ်းဆောင်ပေးပြီး ခင်ပွန်းသည်ရဲ့ မိသားစုရေးရာတွေ အားလုံး အေးချမ်းသာယာနေအောင် သေချာလုပ်ဆောင်သွားပါ့မယ်" ဟု လျှောက်တင်လိုက်လေသည်။

"အင်းအင်း၊ မယ်တော်ကြီး စိတ်ချယုံကြည်တော်မူပါ" ချင်စီယောင်ကလည်း ခေါင်းညိတ်ရင်း "ကျွန်တော်မျိုးမက အစ်မတော်ရုရွှယ်နဲ့ သေချာပေါက် သင့်သင့်မြတ်မြတ် နေထိုင်သွားမှာပါ။ ပြီးတော့ မယ်တော်ကြီးဆီကိုလည်း အဖော်ပြုပေးဖို့ မကြာခဏ လာခဲ့ပါ့မယ်" ဟု ဆိုလိုက်၏။

"ကောင်းတယ်၊ ကောင်းပါတယ်" မယ်တော်ကြီးယန်က ပြုံးလျက် ပြောလိုက်သည်။ "ဒါပေမဲ့ မင်းတို့ အများဆုံး အဖော်ပြုပေးရမှာက မယ်တော်ကြီးကို မဟုတ်ဘူးနော်၊ အရှင်မင်းမြတ်ကိုသာ အဖော်ပြုပေးကြရမှာ"

"အရှင်မင်းမြတ်လည်း အတူတူပဲနော်" မယ်တော်ကြီးယန်က ရှောင်မိုကို အနည်းငယ် မတတ်နိုင်သလို ကြည့်လိုက်ပြီး "ဒီအချိန်ကာလအတွင်းမှာ ရုရွှယ်နဲ့ မုကျိုးကို ကောင်းကောင်း အဖော်ပြုပေးရမယ်။ ကျင့်ကြံတာတို့ ဘာတို့ဆိုတာတွေကို ခဏလောက် ဘေးဖယ်ထားလိုက်ပါဦး။ မနေ့က မင်္ဂလာပွဲမှာ အရှင်မင်းမြတ် အရမ်းပင်ပန်းသွားတယ်ဆိုတာကို ငါကိုယ်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မနေ့ညကလိုမျိုးတော့ ထပ်ပြီး အိပ်မောကျမသွားစေနဲ့ဦးနော်"

"မှန်လှပါ မယ်တော်ကြီး၊ သားတော် သေချာပေါက် ကြိုးစားပါ့မယ်" ရှောင်မိုက လက်နှစ်ဖက်ကိုဆုပ်ကာ ဦးညွှတ်လိုက်ပြီး ဟန်ဆောင်ရှက်ရွံ့နေသော အမူအရာဖြင့် ပြန်လည်လျှောက်တင်လိုက်လေ၏။

နောက်ထပ် နာရီဝက်ခန့်ကြာသောအခါ မယ်တော်ကြီးယန်သည် ရှောင်မိုနှင့် သူ၏ဇနီးသည်နှစ်ဦးတို့နှင့်အတူ နံနက်စာ သုံးဆောင်လိုက်ပေသည်။

ချင်စီယောင်နှင့် မယ်တော်ကြီးယန်တို့အကြားတွင် ကြီးမားလှသော ဆက်ဆံရေးမျိုး မရှိခဲ့ပါချေ။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့မှာ ရန်သူတွေတောင် ဖြစ်နေခဲ့သေးသည်မဟုတ်ပါလော။

မည်သို့ပင်ဆိုစေကာမူ မယ်တော်ကြီးယန်က ယန်ရုရွှယ်ကိုသာ တော်ဝင်မျိုးစေ့ကို ကိုယ်ဝန်ဆောင်စေပြီး မိဖုရားခေါင်ကြီးနေရာကို ရယူစေချင်နေခဲ့သည်ချည်းပင်။

သို့သော်ငြားလည်း ချင်စီယောင်၏ စရိုက်လက္ခဏာမှာ အလွန်တရာ တက်ကြွလန်းဆန်းပြီး ချိုသာလွန်းလှကာ ပျော်ရွှင်မှုဆေးလုံးလေးတစ်လုံးအလား မယ်တော်ကြီးယန်အား အမြဲတမ်း ရယ်မောပျော်ရွှင်စေခဲ့လေ၏။

ထို့အပြင် မယ်တော်ကြီးယန် ကိုယ်တိုင်က ချင်စီယောင်၏ မင်္ဂလာပွဲအတွက် လိုက်လံပို့ဆောင်ပေးခဲ့ရသောကြောင့်လည်း ဖြစ်နိုင်ပေရာ သူမအပေါ်၌ ခံစားချက်တချို့တော့ ရှိနေခဲ့ပေသည်။

ထို့ကြောင့် သူတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ တကယ်ကို ကောင်းမွန်နေသယောင် ပုံပေါ်နေတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့ရသဖြင့် ရှောင်မိုမှာလည်း သဘာဝကျကျ ပျော်ရွှင်နေမိ၏။

မည်သို့ပင်ဖြစ်စေ မောင်းမဆောင်အတွင်း၌ သဟဇာတဖြစ်မှုရှိနေပြီး ယောက္ခမနှင့် ချွေးမများအကြား ဆက်ဆံရေးက ပိုမိုကောင်းမွန်နေမည်ဆိုလျှင် သူကိုယ်တိုင်လည်း အများကြီး ပိုပြီး စိတ်အေးလက်အေး နေနိုင်မည်ဖြစ်လေသည်။

