← Chapters

ကြိုးကြာလေပြင်းသံ၊ လက်နက်စိုက်ပျိုးခြင်း…

Vol. 019 Ch. 906

ကြိုးကြာလေပြင်းသံ၊ လက်နက်စိုက်ပျိုးခြင်း…

Vol. 019 Ch. 906

မိုးရေစက်များသည် သလင်းများအလား တောက်ပနေသည်။၎င်းမိုးရေစက်တို့သည် သိပ်သည်းသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ကာ ပျံ့နှံ့လာသည်။

သို့သော်လည်း ထူးဆန်းသည်က ယင်းမိုးရေစက်တို့သည် ဝမ်လင်းပတ်လည်၌ မိုးရေလိုက်ကာစသဖွယ် ရှိနေခြင်း ဖြစ်၏။ဝမ်လင်းက မိုးရေစက်များကြောင့် အေးစက်မှု မခံစားရသည့်အပြင် သူ့ခန္ဓာကိုယ်ထဲမှ နွေးထွေးမှုပင် ခံစားရ၏။သူထုတ်ယူသုံးစွဲခဲ့သည့် မူလစွမ်းအင်မြောက်များစွာမှာလည်း ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာနေ၏။

ဝမ်လင်းသည် ဖြစ်ပျက်သမျှကို မှင်သက်စွာ ကြည့်နေမိ၏။သူက ချင်းရွှေ၏စကားများကို ကြားလိုက်ရသည့်အခါ တိတ်တဆိတ်စဉ်းစားနေမိ၏။ချင်းရွှေကို စူးစိုက်ကြည့်နေရင်း သူ့စိတ်နှလုံးထဲ၌ ရှင်းပြလို့မစွမ်းသာသည့် ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။

ထိုခံစားချက်သည် သူ့အတွက် အတော်လေးကို ထူးဆန်းလှကာ သူ့ထံ၌ ပေါ်မလာခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူသည် အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်မှ အရှင်သွန်းထျန်သည် သူ့အား အခုလိုခံစားမှုမျိုး ဖြစ်စေခဲ့သည်ကို ခပ်ရေးရေး ပြန်မှတ်မိလိုက်၏။ထို့နောက် သူ့ဆရာဆိုလည်းဟုတ်၊သူငယ်ချင်းဆိုလည်း ဟုတ်ခဲ့သည့် စစ်ထူနန်ကလည်း ယခုလို ခံစားချက်မျိုး သူ့ကို ဖြစ်စေသည်။ထို့အပြင် သူ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ တက်လှမ်းနေချိန် ရှေ့ဖြစ်ဟောသူနှင့် ပထမဆုံးတွေ့ရသည့် အချိန်ကလည်း ဤသို့ခံစားချက်မျိုး ရခဲ့ပေသည်။

ကျောက်ရီသည်လည်း သူ့အား ယခုလို ခံစားချက်မျိုး ပေးခဲ့၏။

ဝမ်လင်းတွင် စည်းမျဉ်းတစ်ခုရှိ၏။ထိုစည်းမျဉ်းမှာ အခြားသူများ သူ့အား ရန်မစလျှင် သူကလည်းမစ၊အခြားသူများ သူ့အပေါ် ကြင်နာမှုပြလျှင် သူကလည်း ထိုအတွက် ပြန်သိတတ်ခြင်း ဖြစ်သည်။

ဝမ်လင်းသည် သွန်းထျန်၏ကြင်နာမှုကို အခုထိ မှတ်မိနေဆဲဖြစ်၏။သူ့စိတ်ထဲ၌ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ စိတ်ဝိညာဉ်ကို ခုထိ သယ်ဆောင်ထားဆဲသာ။

ဝမ်လင်းသည် စစ်ထူနန်၏ကြင်နာမှုကိုလည်း မှတ်မိနေသည်သာ။သူက စစ်ထူနန်သာ အခြေအနေဆိုးတစ်ခု ကြုံရပါက သူသည် သေရမည်ဆိုရင်ပင် သူ့ကိုကယ်တင်ပေးရန် နောက်ဆုတ်မည် မဟုတ်ဟု သူ့ကိုယ်သူ သိနေ၏။

