← Chapters

အခန်း ၉၀၅

Vol. 44 Ch. 905

အခန်း ၉၀၅

Vol. 44 Ch. 905

အခန်း(၉၀၅)

ဟင်းလင်းပြင်ထက်ဝယ် အလွန်ပြင်းထန်လှသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည့် တစ်ပါးကျွန်းသား မိစ္ဆာတစ်ကောင် ပျံသန်းနေချေသည်။ ယင်း၏ လက်ထဲ၌မူ အလင်းမဲ့နက်မှောင်၍ ကြံ့ခိုင်သန်စွမ်းလှသော ဒူးလေးရှည်တစ်စုံကို ကိုင်ဆောင်ထားလေရာ အလွန်ပင် အားကိုးဖွယ်ရာ ကောင်းလှ၏။

“ငါ့ရဲ့ မိစ္ဆာစစ်သည်တော်ကို သတ်ပြီးတာနဲ့ ဒီအတိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား” ထိုမိစ္ဆာသည် ရှီးမန်ဖုထံသို့ ပြုံးရွှင်စွာဖြင့် ပျံသန်းလာပေရာ ယင်း၏ အပြုံးသည် ရက်စက်ကြမ်းကြုတ်ခြင်း အတိပြီးလှ၏။

ရှီးမန်ဖုသည် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားရချေသည်။ ထိုမိစ္ဆာသည် သေချာပေါက် ဘုရင်နယ်ပယ်ထက် ကျော်လွန်သော စွမ်းအားရှင်တစ်ဦး ဖြစ်ပေရာ မိမိအနေဖြင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ကောင်းစွာ သိရှိလိုက်ပေသည်။

ထိုစဉ် ယင်း၏ ပုခုံးပေါ်ရှိ မြားနှင့် ဒူးလေးတို့သည် တရွေ့ရွေ့ ပျောက်ကွယ်သွားကြရာ ယင်းတို့သည် စင်စစ်အားဖြင့် မိစ္ဆာအရှိန်အဝါတို့ဖြင့် စုစည်းထားသော မြားများသာ ဖြစ်ချေသည်။

“မဖြစ်ဘူး၊ ငါ အမြန်ပြေးမှရမယ်၊ မဟုတ်ရင် ဒီနေ့ ဒီမှာတင် သေရတော့မှာပဲ”

ခရီးမထွက်မီကပင် ရှီးမန်ဖုသည် ယခုခရီးစဉ်၏ အန္တရာယ်ကြီးမားပုံကို ကြိုတင်တွေးဆမိသော်လည်း မိမိ၏ သတိကြီးစွာ ထားတတ်သော စရိုက်ကြောင့် ဘေးအန္တရာယ် ကင်းဝေးလိမ့်မည်ဟု ယုံကြည်ခဲ့ပေသည်။

ထိုသို့သော ဘေးဒုက္ခတို့ကို ဝေးဝေးက ရှောင်ရှားရန် ကြိုးပမ်းလေလေ၊ ဘေးဒုက္ခက တံခါးခေါက်၍ လာရောက်ရှာဖွေလေလေ ဖြစ်တန်ရာ၏။

ပြင်းထန်လှသော ဝေဒနာကို အံကြိတ်ခံလျက် ရှီးမန်ဖုသည် လှည့်၍ ထွက်ပြေးလေရာ ဟင်းလင်းပြင်ထက်ဝယ် သွေးနီရောင် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့ပေသည်။​ေ ယင်းက ကောင်းကင်ယံထက်မှ ဖြတ်သန်းစီးဆင်းသွားသော ကြယ်တံခွန်တစ်ခုကဲ့သို့ အဆင်းရှိချေသည်။

“ဟဲဟဲ၊ ပြေးချင်တာလား၊ နောက်ကျသွားပြီ”

ထိုမိစ္ဆာသည် လက်ထဲမှ ဒူးလေးရှည်ကို ဖြည်းညှင်းစွာ မြှောက်ချီလိုက်ပြီးနောက် ရုတ်ချည်းပင် အရှိန်ကုန် ဆွဲဆန့်လိုက်ချေသည်။ မိစ္ဆာအရှိန်အဝါတို့သည် တဖြည်းဖြည်း မြားတစ်စုံအဖြစ် စုစည်းသွားပြီးနောက် ပစ်လွှတ်လိုက်ပေသည်။

မြားသည် ကောင်းကင်ယံထက်၌ ဝဲလည်လျက် ရှီးမန်ဖု၏ ခြေသလုံးကို တည့်တည့်မတ်မတ် စိုက်ဝင်သွားပေရာ ယင်းကို ကောင်းကင်ယံထက်မှ လုလုဒိန်းဒိုင်း ကျဆင်းသွားစေလုမတတ် ဖြစ်ရချေသည်။

