← Chapters

အခန်း ၉၂၄

Vol. 45 Ch. 924

အခန်း ၉၂၄

Vol. 45 Ch. 924

အခန်း(၉၂၄) အမဲလိုက်ပွဲ၌ ပါဝင်ခြင်း

“ကောင်းပြီလေ၊ ကျွန်တော် အခုပဲ သွားလိုက်တော့မယ်။ ဒီတစ်ခေါက် ပြန်လာရင်တော့ လောကဓာတ်ရဲ့ မူလအနှစ်သာရတွေ ပိုပြီးတော့တောင် ရလာနိုင်တယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်ချေသည်။

ကျွမ်ယွမ်က ခေါင်းညိတ်ပြပြီး ချင်ယွမ်ဖုန်း ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။

ထိုသို့သော လောကဓာတ်၏ အခြေခံအနှစ်သာရများသည် ၎င်းတို့လက်ထဲရှိ အဓိကဝှက်ဖဲ သို့မဟုတ် နောက်ဆုံးပိတ်ဝှက်ဖဲပင် ဖြစ်တန်ရာသော်လည်း ယင်းကဲ့သို့ ဖြစ်လာရန်အတွက် အချိန်အတော်ကြာ လိုအပ်ပေဦးမည်။

နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် အတွေ့အကြုံ ရရှိထားပြီးဖြစ်သော ရှောင်ပိုင်ကဲ့သို့ ကျင့်ကြံသူပင်လျှင် အောင်မြင်ရန်အတွက် နှစ်အနည်းငယ်မျှ လိုအပ်ပေရာ ထိုနတ်ဘုရားတစ်ပိုင်းအဆင့်များအတွက်မူ နှစ်အနည်းငယ်မှသည် ဆယ်စုနှစ်အနည်းငယ်၊ သို့မဟုတ် ရာစုနှစ်ချီ၍ပင် ကြာမြင့်နိုင်ချေသည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရန်မှာ အမြင့်ဆုံးသော ပန်းတိုင်ဖြစ်သဖြင့် ထိုမျှလောက်နှင့် မရိုးရှင်းနိုင်ပေ။

---

ချင်ယွမ်ဖုန်းသည် ကွပ်ကဲမှုစခန်းမှ ထွက်ခွာလာပြီးနောက် မြေနက်မြေသို့ ရောက်ရှိလာခဲ့သည်။ သူသည် လူတိုင်းနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ဆိုပြီးနောက် မဟာမိတ်အဖွဲ့၏ အမိန့်ကို နာခံရန်နှင့် မိမိကိုယ်ကိုယ် ကာကွယ်ကြရန် မှာကြားလိုက်သည်။ မည်သို့သော အန္တရာယ်နှင့်မဆို ကြုံတွေ့ရပါစေ၊ ကမ္ဘာငယ်လေးသည် ချင်ယွမ်ဖုန်း၏ လည်ပင်းတွင် အမြဲရှိနေသဖြင့် သူက ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်းကို အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်ပေသည်။

ထို့နောက်တွင်မူ ချင်ယွမ်ဖုန်းသည် မရပ်မနားဘဲ ချန်ဖန်းရှိရာသို့ ပြန်လာခဲ့ချေသည်။

“အကုန်လုံး အဆင်ပြေပြေ ရှင်းလင်းပြီးပြီလား” ချန်ဖန်းက မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “အကုန်နီးပါး ပြီးသွားပါပြီ။ ကျန်တာတွေကိုတော့ ကျွန်တော် စိတ်ပူနေဖို့ မလိုတော့ဘူး” ဟု ဆိုသည်။

ထိုသူနှစ်ဦးစလုံးက ခေါင်းညိတ်လိုက်ကြပြီး သဘောကျစွာ ဟားတိုက်ရယ်မောလိုက်ကြ၏။

ချန်ဖန်းသည် သူ့နေရာတွင် အစားထိုးရန် လူတစ်ယောက်ကို ရှာဖွေထားပြီး ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသို့ လာနိုင်သည့် တစ်ပါးကျွန်းသား မိစ္ဆာအရေအတွက်မှာ သိပ်မများလှသည့်အပြင် ၎င်းတို့၏ နောက်ကွယ်တွင်လည်း ခံစစ်ကြောင်း ရှိနေသေးသဖြင့် ကြီးမားသော ပြဿနာတစ်စုံတစ်ရာ ရှိမလာနိုင်ချေ။

