အခန်း (၈၉၁-၈၉၂)
Vol. 43 Ch. 891-892
အခန်း(၈၉၁) မျှော်လင့်ချက်
အမှန်တရားကို သိရှိလိုက်ရသောအခါ ချင်ယွမ်ဖုန်းသည် ဆွံ့အလျက် မှင်တက်သွားရလေသည်။ မိမိ၏သမီးငယ်သည် မိစ္ဆာမင်းသားတစ်ပါး၏ ပူးကပ်သိမ်းပိုက်ခြင်းကို ခံထားရသည်ဟူသော အချက်က ယင်းအား လုံးဝ လမ်းပျောက်သွားစေချင်ချေပြီ။
“နန်ယွင် ဒုက္ခရောက်ရတာ ငါ့အပြစ်တွေပါ...” ချင်ယွမ်ဖုန်းသည် တစ်ကိုယ်လုံးရှိ အားအင်အားလုံး ရုတ်ချည်း ဆုတ်ယုတ်သွားသကဲ့သို့ ခေါင်းငိုက်စိုက်ချလျက် ထိုနေရာတွင် ရပ်နေမိတော့သည်။
မည်သူမျှ ချင်ယွမ်ဖုန်းအား မည်သို့ချော့မြှေ့ရမည်ကို မသိကြချေ။ အခြေအနေမှာ မူလက ကောင်းမွန်သောအရာ ဖြစ်ပေရာ နန်ယွင်၏ အနာဂတ်သည် အတိုင်းအဆမရှိ လင်းလက်တောက်ပလာတော့မည် ဖြစ်သော်လည်း မိစ္ဆာမင်းသားက အရာခပ်သိမ်းကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ချေပြီ။
“မင်းအပြစ်မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်း အပြစ်မတင်ပါနဲ့” ဟု ပိုင်ရှန်းနန်းတော်က တည်ငြိမ်စွာ ဆိုလိုက်လေသည်။
ကျောင်းအုပ်ကြီး ကျွမ်ယွမ်ကလည်း ခေါင်းညိတ်လျက် ထောက်ခံသည်။ “ဟုတ်တယ် ယွမ်ဖုန်း... စိတ်ကို တင်းတင်းထားစမ်းပါ။ နန်ယွင်ရဲ့ ခန္ဓာကိုယ်ကို အသိမ်းပိုက်ခံလိုက်ရတယ် ဆိုပေမဲ့ သူမရဲ့ ဝိညာဉ်ကတော့ ချုပ်ငြိမ်းသွားဦးမှာ မဟုတ်ပါဘူး။ ဘာပဲပြောပြော အဲဒီမိစ္ဆာမင်းသားက အပြင်ကနေ ကျူးကျော်ဝင်ရောက်လာတဲ့သူပဲလေ၊ ခန္ဓာကိုယ်က ယင်းကို ပြန်ပြီး တွန်းလှန်နေမှာ သေချာတယ်”
ထိုအခါမှ ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံ၌ အလင်းရောင်တစ်ချက် ရုတ်ချည်း ဖြတ်ပြေးသွားကာ “ဒါဆို... နန်ယွင်က ငါသွားကယ်မှာကို စောင့်နေတုန်းပေါ့ ဟုတ်လား” ဟု မေးလိုက်ချေသည်။
“ဖြစ်နိုင်တာပေါ့” ကျွမ်ယွမ်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။
နန်ယွင်၏ အခြေအနေက မည်သို့ပင်ရှိစေကာမူ ၎င်းတို့သည် ချင်ယွမ်ဖုန်းအား မျှော်လင့်ချက် ပေးရပေမည်။ အကယ်၍ မျှော်လင့်ချက်သာ ကင်းမဲ့သွားပါက ထိုလူသည်လည်း လုံးဝ ကျဆုံးပျက်စီးသွားရတော့မည် မဟုတ်လော။
“ဒါဆိုရင်တော့ ငါ အခုချက်ချင်း သွားတော့မယ်။ အခု အဲဒီမိစ္ဆာမင်းသားက ဘယ်သူလဲဆိုတာ သိရပြီပဲ... သွားပြီးတော့ ဒီကိစ္စကို အပြတ်ရှင်းရုံပဲ ရှိတော့တယ်” ချင်ယွမ်ဖုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။
လူတိုင်းက ခေါင်းညိတ်ထောက်ခံကြသော်လည်း ရှောင်ပိုင်တစ်ယောက်သာ သက်ပြင်းချမိတော့သည်။
“ငါက လောကဓာတ်ရဲ့ အနှစ်သာရကို စုပ်ယူထားပြီးပြီ ဆိုပေမဲ့... နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ကတော့ အချိန်အတော်ကြာဦးမှာပဲ၊ နှစ်အနည်းငယ်တောင် ကြာသွားနိုင်တယ်” ပိုင်ရှန်းနန်းတော်က တည်ငြိမ်အေးဆေးစွာ ဆို၏။
နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများသည် များသောအားဖြင့် မပြည့်စုံသော ကောင်းကင်နှင့် မြေကမ္ဘာ၏ အခြေခံအနှစ်သာရကိုသာ စုပ်ယူနိုင်ကြပြီး အကျပ်အတည်းအောက်တွင်မှ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ အနိုင်နိုင် တက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့် နတ်ဘုရားအဆင့်သို့ ထပ်မံတက်လှမ်းရန် ကြိုးပမ်းခြင်းသည် နဝမအဆင့် ဘုရင်နယ်ပယ်မှစ၍ အသစ်တစ်ဖန် ပြန်လည်ကျင့်ကြံရသည်ထက်ပင် မလျော့သော ခက်ခဲပင်ပန်းမှု ရှိချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ရပါတယ်... စီနီယာနဲ့ ကျောင်းအုပ်ကြီးတို့ ဒီမှာရှိနေတာပဲ၊ အဲဒီမိစ္ဆာမင်းသား ဘယ်လိုမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်”
