အခန်း ၉၂၅
Vol. 45 Ch. 925
အခန်း(၉၂၅)
"ဒီကို ရောက်လာတာ မင်းပဲ မဟုတ်လား" တစ်စုံတစ်ယောက်က မေးလိုက်သည်။
ဒုန်ဖန်းရှန့်မင်က ခေါင်းခါယမ်းလိုက်ပြီး "ငါ ပုန်းနေခဲ့တာ ကြာလှပြီ၊ ပြန်ရမယ့် အချိန်တန်ပြီ" ဟု ပြောလိုက်သည်။
ယင်းပင်လယ်ပြင်၏ အခြားတစ်နေရာရှိ လူသူကင်းမဲ့သော ကျွန်းငယ်တစ်ကျွန်းပေါ်တွင် လူရိပ်သုံးခု ပုန်းအောင်းနေကြချေသည်။
"ကံဆိုးလိုက်တာ၊ စစချင်းချင်းပဲ ဒီလောက် သန်မာတဲ့ ပြိုင်ဘက်နဲ့ တိုးရတယ်လို့၊ အသက်တောင် ပါသွားမလို့" လူဝကြီး မာထျန်းက ထိုနေရာတွင် ထိုင်လျက် မောဟိုက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ တကယ်ကို အန္တရာယ်များခဲ့တာ" ဘေးနားတွင် မတ်တတ်ရပ်နေသော ဝမ်ဝူးကလည်း ကြောက်စိတ်မပြယ်သေးဘဲ ပြောလိုက်သည်။
ကျိရှန့်က ရယ်မောလိုက်ပြီး "နောက်ဆုံးတော့ ငါတို့ သူ့ကို သတ်နိုင်ခဲ့တာပဲ မဟုတ်လား" ဟု ဆိုသည်။
ထိုသူသုံးဦးကား ချင်ယွမ်ဖုန်း၏ အတန်းဖော်များ ဖြစ်ကြပြီး ရှန်းဝူအကယ်ဒမီမှ မာထျန်းနှင့် သူ၏ သူငယ်ချင်းနှစ်ဦး ဖြစ်ကြသည်။ ၎င်းတို့သည် ပင်လယ်ပြင်ကြီးတွင် တစ်ပါးကျွန်းသား မိစ္ဆာများကို လိုက်လံနှိမ်နင်းရန် အဖွဲ့တစ်ဖွဲ့အနေဖြင့် တာဝန်ပေးအပ်ခြင်း ခံထားရပေရာသည်။
သို့ရာတွင် ထိုသူတို့၏ တာဝန်မှာ အဆင်မပြေလှချေ။ ရေကြောင်းခရီး စတင်သည်နှင့် ပဉ္စမအဆင့် ဘုရင်နယ်ပယ်ရှိ မိစ္ဆာတစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရချေသည်။
ထိုသုံးဦးအနက် မာထျန်းမှာ လက်ရှိတွင် ကျင့်စဉ်အဆင့် အမြင့်မားဆုံး ဖြစ်ပြီး တတိယအဆင့် ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝမ်ဝူးနှင့် ကျိရှန့်တို့မှာ အနည်းငယ် နောက်ကျသော်လည်း နှစ်ဦးစလုံး ဒုတိယအဆင့် ဘုရင်နယ်ပယ်သို့ ရောက်ရှိနေကြပြီ ဖြစ်ချေသည်။
အကယ်ဒမီအတွင်းရှိ ဘဝမှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး တစ်သမတ်တည်း ဖြစ်နေသော်လည်း အကယ်ဒမီက ထိုသုံးဦး၏ ပါရမီကို အသိအမှတ်ပြုကာ အလေးထား ပျိုးထောင်ပေးခဲ့ပေရာ ယင်းက ထိုသူတို့၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်စွာ မြင့်တက်စေခဲ့ပြီး ချင်ယွမ်ဖုန်းနှင့်ပင် ရင်ဘောင်တန်းလုနီးပါး ဖြစ်စေခဲ့ချေသည်။
"အေးလေ၊ အနည်းဆုံးတော့ သူ့ကို သတ်နိုင်ခဲ့တာပဲ" မာထျန်းက ရယ်မောလိုက်သည်။
ဝမ်ဝူးက ဘေးနားတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး "ငါတို့ ဒဏ်ရာတွေကို မြန်မြန် ကုသရအောင်၊ အချိန်ဆွဲလေ ပိုပြီး အန္တရာယ်များလေပဲ" ဟု ပြောလိုက်သည်။
