← Chapters

အခန်း ၉၀၄

Vol. 44 Ch. 904

အခန်း ၉၀၄

Vol. 44 Ch. 904

အခန်း(၉၀၄) နှစ်ဖက်စလုံးမှ ကင်းထောက်များ

“နှမြောစရာကောင်းတယ်၊ ရှန်းဝူစကြဝဠာတိုက်ကြီးအတွက် ကြီးစွာသော ဘေးဒုက္ခတစ်ခု ဖြစ်လာတော့မယ်၊ ငါတို့ရဲ့မှားယွင်းမှုများကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲရလဒ်များ ဖြစ်လာလိမ့်မယ် ငါ လုံးဝမထင်မှတ်ထားခဲ့မိဘူး” ဟု ကျောင်းအုပ်ကြီးက မတတ်သာသည့် လေသံဖြင့် ပြောကြားရှာလေသည်။

“ဒါ ကျွန်တော်တို့ အပြစ်မဟုတ်ပါဘူး” ဟု ချင်ယွမ်ဖုန်းက ဆို၏။ “မိစ္ဆာတွေက ဒါကို ကြိုတင်ကြံစည်နေခဲ့တာ ကြာပါပြီ၊ ထရေယာက မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးရဲ့ ချိပ်ပိတ်မှုကို မဖျက်ဆီးခဲ့ရင်တောင် သူတို့ဘက်က ယင်းကို ဖျက်ဆီးဖို့ တခြားနည်းလမ်းတွေကို ရှာဖွေကြမှာပဲ၊ ဒါက အချိန်ပြဿနာတစ်ခုသာ ဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့ ကိစ္စတစ်ခုပါပဲဗး”

“တခြားနည်းလမ်းမရှိတော့ဘူး၊ ငါ ရှန်းဝူအကယ်ဒမီကို မဟာကုန်းမြေဆီ ပြန်လည်ရွှေ့ပြောင်းရတော့မည်” ဟု ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ ဆိုလေသည်။

လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြရ၏။

“ရှန်းဝူစကြဝဠာတိုက်ကြီးပေါ်က ဘယ်အင်အားစုတစ်ခုတည်းကမှ တစ်ပါးကျွန်းသား မိစ္ဆာတွေကို အထီးတည်း ရင်ဆိုင်နိုင်စွမ်း မရှိဘူး၊ အခုအချိန်မှာ အရေးကြီးဆုံးက သူတို့ကို တွန်းလှန်ဖို့ ငါတို့ရဲ့ အင်အားအားလုံးကို စုစည်းရမှာပဲ” ဟု ကျောင်းအုပ်ကြီးက အေးဆေးတည်ငြိမ်စွာ ဆက်လက် ရှင်းပြလေသည်။

အားလုံးက ခေါင်းညိတ်ထောက်ခံကြပေရာ ဤနေရာမှ ထွက်ခွာခြင်းသည် နောင်တစ်ချိန်တွင် ရရှိမည့် အောင်ပွဲအတွက်သာ ဖြစ်ချေသည်။

“ဒါနဲ့ ရှောင်ပိုင်၊ မင်း အခု ဘယ်လိုနေလဲ” ချင်ယွမ်ဖုန်းက လှည့်၍ မေးမြန်းလိုက်၏၊ အဆုံး၌ ရှောင်ပိုင်သည် လောကဓာတ်၏ မူလအနှစ်သာရ အပြည့်အစုံကို ဝါးမြိုထားခဲ့ခြင်း ဖြစ်ပေသည်။

“လောကဓာတ်ရဲ့ မူလအနှစ်သာရကို အကြွင်းမဲ့ ချေဖျက်စုပ်ယူဖို့ အချိန်အတော်ကြာ လိုအပ်လိမ့်ဦးမယ်၊ အနည်းဆုံးတော့ နှစ်နှစ်၊ သုံးနှစ်လောက် ကြာလိမ့်မယ် ထင်တယ်” ဟု ပိုင်ရှန်းနန်းတော်က စိုးရိမ်ပူပန်သော လေသံဖြင့် ဆိုလာချေသည်။

နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ရှောင်ပိုင်သည် ယခင်က နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးသော်လည်း နတ်ဘုရားနယ်ပယ်သို့ တစ်ဖန်ပြန်လည် ခြေချနိုင်ရန်အတွက် အချိန်အတော်ကြာအောင် ကျင့်ကြံအားထုတ်ရဦးမည် ဖြစ်တန်ရာသည်။

“အဲဒီအချိန်အထိ ငါ တောင့်ခံထားနိုင်ပါ့မလား မသိဘူး” ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ဆိုလိုက်မိသည်။

“အချိန်မဆိုင်းအပ်တော့ဘူး၊ အားလုံးပဲ ပြင်ဆင်ကြတော့၊ ကျောင်းသားတွေကို သူတို့ရဲ့ ပစ္စည်းတွေ သိမ်းဆည်းခိုင်းလိုက်ပါ၊ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာရမယ်၊ မဟုတ်ရင် မိစ္ဆာတွေက ငါတို့နောက်ကို အရင်ဦးအောင် လိုက်လာကြလိမ့်မယ်” ဟု ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ အမိန့်ပေးလေသည်။

“ဒါနဲ့ ယွမ်ဖုန်း၊ မင်းကော ဘယ်သွားမလို့လဲ” ဟု ယီနန်က ရှေ့သို့ လှမ်းလာပြီး မေးမြန်းရှာသည်။

“ငါ မိစ္ဆာနယ်မြေဘက်ကို သွားပြီး ဘာတွေဖြစ်နေလဲ စုံစမ်းရမယ်၊ ငါ့ရဲ့ ဘိုးဘေးတွေနဲ့ မိစ္ဆာဘုရင်က နတ်ဆိုးဘုရင်တို့အုပ်စုကို ရှင်းရှင်းလင်းလင်း တိုက်ခိုက်နေခဲ့တာပဲ၊ အခုကျမှ ဘာလို့ ရှန်းဝူစကြဝဠာတိုက်ကြီးကို ကျူးကျော်လာကြတာလဲ ဆိုတာ သိချင်တယ်” ဟု ချင်ယွမ်ဖုန်းက ဆို၏။

“ဒါက သိပ် အန္တရာယ်များလွန်းတယ်” ယီနန်က အလန့်တကြား တားမြစ်ရှာသည်၊ “အခုထိ ဘာသတင်းမှ ပြန်မရသေးဘူးလေ”

“ငါ သွားမှ ဖြစ်မယ်” ချင်ယွမ်ဖုန်းက ယီနန်၏ ပုခုံးကို ပုတ်၍ နှစ်သိမ့်ကာ ရှန်းဝူအကယ်ဒမီမှ ထွက်ခွာခဲ့ချေတော့သည်။ ဤတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ဖေးရွှယ်ကို အတူခေါ်ဆောင်မသွားခဲ့ပေ။

---

ရှန်းဝူစကြဝဠာတိုက်ကြီးပေါ်ရှိ အင်အားစုအားလုံးသည် တစ်ခဏချင်း တင်းမာသွားကြရ၏၊ အကြောင်းမူကား တစ်ပါးကျွန်းသား မိစ္ဆာများသည် ပင်လယ်ပြင်တွင် အခြေစိုက်သဖြင့် ကမ်းရိုးတန်းအနီးရှိ အင်အားစုများနှင့် သာမန်လူသားများသည် ကုန်းတွင်းပိုင်းဒေသများသို့ ဆုတ်ခွာ ထွက်ပြေးကြရပေသည်။

တစ်ပါးကျွန်းသား မိစ္ဆာများသည် ကြီးမားလှသော သဘာဝဘေးအန္တရာယ်ကြီးတစ်ခုကဲ့သို့ လူတိုင်း၏ စိတ်နှလုံးတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေလျက် ရှိချေသည်။

ရှေးယခင်က ဒဏ္ဍာရီထဲတွင်သာ တည်ရှိခဲ့သော ထိုမိစ္ဆာများသည် ယခုအခါ ကမ္ဘာမြေပြင်ပေါ်သို့ အမှန်တကယ် ပေါ်ထွက်လာပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်သော အစွယ်များကို ဖွင့်ဟပြသလာကြပြီ ဖြစ်သည်။

