← Chapters

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း ၃၂၃

Vol. 33 Ch. 323

အပိုင်း ၃၂၃

"ဘာလို့ ငါ့ကို အဲဒီလိုကြီး ကြည့်နေတာလဲ"

​ထိုနေ့မွန်းလွဲပိုင်းတွင် ကျန်းဖန် သည် အစီရင်ခံစာတစ်ခုကို ကိုင်ဆောင်ကာ ဥက္ကဋ္ဌရုံးခန်းထဲသို့ ဝင်လာပြီး လင်းဖန် ကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေသဖြင့် လင်းဖန် မှာ အနည်းငယ် ကြက်သီးထသွားရသည်။

​"ဥက္ကဋ္ဌ၊ ဆေးဝါးကုမ္ပဏီအတွက် ဥက္ကဋ္ဌ သုတေသနလုပ်ပေးထားတဲ့ ဆေးကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဆီမှာ လူသားတွေနဲ့ ကလင်းနစ်ကယ်စမ်းသပ်မှု (human clinical trials) လုပ်ဖို့ လျှောက်ထားလိုက်ပါပြီ။ ဒါက သူတို့ ပြန်ပို့ပေးတဲ့ တိရစ္ဆာန်တွေနဲ့ စမ်းသပ်ထားတဲ့ အစီရင်ခံစာပါ"

​ထိုသို့ပြောပြီးနောက် ကျန်းဖန် သည် လင်းဖန် ကို အသစ်အဆန်းတစ်ခုလို ထူးထူးဆန်းဆန်း ဆက်၍ ကြည့်နေဆဲပင် ဖြစ်သည်။

​"ငါပြောမယ် လောင်ကျန်း၊ မင်း ငါ့ကို ဒီလိုကြီး ကြည့်နေတော့ ငါ့ကိုယ်ငါ အရမ်းချောနေတယ်လို့ ခံစားရစေတယ် သိလား" လင်းဖန် က ပြုံးလျက် ပြောလိုက်သည်။

​"မင်း ပြောနေတာ ဒါကိုလား"

​လင်းဖန် ကလည်း ကျန်းဖန် ကို ထူးဆန်းသော အကြည့်ဖြင့် ပြန်ကြည့်လိုက်ရာ ထိုအကြည့်ကြောင့် ကျန်းဖန် တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားရသည်။

​"ဒါက ငါ့ရဲ့ သုတေသနလို့ အပိုင်တွက်လို့ မရပါဘူး။" လင်းဖန် က ခေါင်းခါယမ်းကာ - "ငါ ဆေးပညာစာအုပ်တွေ ဖတ်တုန်းက ဒီလို ဆေးနည်းမျိုးကို တွေ့ဖူးတာ။ ငါက ဆေးပညာစာအုပ်တွေ အများကြီး ဖတ်တယ်လေ။ ဓာတ်ခွဲခန်းထဲမှာ အားယားနေလို့ ပျင်းပျင်းရှိတာနဲ့ စမ်းသပ်ကြည့်ထားတာပါ။ ဆေးဝါးကုမ္ပဏီကို ဝယ်ယူပြီးတဲ့နောက်မှာ စမ်းသပ်စစ်ဆေးလို့ရအောင် ငါသုတေသနလုပ်ထားတဲ့ ဆေးနည်းကို သူတို့ကို ပေးလိုက်တာပဲ"

​လင်းဖန် သည် အစီရင်ခံစာကို မဖတ်ဘဲ ကျန်းဖန် ကိုသာ ကြည့်လိုက်သည်။

​"ဒါတွေက ဆေးပညာစာအုပ်တွေထဲမှာ မင်းဖတ်ခဲ့တဲ့ အရာတွေပေါ့လေ။" ကျန်းဖန် က ထူးဆန်းစွာ ပြောလိုက်သည်။