ကျန်နှစ်ဦးက ခေါင်းငြိမ့်ပြကာ ကျွန်းပေါ်တွင် ဒဏ်ရာများကို လျင်မြန်စွာ စတင်ကုသကြချေသည်။
သို့သော်လည်း မကြာမီအချိန်အတွင်းမှာပင် ထိုသုံးဦးမှာ တစ်ပါးကျွန်းသား မိစ္ဆာများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရချေသည်။
ယင်းက ဝမ်ဝူးနှင့် သူ၏အဖော်များ ယခင်က တွေ့ဆုံခဲ့ဖူးသည့် မိစ္ဆာမျိုးကဲ့သို့ တစ်ကောင်တည်း သွားလာနေသော မိစ္ဆာဖြစ်ချေသည်။
မိစ္ဆာအဖွဲ့အများစုမှာ အင်အားတူညီသော သုံးဦးဖြင့် ဖွဲ့စည်းထားလေ့ရှိသော်လည်း တစ်ကိုယ်တော် သွားလာနေသည့် မိစ္ဆာများလည်း ရှိပေသည်။
ထိုသို့သော တစ်ပါးကျွန်းသား မိစ္ဆာမျိုး၌ ထူးခြားချက်တစ်ခု ရှိပေရာ ယင်းကား အလွန်အမင်း အစွမ်းထက်ခြင်းပင် ဖြစ်သည်။
အကယ်၍ သာမန်သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့က တစ်ကိုယ်တော် မိစ္ဆာတစ်ကောင်နှင့် တိုးမိပါက မိမိတို့ကိုယ်မိမိ မြန်မြန်ပြေးနိုင်ပါစေကြောင်းသာ ဆုတောင်းရမည် ဖြစ်ပြီး ထိုသို့မဟုတ်လျှင် မည်သို့သေဆုံးသွားမှန်းပင် သိလိုက်ရမည် မဟုတ်ချေ။
ထိုမိစ္ဆာသည် ကျွန်း၏ အထက်ကောင်းကင်တွင် ရပ်တန့်လိုက်ပြီး အောက်ရှိ လူသုံးဦးကို အေးစက်စွာ စိုက်ကြည့်နေချေသည်။
မာထျန်းနှင့် ကျန်နှစ်ဦးမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း မတ်တတ်ရပ်လိုက်ရုံမှတစ်ပါး အခြားမရှိချေ။
"သူက တစ်ယောက်တည်းပဲ၊ ငါတို့သုံးယောက် ပူးပေါင်းရင် အားစိုက်ရရုံနဲ့ သူ့ကို နှိမ်နင်းနိုင်ပါတယ်" ကျိရှန့်က အေးစက်စွာ ပြောလိုက်သည်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း ကျိရှန့်၏ ခေါင်းမာသော စရိုက်မှာ ပြောင်းလဲခြင်း မရှိသေးချေ။
နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းခဲ့ကြပေရာ ထိုသုံးဦးစလုံးသည် စကားပြောစရာမလိုဘဲ နားလည်မှု ရှိနေကြပြီ ဖြစ်သည်။ ကျိရှန့်၏ စကားဆုံးသည်နှင့် ထိုသုံးဦးစလုံးသည် ကောင်းကင်ထက်သို့ ပျံသန်းသွားကြပြီး တစ်ပါးကျွန်းသား မိစ္ဆာကို ဝိုင်းရံပိတ်ဆို့လိုက်ကြချေသည်။
ထိုမိစ္ဆာက ခေါင်းခါယမ်းလိုက်ပြီး "မင်းတို့က ငါရှာနေတဲ့ လူတွေ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"လူရှာနေတာ ဟုတ်လား" မာထျန်းက လှောင်ပြုံးပြုံးလိုက်ပြီး "မင်းက ရှန်းဝူစကြဝဠာ တိုက်ကြီးမှာ ရည်စားဟောင်း ရှိနေလို့လား" ဟု ရွဲ့လိုက်သည်။