ကျောင်းအုပ်ကြီး၏ ဦးတည်ရာမှာ ဆေးနတ်ဘုရားဂိုဏ်း၏ တည်နေရာဟောင်းပင် ဖြစ်ချေသည်၊ ထိုနေရာသည် ကုန်းတွင်းပိုင်း၌ တည်ရှိသော်လည်း ပင်လယ်နှင့် သိပ်မဝေးလှပေရာ ပထဝီဝင်အနေအထားအရ အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် ပင်လယ်ပြင်သို့ ရောက်ရှိလာပြီး နတ်ဘုရားသောင်းချီနယ်မြေဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့၏။ ထိုအချိန်တွင် ပင်လယ်ပြင်ကြီး၌ အခြားသော ဂိုဏ်းဝင်များသည် တစ်ပါးကျွန်းသား မိစ္ဆာများနှင့် စတင်ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

မီးလျှံချိုင့်ဝှမ်း၏ တပည့်တစ်ဦးဖြစ်သော ရှီးမန်ဖုသည် ဂိုဏ်းတွင်းပြိုင်ပွဲတွင် ချင်ယွမ်ဖုန်းနှင့် ဆုံတွေ့ခဲ့ဖူးပြီး ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက်ပိုင်းတွင် ဂိုဏ်းချုပ်၏ အလေးပေးချီးမြှောက်ခြင်းကို ခံခဲ့ရသည်။

သူသည် မူလကပင် တိုက်ရိုက်သင်ကြားခွင့်ရတပည့်တစ်ဦး ဖြစ်သော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင်က တပည့်အဖြစ် တရားဝင်လက်ခံကာ သေချာစွာ သွန်သင်ပြသပေးခဲ့ပေသည်။

ရှီးမန်ဖုသည် ဤပျိုးထောင်မှုကို အချည်းနှီးမဖြစ်စေဘဲ ဆဋ္ဌမအဆင့် မဟာဆရာနယ်ပယ်မှသည် ဂိုဏ်းချုပ်နှင့် အဆင့်တူညီသော ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ်အထိ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။

ဂိုဏ်းချုပ်ရာထူးကို ဆက်ခံနိုင်စွမ်းရှိသော်လည်း ရှီးမန်ဖုက ယင်းကို ငြင်းပယ်ခဲ့ပြီး တပည့်အဖြစ်သာ ဆက်လက်နေထိုင်ခဲ့ပေရာ မီးလျှံချိုင့်ဝှမ်း၏ စီနီယာအစ်ကိုကြီး ဖြစ်လာခဲ့ချေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် တစ်ပါးကျွန်းသား မိစ္ဆာများ ကျူးကျော်လာချိန်တွင် စုံစမ်းထောက်လှမ်းရန်အတွက် ရှီးမန်ဖု စေလွှတ်ခြင်း ခံခဲ့ရသည်။

လမ်းခရီးတစ်လျှောက်တွင် ထူးခြားသော အခြေအနေတစ်စုံတစ်ရာကို မတွေ့မြင်ရသော်လည်း ကျွန်းစုများပေါ်မှ လူအများအပြားသည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ ဘေးမှ လွတ်မြောက်ရန် မဟာကုန်းမြေဆီသို့ ကမန်းကတန်း ပြေးလွှားနေကြသည်ကိုမူ တွေ့ရပေသည်။

ရှီးမန်ဖု နတ်ဘုရားသောင်းချီနယ်မြေသို့ သွားရာလမ်း၌ပင် သူ၏ ရှေ့မလှမ်းမကမ်းမှ မဟူရာအလင်းတန်းတစ်ခု ရုတ်ချည်း ပျံသန်းလာခဲ့ချေသည်။

ရှီးမန်ဖုသည် မျက်မှောင်ကြုတ်လျက် ကောင်းကင်ထက်၌ ရပ်တန့်လိုက်၏။

ထိုမဟူရာအလင်းတန်းသည် ရှီးမန်ဖု၏ ရှေ့မှောက်သို့ လျင်မြန်စွာ ရောက်ရှိလာရာ ယင်း၏ ဦးခေါင်းပေါ်ရှိ ဦးချိုတစ်စုံမှာ အလွန်ထင်ရှားလှပေသည်။