၎င်းတို့သည် ထွေထွေထူးထူး ဆွေးနွေးမနေတော့ဘဲ တစ်ဟုန်ထိုး ထွက်ခွာလာခဲ့ကြပြီး နေရာပြောင်းအစီအရင်ဆီသို့ ဦးတည်လျက် ယမမင်းဌာနချုပ်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်ကြတော့သည်။
---
ယမမင်းဌာနချုပ်၏ အဓိကခန်းမကြီး နောက်ကွယ်ရှိ တစ်ခုတည်းသော လင်းလက်တောက်ပနေသည့် နေရာတွင် ‘ချင်နန်ယွင်’ သည် အေးစက်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်၏။
သူမ၏ လက်ထဲတွင် ဆံပင်တစ်မျှင် ရှိနေပြီး ပိုင်ရှန်းနန်းတော်က မဟူရာစိမ်း တစ္ဆေအရှင်အား သတ်ဖြတ်လိုက်သည့် တစ်ပြိုင်နက်တည်းမှာပင် ထိုဆံပင်မျှင်သည် ရုတ်ချည်း မီးတောက်လောင်ကာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
“ငါ့အထင်တော့... ဒါဟာ ချင်ယွမ်ဖုန်း တစ်ယောက်တည်း လုပ်နိုင်တဲ့အရာ လုံးဝ မဟုတ်ဘူး” ဟု တစ်ပါးကျွန်းသား မိစ္ဆာမင်းသမီး ထရေယာက အေးစက်စွာ ရေရွတ်လိုက်လေသည်။
ထရေယာသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ တံဆိပ်ခတ်နှောင်ခြင်းမှ ရုန်းထွက်လွတ်မြောက်လာခဲ့သည်မှာ နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။ သူမသည် မဟာဆရာနယ်ပယ်မှသည် နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ကျင့်ကြံတက်လှမ်းလာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဤအဆင့်သည် မိစ္ဆာများအတွက် အဆုံးစွန်သော အတိုင်းအဆ ဖြစ်ပေရာ ယင်းက သာမန်လူသား နတ်ဘုရားအဆင့်ထက် များစွာသာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားနိုင်စွမ်း ရှိသည်ဆိုဦးတော့ ဤအမှန်တရားကိုမူ ပြောင်းလဲနိုင်ခြင်း မရှိချေ။
အကယ်၍ နတ်ဘုရားအဆင့်သို့ မရောက်ရှိနိုင်ပါက မသေမျိုး မဖြစ်နိုင်ဘဲ အဆုံး၌ သေဆုံးခြင်းနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် ထရေယာသည် အခြားသော နည်းလမ်းတစ်ခုကို ကြံစည်ခဲ့ခြင်း ဖြစ်ချေသည်။
လူသားများသည် လောကဓာတ်၏ အနှစ်သာရကို စုပ်ယူခြင်းဖြင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ပေရာ သူမအနေဖြင့် လူသားတစ်ယောက် ဖြစ်လာစေမည့် နည်းလမ်းကို မဖြစ်မနေ ရှာဖွေရမည် ဖြစ်သည်။
ချင်ယွင်မျှော်စင် ပျက်စီးသွားသည့် အချိန်က ထရေယာသည် ချင်ယွမ်ဖုန်း၏ သမီးငယ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲတွင် ပြည့်စုံသော လောကဓာတ်၏ မူလအနှစ်သာရကို ပိုင်ဆိုင်ထားသည့် ချင်နန်ယွင်ကို အမှတ်မထင် တွေ့ရှိခဲ့ရလေသည်။ သူမသည် ထရေယာ ရှာဖွေနေခဲ့သည့် အကောင်းဆုံးသော အရာပင် မဟုတ်လော။
သူမသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ချင်နန်ယွင်အား ယမမင်းအဖွဲ့ဆီသို့ ပြန်ပေးဆွဲ ခေါ်ဆောင်လာခဲ့ကာ ခန္ဓာကိုယ်ကို သိမ်းပိုက်၍ သူမ၏ မူလကျင့်စဉ်အဆင့်ကို အမွေဆက်ခံယူလိုက်တော့သည်။