အဘယ်ကြောင့်ဆို‌သော် စစ်ထူနန်ကလည်း သူ့အပေါ် ထိုသို့သော ကြင်နာမှု ပြသခဲ့ခြင်းကြောင့် ဖြစ်လေ၏။

ဝမ်လင်းသည် ကျောက်ရီ၏ကြင်နာမှုကိုလည်း မမေ့ပါ။သူက ထိုကြင်နာမှုကို ပြန်ပေးဆပ်နိုင်ရန် များစွာ လုပ်ဆောင်ရပေမည်။

ထို့အပြင် သူသည် စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်သို့ တက်ရောက်ခဲ့ချိန်က ရှေ့ဖြစ်ဟောသူကိုလည်း အကြွေးတင်ခဲ့ဖူး။ထို့အတွက်ကြောင့်လည်း ရှေ့ဖြစ်ဟောသူနှင့် ပတ်သတ်သည့် သဲလွန်စများကို သတိပြုမိပြီးနောက်တွင်ပင် မပြတ်မသား ဖြစ်နေခဲ့ခြင်းပင်။သို့သော် သူက ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများကြောင့် ရှေ့ဖြစ်ဟောသူနှင့် ဆန့်ကျင်ဘက် လျှောက်လှမ်းကာ ပုန်ကန်ခဲ့ရပေသည်။

သို့သော်လည်း သူ့စိတ်ထဲ၌ ထိုအဖြစ်အပျက်အတွက် စိတ်မကောင်းဖြစ်မှုသည် ပျောက်ပျက်မသွားပေ။

ခုချိန်၌ ချင်းရွှေသည် သူ့ရှေ့၌ သွေးနတ်ဘုရားနှင့်နတ်ဘုရားပြစ်ဒဏ်တို့ကို တားဆီးရန် မားမားရပ်နေ၏။ထိုအရာများအားလုံးသည် လေဆင့်ခေါ်ခြင်း အမည်ရသည့် မန္တာန်တစ်ခုတည်းကြောင့် ဖြစ်နေခဲ့ပြန်သည်။

သွေးနတ်ဘုရား၏အသွင်က အလွန်သုန်မှုန်နေ၏။သည်အခိုက်အတန့်၌ သူ့ပတ်လည်ရှိ မိုးစက်များသည် သူ့စိတ်ကို တုန်ယင်စေ၏။သူက အပြင်ဘက်တွင်သာ မကြောက်ရွှံ့ဟန် ပြနေရ၏။အမှန်တော့ လွန်ခဲ့သောလအနည်းငယ်က သူသည် ရှေးဟောင်းနတ်ဘုရား၏ ပျက်စီးသွားသည့်ကြယ်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားခဲ့သည့် မဟုတ်လား။

သို့သော်လည်း ထိုဒဏ်ရာကို သူက အတင်းဖိနှိပ်ကာ လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် ပြန်ကောင်းမွန်လာအောင် ပြုလုပ်ထားခဲ့သည်။သို့သော် ခုချိန်၌ ချင်းရွှေနှင့်ရင်ဆိုင်ရမည်ဆိုပါက ထိုဒဏ်ရသည် သူ့အတွက် အလွန်အန္တရာယ်များလာပေလိမ့်မည်။

ထိုအရာက ဦးဆုံးအကြောင်းပြချက်တစ်ခုသာ ရှိသေး၏။ ကောင်းကင်ဘုံသားများထံကနေ ဆင်းသက်လာသည့် ကျင့်ကြံခြင်းမိသားစုတစ်ခု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် ကောင်းကင်ဘုံသားများအပေါ် ရှုပ်ထွေးသောခံစားမှု ရှိနေ၏။အထူးသဖြင့် ချင်းရွှေအပေါ်တွင်ပင်။သူက သူ့မိသားစုမှတ်တမ်းများထဲ၌ ချင်းရွှေနှင့်ပတ်သတ်သည့် မှတ်တမ်းများကို ကောင်းကောင်းမှတ်မိနေပေသည်။ မှတ်တမ်းများအရ အတိတ်တစ်ချိန်တုန်းက သူတို့၏ကောင်းကင်ဘုံသားဘိုးဘေးများပင် ချင်းရွှေကို အတော်လေး လေးစားခဲ့ကြသည်ဟု ဖော်ပြထားခဲ့သည် မဟုတ်လား။

