← Chapters

အခန်း ၉၃၂

Vol. 45 Ch. 932

အခန်း ၉၃၂

Vol. 45 Ch. 932

အခန်း(၉၃၂) လက်တွဲဖော် မိစ္ဆာသားရဲ

မိစ္ဆာသည် ဝိညာဉ်စွမ်းအားချုပ်နှောင်မှုမှ ရုန်းထွက်နိုင်ခဲ့သည်နှင့် တစ်ပြိုင်နက် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခုကို ရုတ်ချည်းကြားလိုက်ရချေသည်။ ယင်းက ပျာပျာသလဲ ခေါင်းလှည့်ကြည့်လိုက်ရာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းအချို့နှင့်အတူ လျှပ်စီးပမာ ဖြတ်သန်းသွားပြီး မိမိ၏ရှေ့မှောက်သို့ ရောက်ရှိလာသည်ကို တွေ့မြင်လိုက်ရတော့သည်။

“သေချင်နေတာပဲ”

မိစ္ဆာသည် သွားကြိတ်၍ ပြောလိုက်၏။ ၎င်းသည် ချင်ယွမ်ဖုန်း၏ ကျော်ကြားလှသော နာမည်ကို ကြားဖူးထားသော်လည်း ချင်ယွမ်ဖုန်းနှင့် ရင်ဆိုင်ရသည်မှာ အနည်းငယ် လက်ဝင်လှသည်ဟု ခံစားနေရဆဲ ဖြစ်ချေသည်။

ယင်းက မိမိကိုယ်မိမိ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက် စိတ်အေးလက်အေး နေနိုင်တော့မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ကိုးဆင့်မြောက် ဘုရင်နယ်ပယ်အဆင့်ရှိရုံမျှသာ ရှိသေးသော လူသားတစ်ယောက်က ယခုကဲ့သို့ ဒုက္ခပေးနိုင်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ထိုသို့သော အခြေအနေကြောင့် ယင်းသည် အလွန်အမင်း ဒေါသထွက်နေရချေပြီ။

ရှည်လျားသော ဦးချိုနှစ်ခုကြားမှ မဟူရာ အလင်းတန်းတစ်ခုသည် ရုတ်တရက် လှိုင်းထလာသည်။ ချင်ယွမ်ဖုန်းသည် ထိုမိစ္ဆာက ထူးဆန်းသော မဟူရာ အလင်းတန်းကို တစ်ဖန် ပြန်လည်ထုတ်လွှတ်တော့မည်ကို သိရှိသဖြင့် ကိုယ်ကို ဘေးသို့ အလိုအလျောက် တိမ်းစောင်းလိုက်ရချေသည်။

မဟူရာ အလင်းတန်းသည် ချင်ယွမ်ဖုန်း၏ ဝတ်ရုံစကို သီသီလေး ဖြတ်သန်းသွားရာ ယင်းက ချင်ယွမ်ဖုန်းအား ချွေးစေးများ ပြန်သွားစေခဲ့သည်။

ဤမိစ္ဆာ၌ လှည့်ကွက်များစွာ ရှိနေသဖြင့် ချင်ယွမ်ဖုန်းမှာ အတော်ပင် ဝေခွဲမရ ဖြစ်နေရတော့သည်။ မိစ္ဆာနယ်မြေအတွင်းရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော မိစ္ဆာပညာရှင်ကြီးများနှင့် ရင်ဆိုင်ရစဉ်ကပင် ယခုကဲ့သို့ လက်ဝင်လှသည်ဟု မခံစားခဲ့ရပေ။

တိုက်ခိုက်မှု မအောင်မြင်သော်လည်း မိစ္ဆာသည် အားလျှော့ခြင်းမရှိဘဲ ပါးစပ်ကို ဖြည်းညှင်းစွာ ဟလိုက်ရာ သေးငယ်သော ပုတီးစေ့တစ်စေ့ ထွက်ပေါ်လွင့်မျောလာချေသည်။

ထိုသေးငယ်သော ပုတီးစေ့ကို မြင်လျှင် မြင်ချင်းပင် ချင်ယွမ်ဖုန်းသည် တုန်လှုပ်သွားရပြီး ယင်းထံမှ သေခြင်းတရား အန္တရာယ် အရှိန်အဝါကို ပြင်းထန်စွာ ခံစားလိုက်ရတော့သည်။