မိစ္ဆာသည် ရှီးမန်ဖုထံသို့ ဖြည်းညှင်းစွာ ပျံသန်းလာပေသည်။ ယခုနေရာသည် ကျွန်းစုအလွန်နည်းပါးသော ပင်လယ်ပြင်ကျယ်ကြီး ဖြစ်ပေရာ ရှီးမန်ဖုအနေဖြင့် မည်သို့မျှ မပြေးနိုင်တော့ကြောင်း ယင်းက ကောင်းစွာ ယုံကြည်နေသည်။

“နတ်ဘုရားတစ်ပိုင်းအဆင့်အောက်က ဘယ်သူမှ ငါ့မြားဒဏ်ကို မရှောင်နိုင်ဘူး။ မင်းလို လူသားသိုင်းပညာရှင် အောက်တန်းစားကများ လွတ်မြောက်ဖို့ အိပ်မက်မက်နေသေးတယ်လား၊ ကံကြမ္မာကိုပဲ အရှုံးပေးလိုက်စမ်း” မိစ္ဆာသည် ကျယ်လောင်စွာ ရယ်မောလိုက်ချေသည်။

ဤနေရာသို့ ပြန်လည်ရောက်ရှိလာခြင်းသည် နတ်ဘုရားတို့၏ ဘုံဗိမာန်သို့ ရောက်ရှိလာသကဲ့သို့ ခံစားရပေသည်။ မိစ္ဆာနယ်မြေကဲ့သို့ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်မျိုး မရှိသည့်အပြင် အစားအစာတို့သည်လည်း နေရာအနှံ့ ရှိနေချေသည်။

ထို့ကြောင့် တစ်ပါးကျွန်းသား မိစ္ဆာများသည် ဤသာယာလှသော နယ်မြေကို လုယူကာ လူသားအားလုံးကို သတ်ဖြတ်ရန် သို့မဟုတ် ကျေးကျွန်ပြုရန် တိတ်တဆိတ် သန္နိဋ္ဌာန်ချထားကြပေသည်။

ယင်းသည် ရှီးမန်ဖုနှင့် ကိုက်တစ်ရာခန့်သာ ကွာဝေးသော နေရာသို့ ရောက်ရှိလာပြီး မျက်နှာထက်၌ ရက်စက်သော အပြုံးတစ်ခု ရှိနေချေသည်။

“လူသားတွေ၊ သေဖို့ ပြင်ဆင်ထားကြပေတော့”

မိစ္ဆာသည် ဒူးလေးကို ထပ်မံဆွဲဆန့်ကာ မြားတစ်စုံကို ပစ်လွှတ်လိုက်ပြန်ရာ ယခုအကြိမ်တွင်မူ ရှီးမန်ဖု၏ ဦးခေါင်းကို တည့်တည့်မတ်မတ် ချိန်ရွယ်ထားချေသည်။

ရှီးမန်ဖုသည် ခါးသက်စွာ ပြုံးလိုက်မိပေသည်။ “ဟူး... အလုပ်ပင်မစရသေးခင် အရှုံးပေးလိုက်ရပြီပေါ့၊ ငါ့စွမ်းအားက ဒီမျှပါပဲ”

ထိုသို့ ရေရွတ်ပြီးနောက် ယင်းသည် မိမိ၏ ကံကြမ္မာကို လက်ခံလိုက်သည့်အလား မျက်လုံးများကို မှိတ်ထားလိုက်ချေသည်။

---

အတိအကျပင် ထိုစဉ် ဟင်းလင်းပြင်ထက်ဝယ် လူရိပ်တစ်ခု ရုတ်ချည်း ပေါ်လာပေသည်။ ယင်းသည် ရှီးမန်ဖု၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော မြားကို လှမ်း၍ ဖမ်းဆွဲလိုက်ပြီးနောက် လက်တွင်း၌ပင် အပိုင်းပိုင်း ပြတ်တောက်သွားစေချေသည်။

ရှီးမန်ဖုသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ မိမိ၏ ရှေ့၌ ရပ်နေသော လူကို မြင်တွေ့လိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရချေသည်။

“ချင်ယွမ်ဖုန်း”

ချင်ယွမ်ဖုန်းသည် လှည့်ကြည့်ကာ ရှီးမန်ဖုကို ပြုံးပြလိုက်ပေသည်။ “မတွေ့တာ ကြာပြီနော်”

