← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄ - ဟွမ်ထိုင်ဂိုဏ်းနှင့် ကျားနီခန်းမ။

ဝေ့ကျင်းပေါ်စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဘိုးဘေးဝေ့ချွမ်ဟဲက ကြားဖြတ်၍ပြောလိုက်သည်။

"သူတို့ အသက်ရှင်ကျန်ရစ်ဖို့က ငါတို့နဲ့ ဘာမှမဆိုင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ အကယ်၍ ကျားနီခန်းမက ဟွမ်ထိုင်ဂိုဏ်းကို သိမ်းပိုက်ပြီး ပိုင်ရှန်းချိုင့်ဝှမ်းတစ်ခုလုံးကိုပါ သိမ်းသွင်းသွားမယ်ဆိုရင်... ပိုင်ရှန်းချိုင့်ဝှမ်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ငါတို့ရဲ့ ကူယွန်းတောင်တန်းလည်း အန္တရာယ်ရှိလာလိမ့်မယ်။"

"သူတို့ရဲ့ အစာအိမ်က တော်တော်ကြီးတာပဲ။ ဒါက နည်းနည်း အလွန်အကျွံ ဖြစ်မနေဘူးလား။"

"အခုဖြစ်နေတဲ့ သောင်းကျန်းမှုတွေက အရင်ကထက်တောင် ပိုဆိုးသေးတယ်။ ငါတို့အရှေ့ဘက်က လင်ရှီးဂိုဏ်းနဲ့ ဝမ်ချွမ်ဂိုဏ်းတွေဆိုရင် တစ်ခုပြီးတစ်ခု အပြင်းအထန် ဒဏ်ရာရ ပျက်စီးကုန်ပြီ။ အသက်ရှင်ကျန်ရစ်တဲ့ တပည့်တွေနဲ့ အကြီးအကဲတွေက အရင်းအမြစ်တွေ ဆုံးရှုံးသွားတော့ ပတ်ဝန်းကျင်က အင်အားစုတွေကို လိုက်လံလုယက်နေကြတယ်။ အခြားနေရာတွေမှာလည်း မကြာသေးခင်က အစွမ်းထက်တဲ့ လွတ်လပ်သောကျင့်ကြံသူတွေ အများကြီး ထွက်ပေါ်လာတယ်။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ သွေးမြစ်ဂိုဏ်းရဲ့ ကျိုးမိသားစုကပဲ လှည့်ကွက်ဆင်နေတာလို့ ငါသံသယရှိတယ်။ အပေါ်ယံမှာတော့ ချင်းလုံဂိုဏ်းကို မျက်နှာပေးထားပြီး လက်တွေ့မှာတော့ အစွမ်းထက်တဲ့ ကျင့်ကြံသူအချို့ကို သုံးပြီး ပြဿနာ ဆက်ရှာနေတာပဲ။ ပြီးခဲ့တဲ့တစ်ခေါက် မြွေမွေးတဲ့လူကလည်း သူတို့ထဲကတစ်ယောက် ဖြစ်ဖို့များတယ်။"

"ဟွမ်ထိုင်ဂိုဏ်းက ပြောတာကတော့ ငါတို့နဲ့ မဟာမိတ်ဖွဲ့ချင်တယ်တဲ့။ ဒါမှ ကူယွန်းတောင်တန်းနဲ့ ပိုင်ရှန်းချိုင့်ဝှမ်းတို့ အပြန်အလှန် ကူညီပြီး ဒီမငြိမ်မသက်ဖြစ်နေတဲ့ ကာလကြီးကို ကျော်ဖြတ်နိုင်မှာမလို့ပါ။"

