မင်းက အရည်အချင်း မမှီသေးဘူး
Vol. 019 Ch. 905
ထိုနတ်ဆိုးပေါ်လာသည်နှင် သွေးနတ်ဘုရား၏ခန္ဓာကိုယ်သည် တုန့်သွားသည်။
ဝမ်လင်းသည် ထိုအခွင့်အရေးကို အသုံးချကာ နောက်သို့ အမြန်ဆုတ်၏။သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေရင်း မီးပြင်းဖိုကို သူ့ဘေးဘက် ပေတစ်ထောင်အကွာသို့ ရွှေ့လျားစေကာ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ရှောင်သည်။
နတ်ဘုရားပြစ်ဒဏ်မိုးကြိုးများသည် ၎င်း၏ ပစ်မှတ် ပျောက်သွား၏။သို့သော် လွင့်ပြယ်သွားခြင်းတော့ မဟုတ်ပေ။၎င်းက ရုတ်တရက် ဦးတည်ရာကို ပြောင်းလဲလိုက်၏။ပေတစ်ထောင်အကွာသည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးအတွက် ချက်ခြင်းလိုလို ရောက်ရှိသွားနိုင်သည့် အနေထား ဖြစ်နေသည်။
၎င်းက မြန်ဆန်လွန်းလှသော်လည်း ဝမ်လင်းအတွက် မန္တာန်တစ်ခုအသုံးပြုရန်အတွက် အချိန်လုံလောက်သွားပေသည်။
“လေဆင့်ခေါ်ခြင်း…” ဤသို့သေရေးရှင်ရေးအခိုက်တွင် ဝမ်လင်း၏မျက်လုံးတို့က တည်ငြိမ်နေ၏။
“နတ်ဘုရားပြစ်ဒဏ်က ပိုပြီး ပြင်းထန်နေတယ်…” ဝမ်လင်းသည် အံတင်းတင်းကြိတ်၏။သူ့ညာလက်ထဲကနေ အနက်ရောင်လေပြင်းတစ်ခု ပေါ်လာ၏။ထိုလေသည် ဝမ်လင်းကို ပတ်ခွေသွားသည်။နတ်ဘုရားပြစ်ဒဏ် နီးကပ်လာသည့်အခါ၌ ၎င်းလေပြင်းသည် အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ အေးစက်စက်လေပြင်းများကို မှုတ်ထုတ်တော့၏။
၎င်းလေပြင်းနှင့် ထိတိုက်သွားသည်နှင့် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းတော်တော်များများသည် ပျက်စီးသွား၏။သို့သော် ယင်းလေပြင်းကို ကျော်ဖြတ်လာသည့် မိုးကြိုးများက ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာဆဲသာ ဖြစ်သည်။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည ရုတ်တရက် ထိုးထွက်သွားကာ ၎င်းမိုးကြိုးကို ဝါးမြိုပစ်၏။နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းသုံးခုကို ဝါးမြိုပြီးသည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် နောက်သို့ ပြန်ဆုတ်သည်။
မူလစိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည့်အခါတွင် ကြွင်းကျန်နေသေးသော မိုးကြိုးများ ရောက်ရှိလာတော့၏။ထိုအခိုက်အတန့်၌ လိပ်ပြာနှင့်သွေးပျံ့လွှားတို့သည် ကြွင်းကျန်သည့်မိုးကြိုးတို့ကို ပိတ်ဆို့ရန် ရှေ့သို့ ထိုးထွက်သွားကြသည်။
ပေါက်ကွဲမှုများ ပျံနှံ့လာပြီးနောက် နောက်ဆုံးတွင် မိုးကြိုးတန်းသုံးခုသာ အတားအဆီးကို ဖြတ်ကျော်ပြီး ဝမ်လင်းအနားသို့ ရောက်ရှိလာတော့၏။
ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့ရှေ့၌ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး ပေါ်လာခဲ့သည်။သူက ၎င်းကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးထဲသို့ တိုက်ရိုက် တိုးဝင်သွား၏။
သူအထဲသို့ ဝင်ရောက်သွားသည်နှင့် မိုးကြိုးတန်းသုံးခုသည် တံဆိပ်တုံးပေါ်သို့ ကျမှန်လာသည်။
ဘုန်း…ဘုန်း…ဘုန်း…။
“မိုးကြိုး…ချိပ်ပိတ်ခြင်း…” ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးထံကနေ ခပ်အုပ်အုပ်အသံ တစ်ခု ထွက်ပေါ်လာ၏။တစ်ချိန်တည်းမှာပင် တံဆိပ်တုံးသည် ပြင်းပြင်းထန်ထန် တုန်ယင်ကာ မိုးကြိုးများသည် တံဆိပ်တုံးအနှံ့ ရွှေ့လျားနေ၏။ဝမ်လင်း၏ခန္ဓာကိုယ်သည်လည်း အတင်းထွက်လာခဲ့ရကာ သွေးအန်ထုတ်ရသည်။သည့်နောက် သူက တံဆိပ်တုံးကို ညာလက်ဖြင့် လှမ်းဆွဲယူပြီး နောက်သို့ အမြန် ဆုတ်တော့၏။
တံဆိပ်တုံး၏အတွင်းရှိ မိုးကြိုးများသည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ရှိလာ၏။သို့သော်လည်း ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ရှိရာသို့ တိုက်ရိုက် ဆုတ်သွားခြင်း ဖြစ်နေပြန်သည်။သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ချိပ်တံဆိပ်များစွာ တောက်ပလာခဲ့သည်။
ဝမ်လင်းသည် သွေးနတ်ဘုရားလက်ထဲကနေ မလွတ်မြောက်နိုင်မှန်း သိနေ၏။ရှေးဟောင်းနတ်ဘုရား၏ ပျက်စီးသွားသည့်ကြယ်တစ်လုံးကြောင့် ဒဏ်ရာရခဲ့လျှင်ပင် သွေးနတ်ဘုရားသည် သူယှဉ်တိုက်နိုင်သည့်လူစားမျိုး မဟုတ်ပေ။သို့သော်လည်း နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားကို ငှားယမ်းနိုင်ခဲ့ပါက သူသည် လွတ်မြောက်နိုင်ရန် အခွင့်ရေး ရကောင်းရလာနိုင်သည် မဟုတ်လား။
သွေးနတ်ဘုရားထံကနေ ထွက်လာသည့် နတ်ဆိုးသည် ဝမ်လင်းကို အေးစက်စွာ စူးစိုက်ကြည့်နေ၏။၎င်းက သွေးနတ်ဘုရားထံသို့ ပြန်ပေါင်းစပ်ကျုံ့ဝင်သွားပြီးနောက် နတ်ဆိုးအလင်းကို ပေးစွမ်းလာသည်။ခြေတစ်လှမ်း ရှေ့တိုးကာ သူက ဝမ်လင်း၏ဦးခေါင်ထံသို့ လက်ဆန့်တန်း၏။
သူက ဝမ်လင်း၏စိတ်ဝိညာဉ်ကို ထုတ်ယူကာ မှတ်ဉာဏ်များကို ရှာဖွေလိုသည်မှာ သိသာနေသည်။
ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အော်ပြောလိုက်သည်။ “လေဆင့်ခေါ်ခြင်း…”
စွမ်းအားကောင်းလှသည့် လေဆင့်ခေါ်ခြင်းမန္တာန်ကို သူက နောက်တစ်ကြိမ် အသုံးပြုပြန်၏။အနက်ရောင်လေပြင်းသည် သည်တစ်ကြိမ်၌ ပိုအားကော်ငးလာကာ ဝမ်လင်းရှေ့တွင် အနက်ရောင်နဂါးနှစ်ကောင် ဖြစ်လာသည်။
နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ မရောက်ခင်က ဝမ်လင်းသည် အနက်ရောင်နဂါးတစ်ကောင်ကိုသာ ဖန်တီးနိုင်၏။ ကျင့်ကြံမှုအဆင့်တိုးတက်လာပြီးနောက် သူက သူ့စွမ်းအားအားလုံးအသုံးပြုကာ နဂါးနှစ်ကောင်ကို ဆင့်ခေါ်လာနိုင်သည်။ထိုနဂါးနှစ်ကောင်သည် ဝမ်လင်းကို လှည့်ပတ်နေ၏။၎င်းတို့က ပါးစပ်ဟကာ အေးစက်စက်လေပြင်းများအား မှုတ်ထုတ်သည်။
ပတ်ဝန်းကျင်တွင် အက်ကွဲလှိုင်းများ ပျံ့နှံ့လာ၏။တစ်ချိန်တည်းမှာပင် ဝမ်လငး်သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် တောက်ပလာသည်။နတ်ဘုရားပြစ်ဒဏ်မိုးကြိုးသည် မြန်ဆန်စွာ ဖြစ်တည်လာကာ သွေးနတ်ဘုရားထံသို့ လွှတ်ခနဲ ထိုးထွက်သွားတော့သည်။
ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူသည်။သူက သည်တစ်ကြိမ်၌ သူ့မူလစွမ်းအင်တို့ သုံးစွဲရခြင်းအပေါ် ပူပန်မနေနိုင်ချေ။ထို့ကြောင့် သူက ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ကို တစ်ချက်ပြီးတစ်ချက် ဆင့်၍ ပိုင်းချပစ်သည်။
သွေးနတ်ဘုရား၏အသွင်က အေးဆေးပင်။သူက နီးကပ်လာနေ၏။သူက ကောင်းကင်ထက်သို့ လက်ညွှန်ရာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုးတန်းသည် ပျက်စီးသွားရသည်။
ထို့နောက် သွေးနတ်ဘုရားက ရှေ့သို့ လက်ညွှန်ပြန်သည်။ထိုအခါ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်တစ်ရာကျော် စုပေါင်းမှုအားသည် ပျက်စီးသွားရပြန်သည်။
နောက်ဆုံးတွင် သွေးနတ်ဘုရားသည် ရှေ့သို့ ဆက်၍ လက်ညွှန်ပြန်သည်။ထိုအခါ နဂါးနှစ်ကောင် မှုတ်ထုတ်လိုက်သည့် လေပြင်းများသည် တစစီဖြစ်သွားသည်။နဂါးနှစ်ကောင်သည်လည်း အထိတ်တလန့် ငြီးတွားလိုက်ရ၏။
“ကောင်းကင်ဘုံအင်ပါယာပေဖန်ရဲ့ လေဆင့်ခေါ်ခြင်း မန္တာန်က ဒီလောက်ပဲ အားကောင်းတာလား…” သွေးနတ်ဘုရား၏မျက်လုံးထဲရှိ နတ်ဆိုးတောက်ပမှုသည် ပိုမို၍ပင် အားကောင်းလာသည်။သူ့ညာလက်ကို ဝမ်လင်းထံသို့ ဆန့်တန်းလိုက်၏။
ထိုအခိုက်မှာပင်… “ငါ ကောင်းကင်ဘုံအရှင်ချင်းရွှေက သင့်ကို ငါ့ဆရာရဲ့ နာမည်ကို နောက်တစ်ကြိမ် ဒီလို ပြောဝံ့သေးလား မေးကြည့်ချင်တယ်…”
လောကကို နှစ်ပိုင်း ဖြစ်သွားစေနိုင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုသည် ရုတ်တရက် ပြည့်နှက်လာခဲ့သည်။
ထိုအသံထွက်ပေါ်လာသည်နှင့် ယင်းအသံထဲကနေ တော်လဲသံ တစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင်အများအပြားကို ပျက်စီးပြိုပျက်သွားစေသည်။
ဟင်းလင်းပြင်သာ မဟုတ် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထုပင် နောက်သို့ မြန်ဆန်စွာ ဆုတ်သွားရ၏။