​လင်းဖန် ၏ ရုံးခန်းဧရိယာ ဘေးတွင် သိပ္ပံနှင့် နည်းပညာနယ်ပယ် အသီးသီးမှ ဗဟုသုတများ ပါဝင်သော စာအုပ်များစွာ ရှိသည့် စာကြည့်ခန်းအကျယ်ကြီးတစ်ခု ရှိသည်။ သူ ယခင်က အကြိမ်ပေါင်းများစွာ လာခဲ့စဉ်ကလည်း လင်းဖန် စာအုပ်အမျိုးမျိုး ဖတ်နေသည်ကို တွေ့ခဲ့ရသည်။

​"ငါက အပျော်သဘောနဲ့ ဖတ်တာပါ။" လင်းဖန် က သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ - "ဒီအကြောင်းတွေ ထားလိုက်ပါတော့၊ ကလင်းနစ်ကယ်စမ်းသပ်မှု ရလဒ်တွေက ဘာလဲ"

​"တိရစ္ဆာန်တွေနဲ့ စမ်းသပ်ချက်အရတော့ အမှန်ပဲ ထိရောက်မှုရှိပါတယ်။ ဒါ့အပြင် ဒါက အပြင်ပန်းလိမ်းဆေး ဖြစ်လို့ ဘာအဆိပ်အတောက် ဖြစ်စေတဲ့ ပါဝင်ပစ္စည်းမှ မတွေ့ရသလို အခုထိတော့ ဓာတ်မတည့်တာမျိုးလည်း မတွေ့ရသေးပါဘူး"

​"လုံထန်ဆေးဝါးလုပ်ငန်းဘက်က သတင်းအရတော့ ဒီလိုဆေးမျိုးက လူသားတွေနဲ့ ကလင်းနစ်ကယ်စမ်းသပ်မှု အောင်မြင်သွားရင် ကြီးမားတဲ့ ဈေးကွက်ကို ရရှိမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ရည်မှန်းချက်ကို ခွဲစိတ်စရာမလိုဘဲ အောင်မြင်စေမှာပါ။ အကယ်၍ ဒါသာ ဈေးကွက်ထဲ ရောက်လာရင် ဆီလီကွန်ခေတ်ကို နှုတ်ဆက်လိုက်လို့ ရပြီလို့တောင် ပြောလို့ရပါတယ်"

​ကျန်းဖန် သည် အစီရင်ခံစာကို ဖတ်ပြီး ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူ အစီရင်ခံစာကို မြင်ပြီးနောက်မှသာ လင်းဖန် က ဆေးဝါးကုမ္ပဏီကို သုတေသနလုပ်ရန် ပေးလိုက်သည့်အရာမှာ ရင်သားကြီးထွားဆေး ဖြစ်ကြောင်း သိလိုက်ရခြင်း ဖြစ်သည်။

​ဆေးဝါးတစ်မျိုး တီထွင်ထုတ်လုပ်ပြီး ဈေးကွက်ထဲသို့ ဖြန့်ချိရန်အထိ အချိန်ကာလ ကြာမြင့်တတ်သည်ကို လင်းဖန် လည်း သိရှိထားသည်။ ထို့ကြောင့် ဤကိစ္စကို အလောတကြီး လုပ်၍မရပေ။

​"ငါ့ဆီမှာ နောက်ထပ် ဆေးနည်းတစ်ခု ရှိသေးတယ်။ ဒါကို သုတေသနအဖွဲ့ကို ပေးပြီး လေ့လာခိုင်းလိုက်ပါဦး။"

​လင်းဖန် ခဏမျှ စဉ်းစားပြီးနောက် ဒေတာဘေ့စ် (database) ထဲသို့ ဝင်ကာ အားတိုးဆေး (aphrodisiac) ဆေးနည်းကို ယူအက်စ်ဘီ (USB) ထဲသို့ ကူးထည့်ပြီး ကျန်းဖန် ထံ ကမ်းပေးလိုက်သည်။

​"ဥက္ကဌကတော့ တကယ့်ကို စူပါမန်းပဲ။"

ကျန်းဖန် က လင်းဖန်ကို အံ့ဩစွာကြည့်၍ - "ဒီတစ်ခါကော ဘာဆေးလဲ"