"ပိုင်ရှန်းချိုင့်ဝှမ်းတစ်ခုလုံးမှာ မန်ရှင်းအဆင့် ၆ တစ်ယောက် အဆင့် ၅ အနည်းငယ်နဲ့ အခြား မန်ရှင်းအဆင့်ကျင့်ကြံသူတွေ အများကြီးရှိတာ။ ငါတို့ ဝေ့မိသားစုက အပေါ်ယံမှာ ဘိုးဘေးတစ်ယောက်ပဲ မန်ရှင်းအဆင့် ၂ ရှိပြီး ကျန်တဲ့သူတွေက အဆင့် ၁ ပဲ ရှိကြတာလေ။ အဲဒီလိုတွေးကြည့်ရင် သူတို့နဲ့ မဟာမိတ်ဖွဲ့တာက ငါတို့ဘက်က အမြတ်ထွက်နေတာပေါ့။"

"လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ငါတို့ ကူယွန်းတောင်တန်းက ပိုင်ရှန်းချိုင့်ဝှမ်းနဲ့ အဆင့်အတန်းချင်း မယှဉ်နိုင်ခဲ့ဘူး။ အဲဒီတုန်းက အသန်မာဆုံးဖြစ်တဲ့ ရွှမ်းဖုန်းဂိုဏ်းတောင်မှ ပိုင်ရှန်းချိုင့်ဝှမ်းမှာဆို အောက်ခြေအဆင့်ပဲ ရှိတာ ငါတို့ ဝေ့မိသားစုဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။ အခု ဟွမ်ထိုင်ဂိုဏ်းက ကိုယ်တိုင်ကိုယ်ကျ မဟာမိတ်လာဖွဲ့တယ်ဆိုတော့ သူတို့ ငါတို့အပေါ် တကယ်ပဲ အထင်ကြီးပေးတာပဲ။"

"အဲလိုလည်း ပြောလို့မရဘူးလေ။ ငါတို့ဆီမှာ ရှောင်ချီနဲ့ လီယို ရှိနေတာပဲ မဟုတ်ဘူးလား။ ဒီအဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအား နှစ်ခုက သူတို့ရဲ့ မန်ရှင်းအဆင့် ၅ ဆယ်ယောက်ထက်မက တန်ဖိုးရှိပါတယ်။ ငါတို့ကိုယ်ငါတို့ အထင်မသေးသင့်ဘူး။"

အကြီးအကဲနှစ်ဦးက အလေးအနက် သုံးသပ်နေကြသော်လည်း ဝေ့ဝူမှာမူ မရယ်ဘဲ မနေနိုင်တော့ချေ။ အစပိုင်းတွင် ပြုံးရုံသာ ပြုံးမိသော်လည်း နောက်ပိုင်းတွင် သူ၏ နှုတ်ခမ်းများမှာ တဖြည်းဖြည်း ကောက်ကွေးလာပြီး အထိန်းအကွပ်မဲ့စွာ ကျယ်လောင်လာခဲ့သည်။

သူသည် ဝမ်းဗိုက်ကို နှိပ်ကာ ခါးခေါက်မတတ် တဟားဟားနှင့် ခန်းမကြီးအတွင်း ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

"ဟားဟားဟားဟားဟားး"

ဘိုးဘေး ဝေ့ချွမ်ဟဲနှင့်ဝေ့ကျင်းပေါ်တို့မှာ ဤမြင်ကွင်းကြောင့် ဆွံ့အသွားကြရသည်။ သူတို့ ခဏမျှ ကြောင်အသွားပြီးနောက် မျက်လုံးများထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ဒီကလေးကတော့..."

"ဝူအာ... မင်း စိတ်လွတ်သွားလို့ မဖြစ်ဘူးနော်။"

ဘိုးဘေးဝေ့ချွမဟဲက အော်ဟစ်လိုက်သည်။

ဝေ့ဝူရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ဝိညာဉ်ချီအလျဉ်တစ်ခုကို ထုတ်လွှတ်ကာ ခန်းမ၏ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်လိုက်သည်။ ထို့နောက် ဘိုးဘေးနှင့် အဖေဖြစ်သူတို့၏ ဇဝေဇဝါနှင့် စိုးရိမ်နေသော အကြည့်များအောက်တွင် သူသည် တီဂါ၊ နာရူတို၊ မြူတူး နှင့် လူဖီစသည့် အရုပ်အချို့ကို ထုတ်ယူလိုက်သည်။