ထိုပုတီးစေ့ငယ်သည် တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီး လက်မခန့်မျှသာ ရှိသော်လည်း ယင်း၌ ပါဝင်သော စွမ်းအားမှာမူ ကုန်ဆုံးနိုင်ဖွယ် မရှိသကဲ့သို့ ထင်မှတ်ရချေသည်။

“ငါ့ရဲ့ ကောင်းကင်ဖောက်ထွင်းပုတီးစေ့ကို သုံးဖို့အထိ ငါ့ကို ဖိအားပေးနိုင်တာနဲ့တင် မင်း ဂုဏ်ယူဖို့ လုံလောက်ပါပြီ။ ဒါက ငါ့ခမည်းတော်ရဲ့ တစ်ကိုယ်တော် နတ်ဘုရားတန်ခိုးတော်ပဲ။ သူက ကိုယ်ပိုင်စွမ်းအားတွေကို တစ်ခုတည်းအဖြစ် ကျုံ့ဝင်စေပြီး အကန့်အသတ်မရှိတဲ့ အစွမ်းကို ထုတ်ဖော်နိုင်တာ” မိစ္ဆာသည် ပုတီးစေ့ငယ်ကို အလျင်စလို အသုံးမပြုသေးဘဲ ချင်ယွမ်ဖုန်းအား အလွန်အမင်း ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုနေချေသည်။

ချင်ယွမ်ဖုန်းသည် မျက်လုံးများ ပြူးကျယ်သွားရပြီး မိစ္ဆာ၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို ထိုးထွင်းသိမြင်သွားကာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။

“မင်းရဲ့ ခမည်းတော်က ဘယ်သူလဲ” ချင်ယွမ်ဖုန်းက မေးလိုက်၏။

“ငါ့ရဲ့ ခမည်းတော်က တခြားသူမဟုတ်ဘူး။ နတ်ဆိုးဘုရင်ပဲ။ ငါက မိစ္ဆာမင်းသားပဲ” မိစ္ဆာက လှောင်ပြောင်သရော်လိုက်သည်။

ချင်ယွမ်ဖုန်း စိတ်ထဲ တုန်လှုပ်သွားရ၏။ နတ်ဆိုးဘုရင်၌ သားတစ်ယောက် ရှိနေသည်ကို ယင်းက တစ်ခါမျှ မကြားဖူးခဲ့ချေ။ သို့သော် ဤကဲ့သို့သော အသက်အန္တရာယ် စိုးရိမ်ရသည့် အချိန်တွင် ချင်ယွမ်ဖုန်းအနေဖြင့် အသေးစိတ် စုံစမ်းစစ်ဆေးနေရန် အချိန်မရှိတော့ပေ။ ယင်း၏ ဝိညာဉ်စွမ်းအားသည် ပစ္စည်းတစ်ခုထံသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီ ဖြစ်ချေသည်။

မိစ္ဆာက ရွှတ်နောက်နောက်ဖြင့် လှောင်ရယ်ကာ “အခုမှ ကြောက်တတ်သွားပြီပေါ့ ဟုတ်လား။ ငါ့နာမည်ကို မှတ်ထားလိုက်စမ်း။ မင်းကို သတ်မယ့်သူက ရော်လီ လို့ ခေါ်တယ်”

စိုပြည်ဝိုင်းစက်နေသော ပုတီးစေ့ငယ်သည် ချင်ယွမ်ဖုန်းထံသို့ ရုတ်ချည်း ပျံသန်းလာချေသည်။ ချင်ယွုန်းဖုန်း၏ မျက်လုံးထဲတွင် ထိုပုတီးစေ့၏ ပျံသန်းမှု အရှိန်နှုန်းသည် မမြန်ဆန်ဘဲ နှေးကွေးနေသကဲ့သို့ပင် ထင်ရသော်လည်း ယင်း၏ စိတ်ထဲတွင်မူ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားနေရတော့သည်။

အဝေးရှိ ချန်ဖန်းနှင့် အခြားသူများသည် မည်သို့ဖြစ်ပျက်နေသည်ကို အနည်းငယ်မျှ ရိပ်မိခြင်း မရှိကြပေ။ ၎င်းတို့သည် ချင်ယွမ်ဖုန်းထံသို့ ဦးတည်ပျံသန်းသွားသော သေးငယ်သည့် မဟူရာ အစက်အပြောက်တစ်ခုကိုသာ မြင်တွေ့ရပြီး ချင်ယွမ်ဖုန်းမှာမူ ကောင်းကင်ယံတွင် တောင့်တင်းကာ လုံးဝ မလှုပ်မယှက် ရှိနေသကဲ့သို့ ဖြစ်နေချေသည်။