“မင်းက ငါ့ကို မှတ်မိနေသေးတာလား” ရှီးမန်ဖုသည် ချင်ယွမ်ဖုန်း၏ ဘေးနားသို့ အလျင်အမြန် ပျံသန်းလာခဲ့သည်။ “အခုဆို မင်းက တကယ့်ကို နာမည်ကြီးနေတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီပဲ”

“ငါ့ကို နောက်မနေပါနဲ့” ချင်ယွမ်ဖုန်းသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်ရင်း ဆိုလေသည်။ “မင်းကကော ဒီကို ဘာလာလုပ်တာလဲ”

“ဂိုဏ်းက ငါ့ကို တစ်ပါးကျွန်းသား မိစ္ဆာတွေရဲ့ နောက်ခံအကြောင်းကို စုံစမ်းဖို့ စေလွှတ်လိုက်တာလေ။ ဒီကို ရောက်ကာမှ သူတို့နဲ့ တည့်တည့်တိုးတော့တာပဲ၊ တကယ့်ကို ကံဆိုးတာပဲ” ရှီးမန်ဖုသည် မတတ်နိုင်သည့်အလား ခေါင်းကို ရမ်းလိုက်ပေသည်။

ဘေးနားတွင် ရပ်နေသော မိစ္ဆာ၏ မျက်နှာသည် တဖြည်းဖြည်း အလင်းမဲ့ပြာနှမ်းသွားချေသည်။ “မင်းတို့နှစ်ယောက်က ငါ့ကို လုံးဝ ထည့်မတွက်ကြဘူးပေါ့ ဟုတ်လား”

ချင်ယွမ်ဖုန်းသည် တစ်ပါးကျွန်းသား မိစ္ဆာကို လှမ်းကြည့်လိုက်ပြီး “အော်... ဆောရီးပဲ၊ ငါ မေ့သွားလို့” ဟု ဆိုချေသည်။

“မေ့သွားတယ် ဟုတ်လား” မိစ္ဆာသည် ပို၍ပင် ဒေါသထွက်သွားရသည်။ “ဒီနေ့ မင်းတို့ နှစ်ယောက်လုံး ဘယ်မှ သွားခွင့်မရှိဘူး၊ ဒီမှာပဲ အသက်ပျောက်ကြပေတော့”

ရှီးမန်ဖုသည် ထိုစဉ် ကျယ်လောင်စွာ ရယ်မောလိုက်ပေသည်။ “ဟေး... ရုပ်ဆိုးတဲ့ ကောင်ကြီး၊ မင်းပဲ နတ်ဘုရားတစ်ပိုင်းအဆင့်အောက်က ဘယ်သူမှ မင်းမြားဒဏ်ကို မခံနိုင်ဘူးလို့ ပြောခဲ့တယ် မလား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါ့ရှေ့ကလူက နတ်ဘုရားတစ်ပိုင်းအဆင့်အောက်မှာ လောကတစ်ခုလုံး ရန်သူမရှိလို့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးပဲ”

ချင်ယွမ်ဖုန်းသည် မတတ်နိုင်သည့်အလား ပြုံးလိုက်မိပေသည်။ “ဒီဘွဲ့နာမက ငါ့ကို အတော်လေး ဖိအားပေးတာပဲ”

“ကောင်းပြီ၊ ဒါဆိုရင် မင်းရဲ့ စွမ်းရည်အစစ်အမှန်ကို ငါ ကြည့်ရသေးတာပေါ့”

မိစ္ဆာသည် အလျင်အမြန်ပင် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ သံမြားတစ်စုံကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ချေသည်။ ယင်းသံမြားသည် မာကျောလှသော ဒြပ်စင်တစ်ခုဖြင့် သွန်းလုပ်ထားဟန်ရှိပြီး အလယ်၌ ခရမ်းနီရောင် ပုတီးစေ့ကဲ့သို့သော အရာတစ်ခု ပါရှိချေသည်။

“ထားလိုက်ပါတော့၊ တခြားလူတွေက ငါ့ကို အနိုင်ကျင့်တယ်လို့ မပြောရအောင်။ ငါတို့ မင်းရဲ့ အကောင်းဆုံး စွမ်းရည်ချင်းပဲ ယှဉ်ပြိုင်ကြတာပေါ့”

ချင်ယွမ်ဖုန်း၏ လက်ထဲ၌ ဒူးလေးရှည်တစ်စုံ ပေါ်လာပေရာ ယင်းသည် နတ်မင်းစစ်သည်တော်လေး ဖြစ်ချေသည်။ ၎င်းထက်ဝယ် ဖြူဖွေးလှသော အရိုးမြားတစ်စုံကို အသင့်တင်ထားပြီး ဖြစ်ပေသည်။