ဤအရုပ်လေးခုစလုံးမှာ မန််ရှင်းအဆင့် ၈ များ ဖြစ်ကြသည်။ ရွှံ့ရုပ်လေးများနှင့် တူနေသော ထိုအရာလေးခုကို ကြည့်ပြီး ဘိုးဘေးဝေ့ချွမ်ဟဲနှင့် ဝေ့ကျင်းပေါ်တို့မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြရသည်။

သို့သော်လည်း ဝေ့ဝူကကြီးထွားစေဟု အမိန့်ပေးလိုက်သည်တွင် အရုပ်လေးခုမှာ ချက်ချင်းပင် ခန္ဓာကိုယ်များ ကြီးမားလာခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် အစွမ်းထက်လှသော ဖိအားလှိုင်းများ ပျံ့လွင့်ထွက်ပေါ်လာခဲ့တော့သည်။

"ဝူး..."

ဘိုးဘေးဝေ့ချွမ်ဟဲနှင့် ဝေ့ကျင်းပေါ်တို့ ထိတ်လန့်သွားပြီး ချက်ချင်းပင် နောက်သို့ ဆုတ်ခွာလိုက်ကြသည်။

ထို့နောက်ဝေ့ဝူ၏ သဘောကျနေသော အကြည့်အောက်တွင် သူတို့ နောက်ဆုံး၌ သဘောပေါက်သွားကြတော့သည်။

"ဒါတွေအားလုံးက ရုပ်သေးရုပ်တွေလား။"

ဝေ့ဝူခေါင်းကို မြင့်မြင့်မော့ကာပြောလိုက်သည်။

"ကျွန်တော့်ဆီမှာ ဒီလိုရုပ်သေးရုပ် စုစုပေါင်း ၂၁ ရုပ် ရှိတာ။ သူတို့ထဲမှာ မန်ရှင်းအဆင့် ၉ ရှိတဲ့သူ သုံးယောက်တောင် ပါသေးတယ်။"

"မန်ရှင်းအဆင့် ၉ "

ဘိုးဘေး ဝေ့ချွမ်ဟဲအံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

ခဏမျှကြာပြီးနောက်တွင်မူ အကြီးအကဲနှစ်ဦးမှာ ဤကြီးမားလှသော ဝမ်းမြောက်စရာ သတင်းကောင်းကို လက်ခံနိုင်သွားကြသည်။

"ဒီရုပ်သေးရုပ်တွေက တကယ့်လူတွေအတိုင်း အသက်ဝင်လှချေလား။"

ဝေ့ကျင်းပေါ်က ရုပ်သေးရုပ်များကို ပတ်ပတ်လည် လျှောက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒီရုပ်သေးရုပ်တွေသာ ရှိရင် ငါတို့က ပိုင်မိသားစုအောက်မှာ အစွမ်းအထက်ဆုံး အင်အားစု ဖြစ်လာတော့မှာပဲ။"

ဤရုပ်သေးရုပ်များကို ကြည့်ရင်း ယခင်က ဝေ့မိသားစုရင်ဆိုင်ခဲ့ရသော အခက်အခဲများကို ပြန်လည်တွေးတောမိကာ ဘိုးဘေးနှင့် အဖေဖြစ်သူတို့မှာ ရင်ထဲတွင် အတန်ငယ် နင့်ခနဲ ဖြစ်သွားရပြီး ကြီးမားလှသော လုံခြုံမှုအတိကို ခံစားလိုက်ရသည်။

"ဝူအာ... ငါတို့ ဝေ့မိသားစုက တကယ်ပဲ မင်းကို အကြွေးတင်နေပါပြီ။"