ပုတီးစေ့သည် ချင်ယွမ်ဖုန်းကို ထိမှန်သွားပြီးနောက် တစ်ခဏချင်းတွင်ပင် လောကဓာတ်တစ်ခုလုံးကို လင်းထိန်သွားစေသည့် စူးရှသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ လူတိုင်းကို အလိုအလျောက် မျက်စိမှိတ်သွားစေခဲ့တော့သည်။

ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လောကကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့်အသံမဆို ထိုဖြူဖွေးသော အလင်းတန်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသကဲ့သို့ ရှိချေသည်။

ခဏအကြာတွင် လူတိုင်းသည် ပျာပျာသလဲ မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်ကြပြီး ချင်ယွမ်ဖုန်း ရှိနေသည့် နေရာသို့ စိုးရိမ်ပူပန်သော မျက်နှာအမူအရာများဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်ကြတော့သည်။

ရော်လီ၏ မျက်နှာတွင်မူ ရူးသွပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားချေသည်။ ဤပုတီးစေ့ငယ်သည် ယင်း၏ မိစ္ဆာချီစွမ်းအားအားလုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ကျင့်ကြံသိုလှောင်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မည်သူကမျှ ယင်းအား အသုံးပြုရန် ဖိအားမပေးနိုင်ခဲ့ပေ။

ယခု အသုံးပြုလိုက်ပြီ ဖြစ်ရာ ယင်း၏ စွမ်းအားမှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားလှချေသည်။ ယင်းက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ဦး၏ အားအပြည့် ထည့်သွင်းတိုက်ခိုက်မှုနှင့် ညီမျှပေရာ ထိုတိုက်ခိုက်မှု ပုံစံသည် အမှန်တကယ်တွင် ချင်ယွမ်ဖုန်း၏ မိုးကြိုးမီးလျှံ ဗုံးသီးနှင့် အနည်းငယ် ဆင်တူလှချေသည်။

၎င်းထုတ်လွှတ်လိုက်သော တိုက်ခိုက်မှု အရေအတွက်မှာ များပြားလှသဖြင့် ရော်လီမှာ အနည်းငယ် မောပန်းနွမ်းနယ်သွားရသည်။ ယင်း၏ နောက်ကွယ်ရှိ မျက်လုံးများသည် ဖြည်းညှင်းစွာ မှေးမှိန်သွားပြီး ဦးချိုကြားရှိ မဟူရာ အလင်းတန်းသည်လည်း လှိုင်းထခြင်း ရပ်တန့်သွားခဲ့ချေပြီ။

ဖြူဖွေးသော အလင်းတန်းသည် ဖြည်းညှင်းစွာ လွင့်ပြယ်သွားရာ ရော်လီသည် ချင်ယွမ်ဖုန်းမှာ မည်သည့်ခြေရာလက်ရာမျှ ကျန်ရှိတော့မည် မဟုတ်ဟု တွေးတောကာ ပြုံးလိုက်သော်လည်း ယင်း၏ အပြုံးသည် မျက်နှာပေါ်တွင် ချက်ချင်းပင် အေးခဲသွားရတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဖြူဖွေးသော အလင်းတန်းထဲမှ ဆယ်လံခန့် ရှည်လျားသော ရေဘဝဲလက်တံကြီး တစ်ခုသည် အမှန်တကယ်ပင် ဆန့်ထွက်လာသောကြောင့် ဖြစ်ချေသည်။

ဤအပြောင်းအလဲသည် ရော်လီကိုသာမက အဝေးမှ ကြည့်ရှုနေသော ချန်ဖန်းနှင့် အခြားသူများကိုပါ မှင်တက်သွားစေခဲ့သည်။

ထိုရေဘဝဲလက်တံကြီးများက ဘာလဲ။ ချင်ယွမ်ဖုန်းကော ဘယ်မှာလဲ။

နောက်တစ်ခဏတွင်မူ ၎င်းတို့သည် အဖြေကို ရရှိသွားကြတော့သည်။

ဖြူဖွေးသော အလင်းတန်းများ လွင့်ပြယ်သွားပြီးနောက် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသော်လည်း ဤအချိန်တွင် ယင်း၏ ပတ်ပတ်လည်၌ ကြီးမားလှသော ရေဘဝဲလက်တံကြီး အချို့က ဝန်းရံထားပြီး ယင်းတို့သည် ရေပြင်မျက်နှာပြင်ကဲ့သို့ တဖိတ်ဖိတ် တောက်ပနေချေသည်။