“တစ်ပါးကျွန်းသား မိစ္ဆာလား” ရှီးမန်ဖုသည် တစ်ကိုယ်လုံး တင်းမာသွားပြီး သူ၏ လက်ဝါးနှစ်ဖက်ကြားတွင် မီးလျှံစွမ်းအင်အလင်းတန်း အနည်းငယ် လျှပ်ကူးသွားချေသည်။

“ဟူး၊ လူသား သိုင်းပညာရှင်လား၊ မင်းတို့ဆီက ရမယ့် အမှတ်တွေကိုတော့ ငါ လက်လွတ်မခံနိုင်ဘူးဟေ့” ထိုမိစ္ဆာက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သော အကြေးခွံများနှင့် ရက်စက်ကြမ်းကြုတ်သော အရိုးစူးများ ပေါ်ထွက်လာရာ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်သွားချေတော့သည်။

နှစ်ဖက်စလုံးအကြား ပြေလည်နိုင်မည့် လမ်းစမရှိပေရာ ရှီးမန်ဖုသည် ဤမိစ္ဆာကို လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ ကံကောင်းသည်မှာ ထိုမိစ္ဆာ၏ ကျင့်စဉ်အဆင့်မှာ ရှီးမန်ဖုထက် နိမ့်ကျပြီး ဘိုးဘေးနယ်ပယ်သို့ စတင်ခြေချခါစမျှသာ ရှိသေးပုံရသည်။

လူသားများက တစ်ပါးကျွန်းသား မိစ္ဆာများ၏ လှုပ်ရှားမှုကို စုံစမ်းလိုကြသကဲ့သို့ တစ်ပါးကျွန်းသား မိစ္ဆာများကလည်း လူသားများ၏ အခြေအနေကို သိရှိလိုကြပေရာ ကုန်းမြေပေါ်ရှိ အခြေအနေကို ထောက်လှမ်းရန် ကင်းထောက်အမြောက်အမြား စေလွှတ်ထားခြင်း ဖြစ်သည်။

ရှီးမန်ဖု၏ လက်နှစ်ဖက်မှ တောက်လောင်သော မီးလျှံများ ပေါက်ကွဲထွက်လာပြီး လက်တစ်ဖက်က မိစ္ဆာ၏ ပုခုံးကို ဖမ်းဆွဲကာ ကျန်လက်တစ်ဖက်က ယင်း၏ လည်ပင်းကို ညှစ်ပစ်လိုက်၏။

လက်ပေါ်ရှိ ပြင်းထန်သော မီးလျှံအပူရှိန်ကြောင့် မိစ္ဆာမှာ အလွန်အမင်း နာကျင်သွားရပြီး ယင်း၏ အကြေးခွံများသည် သံမဏိကဲ့သို့ ရဲရဲနီလာချေသည်။

ထိုမိစ္ဆာ၏ ခန္ဓာကိုယ်မှ မိစ္ဆာချီအရှိန်အဝါ အမြောက်အမြား ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများအသွင် ပြောင်းလဲလျက် ရှီးမန်ဖုဆီသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။

ရှီးမန်ဖုသည် မိစ္ဆာကို ချက်ချင်းလွှတ်လိုက်ပြီး ပြေးဝင်လာသော သားရဲတစ်ကောင်ကို လက်သီးဖြင့် ထိုးခွဲလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် နောက်ထပ် သားရဲတစ်ကောင်ကို ဖမ်းဆွဲလိုက်ပြန်သည်။

ကောင်းကင်ထက်၌ မီးလျှံအလင်းတန်းများ တောက်ပလာပြီး သားရဲများ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲပျက်စီးသွားသော်လည်း ထိုသားရဲများသည် ကုန်ဆုံးသွားခြင်းမရှိဘဲ သတ်၍ မနိုင်နိုင်အောင် ဖြစ်နေချေသည်။