ချင်းရွှေသည် ကျော်ကြားလွန်းခဲ့၏။သွေးနတ်ဘုရားသည် ဒဏ်ရာ မရခဲ့လျှင်ပင် သူသည် အနိုင်ရလိမ့်မည်ဟု ယုံကြည်မှု မရှိပေ။ထို့အပြင် လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်သည် အခုလို အဆင့်သို့ ရောက်လာသည်နှင့် သူတို့က မတိုက်ရင်မတိုက်၊တိုက်ခိုက်ရင်လည်း ကြောက်ခမန်းလိလိ ဖြစ်ပေလိမ့်မည်။

သည်အခိုက်အတန့်၌ မိုးစက်များသည် ရုတ်တရက် ရွှေ့လျားလာကာ စူးရှရှ တဝီဝီအသံတစ်ခုကို ဖန်တီး၏။မိုးရေစက်တိုင်းတွင် အံ့မခန်းမူလစွမ်းအင် ပါဝင်နေသည်။ကောင်းကင်ဘုံနယ်မြေမှ အလန်သန့်စင်သည့် စွမ်းအား အရိပ်အမြွက်ပင် ပါနေသေး၏။

ထိုမရေမတွက်နိုင်သောမိုးရေစက်များသည် ဓားသွားများအလား သွေးနတ်ဘုရားထံသို့ တိုးဝင်လာကြ၏။မိုးစက်တိုင်းသည် ကြောက်မက်ဖွယ်အော်ရာ ပါဝင်နေ၏။မိုးရေစက်တစ်စက်က အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်ကိုပင် ဖျက်စီးပစ်ဖို့ လုံလောက်ပေသည်။

မိုးရေစက်ဆယ်စက်သည် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ဖို့ လုံလောက်၏။အစက်တစ်ရာသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူကို ဖျက်စီးပစ်နိုင်သည်။အစက်တစ်ထောင်သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် နောက်ဆုတ်သွားစေလိမ့်မည်။

မရေမတွက်နိုင်သော မိုးရေစက်များ ရွှေ့လျားလာချိန်၌ ၎င်းတို့သည် ဥပဒေသကို ချိုးဖျက်လာသည့်အလားပင်။သွေးနတ်ဘုရားသည် ၎င်းမိုးရေစက်တို့ကို ရင်ဆိုင်ရချိန်၌ သူ့စိတ်သည် တုန်ယင်ရသည်။

သူ့မျက်လုံးက တလက်လက် ဖြစ်သွားကာ သူက သူ့လက်ကို ဝှေ့ယမ်း၏။ထိုအခါ မိုးနှင့်မြေကို တုန်ဟီးစေလောက်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ထိုတုန်ဟီးသံသည် သွေးနတ်ဘုရား၏ခန္ဓာကိုယ်ကနေ ထွက်ပေါ် ပျံ့နှံ့လာ၏။၎င်းအသံက သူ့ခန္ဓာကိုယ်ကနေ ထွက်လာရင်း လေပြင်းတစ်ခုသည် သူ့ပတ်လည်၌ ပေါ်လာသည်။ချက်ခြင်းပင် ၎င်းက မိုးကြိုးမုန်တိုင်းတစ်ခုအသွင်သို့ ပြောင်းသွားသည်။