ကြီးမားလှသော ရေဘဝဲလက်တံကြီးများသည် ရုတ်တရက် ဆန့်ထွက်သွားပြီး မှင်တက်နေသော ရော်လီကို ရစ်ပတ်နှောင်ဖွဲ့လိုက်ကာ အလွန်အမင်း တင်းကျပ်စွာ ညှစ်ပစ်လိုက်ရာ ရော်လီ၏ မျက်နှာသည် တစ်ခဏချင်းတွင်ပင် ညိုမည်းသွားရတော့သည်။

ရေဘဝဲလက်တံကြီးများဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးဒိုင်းသည် ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး အေးစက်သော မျက်နှာအမူအရာ ရှိနေသည့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ထင်ရှားစေခဲ့သည်။

မဟူရာ ပုတီးစေ့ ထွက်ပေါ်လာသည့် အချိန်တွင် ချင်ယွမ်ဖုန်းသည် မိမိ ကြာမြင့်စွာ မေ့လျော့ထားခဲ့သော ပစ္စည်းတစ်ခုကို သတိရသွားခဲ့ချေသည်၊ ယင်းက ကြေးညိုရောင် တံခါးကြီး ဖြစ်သည်။

ကြေးညိုရောင် တံခါးကြီးသည် လွန်စွာ လေးလံလှသဖြင့် ချင်ယွမ်ဖုန်းသည် ယင်းကို လေးလံသော အရာဝတ္ထုတစ်ခုအဖြစ် အမြဲတမ်း အသုံးပြုခဲ့သော်လည်း အမှန်တကယ်တွင် ယင်း၌ လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားချေသည်၊ ယင်းမှာ ယင်း၏ လက်တွဲဖော် မိစ္ဆာသားရဲ ဖြစ်သော ရှောင်ဖေးပင် ဖြစ်သည်။

ရှောင်ဖေးက ချင်ယွမ်ဖုန်း၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်လွန်းသည်ဟု ပြောဆိုခဲ့ဖူးသော်လည်း ခုနတင်ကမူ ချင်ယွမ်ဖုန်းသည် စိတ်အာရုံကို ခွဲခြမ်း၍ ရှောင်ဖေးနှင့် ဆက်သွယ်ပြောဆိုခဲ့ပြီး နောက်ဆုံးတွင် ရှောင်ဖေးအား ချင်ယွမ်ဖုန်းကို သခင်အဖြစ် အသိအမှတ်ပြုရန် ဖျောင်းဖျနိုင်ခဲ့ချေသည်။

လက်တွဲဖော် မိစ္ဆာသားရဲများသည် ၎င်းတို့သခင်၏ စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်ပေသည်။ ချင်ယွမ်ဖုန်းသည် ရှောင်ဖေးနှင့် ချက်ချင်းပင် ပဋိညာဉ်စာချုပ် ချုပ်ဆိုလိုက်ပြီး ရှောင်ဖေး၏ စွမ်းအားကို ရရှိခဲ့ခြင်း ဖြစ်ချေသည်။

ဖြူဖွေးသော အလင်းတန်း ပေါက်ကွဲသွားသည့် အချိန်တွင် ရှောင်ဖေးသည် သူမ၏ ရေဘဝဲလက်တံကြီးများကို ဆန့်ထုတ်၍ တိုက်ခိုက်မှု အများစုကို ပိတ်ဆို့ပေးခဲ့သော်လည်း ထိုဖြူဖွေးသော အလင်းတန်းသည် ပြင်းထန်လွန်းသဖြင့် ရှောင်ဖေး၏ ရေဘဝဲလက်တံ အချို့ပင် ဖြတ်တောက်ခြင်း ခံခဲ့ရချေသည်။

ကံကောင်းထောက်မစွာဖြင့် ဤရေဘဝဲလက်တံများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သဖြင့် ယင်းက ၎င်းတို့၏ စွမ်းအားရင်းမြစ်ကို ကြီးကြီးမားမား ဆုံးရှုံးစေခြင်း မရှိပေ။

“ဒါ... ဒါက ဘာလဲ” ရော်လီသည် ချင်ယွမ်ဖုန်း၏ နောက်ကွယ်ရှိ ဆယ်လံခန့် မြင့်မားသော ဧရာမ ပုံရိပ်ကြီးကို မျက်လုံးများ ပြူးကျယ်လျက် စိုက်ကြည့်နေပြီး ယင်း၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေရချေသည်။