မိစ္ဆာ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး ရှီးမန်ဖု တစ်ဖြည်းဖြည်း အင်အားကုန်ခမ်းကာ သေဆုံးသွားမည့် အဖြစ်ကို မြင်တွေ့နေရသည့်အလား ရှိပေသည်။

ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းသည် ကြီးမားသော စွမ်းဆောင်ချက်တစ်ခု ဖြစ်ပေရာသည်။

သို့သော် ထိုခဏ၌ပင် ဘေးဘက် ကောင်းကင်ယံမှ မီးလျှံများ ရုတ်ချည်း ထွက်ပေါ်လာပြီး မိစ္ဆာချီဖြင့် ဖွဲ့စည်းထားသော သားရဲအချို့ကို လောင်ကျွမ်းပစ်လိုက်ချေသည်။

“ဒါ ဘာလဲ၊ ငါ့ကို လန့်သေအောင် လုပ်နေတာပဲ” မိစ္ဆာက ရေရွတ်လိုက်၏၊ မီးလျှံကို အသုံးပြုသော ထိုလူသားသည် ရုတ်တရက် တိုက်ခိုက်နိုင်စွမ်း ရှိပုံရပေသည်။

သူသည် ရှီးမန်ဖုနှင့် ဝေးရာသို့ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် မီးလျှံများကြားမှ လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာချေသည်။

ရှီးမန်ဖုသည် တစ်ပါးကျွန်းသား မိစ္ဆာ၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး သူ၏ လက်ဝါးတွင် သံမဏိကဲ့သို့ မာကျောကာ ချော်ရည်ကဲ့သို့ ရဲရဲနီနေသော မီးလျှံများ ဝန်းရံလျက် ရှိနေ၏။

သူသည် ရုတ်တရက် လက်သီးဖြင့် ထိုးနှက်လိုက်ရာ ထိုလက်သီးချက်သည် မည်သည့်ဆီးတားမှုကိုမျှ မကြုံတွေ့ရဘဲ မိစ္ဆာ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားချေတော့သည်။

“မင်း…”

ထိုမိစ္ဆာသည် နာကျည်းမှုများဖြင့် မျက်လုံးအစုံ ပြူးကျယ်လျက် ရှီးမန်ဖု၏ လက်ချက်ဖြင့် ချက်ချင်းပင် အသက်ပျောက်သွားရရှာလေသည်။

ဘိုးဘေးနယ်ပယ်ကို စတင်ခြေချခါစ မိစ္ဆာတစ်ကောင်တောင်မှ ဤမျှ ကိုင်တွယ်ရ ခက်ခဲလှပေရာ၊ မိစ္ဆာများသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူများ ဖြစ်ကြပေသည်။

ရှီးမန်ဖုသည် မိစ္ဆာချီဖြင့် ဖွဲ့စည်းထားသော သားရဲများ တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

သူသည် မိစ္ဆာ၏ ဦးခေါင်းကို ဖြတ်တောက်၍ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

လူသားများနှင့် မိစ္ဆာများသည် မလွဲမသွေ စစ်ပွဲဖြစ်ပွားကြရမည်ဖြစ်ပြီး မိစ္ဆာများ၏ ဦးခေါင်းသည် သူ၏ စွမ်းဆောင်ချက် ဂုဏ်ဒြပ်တစ်ခု ဖြစ်လာလိမ့်မည်ကို သူ သိပေသည်။

ရှီးမန်ဖု စိုးရိမ်စိတ် လျော့ပါးသွားပြီး အနားယူရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံ၌ စူးရှသော လေခွဲသံကြီးတစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး မြားတစ်စုံသည် လေထုထဲ၌ မဟူရာလမ်းကြောင်းတစ်ခု ချန်လှပ်လျက် ရှီးမန်ဖု၏ ပုခုံးကို တိုက်ရိုက် ထိမှန်သွားချေတော့သည်။

ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် ထိုမြားသည် ရှီးမန်ဖု၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားပြီး မီတာရာပေါင်းများစွာ ရောက်ရှိမှသာ လှုပ်ရှားမှု ရပ်တန့်သွားချေသည်။

ရှီးမန်ဖုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ရာ ကောင်းကင်ယံထက်ရှိ လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရချေတော့သည်။

All Chapters