ယခုအခါတွင်မူ သူမအတွက် ကျင့်စဉ်၏ အဆုံးစွန်သို့ ရောက်ရှိရန်နှင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်သာ ကျန်ရှိတော့သည်။
“ဒီလိုအချိန်မျိုးမှာ ဘယ်သူမှ ငါ့ကိုလာပြီး မနှောင့်ယှက်စေနဲ့”
ချင်နန်ယွင်သည် ဖြည်းညှင်းစွာ မျက်လုံးမှိတ်လိုက်ပြီး အသံတစ်သံက အပြင်သို့ လွင့်ပျောထွက်ရှိသွားတော့သည်။
“အားလုံး နားထောင်စမ်း... ချင်ကွေ့က ယမမင်းအဖွဲ့ကို သစ္စာဖောက်သွားပြီ။ ဘယ်သူမဆို ချင်ယွမ်ဖုန်းကို သတ်နိုင်တဲ့သူက သူရဲ့ ရာထူးနေရာကို ဆက်ခံရမယ်။ အကယ်၍ တစ္ဆေကြီး ဆယ်ကောင်ထဲက တစ်ယောက်ယောက်က ချင်ယွမ်ဖုန်းကို သတ်နိုင်ရင်တော့ ယမမင်းအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်လာပြီး ယမမင်းအဖွဲ့တစ်ခုလုံးကို စီမံခန့်ခွဲခွင့် ရစေရမယ်”
ထိုအသံသည် ယမမင်းခန်းမတစ်ခုလုံးတွင် ဟိန်းထွက်သွားပေရာ တစ္ဆေကြီး ကိုးကောင်အပါအဝင် ယမမင်းလူသတ်သမား အားလုံး သဲသဲကွဲကွဲ ကြားလိုက်ရလေသည်။
ဤသတင်းသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး တိုက်ပွဲ၏ ရုန်းရင်းဆန်ခတ်မှုကို ရုတ်ချည်း မီးမွှေးပေးလိုက်သကဲ့သို့ ရှိချေသည်။
တစ္ဆေကြီး ဆယ်ကောင်ထဲမှ တစ်ဦးဖြစ်လာရန်ဟူသည် လူသတ်သမား အများအပြား အိပ်မက်မက်ခဲ့ရသောအရာ ဖြစ်ပေရာ တစ်ခဏအတွင်းမှာပင် ပုန်းအောင်းနေခဲ့ကြသော အလင်းမဲ့ရွှေအဆင့် လူသတ်သမား အများအပြားသည် ကံစမ်းရန် လက်ယားလာကြတော့သည်။
---
“ဆရာ... ဒါ ဘယ်လိုဖြစ်ရတာလဲ” အဘိုးအိုသူတောင်းစား၏ နန်းတော်အတွင်း၌ ထိုသတင်းကို ကြားလိုက်ရသဖြင့် ရှောင်ဟန်ချိုးသည် မျက်လုံးများ ပြူးကျယ်သွားကာ အဘိုးအိုသူတောင်းစား၏ လက်အင်္ကျီစကို ဆွဲလျက် အလျင်အမြန် မေးမိတော့သည်။
အဘိုးအိုသူတောင်းစားကလည်း မတတ်နိုင်သကဲ့သို့ ခေါင်းခါပြကာ “ငါလည်း ဘာတွေဖြစ်နေလဲ မသိဘူး... ယမမင်းလောကထဲမှာ ဒီလိုမျိုး အမိန့်ပေးတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး” ဟု ဆို၏။
“ဆရာ ယွန်းဖုန်းကို ကယ်နိုင်မလား” ရှောင်ဟန်ချိုးက ပြာပြာသလဲ မေးလိုက်သည်။
အဘိုးအိုသူတောင်းစားက သက်ပြင်းချလိုက်ပြီး “ခက်လိမ့်မယ်...နင်လည်း သိတဲ့အတိုင်း တစ္ဆေကြီး ကိုးကောင်ထဲမှာ အလွန်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ပုန်းအောင်းနေကြတာ။ သူတို့တွေက ယမမင်းအရှင်သခင်ရဲ့ အမိန့်အတိုင်း ချက်ချင်း လှုပ်ရှားကြမှာ သေချာတယ်”
“ဒါဆို... ငါ သွားပြီး ချင်ယွမ်ဖုန်းကို အကြောင်းကြားရမယ်” ရှောင်ဟန်ချိုးသည် ဖျတ်ခနဲ ထရပ်လိုက်ပြီး ယမမင်းဌာနချုပ်အပြင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
သို့သော်လည်း အဝေးကြီးအထိ ပြေးလာခဲ့ပြီးနောက် ရှောင်ဟန်ချိုးသည် ရုတ်ချည်း ခြေလှမ်းရပ်တန့်သွားရ၏။ အကြောင်းမူကား သူမအနေဖြင့် ချင်ယွမ်ဖုန်း မည်သည့်နေရာတွင် ရှိနေသည်ကို လုံးဝ မသိရှိခြင်းကြောင့် ဖြစ်ပေသည်။
“ချင်ယွမ်ဖုန်း... နင် ဘယ်တော့မှ ပြန်မလာပါနဲ့တော့”
သူမသည် တစ်ကိုယ်တည်း ရေရွတ်မိရင်း ချင်ယွမ်ဖုန်းအနေဖြင့် ယမမင်းလောကသို့ မည်သည့်အခါမျှ ပြန်မလာရန်သာ ဆုတောင်းနေမိတော့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ လာခြင်းသည် သေတွင်းထဲသို့ သက်သက်သက်ဆင်းလာခြင်းနှင့် မခြားပေရာ ထောင်ချောက်ထဲ တိုးဝင်လာခြင်းသာ ဖြစ်လိမ့်မည်။