ဘိုးဘေးဝေ့ချွမ်ဟဲက သက်ပြင်းချလိုက်သည်။ အကယ်၍ဝေ့ဝူသာ မရှိပါက ဝေ့မိသားစုမှာ လီမိသားစုအရေးအခင်းကတည်းက ပျက်စီးသွားခဲ့လောက်ပြီ ဖြစ်ပြီး ယနေ့ကဲ့သို့ မန်ရှင်းအဆင့် ၉ ကျွမ်းကျင်သူများက မိသားစုကို စောင့်ရှောက်ပေးမည့် အခြေအနေမျိုးကို အိပ်မက်ပင် မက်ဝံ့ကြမည် မဟုတ်ပေ။

ဝေ့ဝူက ဘိုးဘေးအား ထိုသို့မပြောရန်နှင့် မိသားစုအတွက် လုပ်ဆောင်ပေးခြင်းမှာ သူ၏ တာဝန်သာဖြစ်ကြောင်း ပြောကြားလိုက်သည်။

"ဝိညာဉ်သန္ဓေအဆင့် အင်အားစုတွေကို သွားမနှောင့်ယှက်သရွေ့တော့ ဒီမငြိမ်မသက် ကာလကြီးထဲမှာ ငါတို့ မိသားစု ဘေးကင်းမှာ သေချာသွားပြီ။"

ဆက်လက်၍ ဝေ့ဝူသည် ရုပ်သေးရုပ်များကို စတင်ခွဲဝေတော့သည်။ သူသည် မန်ရှင်းအဆင့် ၉ ရှိသော ဆူနာဒေအပြင် မန်ရှင်းအဆင့် ၈ ရှိသော တီဂါနှင့် နာရူတိုတို့ကို မိမိဘေးတွင် ထားရှိရန် ရွေးချယ်လိုက်သည်။

အရေးကြီးသော စီနီယာမလေး ကာဆူမိဂါအိုကာ အုတာဟ မှာလည်း ချန်လှပ်ထား၍ မရပေ။ ကျန်ရှိသော ၁၇ ရုပ်ကိုမူ ဝေ့ဝူက မိသားစုဝင်များ အသုံးပြုနိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ပြီး မည်သို့စီမံခွဲဝေမည်ကို ဝေ့ကျင်းပေါ်အား ဆုံးဖြတ်ခိုင်းလိုက်သည်။

သူသည် အထူးညွှန်ကြားချက်အချို့ကိုပါ မှာကြားခဲ့သည်။

၁။ တီမိုကို မိသားစုနယ်မြေအတွင်း၌ မှိုဗုံးများထောင်ကာ ထောင်ချောက်ဆင်ခိုင်းထားနိုင်သည်။ သို့သော် မိမိလူများကို မထိခိုက်စေရန် သတိပြုရမည်။

၂။ နာဆပ်စ်သည် တိုက်ခိုက်မှုစွမ်းအားကို ထပ်ဆင့်မြှင့်တင်နိုင်သဖြင့် သူ့ကို မိစ္ဆာသားရဲများအား လိုက်လံသတ်ဖြတ်စေပြီး စွမ်းအားမြှင့်တင်ခိုင်းထားနိုင်သည်။

၃။ ဆိုရီကာမှာ ဒဏ်ရာများကို ကုသပေးနိုင်သဖြင့် အိမ်တွင်ပဲ အခြေစိုက်ထားသင့်သည်။

၎။ ဂျင့်စ်သည် အလွန်ဝေးကွာသော အကွာအဝေးသို့ ဒုံးကျည်များ ပစ်ခတ်နိုင်သဖြင့် အိမ်တွင်ရှိနေရုံဖြင့် အဝေးမှ ပစ်ကူပေးနိုင်သည်။

၅။ ဘိုအာ ဟန်ကော့ခ်မှာမူ ရုပ်သေးရုပ် ဖြစ်သော်လည်း ဆွဲဆောင်မှုစွမ်းရည် ရှိသဖြင့် လူမြင်ကွင်းသို့ ခဏခဏ မထွက်စေရန် သတိပြုရမည်။