"ရည်စားဟောင်း မဟုတ်ပါဘူး၊ ငါတို့ မိစ္ဆာနယ်မြေမှာ နာမည်ကျော်နေတဲ့ ဖုန်း ဆိုတဲ့လူကို ရှာနေတာ၊ မင်းတို့ သူ့ကို သိလား" ထိုမိစ္ဆာက ယဉ်ကျေးစွာ ပြန်မေးလိုက်သည်။
"ဖုန်း ဟုတ်လား၊ မင်းက..." မာထျန်းက သရော်စာဆိုရန် ပြင်လိုက်စဉ်မှာပင် မိမိသိသော လူတစ်ဦး၏ အမည်တွင်လည်း 'ဖုန်း' ဟူသော စာလုံးပါရှိပြီး ထိုသူမှာ မိစ္ဆာနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်ကို ရုတ်တရက် သတိရသွားချေသည်။
"ချင်ယွမ်ဖုန်းလား" ဝမ်ဝူးက မျက်မှောင်ကုတ်လိုက်သည်။
"အဲဒီနာမည် ထင်တယ်" တစ်ပါးကျွန်းသား မိစ္ဆာက ခေါင်းငြိမ့်လိုက်ပြီး "ဒါဆို မင်းတို့ သူ့ကို သိတာပေါ့" ဟု ဆိုသည်။
"သိတာပေါ့၊ ငါတို့က အတန်းဖော်တွေပဲဥစ္စာ" မာထျန်းက ရယ်မောလိုက်သည်။
"ကောင်းပြီ၊ ငါ့ကို သူ့ဆီ ခေါ်သွားပေး" မိစ္ဆာက အတန်ငယ် ဝမ်းသာအားရ ပြောလိုက်သည်။
"မင်းက သူ့ကို ဘာလို့ ရှာတာလဲ၊ ငါတို့နဲ့ အရင် ဆော့ကြမလား" ကျိရှန့်က မေးလိုက်သည်။
မိစ္ဆာက ခေါင်းခါယမ်းကာ "ငါက သူ့ကိုပဲ လိုချင်တာ၊ သူ့ခေါင်းကို ငါ့မင်းသားဆီ ဆက်သချင်လို့" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသော်လည်း ထိုလူသုံးဦး၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးစက်သွားချေသည်။
"မင်း သူ့ကို ရှာချင်ရင် ငါတို့ကို အရင် ကျော်ဖြတ်သွားရမယ်"
မာထျန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မီးလျှံများ ပေါက်ကွဲထွက်လာပြီး မီးလျှံငှက်တစ်ကောင် ခန္ဓာကိုယ်မှ ခွဲထွက်ကာ တစ်ပါးကျွန်းသား မိစ္ဆာထံသို့ စူးရှစွာ အော်မြည်လျက် ပြေးဝင်သွားချေသည်၊ ယင်းဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်မှာ အပူရှိန်ကြောင့် ပုံပျက်ရှုံ့တွသွားရပေသည်။
ကျိရှန့်၏ လက်ထဲတွင် နီမြန်းသော ဓားရှည်တစ်လက် ပေါ်လာပြီး တစ်ပါးကျွန်းသား မိစ္ဆာထံသို့ ပြင်းထန်စွာ ခုတ်ချလိုက်ချေရာ စွမ်းအင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်သွားပြီး မိစ္ဆာ၏ ပခုံးကို ထိမှန်သွားချေသည်။
ဝမ်ဝူး၏ လက်ထဲတွင်လည်း ဧရာမဓားကြီးတစ်လက် ပေါ်လာသည်။ သူသည် ရှေ့သို့ ကိုင်းညွတ်ကာ ဓားကြီးကို ဦးခေါင်းထက်သို့ မြှောက်လိုက်ရာ ထူထပ်သော ကိုယ်တွင်းစွမ်းအင်များက ဓားကြီးပေါ်တွင် လျင်မြန်စွာ ရစ်ပတ်သွားချေသည်။