သို့သော်လည်း ရှောင်ဟန်ချိုး၏ ရေရွတ်သံ ဆုံးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံ၌ လူရိပ်အချို့ ဖြတ်ပျံသွားသည်ကို သူမ တွေ့လိုက်ရလေသည်။
ထိုသူများမှာ ချင်ယွမ်ဖုန်းနှင့် အပေါင်းအပါများပင် ဖြစ်ကြချေသည်။
ချင်ယွမ်ဖုန်းသည် ယမမင်းဌာနချုပ်ဆီသို့ အလျင်အမြန် သွားနေခြင်း ဖြစ်သော်လည်း အောက်ခြေမြေပြင်ဆီသို့ ငုံ့ကြည့်လိုက်မိရာ ရှောင်ဟန်ချိုးကို တွေ့ရှိသွားသဖြင့် ခဏမျှ စဉ်းစားပြီးနောက် မြေပြင်သို့ ဆင်းသက်လာခဲ့သည်။
“ချင်ယွမ်ဖုန်း... နင် အမြန်ဆုံး ထွက်သွားတာ ကောင်းလိမ့်မယ်။ အခု ယမမင်းအဖွဲ့က နင့်ကို ဖမ်းဆီးဖို့ အမိန့်ထုတ်ထားတယ်၊ ဒါ ယမမင်းဘုရင် ကိုယ်တိုင် ထုတ်ပြန်ထားတဲ့အမိန့်ပဲ” ရှောင်ဟန်ချိုးက စိုးရိမ်တကြီး ပြောလိုက်၏။
ချင်ယွမ်ဖုန်း၏ မျက်ဝန်းများ အေးစက်သွားကာ “ငါလည်း ယင်းကို လာရှာတာပဲ... နင် အခုချက်ချင်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်” ဟု ဆိုလိုက်သည်။
“ယမမင်းဘုရင်ကို လာရှာတာ ဟုတ်လား” ရှောင်ဟန်ချိုး မျက်လုံးပြူးသွားရပြန်သည်။ သူမသည် ဘာကိစ္စရှိသည်ကို မသိသော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် ယမမင်းဘုရင်၏ ပြိုင်ဘက် မဖြစ်နိုင်သည်ကိုမူ ကောင်းစွာ သိရှိထားချေသည်။
“မဖြစ်ဘူး... နင် အခုပဲ ထွက်သွားပါ။ ငါ နင့်ကို အသေခံဖို့ လွှတ်မပေးနိုင်ဘူး”
ချင်ယွမ်ဖုန်းက ခိုင်မာစွာ ခေါင်းခါပြလိုက်ပြီးနောက် ကောင်းကင်ယံရှိ ကျောင်းအုပ်ကြီး ကျွမ်ယွမ်နှင့် အခြားသူများကို လက်ညှိုးထိုးပြကာ ဆိုလေသည်။
“အဲဒီဆရာကြီးတွေက ငါ ရှန်းဝူအကယ်ဒမီကနေ ပင့်ဖိတ်လာခဲ့တဲ့သူတွေပဲ... ယမမင်းဘုရင်အနေနဲ့ ဒီတစ်ကြိမ်တော့ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ရှန်းဝူအကယ်ဒမီ ဟုတ်လား”
ရှောင်ဟန်ချိုးသည် ပိုမို၍ ဇဝေဇဝါ ဖြစ်သွားရတော့သည်။ ဒါဟာ သန့်ရှင်းသော နယ်မြေနှစ်ခုကြားက စစ်ပွဲတစ်ခု ဖြစ်လာတော့မှာလား။
“ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ ယမမင်းဘုရင်က နင့်ကို သတ်ချင်နေရတာလဲ၊ ပြီးတော့ နင်ကော ဘာလို့ သူမကို လာရှာရတာလဲ” ရှောင်ဟန်ချိုးက အလောတကြီး မေးမြန်းမိ၏။
ချင်ယွမ်ဖုန်းက ရှောင်ဟန်ချိုးအား တစ်ချက်ကြည့်ကာ “သူမက ငါ့သမီးကို ပြန်ပေးဆွဲသွားလို့ပဲ” ဟု ပြောလိုက်ချေသည်။
ထိုသို့ ပြောကြားပြီးနောက် ချင်ယွမ်ဖုန်းသည် ဖင့်နွှဲမနေတော့ဘဲ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားကာ ယမမင်းဌာနချုပ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားတော့သည်။
ရှောင်ဟန်ချိုးမှာမူ တစ်ခဏမျှ ဆွံ့အလျက် ကျန်ရစ်ခဲ့ရ၏။
“ကလေး ဟုတ်လား... ဒါတွေက ဘယ်တုန်းက ဖြစ်သွားတာလဲ”
တစ်ခဏမျှ ရှောင်ဟန်ချိုးသည် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေမိသည်။ သူမသည် ယမမင်းလောကအတွင်း၌ ချင်ယွမ်ဖုန်း၏ သတင်းအစအနကို လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်သော်လည်း ချင်ယွမ်ဖုန်းသည် သူမထက် များစွာ ဝေးကွာသောနေရာသို့ ရောက်ရှိနေခဲ့လိမ့်မည်ဟု ထင်မထားခဲ့မိချေ။