သွေးနတ်ဘုရား အစောပိုင်းက အသုံးပြုခဲ့သည့် အသံထဲရှိ ဥပဒေသည် ယခုထွက်ပေါ်လာသည့် အသံထက် အားနည်းနေသည်မှာ သိသာနေပေ၏။သွေးနတ်ဘုရားဖန်တီးထားသည့် သည်ဧရိယာ၏ ဥပဒေသသည် ချက်ခြင်း ပျက်စီးသွားပေပြီ။
အကွာအဝေးတစ်ခုတွင် ရှိနေသော ယောင်ယွမ်ပင် သွေးအန်ထုတ်လိုက်ရ၏။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာကာ နောက်သို့ အမြန် ဆုတ်ရသည်။
ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးသည် အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်၏။သည့်အပြင် တောင်ပိုင်းနယ်မြေရှိ ကျင့်ကြံသူအားလုံးသည် ထိုအားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားမိကြရသည်။ထိုအဖြစ်က ကျင့်ကြံသူအများစုကို သွေးအန်စေသည်။ယင်းစိတ်ဆန္ဒက သူတို့ကို မသတ်ခဲ့သော်လည်း ဒဏ်ရာရသွားစေခဲ့ပေသည်။
ခုချိန်၌ ယင်းသတ်ဖြတ်ခြင်းဆန္ဒ မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသော သွေးနတ်ဘုရားသည် ပို၍ ရှင်းလင်းစွာ ခံစားနေရသည်။သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့နေမိ၏။
ဝမ်လင်းရှေ့ရှိ ပိုင်းဖြတ်ခြင်းခံခဲ့ရသော အနက်ရောင်နဂါးသည် ဟိန်းသံပြုကာ ပြန်ကောင်းမွန်လာသည်။ကြယ်များကြား၌ အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်သည် ဖြည်းဖြည်းချင်း လှမ်းလျှောက်လာနေ၏။
ပထမဆုံးအကြိမ်အဖြစ် သွေးနတ်ဘုရား၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။
“ကောင်းကင်ဘုံအရှင်ချင်းရွှေ…” သွေးနတ်ဘုရားက သူ့လက်ကို ပြန်ရုတ်သိမ်းကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။သူက လျှောက်လှမ်းလာနေသည့် လူငယ်ကို ကြည့်နေရင်း သူ့အသွင်က သုန်မှုန်နေသည်။
ချင်းရွှေက အေးစက်စက်အသွင်နှင့် လှမ်းလာသည်။သူက တည်ငြိမ်စွာ ဆိုလာ၏။ “မင်း စောနက ပြောခဲ့တဲ့ စကားတေွ ငါ့ရှေ့မှာ ထပ်ပြောဝံ့လား…”
သူက ထိုသို့ပြောလိုက်ရင်း ချင်းရွှေမျက်လုံးထဲရှိ အနီရောင်အလင်းသည် သိပ်သည်းထူထဲလာသည်။၎င်းအလင်းထဲ၌ ကြည့်မိသူတိုင်း စိတ်နှလုံးအေးစိမ့်သွားစေမည့် အဖျက်အစီးအော်ရာတစ်ခု ပါဝင်နေသည်။
သွေးနတ်ဘုရား၏မျက်လုံးထံမှလည်း နတ်ဆိုးအလင်းကို ပေးစွမ်းနေ၏။သူက ပြောလိုက်သည်။ “ကောင်းကင်ဘုံအရှင်ချင်းရွှေ….ငါတို့နှစ်ယောက်ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူး။ဒါဟာ ငါ စောနက ပြောခဲ့တဲ့ စကားကြောင့်ဆိုရင် ငါ ဒါကို ပြန်ရုတ်သိမ်းတယ်။ဒါ့အပြင် ငါတို့က မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ အတူပူးပေါင်းသွားရဦးမှာ။ ဒီစကားလုံးအတွက် သင်စိတ်ကျေနပ်အောင် ငါ နည်းလမ်းတစ်ခု ရှာပေးပါ့မယ်…”