သူက ဟင်းလင်းပြင်ကို တုန်ခါစေသည့် အသံကို ဖန်တီးလိုက်ခြင်းပင်။ထိုမန္တာန်သည် လေသံက ဖန်တီးထားသည့် မိုးကြိုးမုန်တိုင်းဟု ကျော်ကြားလှပေ၏။ဝမ်လင်းရရှိခဲ့သော ခန်းမ၏ ရှစ်ခုမြောက်အထပ်၌ ထိုလေသံမန္တာန်နှင့် ပတ်သတ်သည့် ဖော်မြူလာ ရှိနေသည်။

သွေးနတ်ဘုရား၏အသွင်သည် သုန်မှုန်သည်။သူက ကောင်းကင်နှင့်မြေကြီးထံသို့ လက်ညွှန်သည်။ပတ်ဝန်းကျင်ရှိလေပြင်းသည် မြန်ဆန်စွာ ပျံ့နှံ့ကုန်သည်။ထိုလေက ချက်ခြင်းပင် မိုးစက်များနှင့် တွေ့ဆုံခါ မိုးကြိုးတုန်ဟီးသံများသည် သည်ဧရိယာတွင် ပြည့်နှက်ကုန်၏။

ဖိသိပ်မှုလှိုင်းများ ပြန့်ကျဲလာမှုကြောင့် ဟင်းလင်းပြင်တော်တော်များများသည် ပျက်စီးသွားရသည်။

မရေမတွက်နိုင်သောမိုးရေစက်များသည် မိုးကြိုးမုန်တိုင်းကြောင့် နောက်သို့ ပြန်လွင့်သွားသော်လည်း မြန်ဆန်စွ ပြန်စုစည်းသွား၏။၎င်းတို့က ရေလိုက်ကာစကြီးတစ်ခုအသွင် သွေးနတ်ဘုရားကို လွှမ်းခြုံထားသည်။

လေပြင်းမှ ထွက်ပေါ်လာသည့် မိုးကြိုးသည် မိုးရေစက်များကြား၌ မြန်ဆန်စွာ ရွှေ့လျား ပျံ့နှံ့၏။ချက်ခြင်းပင် ပတ်ဝန်းကျင်ဧရိယာသည် မိုးကြိုး၍ရဲတစ်ခုအလား ဖြစ်လာသည်။

“လေသံ ကောင်းကင်ဘုံမန္တာန်…” ချင်းရွှေ၏အသါင်သည် အေးစက်နေ၏။သူက တည်ငြိမ်စွာ ဆိုသည်။ “မိုးချိပ်ပိတ်ခြင်း…”

သူက ထိုစကားနှစ်ခွန်း ပြောလိုက်သည်နှင့် မိုးရေစက်များသည် အေးစက်မှု ပေးစွမ်းလာ၏။ချက်ခြင်းပင် ရေခဲသလင်းများ စတင်ဖြစ်ပေါ်လာသည်။မိုးရေစက်များသည် ရေခဲအဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွားကြသည်။

မိုးကြိုးမုန်တိုင်းသည်လည်း အေးခဲသွားရ၏။ထိုအခိုက်အတန့်၌ လေသည် ရေခဲများ၏ အေးခဲပစ်ခြင်းကို ခံရကာ လေဝဲပုံစံရေခဲနဂါးတစ်ကောင်အသွင် ဖြစ်ပေါ်သည်။

သွေးနတ်ဘုရားသည် တုံ့ဆိုင်းမနေပေ။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန် ဖြစ်စေ၏။အရပ်မျက်နှာအနှံ့ကနေ မူလစွမ်းအင်တို့သည် အမြန်စုစည်းလာကာ သူ့ရှေ့၌ လက်သီးစုပ်ခန့်အလုံးတစ်ခု ဖြစ်လာ၏။သူ့ညာလက်ဖြင့် နောက်ထပ် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ၎င်းအလုံးငယ်ပေါ်သို့ ဖိချသည်။

ပြင်းထန်သောလှိုင်းတွန့်တစ်ခု မြန်ဆန်စွာ ပျံ့နှံ့လာ၏။ထိုအလုံးငယ်သည် ကြိုးကြာအသွင် ဆောင်၏။၎င်းကြိုးကြာသည် ရွှေရောင်ခြေထောက်နှင့် နှင်းလိုဖြူဆွတ်နေသည့် အမွှေးအတောင်များ ရှိနေသည်။ထိုကြိုးကြာသည် ချက်ခြင်းလေထဲသို့ ပျံတက်ကာ သွေးနတ်ဘုရားအနားတွင် လှည့်လည်၏။