“မင်း သိဖို့ မလိုပါဘူး။ ငါ မင်းကို သတ်လိုက်ရင် နတ်ဆိုးဘုရင်တောင် ကြာကြီး ရင်ကျိုးနေရလိမ့်မယ်” ချင်ယွမ်ဖုန်းက လှောင်ပြောင်လိုက်ပြီး ယင်း၏ လက်ကို ရုတ်ချည်း ဆုပ်ကိုင်လိုက်တော့သည်။

ရော်လီသည် မိမိ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ရေဘဝဲလက်တံကြီးများက ရုတ်တရက် တင်းကျပ်သွားသဖြင့် ပြင်းထန်လှသော အင်အားတစ်ခု မိမိထံသို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရချေသည်။

“ဂျွတ်”

သွေးများ ရုတ်ချည်း ပန်းထွက်လာပြီး ရော်လီ၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် နှစ်ပိုင်းပြတ်အောင် ညှစ်သတ်ခြင်း ခံလိုက်ရတော့သည်။

ချင်ယွမ်ဖုန်းသည် ရှေ့သို့ ပျံသန်းသွားပြီး ယင်း၏ ငွေရောင်ဓားသွားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရော်လီ၏ ဦးခေါင်းသည် ပြတ်တောက်သွားခဲ့ချေပြီ။

နတ်ဆိုးဘုရင်၏ သားဖြစ်ပြီး နတ်ဘုရားအဆင့်သို့ ကျင့်ကြံတက်လှမ်းကာစ မျှသာ ရှိသေးသော မိစ္ဆာသည် ချင်ယွမ်ဖုန်း၏ လက်ထဲတွင် မည်သို့မျှ အကြောင်းပြချက်မရှိဘဲ သေဆုံးသွားခဲ့ရချေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းချလိုက်ပြီး ယင်း၏ နောက်ကွယ်ရှိ ရှောင်ဖေးသည်လည်း ဖြည်းညှင်းစွာ ကွယ်ပျောက်သွားခဲ့သည်။ ဤအခြေအနေကို ထိန်းသိမ်းထားရသည်မှာ ချင်ယွမ်ဖုန်းအတွက် စွမ်းအားကုန်ဆုံးမှု လွန်စွာ များပြားလှသဖြင့် ယင်းကို အချိန်အကြာကြီး အသုံးမပြုနိုင်ပေ။

သို့သော် ဤအရာသည် ချင်ယွမ်ဖုန်း၏ နတ်ဘုရားများကို သတ်ဖြတ်နိုင်သော အဓိက တိုက်ကွက်များထဲက တစ်ခုဟု သတ်မှတ်၍ ရနိုင်ချေသည်။

“ဟူး... တော်တော် အန္တရာယ်များတာပဲ” ချင်ယွမ်ဖုန်းသည် မျက်နှာ ဖြူလျော်လျက် ပြောလိုက်၏။

ရော်လီ၏ လက်ထဲတွင် မည်သည့် ရတနာကောင်းမျှ ရှိမနေပေ။ မိစ္ဆာများအားလုံးမှာ ဤကဲ့သို့ပင် ဖြစ်ကြချေသည်။ ၎င်းတို့၏ အင်အားအကောင်းဆုံး လက်နက်မှာ ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် ဧရာမ မိစ္ဆာချီစွမ်းအားများသာ ဖြစ်ပေ၏။

ချန်းဖန်းနှင့် အခြားသူများသည် ယခုအချိန်တွင် ပျံသန်းရောက်ရှိလာကြပြီး ၎င်းတို့၏ မျက်နှာများတွင် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေကြချေသည်။

“ယွမ်ဖုန်း... ခုနက ဘာလဲ။ အဲဒါက နတ်ဘုရားတစ်ပါးကို တောင် ဘယ်လို သတ်လိုက်နိုင်တာလဲ” မာထျန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းက ပြုံးလျက် “ငါ ဒီကိုလာတဲ့ လမ်းမှာ မင်းတို့ကို ပြောခဲ့သားပဲ။ ဒါက နတ်ဆိုးဘုရင်ရဲ့ သားပဲ။ တစ်ယောက်ယောက် ရောက်လာမှာကို ငါ စိုးရိမ်မိတယ်။ ဒါကြောင့် ငါတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြရအောင်”

All Chapters