နံနက်စာ သုံးဆောင်ပြီးစီးသွားသောအခါ ရှောင်မိုနှင့် ချင်စီယောင်တို့က အရင်ဆုံး နှုတ်ဆက်ထွက်ခွာလာခဲ့ကြသည်။

ဘိုင်ရုရွှယ်ကမူ မိသားစုရေးရာများအကြောင်း စကားစမြည်ပြောဆိုရန် မယ်တော်ကြီးယန်၏ ချန်ရစ်ထားခြင်းကို ခံလိုက်ရပေ၏။

ရှောင်မိုနှင့် ချင်စီယောင်တို့ လင်ရှင်းနန်းဆောင်မှ ထွက်ခွာလာပြီးနောက် ချင်စီယောင်က သူမ၏ လက်များကို နောက်ပစ်ကာ ရှောင်မို၏အရှေ့မှ လျှောက်လှမ်းသွားခဲ့လေသည်။ သူမ၏ စကတ်အောက်မှ ခြေတံလေးများက ရှေ့သို့ လှမ်းချီနေပြီး ခြေထောက်သေးသေးလေးများက လမ်းဘေးရှိ ကျောက်စရစ်ခဲလေးများကို တစ်ခါတစ်ရံ ကန်ကျောက်သွားရှာ၏။

မနေ့ညက သူမ၏ ရှက်ရွံ့ပြီး ပွင့်အာလုဆဲဆဲ အသွင်အပြင်လေးနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုအချိန်တွင် ချင်စီယောင်မှာ အိမ်ထောင်မပြုရသေးသော မိန်းကလေးတစ်ဦးနှင့် ပိုတူနေပေသည်။

အကယ်၍ ချင်မုကျိုးသာ တကယ့် သာမန်အမျိုးသမီးတစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် ထိုအရာက အလွန်တရာ ကောင်းမွန်လှမည်ဖြစ်ကြောင်းကို ရှောင်မို ခံစားနေမိလေ၏။

တက်ကြွလန်းဆန်းပြီး ရိုးရှင်းလှသော သူမနှင့်အတူရှိနေပါက သူ၏ ကိုယ်ပိုင်အတွေးများကလည်း ပိုမိုရိုးရှင်းလာပေလိမ့်မည်။

လက်တွေ့ဘဝရှိ ပြဿနာတချို့ကိုပင် မေ့ပျောက်သွားစေနိုင်စွမ်း ရှိလေသည်။

သို့သော် ကံမကောင်းစွာဖြင့် သူမသည် အခြားသော ရည်ရွယ်ချက်များဖြင့် နန်းတော်တွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်နေချေပြီ။

ဒါပေမဲ့

ယခင်က သူတို့နှစ်ဦးအတူတကွ ရှိနေစဉ်အချိန်က ပိုးစုန်းကြူးလေးများကို လိုက်ဖမ်းရင်း ကစားခဲ့ကြသည့် ဖြူစင်ပြီး ရိုမန်တစ်ဆန်လှသော သူမ၏ ပုံရိပ်လေးများကို ရှောင်မို မတတ်နိုင်စွာဖြင့် ပြန်လည်တွေးတောမိသွားတော့သည်။

တောင်ကုန်းလေးပေါ်တွင် ထိုင်ကာ ကောင်းကင်ထက်ရှိ တိမ်တိုက်များ လွင့်မျောသွားသည်ကို ငေးကြည့်နေခဲ့စဉ်က သူမ၏ ဖြူစင်လှသော အကြည့်များကို သူ မှတ်မိနေဆဲပင်။

သူမ ပြသခဲ့သမျှ အရာအားလုံးက အတုအယောင်တွေချည်းပဲများ ဖြစ်နေမလား။

ရှောင်မိုက သူမ၏ ကျောပြင်လေးကို ငေးကြည့်နေစဉ်မှာပင်။

အရှေ့မှ လျှောက်လှမ်းသွားနေသော ချင်စီယောင်က သူမအနောက်ရှိ ချစ်မြတ်နိုးရသူ၏ အကြည့်များကို သတိထားမိသွားပုံရလေ၏။

သူမက ရပ်တန့်လိုက်ပြီး ကိုယ်ကို လှည့်လိုက်သည်။ လေပြေထဲတွင် သူမ၏ စကတ်စွန်းလေးများက ခပ်ဖွဖွ လွင့်ဝဲသွားပြီး ဖြူဝင်းသော ခြေမျက်စိလေး၏ တစ်စိတ်တစ်ပိုင်းကို ဖော်ပြသွားပေ၏။

ဤအချိန်ခဏလေးအတွင်း နွေဦးလေပြေက ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

"အစ်ကိုတော်အရှင်မင်းမြတ်"

သူမက ရှောင်မိုကို ပြုံးလျက် ကြည့်လိုက်ပြီး သူမ၏ ကြည်လင်လှသော မျက်ဝန်းအစုံထဲတွင် အပြစ်ကင်းစင်မှုများ အပြည့်အဝ ဖုံးလွှမ်းနေလေတော့သည်။

"တကယ်လို့ အစ်ကိုတော်အရှင်မင်းမြတ် အခု အားနေတယ်ဆိုရင်... မုကျိုးနဲ့အတူ ဟန်ကျိုးနန်းဆောင်ကို လိုက်ခဲ့ပေးလို့ရမလားဟင်"

All Chapters