“ငါ့ကို မြားပစ်ချင်း ယှဉ်ပြိုင်ဝံ့တယ် ဟုတ်လား၊ မင်း သေချင်နေတာပဲ”

မိစ္ဆာသည် ဒူးလေးရှည်ကို ဆွဲဆန့်လိုက်ပေသည်။ ယခင်က ရှီးမန်ဖုကို တိုက်ခိုက်စဉ်ကမူ ယင်းသည် မိစ္ဆာအရှိန်အဝါဖြင့် စုစည်းထားသော မြားကိုသာ သုံးခဲ့သော်လည်း ယခုအကြိမ်တွင်မူ စစ်မှန်သော မြားကို သုံးစွဲထားပေရာ ယင်း၏ စွမ်းအားသည် သဘာဝအတိုင်း အဆမတန် ကြီးမားလှပေသည်။ ဒူးလေးကို ဆွဲဆန့်လိုက်ရုံမျှဖြင့်ပင် လေပြင်းဟိန်းသံများ ထွက်ပေါ်လာချေသည်။

ချင်ယွမ်ဖုန်းသည်လည်း ဒူးလေးရှည်ကို တည်ငြိမ်စွာဖြင့် ဆွဲဆန့်လိုက်ပေသည်။ ယခုအခါ ဆဋ္ဌမအဆင့် ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပေရာ နတ်မင်းစစ်သည်တော်လေးကို ဆွဲဆန့်ရန် မိမိအတွက် မည်သည့်ဖိအားမျှ မရှိတော့ချေ။

ယင်းတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လက်ကို လွှတ်လိုက်ကြရာ မြားနှစ်စုံသည် မဟူရာအလင်းတန်းတစ်ခုနှင့် ဖြူဖွေးသောအလင်းတန်းတစ်ခုကဲ့သို့ အချင်းချင်း ထိုးနှက်ရန် ပျံသန်းသွားကြပြီး ဟင်းလင်းပြင်ထက်ဝယ် မိုးကြိုးသံများပင် ဆူညံသွားရချေသည်။

အလင်းတန်းနှစ်ခုသည် အလယ်ဗဟို၌ အပြင်းအထန် ထိတွေ့မိကြသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟူရာအလင်းတန်းသည် အပိုင်းပိုင်း ပြတ်တောက်သွားရကာ ဖြူဖွေးသောအလင်းတန်းကမူ အရှိန်အဟုန်မပျက် တစ်ပါးကျွန်းသား မိစ္ဆာထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားချေသည်။

အကယ်၍ အနှေးပြကွက်ဖြင့် ကြည့်ရှုမည်ဆိုပါက ချင်ယွမ်ဖုန်း၏ အရိုးမြားထိပ်ဖျားနှင့် မိစ္ဆာ၏ မြားထိပ်ဖျားတို့ ထိတွေ့မိကြခြင်း ဖြစ်ပေသည်။ သို့သော်လည်း အရိုးမြား၏ စွမ်းအားက သိသိသာသာ သာလွန်နေပေရာ မိစ္ဆာ၏ မြားကို ထိပ်ဖျားမှစ၍ တစစီ ခြေမှုန်းပစ်လိုက်ချေသည်။

ဖြူဖွေးလှသော အရိုးမြားရှည်သည် မိစ္ဆာ၏ ရင်အုံကို ဖောက်ထွင်းသွားပေသည်။ မိစ္ဆာသည် မြားပစ်သည့် ပုံစံအတိုင်း ရှိနေဆဲ ဖြစ်သော်လည်း မိမိ၏ ဒဏ်ရာကို မယုံကြည်နိုင်စွမ်းသော မျက်လုံးများဖြင့် ငုံ့ကြည့်နေမိချေသည်။

ချင်ယွမ်ဖုန်းသည် ယင်းကို မထောက်မညှာ ကြည့်လိုက်ရင်း ဆိုပေသည်။ “ဘာလဲ... မင်းက ပညာရှင်ကြီးတစ်ဦး ထင်နေတာလား။ နတ်ဘုရားတစ်ပိုင်းအဆင့်အောက်က ဘယ်သူမှ မင်းမြားတစ်စုံကို မခံနိုင်ဘူးဆိုတာ မင်းကိုယ်တိုင်ကော ယုံရဲ့လား”

မိစ္ဆာသည် ဒေါသအဟုန် ပြင်းထန်လှသဖြင့် သွေးတစ်လုပ် အန်ထုတ်လိုက်ရကာ ယင်း၏ ဇီဝအသက်စွမ်းအားများသည် အလျင်အမြန်ပင် ဆုတ်ယုတ်ပျောက်ကွယ်သွားရချေသည်။