​"နောက်မှ အချက်အလက်တွေကို ဖွင့်ပြီး မင်းဘာသာမင်းပဲ ကြည့်လိုက်တော့။"

​ရှက်ကိုးရှက်ကန်း ဖြစ်ရမည့် အခြေအနေကို ရှောင်လွှဲရန်အတွက် လင်းဖန် က ထုတ်မပြောခဲ့ပေ။

​"ကောင်းပါပြီ။" ကျန်းဖန် က ယူအက်စ်ဘီကို သေချာ စိုက်ကြည့်ကာ - "ဒီနေ့ ငါအပေါ်တက်လာတာ ကိစ္စတစ်ခု ပြောမလို့။ နောက်အပတ်ကျရင် ယန်ကျင်း နိုင်ငံတကာ ကွန်ဖရင့်စင်တာ (Yanjing International Conference Center) မှာ တရုတ်အင်တာနက်ညီလာခံ (China Internet Conference) ကျင်းပမယ်။ မင်းကော"

​"ငါ့ကို သွားစေချင်တာမလား" လင်းဖန် က မေးလိုက်သည်။

​"အဲဒီအချိန်ကျရင် ပြည်တွင်းက နည်းပညာဘီလူးကြီးတွေ အားလုံး လာကြလိမ့်မယ်။ ကုမ္ပဏီဂရုဖ်က ထုတ်ကုန်ပြခန်းနေရာ လျှောက်ထားပြီးသားမို့ ထိပ်တန်းနည်းပညာထုတ်ကုန်တစ်ခု လိုအပ်တယ်။ ဥက္ကဋ္ဌအနေနဲ့ မျက်နှာပန်းလှအောင် ရိုဘော့တစ်ရုပ်လောက် ယူသွားမလား"

​ကျန်းဖန် က ဘေးတွင် ရပ်နေသည့် ရိုဘော့ကို လှမ်းကြည့်လိုက်သည်။ သူ ဤရိုဘော့ကို မက်မောနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လင်းဖန် က ဘယ်သောအခါမျှ အပြင်သို့ မထုတ်ပြခဲ့ပေ။

​"ကောင်းပြီလေ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ လောလောဆယ် အလောတကြီး လုပ်စရာ ဘာမှမရှိဘူး။" လင်းဖန် သဘောတူလိုက်သည်။ ငလျင်တိုင်းတာရေးကိရိယာ ထုတ်လုပ်မှုကို ရိုဘော့ထံ လွှဲအပ်ထားမည်ဖြစ်ရာ လောလောဆယ် သူကိုယ်တိုင် ပါဝင်ရန် သိပ်မလိုတော့ပေ။ 3D ပရင်တာ အဆင့်မြှင့်တင်မှုကိုလည်း ရိုဘော့ထံ လွှဲအပ်နိုင်သည်။ အခန်းအပူချိန် လျှပ်ကူးပစ္စည်း သုတေသနအတွက်မူ စမ်းသပ်ကိရိယာအချို့ လိုအပ်နေသေးသဖြင့် လောလောဆယ် လေ့လာရန် မဖြစ်နိုင်သေးပေ။ လုပ်စရာများစွာ ရှိနေပုံရသော်လည်း ရှုန်တာ ထိန်းချုပ်ထားသည့် ရိုဘော့၏ အကူအညီဖြင့် သူကိုယ်တိုင် လုပ်ရမည့်အရာမှာ များများစားစား မရှိလှပေ။

​"ဒါဆို အဲဒီအတိုင်း ဆုံးဖြတ်လိုက်ပြီနော်။" ကျန်းဖန် က ပြောသည်။

​ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ကျန်းဖန် သည် ရုံးခန်းမှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ လင်းဖန် လည်း အားမနေဘဲ ကိုယ်ပိုင်ဓာတ်ခွဲခန်းသို့ တိုက်ရိုက် ပြန်သွားခဲ့သည်။