ထို့နောက်တွင် ထိုနှစ်ဦးစလုံးသည် မိုးကောင်းကင်ထက်သို့ ပျံတက်သွားကြပြီး ပင်လယ်ပြင်ရှိ တိုက်ပွဲခေါ်သံများကြားသို့ တိုးဝင်သွားကြတော့သည်။ ချင်ယွမ်ဖုန်းသည် ဤအမဲလိုက်ပွဲကြီး၌ တရားဝင် ပါဝင်လိုက်ပြီပင် ဖြစ်ချေသည်။

---

ကျင်းဟိုင်းကျွန်းသည် လူဦးရေ တစ်သောင်းခန့် နေထိုင်သော သာမန်ကျွန်းငယ်လေးတစ်ကျွန်း ဖြစ်ပြီး ကျွန်းသားများသည် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိမိကိုယ်မိမိ ဖူလုံအောင် နေထိုင်ကြသူများ ဖြစ်သည်။

သို့သော်လည်း တစ်ပါးကျွန်းသား မိစ္ဆာများ၏ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာမှုကြောင့် ကျွန်းပေါ်ရှိ လူများမှာ အကာအကွယ်မဲ့ ဖြစ်သွားခဲ့ရပြီး ပတ်ဝန်းကျင်တွင်လည်း အခါအားလျော်စွာ စစ်မီးများ တောက်လောင်လာသဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြရသည်။

ကံကောင်းထောက်မစွာဖြင့် နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့က လူလွှတ်၍ ၎င်းတို့အား အဓိကမြေ သို့ အရင်ဆုံး ပြန်လည်ရွှေ့ပြောင်းပေးခဲ့သည်။

သို့သော် ကျင်းဟိုင်းကျွန်းပေါ်ရှိ လူအများစုမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများ ဖြစ်သဖြင့် လူငယ်များမှအပ အဘိုးအို အဘွားအို အတော်များများက မထွက်ခွာချင်ကြပေ။

နတ်မင်းစစ်သည်တော် မဟာမိတ်အဖွဲ့လည်း မတတ်နိုင်တော့ပေ။ ဤသည်မှာ ဤကျွန်းတစ်ခုတည်းတွင် ဖြစ်ပျက်နေခြင်း မဟုတ်ဘဲ ကျွန်းအတော်များများတွင်လည်း ကြုံတွေ့နေရသည့် ကိစ္စဖြစ်ရာ ကျွန်းသားများသည် ၎င်းတို့၏ ဇာတိနေရပ်ကို စွန့်ခွာရန် ဝန်လေးနေကြခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် ရွှေကျွန်းပေါ်တွင် အသက်ကြီးသူများသာ ကျန်ရစ်ခဲ့ပြီး အရေအတွက်အားဖြင့် နှစ်သောင်းမှ သုံးသောင်းခန့် ရှိပေသည်။ ၎င်းတို့အားလုံးက သေရမည်ဆိုလျှင်ပင် ကျွန်းပေါ်တွင်သာ အသေခံမည်ဟု ဆုံးဖြတ်ထားကြ၏။

ထိုနေ့တွင် တစ်ပါးကျွန်းသား မိစ္ဆာတစ်ကောင်သည် ကျွန်းပေါ်သို့ ရုတ်တရက် ပျံသန်းရောက်ရှိလာပြီး ဤကျွန်းကို စိတ်ဝင်စားသွားပုံရသည်။

“ဟေး... ဒီကျွန်းပေါ်မှာ လူသားတစ်ယောက်မှ မရှိပါလား” ထိုတစ်ပါးကျွန်းသား မိစ္ဆာက လှောင်ပြုံးပြုံးလျက် ဆိုလိုက်သည်။

ထိုအချိန်တွင် ကျွန်းပေါ်ရှိ အဘိုးအို အဘွားအိုများသည် ၎င်းတို့၏ အိမ်များထဲတွင် ပုန်းအောင်းနေကြပြီး တံခါးနှင့် ပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် အပြင်ဘက်သို့ ခြောက်ခြားစွာ ကြည့်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုတစ်ပါးကျွန်းသား မိစ္ဆာများသည် လူသားများနှင့် တစ်ပုံစံတည်း တူညီသော်လည်း ၎င်းတို့၏ ဦးခေါင်းပေါ်ရှိ ဦးချိုတစ်စုံမှာ လူသားများနှင့် သိသိသာသာ ကွဲပြားလွန်းနေပေသည်။