ယမမင်းဌာနချုပ်ဆီသို့ တဟုန်ထိုး ဦးတည်သွားနေကြသော လူစုကို ကြည့်ရင်း ရှောင်ဟန်ချိုးသည် စိတ်လှုပ်ရှားမှုကို မအောင့်နိုင်တော့ချေ။
ဤတစ်ကြိမ်တွင်မူ သန့်ရှင်းသော နယ်မြေနှစ်ခုကြားမှ စစ်မီးသည် တိတ်တဆိတ် တောက်လောင်လာခဲ့ချေပြီ။
---
ချင်ယွမ်ဖုန်းသည် မိမိ၏သမီးငယ်အား ကယ်တင်ရန် ယမမင်းဌာနချုပ်သို့ ရောက်ရှိသွားသည့် အချိန်၌ပင် အကူးအပြောင်း ကြားခံဟင်းလင်းပြင်အတွင်းရှိ ကျိရှန့်သည် နတ်ဆိုးဘုရင်နှင့် ယင်း၏ စစ်တပ်ကြီးကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့လိုက်ရလေသည်။
နတ်ဆိုးဘုရင်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကျိရှန့်သည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရပေရာ... ဖြစ်တန်ရာသည်မှာ မိစ္ဆာနယ်မြေအတွင်း၌ နောက်ထပ် အလှည့်အပြောင်း ကြီးမားသော ပရမ်းပတာမှုတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အခန်း(၈၉၂) ပတ်သက်မှု
ကျိရှန့်သည် မိမိရှေ့မှ ရန်လိုနေသော နတ်ဆိုးဘုရင်အား ကြည့်ကာ ရင်ထဲ၌ အလွန်ပင် ဝေခွဲမရ ဖြစ်နေချေသည်။
ချင်ယွမ်ဖုန်း ပြောပြချက်အရ သူ၏ဘိုးဘေး ကျိရန်သည် မိစ္ဆာနယ်မြေထဲ၌ မိစ္ဆာဘုရင်နှင့် ပူးပေါင်းသွားခဲ့ပြီး မိစ္ဆာဘုရင်သည်လည်း မင်းသားအချို့အား ပြစ်ဒဏ်ခတ်ရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။
ထိုသူများသည် ယခုအချိန်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု၌ ပိတ်မိနေသင့်ပေရာ နတ်ဆိုးဘုရင်သည် မည်သို့ကြောင့် ယခုနေရာသို့ ရောက်ရှိလာနိုင်သနည်းဟု ကျိရှန့် တွေးတောမရ ဖြစ်နေသည်။
“မင်း ဒီနေရာကို လာဖို့ အချိန်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ကျိရှန့်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
နတ်ဆိုးဘုရင်က ကျိရှန့်အား ကြည့်ကာ နှစ်ချက်မျှ လှောင်ပြုံး ပြုံးလိုက်ပြီး “ကျိရှန့်... မင်းရဲ့ဘိုးဘေးက တကယ်ပဲ အစွမ်းထက်ပြီး ငါတို့ကို ပြဿနာ အများကြီး ပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ မမေ့နဲ့ဦး... ငါတို့ စီစဉ်လာခဲ့တာ ဘယ်နှနှစ်ရှိပြီလဲ။ ငါတို့ရဲ့ အစီအစဉ်တွေက ဒီလောက်အလွယ်တကူ ပျက်စီးသွားလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား”
ကျိရှန့် မျက်မှောင်ကြုတ်မိသွားသည်။ နတ်ဆိုးဘုရင်သည် အကူးအပြောင်း ကြားခံဟင်းလင်းပြင်သို့ တစ်ပါးကျွန်းသား မိစ္ဆာများကို အမြဲတစေ သေတွင်းထဲ သက်ဆင်းခိုင်းသကဲ့သို့ ဦးဆောင်လာတတ်သည်ကို ပြန်လည်တွေးတောမိရင်း သူ၏ရင်ထဲ၌ မကောင်းသော အငွေ့အသက်များ ဝင်ရောက်လာချေသည်။
“နတ်ဆိုးဘုရင်... မင်း တကယ်ပဲ ဘာကို လိုချင်နေတာလဲ”
“မင်း မကြာခင် သိရမှာပါ” နတ်ဆိုးဘုရင်က ကျိရှန့်အား အေးစက်စွာ ပြုံးပြလိုက်သည်။
---
အခြားတစ်ဖက်တွင်မူ ချင်ယွမ်ဖုန်းနှင့် သူ၏လူစုသည် ယမမင်းဌာနချုပ်သို့ လျင်မြန်စွာ ရောက်ရှိလာကြရာ ၎င်းတို့၏ ကြီးမားလှသော အရှိန်အဝါကြောင့် အတွင်းရှိ လူသတ်သမားများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။
ယမမင်းဌာနချုပ် အဓိကခန်းမဆောင်အတွင်းမှ လူသတ်သမားများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြပြီး ယင်းတို့အထဲ၌ ဘုရင်နယ်ပယ်အဆင့်ရှိသော အလင်းမဲ့ရွှေအဆင့် လူသတ်သမားများပင် ပါဝင်ချေသည်။