“ဒါပေမဲ့လည်း ဒီကလေးဟာ ငါ့မိသားစုနဲ့ ရန်ငြှိုးရှိတယ်။ဒါ့ကြောင့် အရှင်ချင်းရွှေက ကြားမဝင်ဖို့ ငါ မျှော်လင့်ပါတယ်။မဟုတ်ရင် ငါတို့ကြား စည်းချက်ညီနေမှုကို ထိခိုက်လိမ့်မယ်…”
ချင်းရွှေ၏အသွင်က မထူးမခြားနားပေ။သူက သွေးနတ်ဘုရားထံသို့ လျှောက်လာရင်း တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ့ရဲ့ ဒီဂျူနီယာညီလေးဟာ စွမ်းရည် ကင်းမဲ့ပေမဲ့လည်း သူက မင်းတို့ ယောင်မိသားစုကို စော်ကားရန်စခဲ့တယ်…။ဒါပေမဲ့ ဒီလိုဆိုတော့လည်း ဘာဖြစ်သေးလဲ…”
“ဂျူနီယာညီ…” သွေးနတ်ဘုရားက မှင်သက်သွား၏။သူ့အသွင်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
ချင်းရွှေ၏ ညာမျက်လုံးသည် ဖျပ်ခနဲ ဖြစ်သွားရင်း သူ့ညာလက်ကို အထက်သို့ ညွှန်၏။ဝမ်လင်းအသုံးပြုခဲ့သည့်ထက် အဆများစွာ ပိုအားကောင်းလှသည့် အနက်ရောင်လေပြင်းတစ်ခုသည် ချက်ခြင်း ပေါ်လာခဲ့သည်။ထိုလေပြင်းက စိတ်ကူးနိုင်သည့်ထက်လွန်၍ သိပ်သည်းနေ၏။မျက်စိတစ်မှိတ်အတွင်းပင် အနက်ရောင်နဂါးခြောက်ကောင်သည် ထိုလေပြင်းထံကနေ ဖြစ်ပေါ်လာကြတော့သည်။
နဂါးခြောက်ကောင်လုံး၏ ခန္ဓာကိုယ်သည် ပေတစ်သိန်းထက် ပိုရှည်လျားနေသည်။၎င်းတိုက ပြင်းထန်သောဖိအားတစ်ခုကို ဖန်တီးစေကာ ထိုဖိအားအောက်၌ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် နောက်သို့ လွင့်သွားရသည်။သို့ရာတွင် ၎င်းတိမ်တိုက်များသည် နောက်တစ်ကြိမ် ပြန်စုစည်းလာကာ အားအကောင်းဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်တော့မည့်အလား တစ်ဖန် သိပ်သည်းလာပြန်သည်။
“သူက လေဆင့်ခေါ်ခြင်းမန္တာန်ကို သင်ယူခဲ့မှတော့ သူဟာ ငါတို့ကြားက မျိုးဆက်တွေကို ကျော်ဖြတ်ပြီး ငါ့ဆရာရဲ့ ဆက်ခံသူတစ်ယောက်လို့ ယူဆရမှာ ဖြစ်တယ်။ခုလက်ရှိ သူ့အဆင့်အတန်းနဲ့ဆိုရင် မင်းတို့ယောင်မိသားစု မပြောနဲ့…ယောင်မိသားစုရဲ့ မူလဘိုးဘေးတောင် သူ့ဆံပင်တစ်ချောင်းကို ထိခိုက်အောင် မလုပ်ဝံ့ဘူး…”
ချင်းရွှေသည် ထိုသို့အေးစက်စွာ ပြောဆိုရင်း သွေးနတ်ဘုရားထံသို့ လက်ညွှန်၏။ထိုအခါ အနက်ရောင်နဂါးခြောက်ကောင်သည် မာန်ဟိန်းသံများပြုကာ ကြောက်မက်ဖွယ်အေးစက်စက်လေပြင်းများကို မှုတ်ထုတ်လိုက်ကြတော့၏။
သွေးနတ်ဘုရား၏အသွင်သည် ပို၍ပင် သုန်မှုန်သွားသည်။သည်အခိုက်အတန့်၌ အေးစက်စက်လေပြင်းသည် သူ့ထံသို့ ရောက်လာနေသည်။သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက အေးစက်မှုကို ခံစားမိရသည်။၎င်းက ဝမ်လင်း၏မန္တာန်နှင့် အတူတူသာ ဖြစ်သော်လည်း စွမ်းအားကွာခြားမှုကတော့ မိုးနှင့်မြေလောက်ပင်။