“ဟွန်း... နင်တို့တွေ အပြင်မထွက်လာကြဘူးပေါ့။ လူသားတွေက တကယ့်ကို သူရဲဘောကြောင်တဲ့ကောင်တွေပဲ” ထိုတစ်ပါးကျွန်းသား မိစ္ဆာသည် အိမ်တစ်အိမ်၏ ရှေ့သို့ ရောက်ရှိလာပြီး တံခါးကို လက်သီးတစ်ချက်ဖြင့် ရိုက်ခွဲကာ အတွင်းမှ အဘိုးအိုတစ်ဦးကို ဆွဲထုတ်လိုက်လေသည်။

ထိုအဘိုးအိုမှာ သာမန်လူတစ်ယောက်သာ ဖြစ်ပြီး အသက်ကြီးလာသည်နှင့်အမျှ ပို၍ပင် အားအင်ချိနဲ့နေရှာသည်။ သူသည် မိစ္ဆာ၏ ဆွဲခေါ်ခြင်းကို ခံရကာ ကျွန်း၏ အလယ်ဗဟိုသို့ သနားစရာကောင်းလောက်အောင် တရွတ်တိုက် ပါလာခဲ့ရသည်။

“အပြင်ထွက်ပြီး ကိုယ့်မျက်စိနဲ့ကိုယ် သေချာကြည့်ကြစမ်း။ ငါတို့ မိစ္ဆာတွေကို ထွက်မကြိုဆိုတဲ့ အကျိုးဆက်က ဒါပဲ”

ထိုမိစ္ဆာသည် ယုတ်မာရက်စက်စွာ ပြုံးလိုက်ပြီးနောက် အဘိုးအိုကို ကျောက်စာတိုင်တွင် ချည်နှောင်ကာ ထင်းခြောက်အချို့ကို စုပုံ၍ မီးရှို့ရန် ပြင်ဆင်လိုက်တော့သည်။

ထိုအခါမှသာ ကျွန်းပေါ်ရှိ လူများသည် တံခါးများကို ဖွင့်လိုက်ကြပြီး အဘိုးအို အဘွားအိုများသည် တစ်ယောက်ပြီးတစ်ယောက် အခန်းများထဲမှ ထွက်လာကာ ကျွန်း၏ အလယ်ဗဟိုကို လျင်မြန်စွာ ဝိုင်းရံလိုက်ကြ၏။

“အိုး... နင်တို့တွေ တစ်ယောက်မှ ထွက်မလာတော့ဘူးလို့ ငါထင်နေတာ” ထိုမိစ္ဆာက နှစ်ချက်မျှ လှောင်ရယ်လိုက်ပြီး “ငါတို့ မိစ္ဆာတွေရဲ့ ရှေ့မှာ ဒူးမထောက်ကြသေးဘူးလား” ဟု မေးလိုက်သည်။

“တောက်... ငါတို့က နင်တို့ရှေ့မှာ ဘယ်တော့မှ ဒူးမထောက်ဘူး” အဘိုးအိုတစ်ဦးက တောင်ဝှေးကို အမှီပြုလျက် အေးစက်စွာ ပြောလိုက်သည်။

သို့သော် နောက်ထပ် ရိုက်ခတ်လာသော စက္ကန့်ပိုင်းအတွင်းမှာပင် မဟူရာ အလင်းတန်းတစ်ခုက ထိုအဘိုးအို၏ ဦးခေါင်းကို ဖောက်ထွင်းသွားခဲ့ပြီး သူသည် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။

ထိုမိစ္ဆာသည် သူ့လက်ညှိုးကို ပြန်ရုပ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို အထင်သေးစော်ကားစွာ ကြည့်ကာ “နင်တို့လို ပုရွက်ဆိတ်တွေကို အသက်ရှင်ခွင့်ပေးတာကတင် ကျေးဇူးကြီးလှပြီ။ ဒါကို ငါတို့ မိစ္ဆာမျိုးနွယ်စုအပေါ် မရိုမသေ စကားပြောရဲသေးတယ်ပေါ့” ဟု ဆိုသည်။