ထို့အပြင် ယမမင်းအဖွဲ့၏ မကောင်းဆိုးဝါး တစ္ဆေကြီး ကိုးကောင်စလုံးသည်လည်း လူစုရှေ့၌ ထွက်ပေါ်လာကြသည်။
ယမမင်းအဖွဲ့၏ တစ္ဆေကြီး ဆယ်ကောင်သည် အမြဲတစေ လျှို့ဝှက်ဆန်းကြယ်လွန်းလှရာ ထိုသူအားလုံးကို တစ်ပြိုင်နက်တည်း မည်သူမျှ မမြင်ဖူးခဲ့ကြချေ။ ယခုအခါ သေဆုံးသွားခဲ့ပြီဖြစ်သော မဟူရာဝါး တစ္ဆေအရှင်မှလွဲ၍ ကျန်ရှိသောသူများ အားလုံး စုံစုံလင်လင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ထိုနေရာ၌ အနည်းငယ် အံ့အားသင့်နေသော အဘိုးအိုသူတောင်းစား ရပ်နေသည်ကိုလည်း မြင်တွေ့လိုက်ရသည်။
“ချင်ယွမ်ဖုန်း... မင်းက သေတွင်းထဲ ပြန်လာတာလား။ ယမမင်းဘုရင်က မင်းကို သတ်ဖို့ အမိန့်ထုတ်ထားတာ မကြာသေးဘူး။ မင်းကို သတ်ပြီးတာနဲ့ နောင်အနာဂတ်မှာ စိုးရိမ်စရာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး” ဟု အလင်းမဲ့ရွှေအဆင့် လူသတ်သမားတစ်ဦးက အေးစက်စွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ချကာ “သူက ဘယ်လို ယမမင်းဘုရင်မျိုးလဲ။ ရှက်စရာကောင်းတဲ့ ကြွက်တစ်ကောင်ထက် မပိုပါဘူး”
“ဒီလောက်အထိ အဓိပ္ပာယ်မရှိတာတွေကို ပြောရဲသေးတယ်ပေါ့” ဟု အလင်းမဲ့ရွှေအဆင့် လူသတ်သမားက နှစ်ချက်မျှ လှောင်ပြုံးပြုံးရင်း “ညီအစ်ကိုတို့... သူ့ကို သတ်နိုင်ရင် အဆုံးမဲ့တဲ့ စည်းစိမ်ချမ်းသာတွေ၊ အောင်မြင်မှုတွေနဲ့ မဟူရာစိမ်း တစ္ဆေအရှင် ရာထူးကို ရမှာ။ ဒီလိုအခွင့်အရေးမျိုးက ကြုံရခဲတယ်... လက်လွှတ်မခံကြနဲ့”
လူသတ်သမား အများအပြား၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလာကြသည်။ ယင်းသည် အမှန်တကယ်ပင် ရှားပါးလှသော အခွင့်အရေး ဖြစ်ပေသည်။
“ငါ အခု မင်းတို့ကို အမှန်အတိုင်း ပြောပြမယ်... မင်းတို့တွေ အမှောင်ထဲမှာ ဆက်ပြီး မျက်စိပိတ် နားပိတ် မခံနေရတော့အောင်လို့ပေါ့” ချင်ယွမ်ဖုန်းက နှစ်ချက်မျှ လှောင်ပြုံး ပြုံးကာ “မင်းတို့ရဲ့ ယမမင်းဘုရင်ဆိုတာ မိစ္ဆာတစ်ကောင်ပဲ။ သူက ဟင်းလင်းပြင်လှိုဏ်ခေါင်းလမ်းကြောင်းကို ဖွင့်ပြီး သူတို့ရဲ့ မိစ္ဆာတပ်မတော်ကြီးကို ကြိုဆိုဖို့အတွက် သူ့ကိုယ်သူ ဖုံးကွယ်ပြီး ကြံစည်နေတာ”
အားလုံး တုန်လှုပ်သွားကြပြီး အထူးသဖြင့် တစ္ဆေကြီး ကိုးကောင်သည် လေးနက်စွာ တွေးတောခြင်းထဲ သက်ဆင်းသွားကြချေသည်။
၎င်းတို့သည် ယမမင်းအဖွဲ့၏ ဒုတိယခေါင်းဆောင် ရာထူးကို စိတ်မဝင်စားဘဲ မနေနိုင်ကြချေ။ ထိုအချိန်၌ ၎င်းတို့သည် ဤမျှကြီးမားသော လူသတ်သမားအဖွဲ့အစည်း၏ တစ်ဝက်ကို ထိန်းချုပ်ထားနိုင်မည်ဖြစ်ပြီး လိုချင်သမျှကို ရရှိနိုင်မည် ဖြစ်သည်။
သို့သော် ယမမင်းဘုရင်သည် တကယ်ပဲ မိစ္ဆာတစ်ကောင် ဖြစ်နေမည်ဆိုပါက ၎င်းတို့သည် တစ်လျှောက်လုံး မိစ္ဆာများအတွက် အစေခံပေးနေခဲ့ကြခြင်း ဖြစ်မနေပေဘူးလား။
“နိုးထကြစမ်း။ သူက မင်းတို့ကို အသုံးချနေတာ သက်သက်ပဲ”
“ငါတို့က မင်းကို ဘာလို့ ယုံရမှာလဲ။ ဘာလို့ ယုံရမှာလဲ” လူသတ်သမားတစ်ဦးက အော်ဟစ်လိုက်သည်။ ယမမင်းဘုရင်သည် အမှန်တကယ် မိစ္ဆာတစ်ကောင် ဖြစ်နေသည်ဟူသောအချက်ကို သူတို့ ယုံကြည်ရန် ခက်ခဲနေချေသည်။
အမှန်တကယ်တော့ ယမမင်းအဖွဲ့သည် ကာလကြာရှည်စွာ တည်ရှိလာခဲ့ခြင်း ဖြစ်ပေရာ မည်သူမျှ ထိုကဲ့သို့သော အရာကို မသံသယဝင်ခဲ့ဖူးချေ။