​"ရှုန်တာ၊ မင်း သီးခြားလွတ်လပ်တဲ့ စမတ်ဆော့ဖ်ဝဲလ်တစ်ခုကို ရေးပြီး ရိုဘော့ထဲကို ထည့်သွင်းလိုက်ပါ။ ဉာဏ်ရည်က သိပ်ပြီး မြင့်နေစရာမလိုဘူး၊ ဖန်ကု (Pangu) ထက် နည်းနည်း ပိုကောင်းရင် ရပြီ၊ အမိန့်တွေကို အကောင်အထည်ဖော်နိုင်ရင် ရပြီ။"

​နောက်ပိုင်းတွင် သူသည် တရုတ်အင်တာနက်ညီလာခံသို့ တက်ရောက်ရမည် ဖြစ်သည်။ ရိုဘော့မှာ သူ့ဓာတ်ခွဲခန်းထဲတွင် ရှိနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ဤအခွင့်အရေးကို အသုံးချပြီး ရိုဘော့ကို လူထုရှေ့မှောက်သို့ ချပြရန်ဖြစ်သည်။ မည်သို့သော တုံ့ပြန်မှုမျိုး ရှိလာမည်ကိုမူ ထိုအချိန်ကျမှသာ သိရပေလိမ့်မည်။

​"ကောင်းပါပြီ သူဌေး။"

​ရှုန့်တာ ကို စမတ်ဆော့ဖ်ဝဲလ် ရေးခိုင်းပြီးနောက် လင်းဖန် က 3D ပရင်တာ၏ တိကျသော အစိတ်အပိုင်းအချို့ကို စတင်မွမ်းမံပြင်ဆင်တော့သည်။ ဤကဲ့သို့သော အစိတ်အပိုင်းများအတွက် ရိုဘော့များမှာ ထိုမျှအထိ တိကျသော အလုပ်ကို မလုပ်ဆောင်နိုင်သေးသဖြင့် သူကိုယ်တိုင်သာ လုပ်ဆောင်ရခြင်း ဖြစ်သည်။

​တစ်ပတ်တာ အချိန်မှာ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။ တရုတ်အင်တာနက်ညီလာခံ မစတင်မီ တစ်ရက်အလိုအထိ လင်းဖန် နှင့် မိုရှင်းယာ တို့သည် မြို့တော်သို့ သွားမည့် လေယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။ ဒါသည် လင်းဖန် အတွက် ဤကဲ့သို့ ကြီးမားသော ညီလာခံမျိုးသို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သောကြောင့် အနည်းဆုံးတော့ အတွေ့အကြုံ အနည်းငယ်ရှိသည့် မိုရှင်းယာ ကို အတူတူ လိုက်ပါစေရန် ကျန်းဖန် က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ လင်းဖန် အတွက်မူ အင်တာနက်ညီလာခံ ဆိုသည်မှာ နာမည်သာ ကြားဖူးပြီး ပထမဆုံးအကြိမ် တက်ရောက်ရခြင်း ဖြစ်သဖြင့် မျှော်လင့်ချက်အချို့ ရှိနေဆဲပင် ဖြစ်သည်........။

​လုံထန်ဂရု၏ ယန်ကျင်းရုံးခွဲတွင် ဖြစ်သည်။

​ကျန့်ရှန်း နှင့် ဝန်ထမ်းတစ်စုမှာ တံခါးဝတွင် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်စောင့်စားနေကြပြီး ၎င်းတို့၏ လက်ပတ်နာရီများကို ခဏခဏ ကြည့်နေကြသည်။ သူသည် ကျန်းဖန် က လူရှာဖွေရေး အေဂျင်စီ (headhunting company) မှတစ်ဆင့် ခေါ်ယူခန့်အပ်ထားသော ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦးဖြစ်ပြီး ယခုအခါ လုံထန်ဂရု၏ မြို့တော်ရုံးခွဲကို စီမံခန့်ခွဲရန် တာဝန်ယူထားရသူ ဖြစ်သည်။