သွေးနတ်ဘုရား၏ အဆုံးမဲ့ဟန်ရသည့်မူလစွမ်းအင်တို့သည် စုစည်းလာ၏။မျက်စိတစ်မှိတ်အတွင်း ကြိုးကြာကိုးကောင်ထိ ဖြစ်ပေါ်လာသည်။

ထိုကြိုးကြာကိုးကောင် ပျံသန်းထွက်သွားသည်နှင့် သွေးနတ်ဘုရားသည် လှမ်းအော်ပြော၏။ “ချင်းရွှေ….ငါ့ယောင်မိသားစုဘိုးဘေးရဲ့ မိုးကြိုးမုန်တိုင်းဟာ သင့်လေဆင့်ခေါ်ခြင်းမန္တာန်ကို မယှဉ်နိုင်ဘူး။ဒါပေမဲ့လည်း မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာ ယောင်မိသားစုဘိုးဘေးမျိုးဆက်တွေဟာ မန္တာန်တစ်ခုကို ဖန်တီးခဲ့တယ်…”

ကြိုးကြာကိုးကောင်၏မျက်လုံးသည် ချက်ခြင်း နီရဲလာကာ ပြင်းထန်သောနတ်ဆိုးအော်ရာကို ပေးစွမ်းလာ၏။နတ်ဆိုးအော်ရာသည် မုန်တိုင်းတစ်ခုအလား ပျံ့နှံ့လာရာ ပတ်ဝန်းကျင်ရှိ ရေခဲများသည် ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။

ထိုနတ်ဆိုးစွမ်းအင်သည် အားကောင်းလွန်းလှ၏။အလယ်ဗဟိုရှိ သွေးနတ်ဘုရား၏ဆံပင်များသည် လွင့်ဝဲနေကာ သူ့မျက်ခုံးနှစ်ခုကြား၌ အနီရောင်ဝဲကတော့တစ်ခု ပေါ်လာသည်။၎င်းက လှည့်လည်နေရင်း ပိုမိုအားကောင်းသည် နတ်ဆိုးစွမ်းအင်များ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာနေတော့၏။

ထိုအခိုက်အတန့်၌ သွေးနတ်ဘုရားသည် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ ရှေးဟောင်းနတ်ဆိုးတစ်ပါးက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသလို ဖြစ်နေသည်။

“ကောင်းကင်ဘုံမန္တာန်…ကြိုးကြာခွန်အား…” သွေးနတ်ဘုရားထံမှ နတ်ဆိုးအလင်းတောက်ပနေ၏။သူက အော်ပြောလိုက်သည်နှင့် ကြိုးကြာကိုးကောင်သည် သူ့ပတ်လည်တွင် စတင် ကခုန်လာကာ အော်မြည်သံများ ထုတ်ဖော်ကြ၏။

ထိုအသံများသည် စူးရှလှသည်။ကြိုးကြာကိုးကောင်၏အော်မြည်သံသည် မုန်တိုင်းတစ်ခုလို ဖြစ်ပေါ်သည်။

ဘန်း…ဘန်း…ဘန်း…။ပတ်ဝန်းကျင်ရှိရေခဲသည် စတင်ပျက်စီးလာကာ နောက်သို့ လွင့်စ်သည်။ကီလိုမီတာငါးရာအတွင်းရှိ ရေခဲအားလုံးသည် ပျက်စီးသွားရသည်။

ခဏအကြာတွင် လောကသည် ကြိုးကြာအော်မြည်သံများနှင့် ပြည့်နှက်လာသည်ဟုပင် ထင်လာရ၏။ထိုအသံသည် အားကောင်းလွန်းလှ၏။