ဤမြင်ကွင်းက ကျန်ရှိနေသော အဘိုးအို အဘွားအိုများကို ထိတ်လန့်တုန်လှုပ်သွားစေပြီး ၎င်းတို့အားလုံး မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားကြသည်။ ၎င်းတို့အနေဖြင့် မည်သို့မျှ မတွန်းလှန်နိုင်သော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

“အဲဒါမှ ဟုတ်တာပေါ့။ နင်တို့လို ပုရွက်ဆိတ်တွေက ငါတို့ကို ကြောက်ရွံ့ရမယ်၊ ပြီးတော့ ငါတို့အတွက် အလုပ်အကျွေးပြုရမယ်” ထိုမိစ္ဆာက ရယ်မောလျက် “ဒူးထောက်ပြီး ငါတို့ မိစ္ဆာမျိုးနွယ်ကို နာခံစမ်း၊ မဟုတ်ရင် နင်တို့ရဲ့ အသက်တွေက ဘာတန်ဖိုးမှ ရှိမှာမဟုတ်ဘူး” ဟု ဆိုလိုက်သည်။

အဘိုးအိုများသည် အစကတည်းက မနာခံလိုကြသော်လည်း ထိုမိစ္ဆာသည် ၎င်းတို့ထဲမှ လူအနည်းငယ်ကို တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်ချေသည်။

ထို့ပြင် မိစ္ဆာများသည် ထင်းခြောက်များကို မီးရှို့ရန် ပြင်ဆင်နေသဖြင့် ၎င်းပေါ်ရှိ အဘိုးအိုမှာ မီးလောင်၍ မသေဆုံးမီ အသည်းအသန် အော်ဟစ်ငိုကြွေးနေရရှာသည်။ ယင်းက လူသားတို့၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့ခြင်း မျိုးစေ့ကို စိုက်ပျိုးရန်ပင် ဖြစ်သည်။

သူက မီးရှို့ရန် ပြင်လိုက်စဉ်မှာပင် လေပြင်းတစ်ချက် ဝေ့ဖြန်းတိုက်ခတ်သွားပြီး သူ့လက်ချောင်းထိပ်ရှိ မီးလျှံကို ငြိမ်းသတ်သွားခဲ့သည်။

“ဘယ်သူလဲ” ထိုမိစ္ဆာသည် စွမ်းအင်လှိုင်း လှုပ်ခတ်မှုကို ခံစားမိသဖြင့် အေးစက်စွာ မေးလိုက်၏။

“ငါ ပြောချင်တာက မင်း အဲဒီလောက်လုပ်ရင် တော်လောက်ပြီ မဟုတ်လား”

ထိုအချိန်တွင် ကျွန်း၏ အစွန်အဖျား၌ ငါးဖမ်းသမားတစ်ဦးနှင့် တူသော အလယ်အလတ်အရွယ် လူကြီးတစ်ယောက်သည် လတ်ဆတ်သော ပင်လယ်ငါးအချို့ ပါရှိသည့် ငါးခြင်းတောင်းကို ကိုင်ဆောင်လျက် ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။

“တော်လောက်ပြီ ဟုတ်လား။ ဒီကျွန်းကို ချန်ထားဖို့ လိုမယ်လို့ ငါမထင်ဘူး” ထိုမိစ္ဆာက နှစ်ချက်မျှ လှောင်ရယ်လိုက်ပြီးနောက် သူ့လက်ချောင်းထိပ်များကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ၎င်းတို့က ဓားသွားများကဲ့သို့ ကျောက်စာတိုင်တွင် ချည်နှောင်ခံထားရသော အဘိုးအိုဆီသို့ ရက်စက်စွာ ထိုးစိုက်သွားတော့သည်။

သို့သော်လည်း ထိုမိစ္ဆာ၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု ဖြတ်ခနဲ ပေါ်လာပြီး ထိုအလယ်အလတ်အရွယ် လူကြီးသည် အဘိုးအို၏ ရှေ့တွင် ဘွားခနဲ ပေါ်လာကာ မိစ္ဆာ၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်ချေသည်။

ထိုမိစ္ဆာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူသည် အစက ထိုလူကြီးအား အဆင့်နိမ့် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုလူကြီး၏ စွမ်းအားက သူ့ထက်ပင် မြင့်မားနေသည် မဟုတ်လော။