နောက်ဆုံးအချက်အနေဖြင့် ဤရုပ်သေးရုပ်များကို ထိန်းသိမ်းရန်အတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်လှသဖြင့် လက်ရှိ ဝေ့မိသားစု၏ ဆင်းရဲနွမ်းပါးမှု အခြေအနေအရ လိုအပ်မှသာ အသုံးချရန် မှာကြားခဲ့သည်။

အလုံးစုံ ရှင်းပြပြီးနောက် ဝေ့ဝူသည် အရုပ်၁၇ ရုပ်ကိုဝေ့ကျင်းပေါ်ထံ လွှဲပြောင်းပေးအပ်လိုက်ရာဝေ့ကျင်းပေါ်၏ လက်များမှာ ပါကင်ဆန်ရောဂါ ဖြစ်နေသကဲ့သို့ တုန်တုန်ရင်ရင်ဖြင့် ထိုအရာများကို ခက်ခက်ခဲခဲ လှမ်းယူလိုက်ရရှာသည်။

ဆက်လက်၍ သူတို့သုံးဦးသည် ဟွမ်ထိုင်ဂိုဏ်းအရေးကို ဆက်လက်ဆွေးနွေးကြသည်။

"ငါတို့ဆီမှာ ဒီရုပ်သေးရုပ်တွေ ရှိနေမှတော့..."

"နှုတ်ခမ်းမရှိရင် သွားတွေ ချမ်းလိမ့်မယ် ဆိုတဲ့ အခြေအနေမျိုးကို စိုးရိမ်စရာ မလိုတော့ဘူး။ ဒါကြောင့် ဟွမ်ထိုင်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့နေဖို့ မလိုတော့ပါဘူး။"

ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့ နှစ်ဦးစလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ပြဿနာများကို ရှောင်ရှားနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။ အကယ်၍ ကျားနီခန်းမကသာ အခြေအနေကို နားမလည်ဘဲ ပိုင်ရှန်းချိုင့်ဝှမ်းကို သိမ်းပိုက်ပြီးနောက် ကူယွန်းတောင်တန်းကိုပါ ကျူးကျော်လာခဲ့ပါကဝေ့မိသားစုအနေဖြင့် သူတို့အား ရက်စက်ခြင်းဆိုသည်မှာ မည်သို့အရာမျိုးဖြစ်ကြောင်း ကောင်းကောင်းကြီး သင်ခန်းစာပေးလိုက်မည် ဖြစ်သည်။

ခန်းမကြီးမှ ထွက်ခွာလာပြီးနောက် သူ၏ မသေမျိုးဂူသို့ ပြန်ရောက်သောအခါ ဝေ့ဝူတစ်ယောက် ပြီးမြောက်အောင်မြင်မှု ခံစားချက်ကို ရရှိနေခဲ့သည်။ ဝေ့မိသားစုမှာ နောက်ဆုံး၌ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်ရသည့် ဘဝမှ လွတ်မြောက်ခဲ့ပြီ မဟုတ်ပါလား။

သူသည် တင်ပလ္လင်ခွေထိုင်လိုက်ပြီးနောက် နောက်ဆုံးပစ္စည်းဖြစ်သော လက်ပတ်နာရီကို ထုတ်ယူလိုက်သည်။

မိနစ်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် နာရီ၏ စွမ်းဆောင်ရည်ကို သဘောပေါက်သွားခဲ့သည်။ ၎င်းမှာ သတ်မှတ်ထားသော နယ်ပယ်တစ်ခုအတွင်း အချိန်စီးဆင်းမှုကို မြန်ဆန်စေခြင်း ဖြစ်သည်။ ဤမျှ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော စွမ်းရည်ပင် ဖြစ်သည်။

သိန်းချီတန်ဖိုးရှိသော နာရီကြီးမှာ ကုဗပေ ၁၀ ပတ်လည် အတွင်း၌ အချိန်စီးဆင်းမှုကို ငါးဆအထိ မြန်ဆန်စေနိုင်သည်။ ဆိုလိုသည်မှာ အပြင်ဘက်တွင် တစ်နာရီ ကုန်ဆုံးပါက ဤနယ်ပယ်အတွင်း၌ ငါးနာရီ ကုန်ဆုံးသွားမည် ဖြစ်သည်။