ယခုအခါ ရှီးမန်ဖုသည် နောက်ခံအင်အား ရှိလာပြီ ဖြစ်ပေရာ သဘာဝအတိုင်း ရဲတင်းသွားပြီး တစ်ပါးကျွန်းသား မိစ္ဆာ၏ ရှေ့မှောက်သို့ တည့်တည့် ပျံသန်းသွားကာ မီးလျှံတစ်ခုကို ထုတ်လွှတ်၍ ယင်းကို ပြာအတိ ဖြစ်စေလိုက်ပေသည်။

ချင်ယွမ်ဖုန်းသည် ရှီးမန်ဖုအား ကုသရေးဆေးလုံးအချို့ ပေးလိုက်ပြီးနောက် မေးမြန်းလိုက်သည်။ “မင်း ဆက်သွားချင်သေးတာလား”

“ဒါပေါ့... ငါ သတင်းအချက်အလက် အနည်းငယ် စုံစမ်းရုံပဲ ရှိသေးတာ၊ အခုလို အခြေအနေနဲ့ ဘယ်လိုလုပ် ပြန်လို့ရမှာလဲ” ရှီးမန်ဖုသည် ပြုံးလျက် ဆိုချေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လိုက်ရင်း “ကောင်းပြီ၊ ဒါဆို ငါ မင်းနဲ့အတူ သွားမယ်” ဟု ဆိုပေသည်။

“မင်းကော သတင်းအချက်အလက် စုံစမ်းမလို့လား” ရှီးမန်ဖုက မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို ရမ်းလိုက်ကာ “ငါ မိစ္ဆာနယ်မြေကို သွားချင်လို့” ဟု ဆိုလေသည်။

ယခုအခါ နတ်ဘုရားသောင်းချီနယ်မြေသည် မိစ္ဆာမျိုးနွယ်စုတို့၏ အခြေစိုက်စခန်း ဖြစ်လာခဲ့ပြီး ကျွန်းစုများ၏ အပြင်ဘက် ပင်လယ်ပြင်ထက်ဝယ် ဧရာမရေခဲပြင်ကြီးများ ဖြစ်ပေါ်နေပေရာ ဝင်ရိုးစွန်းဒေသတစ်ခုကဲ့သို့ အဆင်းရှိချေသည်။

မိစ္ဆာတပ်မတော်သည် ရေခဲပြင်ထက်ဝယ် စခန်းချထားကြပေသည်။ ဟင်းလင်းပြင်ထက်မှ ငုံ့ကြည့်မည်ဆိုပါက ပင်လယ်ပြင်ကြီးသည် ရေတွက်၍မရနိုင်သော မဟူရာအရိပ်ဆိုးများဖြင့် ပြည့်နှက်နေသည့် ဧရာမ ပုရွက်ဆိတ်အုံကြီးတစ်ခုကဲ့သို့ ရှိနေချေသည်။

ထိုစဉ် နတ်ဆိုးဘုရင်သည် နတ်ဘုရားသောင်းချီနယ်မြေ၏ ကျွန်းစုထက်ဝယ် ရှိနေပြီး ယင်း၏ နောက်ကွယ် မလှမ်းမကမ်း၌ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု တည်ရှိနေပေသည်။ ယင်း၏ ဘေးနား၌မူ အခြားသော မင်းသားသုံးပါးအနက် နှစ်ပါးသာ ရောက်ရှိနေကြချေသည်။

ဤမင်းသားသုံးပါးအပြင် နတ်ဆိုးဘုရင်သည် ယခုအကြိမ်တွင် မိမိ၏ အထူးဆုံးသော လျှို့ဝှက်အင်အားစုများကို ထုတ်သုံးထားပေရာ အနည်းဆုံး နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားရှင် ညှို့နှိုင်းသူ တစ်ဒါဇင်ကျော်မျှ ထိုကျွန်းစုပေါ်၌ ပုန်းအောင်းနေကြချေသည်။

ယင်းသည် လွန်စွာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှသော သတင်းစကား ဖြစ်ပေသည်။ အကြောင်းမူကား တစ်ကိုယ်လုံး ကျိရှန့်အပါအဝင် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံး၌ပင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် ဆယ့်တစ်ဦး သို့မဟုတ် ဆယ့်နှစ်ဦးခန့်သာ ရှိသော်လည်း ဤကျွန်းစုတစ်ခုတည်း၌ပင် ထိုမျှများပြားသော နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားရှင်များ ရှိနေသောကြောင့် ဖြစ်တန်ရာ၏။

All Chapters