“ငါ့ကို ဘာလို့ ယုံရမလဲ ဟုတ်လား။ အကယ်၍ မင်းတို့ ငါ့ကို မယုံရင် ယမမင်းဘုရင်ကို ထွက်လာခိုင်းပြီး ငါတို့ ကြည့်ကြတာပေါ့” ချင်ယွုန်းဖုန်းက နှစ်ချက်မျှ လှောင်ပြုံးကာ “ငါ ဒီကို ရောက်လာတာက ယမမင်းဘုရင်က ငါ့သမီးကို ခိုးယူသွားပြီး သူမရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားလို့ပဲ။ ငါ ကလဲ့စားချေဖို့ လာတာ”
“ငါ့လမ်းကို ပိတ်တဲ့သူ ဘယ်သူမဆို သေရမယ်”
ချင်ယွမ်ဖုန်း၏ အသံသည် အလွန်ပင် အေးစက်လွန်းလှရာ ကြားရသူတိုင်း၏ ကျောရိုးထဲအထိ ချမ်းစိမ့်သွားစေသည်။
ယင်းက ချင်ယွမ်ဖုန်း၏ ပြတ်သားသော ဆုံးဖြတ်ချက် ဖြစ်ပေရာ သူသည် ယမမင်းဘုရင်ကို မလွဲမသွေ သတ်ရမည် ဖြစ်သည်။
“သူက မိစ္ဆာဖြစ်နေရင်ကော ဘာဖြစ်လဲ။ ငါတို့က ပိုက်ဆံအတွက်ပဲ လုပ်တာ... သူမအတွက် အသက်စွန့်နေကြတာ မဟုတ်ဘူး” အလင်းမဲ့ရွှေအဆင့် လူသတ်သမားတစ်ဦးက အေးစက်စွာ ပြောလိုက်ပြီး “မင်းတို့ရဲ့ အသက်တွေက ငါနဲ့ ဘာဆိုင်လို့လဲ”
“ပတ်သက်မှု ဟုတ်လား။ အကယ်၍ မိစ္ဆာတပ်မတော်ကြီး တကယ်ပဲ ဒီကို ရောက်လာရင် မင်း ဒီလိုစကားမျိုး ပြောရဲဦးမလား” ချင်ယွမ်ဖုန်းက ဒေါသတကြီး ရယ်မောလိုက်ပြီး “တစ်စုံတစ်ယောက်က သူ့အသက်ကို စတေးပြီး ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့လို့သာ မင်းတို့တွေ ဒီမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြတာ”
အားလုံး တိတ်ဆိတ်သွားကြသည်။ အချို့က တစ်စုံတစ်ရာကို သိရှိကြသော်လည်း အချို့ကမူ ဘာကိုမျှ မသိရှိကြချေ။
မိစ္ဆာများ ကျူးကျော်ဝင်ရောက်ခြင်းဟူသည် ၎င်းတို့နှင့် အလွန်ပင် ဝေးကွာလွန်းလှရာ ထိုခေတ်အခါက ကြောက်မက်ဖွယ်ရာများနှင့် ကြေကွဲစရာများကို ၎င်းတို့ နားမလည်နိုင်ကြချေ။ ယခုအခါတွင်လည်း ၎င်းတို့နှင့် ဘာမှ မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။
“ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ကာကွယ်စောင့်ရှောက်ရင်း သေဆုံးသွားခဲ့တဲ့ ဘိုးဘေးတွေအတွက် မင်းတို့မှာ အဆင်ပြေပါတယ်လို့ ပြောပိုင်ခွင့် မရှိဘူးဆိုတာ မင်းတို့ သိလား။ တစ်ပါးကျွန်းသား မိစ္ဆာတွေက ငါတို့ရဲ့ ရန်သူပဲ။ သူတို့ရဲ့ အတွေးက လူတိုင်းကို မျိုးတုံးသတ်ဖြတ်ဖို့ပဲ... ဘယ်သူမှ ချွင်းချက်မရှိဘူး” ချင်ယွမ်ဖုန်းက ရက်စက်စွာ ဆိုလိုက်သည်။
“ငါတို့ကတော့ အခုထိ မယုံသေးဘူး” ဟု တစ္ဆေကြီး ကိုးကောင်အနက် တစ်ဦးဖြစ်သော တစ္ဆေအရှင်က ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းထွက်လာရင်း ပြောလိုက်သည်။ “ငါ အခုပဲ သွားပြီး ယမမင်းဘုရင်ကို ထွက်လာဖို့ ဖိတ်ခေါ်လိုက်မယ်။ ဒါမှ ဘယ်သူက လိမ်နေလဲဆိုတာ ငါတို့ မြင်ရမှာပေါ့”
“ကောင်းပြီ... ငါလည်း အဲ့ဒါကိုပဲ အလိုရှိတယ်” ချင်ယွမ်ဖုန်းက အေးစက်စွာ ဆိုလိုက်သည်။
ထိုစဉ်မှာပင် ယမမင်းဌာနချုပ် အဓိကခန်းမဆောင်အတွင်းမှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ ပျံသန်းထွက်ပေါ်လာချေသည်။ အားလုံး လှည့်ကြည့်လိုက်ကြသောအခါ ယင်းက မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“နန်ယွင်” ချင်ယွမ်ဖုန်း ချက်ချင်းပင် တင်းမာသွားပြီး သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်မိသည်။