ထိုအခိုက်မှာပင် ကြိုးကြာများထဲမှ တစ်ကောင်သည် ရုတ်တရက် မရေမတွက်နိုင်သော အဖြူရောင်ငှက်မွှေးများကို ပေါက်ကွဲစေ၏။ထို့နောက် ထိုပေါက်ကွဲစေသည့် ကြိုးကြာထံမှ ပိုမိုအားကောင်းသည် အော်မြည်သံ ထွက်ပေါ်လာသည်။

သိပ်မကြာခင်တွင် နောက်ထပ်ကြိုးကြာတစ်ကောင် ပေါက်ကွဲပြန်သည်။ချက်ခြင်းလိုလိုပင် ကြိုးကြာကိုးကောင်လုံးသည် ပေါက်ကွဲထွက်ကာ မရေမတွက်နိုင်သော ငှက်မွှေးများသည် ပျံ့နှံ့သည်။ထိုအဖြစ်က အားကောင်းလွန်းသော မန္တာန်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ကီလိုမီတာထောင်ချီအတွင်းရှိ အရာအားလုံးအပေါ်သို့ သက်ရောက်၏။

ချင်းရွှေ၏အကြည့်က မထူးမခြားနားပင်။သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီမန္တာန်က မဆိုးဘူးပဲ…”

“မဆိုးရုံဘဲလား….။ဒီအဘိုးအိုရဲ့ ယောင်မိသားစုမန္တာန်က ဒါနဲ့တင် မပြိီးသေးဘူး။ ကြိုးကြားလေပြင်းအော်မြည်သံ၊ အာစီနယ်စိုက်ပျိုးခြင်း……”

သွေးနတ်ဘုရားက ထိုသို့ အော်ဟစ်လိုက်ရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ထိုအခိုက်အတန့်၌ လောကတစ်ခုလုံးသည် မှောင်မိုက်လာသည့်အလား။

“အာစီနယ်စိုက်ပျိုးခြင်း…”

မရေမတွက်နိုင်သော ငှက်မွှေးများသည် နတ်ဆိုးအလင်း ရုတ်တရက် တောက်ပလာကာ မရေမတွက်နိုင်သော လက်နက်ရတနာများအဖြစ်သို့ လုံးဝ ပြောင်းလဲသွားကြသည်။

အာစီနယ်စိုက်ပျိုးခြင်း ရှိ အာစီနယ်သည် လက်နက်များကို ဆိုလိုခြင်းပင်။ ထိုမန္တာန်ပေါ်လာသည်နှင် လောကသည် အရောင်များ ပြောင်းလာ၏။ဟင်းလင်းပြင်သည် ပြိုပျက်လာသည်။

ထိုပြိုပျက်မှုသည် ရူးသွပ်ဖွယ်ပင်။သွေးနတ်ဘုရားသည် ဗဟိုချက်တွင် ရှိနေ၏။

ထိုမန္တာန်သည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ကာ ချင်းရွှေနားသို့ ရောက်လာနီး၌ နတ်ဘုရားပြစ်ဒဏ်သည် ၎င်း၏ ဖွဲ့တည်မှု အပြီးသပ်သွားသည်။တိမ်မြောက်များစွာသည် ပျောက်ကွယ်သွား၏။ သည့်နောက် ခုနစ်ရောင်စုံကောင်းကင်မိုးကြိုးသည် ဖြစ်တည်လာတော့သည်။

ထိုခုနစ်ရောင်စုံမိုးကြိုးသည် အောက်သို့ သက်ဆင်းလာသည်။၎င်းက မိုးကြိုးတန်းတစ်ခုတည်း မဟုတ်ပေ။

နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် ပျောက်ကွယ်သွားရင်း အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊အပြာ၊ခရမ်း ရောင်ရှိကြသော မိုးကြိုတစ်ခုချင်းစီသည် ဆင်းသက်လာခြင်း ဖြစ်တော့၏။ထိုမိုးကြိုးတန်းများထဲ၌ အံ့မခန်းဖျက်စီးမှုအားတို့ ပါဝင်နေ၏။

***

All Chapters