​ယခင်က ကျန်းဖန် က လူခေါ်ယူပြီး ရုံးခွဲတစ်ခု တည်ထောင်စဉ်က ကျန်းဖန် ပေးသော လစာမှာ နည်းလွန်းသဖြင့် ပရော်ဖက်ရှင်နယ် မန်နေဂျာအများစုမှာ မလာချင်ကြပေ။ သို့သော် ယခုအခါတွင်မူ သူ၏ ယခင်ပြိုင်ဘက်ဟောင်း အများအပြားမှာ လုံထန်ဂရုသို့ ဝင်ရောက်ရန် အလွန် လိုလားနေကြပြီ ဖြစ်သည်။

​ဒီနေ့ လင်းဖန် လာမည်ဟူသော သတင်းကို ကြားရသောအခါ သူ အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ သူသည် ကုမ္ပဏီ၏ အကြီးဆုံးဌာနချုပ် သူဌေးကြီးနှင့် အနီးကပ် မထိတွေ့ဖူးသဖြင့် သူ၏ စရိုက်ကို မသိပေ။ သူသည် လင်းဖန် ကို အင်တာနက်ပေါ်တွင်သာ မြင်ဖူးပြီး ကျောင်းပြီးခါစ လူငယ်တစ်ဦးမျှသာ ဖြစ်သည်။ လင်းဖန် ၏ ပုံရိပ်ကို ပထမဆုံး မြင်လိုက်ရစဉ်က သူ၏ ဘဝအမြင်မှာ ပြိုလဲသွားခဲ့ရသည်။ သူသည် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရသော်လည်း ကျောင်းပြီးခါစ ကျောင်းသားတစ်ဦးက သူ့ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

​တရုတ်အင်တာနက်ညီလာခံကို မနက်ဖြန်တွင် ကျင်းပမည် ဖြစ်သည်။ လုံထန်ဂရု၏ အင်တာနက်ညီလာခံ တက်ရောက်ရန် ဖိတ်ကြားချက်အများစုကို ၎င်းတို့၏ မြို့တော်ရုံးခွဲကပင် ကိုင်တွယ်ဆောင်ရွက်ရသည်။ သူသည် အင်တာနက်ညီလာခံတွင် ပါဝင်စဉ်အတွင်း လင်းဖန် ကိုလည်း ကူညီပေးရမည် ဖြစ်သည်။

​သူ လင်းဖန် နှင့် မည်သို့ ဆက်သွယ်ပြောဆိုရမည်ကို စဉ်းစားနေစဉ်မှာပင် လင်းဖန် နှင့် သူ၏အဖွဲ့သည် အတွင်းရေးမှူး၏ ဦးဆောင်မှုဖြင့် ကုမ္ပဏီတံခါးဝသို့ ရောက်ရှိလာခဲ့သည်။ အလယ်တွင် လျှောက်လာနေသော လင်းဖန် ကို မြင်လိုက်ရသောအခါ ကြိုဆိုနေကြသည့် ဝန်ထမ်းများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ လင်းဖန် ကို အလွန်ချောမောသော လူချောတစ်ယောက်ဟု မပြောနိုင်သော်လည်း သူသည် ခန့်ညားပြီး၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိကာ၊ ငယ်ရွယ်ပြီး အလားအလာရှိသူ ဖြစ်သဖြင့် ထုတ်ဖော်ပြသခံရပြီးနောက် အမျိုးသမီးများစွာ၏ စိတ်ကူးယဉ် အိမ်မက်ထဲက လူသားတစ်ဦး ဖြစ်လာခဲ့သည်။

​အကယ်၍ ၎င်းတို့သာ လင်းဖန် ၏ မျက်စိကျခြင်းကို ခံရပါက ဤဘဝတွင် ပူပင်သောကကင်းဝေးပြီး မိမိတို့ အလိုရှိသလို နေထိုင်နိုင်မည် ဖြစ်သည်။ လူအချို့မှာ လက်ခုပ်တီးကာ ရှေ့ဆုံးသို့ တိုးဝှေ့လာကြပြီး ထိုလူငယ်သူဌေးက ၎င်းတို့ကို သတိထားမိစေရန် မျှော်လင့်နေကြသည်။

​လင်းဖန် က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန့်ရှန်း ထံသို့ သူ၏ အကြည့်ကို ပို့လွှတ်လိုက်သည်။

...............................................................

All Chapters