ဤသည်မှာ သူ၏သမီးငယ် ဖြစ်သော်လည်း ယခုအခါ သူမ၏ခန္ဓာကိုယ်ကို ရန်သူက သိမ်းပိုက်ထားခဲ့ပြီ ဖြစ်သည်။
“ပါးစပ်ပိတ်ထားစမ်း... ငါက ယမမင်းဘုရင်ပဲ။ ဒါမှမဟုတ် မင်း ငါ့ကို ထရေယာလို့လည်း ခေါ်နိုင်တာပေါ့” ထရီယာက ပြုံးလျက် ပြောလိုက်သည်။ သူမသည် ချင်နန်ယွင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အလွန်ပင် ပျော်ရွှင်နေပုံရသည်။
ထရေယာ၏ စကားကို ကြားလိုက်ရသောအခါ ယမမင်းလူသတ်သမား အများအပြား တုန်လှုပ်သွားကြသည်။ ချင်ယွမ်ဖုန်း ပြောခဲ့သောအရာများသည် အမှန်တကယ်ပင် ဖြစ်နေသနည်း။
“မင်း မိစ္ဆာမ... ငါ့သမီးကို အခုချက်ချင်း ပြန်ပေးစမ်း” ချင်ယွမ်ဖုန်းက ခါးခါးသီးသီး ဆိုလိုက်သည်။
“မင်းကို ပြန်ပေးရမယ် ဟုတ်လား” ထရေယာက ရယ်မောလိုက်ပြီး “ချင်ယွမ်ဖုန်း... မင်း အိပ်မက်မက်နေတာလား။ ငါက အခု ချင်နန်ယွင်နဲ့ တစ်သားတည်း ဖြစ်နေပြီ။ မင်း ငါ့ကို သတ်ချင်တာလား။ အဲ့ဒါက မင်းရဲ့ ကိုယ်ပိုင်သမီးကို သတ်တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်”
ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ဤနေရာသို့ မလာခင်ကတည်းက ဤပြဿနာကို တွေးတောခဲ့ပြီး ဖြစ်သည်။
ချင်နန်ယွင်နှင့် မိစ္ဆာမင်းသားသည် တစ်ဦးတည်းသောသူ ဖြစ်သွားခဲ့ပြီ ဖြစ်ပေရာ သူ အမှန်တကယ်ပဲ လက်ရက်စက်နိုင်ပါမည်လော။
“တောက်... ဒါဆို ဒါက တကယ်ပဲ မိစ္ဆာတစ်ကောင်ပေါ့” အလင်းမဲ့ရွှေအဆင့် လူသတ်သမားတစ်ဦးက ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းထွက်လာရင်း “ချင်ယွမ်ဖုန်း... ဒီတစ်ကြိမ်တော့ ငါ မင်းဘက်ကပဲ”
မိမိတို့၏ နာကျင်မှုများကို မေ့လျော့ကာ ကိုယ့်ကိုယ်ကိုယ် မှန်သည်ဟု ထင်နေကြသော လူမိုက်များမှလွဲ၍ အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်သောသူအချို့ ရှိနေပါသေးသည်။
အကယ်၍ မိစ္ဆာများ အောင်မြင်သွားပါက တိုက်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားမည်ဖြစ်ပြီး ရေတွက်၍မရသော လူများ သေဆုံးကြရပေလိမ့်မည်။
လူသားတစ်ယောက်အနေဖြင့် မိစ္ဆာများကို ကူညီပေးရန်မဖြစ်နိုင်ချေ။
ထရေယာ၏ မျက်လုံးများသည် ချက်ချင်းပင် ရေခဲကဲ့သို့ အေးစက်သွားချေသည်။ သူမ၏ လက်ကို ဝေ့ယမ်းလိုက်ရာ သူမ၏ လက်ချောင်းထိပ်ဖျားမှ မိစ္ဆာအရှိန်အဝါများက မြားတစ်စင်းကဲ့သို့ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ထိုအလင်းမဲ့ရွှေအဆင့် လူသတ်သမား၏ ရင်ဘတ်ဆီသို့ ဦးတည်သွားတော့သည်။
အကယ်၍ ဤတိုက်ခိုက်မှု ထိမှန်သွားပါက ထိုအလင်းမဲ့ရွှေအဆင့် လူသတ်သမားသည် ရှင်သန်နိုင်ရန် လုံးဝ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
သို့သော် မျက်တောင်ခတ်ရုံမျှ အချိန်အတွင်းမှာပင် ထိုလူသတ်သမား၏ နေရာတွင် ချင်ယွမ်ဖုန်း ချက်ချင်း ပြောင်းလဲရောက်ရှိသွားပြီး ကျိုးပဲ့နေသော ဓားရှည်ကို သူ၏ရင်ဘတ်ရှေ့၌ ကာကွယ်လိုက်ရာ ကြည်လင်ပြတ်သားသော သတ္တုချင်းရိုက်ခတ်သံ ထွက်ပေါ်လာချေသည်။
ချင်ယွမ်ဖုန်းသည် ထိုလူသတ်သမားနှင့် နေရာချင်းလဲရန် အစားထိုးလဲလှယ်ခြင်း ပညာရပ်ကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီး မိစ္ဆာအရှိန်အဝါသည် ကျိုးပဲ့နေသော ဓားရှည်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားခဲ့သည်။