"တကယ်ကို တခြားနည်းလမ်း မရှိတော့ဘူးပဲ" တစ်ပါးကျွန်းသား မိစ္ဆာက ခေါင်းခါယမ်းလိုက်ပြီး "ဒါဆိုရင် မင်းတို့ကိုပဲ အရင် ရှင်းရတာပေါ့" ဟု ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပြာမှိုင်းသော အကြေးခွံများ လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး ထက်မြက်သော အရိုးဆူးများ ထွက်ပေါ်လာကာ မကောင်းဆိုးဝါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားချေသည်။
မီးလျှံငှက်က မိစ္ဆာကို ပထမဆုံး ထိမှန်သော်လည်း မိစ္ဆာသည် လက်ဝါးကို မီးလျှံငှက်ထံသို့ ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ချေရာ သန့်စင်သော မိစ္ဆာအရှိန်အဝါများက အလင်းတန်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာပြီး မီးလျှံငှက်ကို တိုက်ရိုက် လွင့်စင်သွားစေချေသည်။
ကျိရှန့်၏ လွင့်မျောခြင်း ဓားချီသည်လည်း အချိန်ကိုက် ရောက်ရှိလာပြီး တစ်ပါးကျွန်းသား မိစ္ဆာ၏ အကြေးခွံများကို ပြင်းထန်စွာ ထိမှန်ကာ မီးပွားများစွာ လွင့်စင်သွားချေသည်။ သို့ရာတွင် ထိုဓားချီသည် တစ်ပါးကျွန်းသား မိစ္ဆာ၏ အကြေးခွံကို အနည်းငယ်မျှပင် ပျက်စီးအောင် မစွမ်းဆောင်နိုင်သည်ကို တွေ့လိုက်ရသဖြင့် ၎င်းတို့ ထိတ်လန့်သွားကြချေသည်။
ဝမ်ဝူးသည် နောက်ဆုံးတွင် တစ်ပါးကျွန်းသား မိစ္ဆာ၏ ရှေ့သို့ ပြေးဝင်သွားပြီး လေးလံသော ဓားကြီးသည် မြို့ပြကို ဖျက်ဆီးကာ ကမ္ဘာမြေကို အမြစ်မှ နုတ်ပစ်နိုင်လောက်သော အရှိန်အဝါဖြင့် ခုတ်ချလိုက်ချေသည်၊ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ထိုစွမ်းအားကို မခံနိုင်သဖြင့် ပြင်းထန်စွာ တုန်ခါသွားရပေသည်။
သို့သော်လည်း မိစ္ဆာသည် ရုတ်တရက် လှည့်လာပြီး ဝမ်ဝူးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ချေသည်။ သူသည် လက်တစ်ဖက်ကို မြှောက်ကာ ကျဆင်းလုဆဲဆဲ ဓားကြီးကို တိုက်ရိုက် ဖမ်းဆီး တားဆီးလိုက်ပြီး မျက်နှာတွင် မည်သည့် အမူအရာမျှ ရှိမနေချေ။
"မကောင်းတော့ဘူး" မာထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မိစ္ဆာက လှောင်ပြုံးပြုံးကာ လက်သီးတစ်ချက် ထိုးလိုက်ရာ ဝမ်ဝူးကို လွင့်စင်သွားစေချေသည်၊ ထိုလက်သီးချက်ကြောင့် ဝမ်ဝူးမှာ သွေးများပင် အန်ထွက်သွားရချေသည်။
ထိုအချိန်ကျမှသာ ထိုသုံးဦးသည် ဤမိစ္ဆာမှာ မိမိတို့ ယခင်က တွေ့ဆုံခဲ့ဖူးသမျှထက် များစွာ ပိုမိုအစွမ်းထက်ပြီး နဝမအဆင့် ဘုရင်နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားကြချေသည်။
"သွားပြီ၊ ငါတို့တော့ နဂျီအုံကို တုတ်နဲ့ ထိုးမိပြီ" မာထျန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဆုတ်ကြ၊ ပြေးနိုင်သလောက် ပြေးကြ"