ဤသူကား ဘုရင်နယ်ပယ်အဆင့် ပညာရှင်တစ်ဦးပင် ဖြစ်ချေသည်။

မိစ္ဆာသည် ချက်ချင်းပင် ဆုတ်ခွာရန် ကြံရွယ်လိုက်တော့သည်။ ၎င်းတို့သည် ယခင်က ဤကျွန်းကို အကြိမ်အနည်းငယ် ဖြတ်သန်းဖူးသော်လည်း လူသားသိုင်းပညာရှင်တစ်ဦးမျှ မတွေ့ရှိခဲ့သဖြင့် အလေးမထားခဲ့မိပေ။

သူသည် ယနေ့တွင် စိတ်ကူးပေါက်၍ အပျော်သဘောဖြင့် ကျွန်းပေါ်သို့ လာခဲ့ခြင်းဖြစ်ရာ ယခုကဲ့သို့ ခက်ခဲသော ပြိုင်ဘက်နှင့် တိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။

သူ့အဆင့်မှာ အလွန်ဆုံးရှိလှမှ ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သာ ရှိပေသည်။

“ငါ ပြောတာ မင်းမကြားဘူးလား။ တော်လောက်ပြီလို့ ငါပြောနေတယ်လေ”

ထိုအလယ်အလတ်အရွယ် လူကြီးက ဒေါသတကြီး ပြောလိုက်ပြီးနောက် မိစ္ဆာ၏ လက်ကောက်ဝတ်ကို လေဟာနယ်ထဲတွင် ရုတ်တရက် ညှစ်ခြေပစ်လိုက်တော့သည်။

“အား...”

ထိုမိစ္ဆာသည် အသည်းကွဲမတတ် အော်ဟစ်အော်မြည်သံ ထွက်ပေါ်လာပြီး သူ့အခြားလက်တစ်ဖက်ဖြင့် ထိုလူကြီးကို ရက်စက်စွာ ထိုးစိုက်လိုက်ပြန်သည်။

သို့သော်လည်း ထိုလူကြီးက မည်သည့်အမူအရာမျှ မပြဘဲ မိစ္ဆာ၏ ဦးခေါင်းကို ခြေထောက်ဖြင့် နင်းခြေဖျက်ဆီးပစ်လိုက်ချေသည်။

မိစ္ဆာ၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ကွဲအက်သွားပြီး နီဖြူရောင် အရည်များ ပတ်ဝန်းကျင်သို့ ပန်းထွက်ကုန်တော့သည်။

ထိုလူကြီးက သက်ပြင်းတစ်ချက်ချလိုက်ကာ “ဒါက ပိုပိုပြီး အန္တရာယ်များလာပြီပဲ” ဟု ညည်းတွားလိုက်သည်။

အကယ်၍ ချင်ယွမ်ဖုန်းသာ ဤနေရာတွင် ရှိနေပါက ထိုအလယ်အလတ်အရွယ် လူကြီးကို ဧကန်မုချ မှတ်မိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အမှန်စင်စစ် ဆေးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဒုန်ဖန်းရှန့်မင် ဖြစ်နေသောကြောင့်ပင်။

ကျွန်းပေါ်ရှိ အဘိုးအို အဘွားအိုများသည် ဒုန်ဖန်းရှန့်မင်ကို ထိတ်လန့်အံ့ဩစွာ စိုက်ကြည့်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သော နှစ်အနည်းငယ်က ဒုန်ဖန်းရှန့်မင် ဤနေရာသို့ ရောက်ရှိလာစဉ်က ၎င်းတို့အနေဖြင့် ဘေးဒုက္ခကြုံတွေ့နေရသော လူတစ်ယောက်ဟုသာ ထင်မှတ်ခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာ သူက ဤနေရာတွင် လျှို့ဝှက်ပုန်းအောင်းနေသော ဆရာသခင်ကြီးတစ်ဦး ဖြစ်နေပေသည်။

“ဒီလောက်အထိ ခေါင်းမမာကြပါနဲ့တော့။ မင်းတို့တွေ ဒီမှာ ဆက်နေနေရင် မိစ္ဆာတွေက အနှေးနဲ့အမြန် လာသတ်ကြလိမ့်မယ်” ဒုန်ဖန်းရှန့်မင်က တည်ငြိမ်စွာ ပြောလိုက်ချေသည်။

All Chapters