သွေးနတ်ဘုရားသည် အချိန်ဆွဲမနေဘဲ သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။သွေးမြူများစွာ ပေါ်လာသည်။သည့်နောက် သွေးပျံလွှားတစ်ခုပြီးတစ်ခု ဖွဲ့တည်လာရင်း စုစုပေါင်း (၉၉)ကောင်ထိ ရှိလာသည်။၎င်းတို့က သွေးမုန်တိုင်းတစ်ခုကို ဖြစ်စေကာ အေးစက်စက်လေပြင်းနှင့် ထိပ်တိုက်တွေ့ဆုံစေသည်။
သွေးနတ်ဘုရားနှင့်ချင်းရွှေတို့ကြားရှိ ဟင်းလင်းပြင်သည် ပျက်စီးသွားသည်။ဟင်းလင်းပြင်ရှိ အက်ကြောင်းသည် ရုတ်တရက် လျှိုမြောက်တစ်ခုအထိပင် ဖြစ်သွားရသည်။
သွေးနတ်ဘုရားက နောက်သို့ အမြန်ဆုတ်ရင်း သူ့ခန္ဓာကိုယ်သည် တုန်ယင်နေသည်။သူက ချင်းရွှေကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ပြောသည်။
“ချင်းရွှေ….ငါက သင်ဟာ ကောင်းကင်ဘုံအရှင်တစ်ယောက် ဖြစ်တဲ့အတွက် လေးစားသမှု ထားခဲ့တယ်။ဒါပေမဲ့ ငါ့ကို အဲ့လောက် ဖိအား မပေးနဲ့။သင်ဟာ အချိန်အကြာကြီး အိပ်ပျော်နေခဲ့တာ ဖြစ်တဲ့အတွက် စိတ်ရှုပ်ထွေးတာ ဖြစ်နေနိုင်တယ်။ ဒီရှုမူက လေဆင့်ခေါ်ခြင်းကို တတ်မြောက်ထားပေမဲ့ သင့့် ဂျူနီယာညီ ဘယ်လိုလုပ် ဖြစ်နိုင့်ပါ့မလဲ။ဒါ့အပြင် သူဟာ ယောင်မိသားစုရဲ့ တတိယမျိုးဆက်အများအပြားကိုလည်း သတ်ခဲ့သေးတယ်။ဒါ့ကြောင့် ငါက ငါကိုယ်တိုင် သူ့ကို သတ်ဖို့လာတာ သဘာဝ ကျပါတယ်။ချင်းရွှေ…ဒီအဘိုးအိုက သင့်ကို မကြောက်ဘူးနော်…။ငါ့ကို အတင်းဖိအား မပေးနဲ့…”
သွေးနတ်ဘုရားသည် ချင်းရွှေသည် သူ့ဆရာနှင့်ပတ်သတ်၍ အလွန်အမင်း စိတ်မလုံဖြစ်မှု ခံစားနေသည်ကို မသိပေ။ထိုခံစားချက်သည် အင်မတန်အားကောင်းလှပေရာ ကျေရာကျေကြောင်း လုပ်ဖို့ရန် အခွင့်မရှိသလောက်ပင်။
သူ နိုးထလာသည်နှင့် ဝမ်လင်းသည် လေဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြုခဲ့သည်ကို တွေ့မြင်သွားသည့်အခါ အရှင်မီးတောက်နှင့် ပထမဆုံးတိုက်ပွဲအတွင်းမှာပင် သူ့မှတ်ဉာဏ်များ ပြန်ရလာခဲ့ပေ၏။ထိုအခါ ဝမ်လင်းအပေါ်အလေးထားလိုသည့် ရှုပ်ထွေးသောခံစားချက်သည် သူ့ထံ၌ ဖြစ်တည်လာခဲ့ပေသည်။
“မင်းက အရည်အချင်း မမှီသေးဘူး…” ချင်းရွှေက ထိုသို့ အေးစက်စက် ပြောလိုက်ရင်း အနက်ရောင်နဂါးခြောက်ကောင်သည် ရုတ်တရက် ဟိန်းသံပြုလာတော့သည်။
သည်တစ်ကြိမ်၌ နဂါးခြောက်ကောင်သည် တစ်ကောင်တည်းသို့ ပေါင်းစပ်သွား၏။ထိုအနက်ရောင်နဂါးကြီးသည် ဟိန်းသံပြု၏။သို့သော် ၎င်းက မည်သည့်အေးစက်စက်လေကိုမျှ ဆင့်မခေါ်ပေ။ထိုအစား မိုးစက်မိုးပေါက်များ ပြန့်ကျဲလာတော့၏။ချက်ခြင်းပင် ကီလိုမီတာငါးထောင်အတွင်း၌ မိုးများစွာ ရွာသွန်းလာ၏။
“မိုးဆင့်ခေါ်ခြင်း…”
***