ထိုသုံးဦးစလုံးသည် ယခင်က ကြိုတင် စီစဉ်ထားသည့်အတိုင်း မတူညီသော လမ်းကြောင်းသုံးခုသို့ လှည့်၍ ထွက်ပြေးကြချေသည်။ အကယ်၍ မိမိတို့ မအောင်နိုင်သော ပြိုင်ဘက်နှင့် တွေ့ပါက အဖွဲ့ခွဲ၍ ထွက်ပြေးကြရန် ဖြစ်ပြီး ထိုသို့ဖြင့် အနည်းဆုံး နှစ်ဦးခန့် လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိပေသည်။
မာထျန်း လှည့်ထွက်လိုက်သည်နှင့် သူ၏ လည်ပင်းအနောက်ဘက်၌ ရုတ်တရက် အသက်ရှူသံတစ်ခုကို ခံစားလိုက်ရချေသည်။ သူသည် ခေါင်းကို ခက်ခဲစွာ လှည့်ကြည့်လိုက်ရာ တစ်ပါးကျွန်းသား မိစ္ဆာမှာ မည်သည့်အချိန်ကတည်းက မိမိ၏ အနောက်သို့ ရောက်ရှိနေမှန်း မသိသည်ကို တွေ့လိုက်ရချေသည်။
"သေစမ်း"
နီမြန်းသော မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာပြီး မာထျန်းမှာ မိမိကိုယ်မိမိ မီးလောင်နေသကဲ့သို့ ခံစားလိုက်ရချေသည်၊ သူသည် လက်သီးနှစ်ဖက်ကို ပူးတွဲကာ တစ်ပါးကျွန်းသား မိစ္ဆာထံသို့ ပြင်းထန်စွာ ထုချလိုက်သည်။
သို့ရာတွင် မိစ္ဆာသည် မာထျန်း၏ တိုက်ကွက်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆီးလိုက်ပြီးနောက် ခြေထောက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်ကာ မာထျန်း၏ ပခုံးပေါ်သို့ တိုက်ရိုက် ကန်ချလိုက်ချေသည်။
မာထျန်း၏ ခန္ဓာကိုယ်မှာ ဥက္ကာပျံတစ်ခုကဲ့သို့ ကျဆင်းသွားပြီး ကျွန်းပေါ်သို့ ပြင်းထန်စွာ လဲကျသွားချေသည်။
---
ကျိရှန့်နှင့် ဝမ်ဝူးတို့မှာ မူလက ထွက်ပြေးရန် ပြင်ဆင်နေကြသော်လည်း မာထျန်း ဖမ်းဆီးခံလိုက်ရသည်ကို မြင်သောအခါ ရပ်တန့်လိုက်ကြပြီး တစ်ပါးကျွန်းသား မိစ္ဆာထံသို့ ပြန်လှည့်၍ ပြေးဝင်သွားကြချေသည်။
"မြန်မြန် ပြေးကြစမ်း"
မာထျန်းသည် ကျွန်းပေါ်တွင် ဖြစ်ပေါ်သွားသော ဧရာမကျင်းကြီးထဲ၌ ပက်လက်လဲနေပြီး မတ်တတ်မရပ်နိုင်တော့ဘဲ နာကျည်းဝမ်းနည်းစွာဖြင့်သာ အော်ဟစ်နိုင်ချေသည်။
သို့သော်လည်း ကျိရှန့်နှင့် ဝမ်ဝူးတို့မှာ ထိုစကားကို မကြားသည့်အလား ရှိနေကြချေသည်။ ၎င်းတို့၏ အနောက်တွင် ရှည်လျားသော စွမ်းအင်အမြီးတန်းကြီးများ ထွက်ပေါ်နေပြီး ယင်းကား ဇီဝအသက်စွမ်းအားကို လောင်ကျွမ်းစေသည့် စွမ်းအားပင် ဖြစ်ချေသည်။
ကောင်းကင်ထက်၌ စူးရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ကျိရှန့်နှင့် ဝမ်ဝူးတို့သည် တစ်ပါးကျွန်းသား မိစ္ဆာထံသို့ ပြင်းထန်စွာ တိုးဝင် တိုက်ခိုက်လိုက်ကြချေတော့သည်။
မှတ်ချက်။ကျိရှန့်က နာမည်တူ၂ယောက်ပါတာပါနော်