တစ်နည်းအားဖြင့် အခြားသူများ တစ်ရက်ကျင့်ကြံချိန်တွင် မိမိက ငါးရက်စာ ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။ အကယ်၍ မိသားစုဝင်များကို ၎င်းအတွင်း၌ ကျင့်ကြံခွင့်ပေးပါက တိုတောင်းသော အချိန်အတွင်း ကျင့်ကြံခြင်းအဆင့်များကို အကြီးအကျယ် မြှင့်တင်နိုင်မည် ဖြစ်သည်။

၎င်းအပြင် ကျင့်စဉ်များ လေ့ကျင့်ခြင်း၊ ဝိညာဉ်ဆေးဝါးများ စိုက်ပျိုးခြင်းနှင့် မိစ္ဆာသားရဲများ မွေးမြူခြင်းတို့တွင်လည်း အချိန်ကို အများကြီး တိုတောင်းသွားစေနိုင်သည်။ သောင်းဂဏန်းတန် နာရီလေးမှာမူ နယ်ပယ် ပိုမိုသေးငယ်ပြီး ကုဗပေ ၁ ပတ်လည်အောက်သာ ရှိကာ အချိန်ကို နှစ်ဆသာ မြန်ဆန်စေနိုင်သည်။

ဝေ့ဝူစဉ်းစားကြည့်ရာ ဤနာရီကို ဝေ့ကျင်းပေါ်ထံ မပေးသေးရန် ဆုံးဖြတ်လိုက်သည်။ ဤအရာက အလွန်တရာ ထိတ်လန့်စရာကောင်းလှသဖြင့် မိမိဘေးတွင်သာ ထားရှိခြင်းက ပိုမိုဘေးကင်းပေလိမ့်မည်။

သူသည် သိန်းချီတန်နာရီကြီးကို မိသားစုဝင်များ ကျင့်ကြံရန်အတွက် လျှို့ဝှက်နယ်မြေအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီး လောလောဆယ်တွင် အကြီးအကဲများကိုသာ အရင်ဆုံး စမ်းသပ်အသုံးပြုခိုင်းရန် စီစဉ်လိုက်သည်။

သောင်းဂဏန်းတန် နာရီလေးကိုမူ မိမိကိုယ်ပိုင် ရတနာအဖြစ် အသုံးပြုမည်ဖြစ်ရာ ရန်သူများနှင့် တိုက်ခိုက်သည့်အခါ အံ့ဖွယ်အာနိသင် ရှိလာမည် ဖြစ်သည်။ ဤနာရီနှစ်လုံးစလုံးမှာ အချိန်ကို မြန်ဆန်အောင်သာ လုပ်ဆောင်နိုင်ပြီး နှေးကွေးအောင် မလုပ်ဆောင်နိုင်ချေ။ ထို့အပြင် ၎င်းတို့သည် ဝိညာဉ်ချီ အမြောက်အမြားကို စားသုံးကြပေသည်။

ဝေ့ဝူသည် ယခုတစ်ခေါက် ယူဆောင်လာခဲ့သော ပစ္စည်းများကို ပြန်လည်သုံးသပ်ကြည့်ရာ ဝိညာဉ်ချီ ဟူသော စကားလုံးနှစ်လုံးမှ မလွတ်ကင်းနိုင်သည်ကို တွေ့ရသည်။

ထို့ကြောင့် သူသည် ကန်စွန်းဥကိုလည်း ရှောင်လွှဲ၍ မရနိုင်ချေ။ ယခုအချိန်တွင် သူ အနည်းငယ် မရေမရာ ဖြစ်လာခဲ့သည်။

"ဒီတစ်သုတ်မှာ ကန်စွန်းဥ စုစုပေါင်း ၅၀၀ ကျော်ပဲ ရှိတာ... တကယ်ကော လုံလောက်ပါ့မလား။"

ကန်စွန်းဥအပြင် အသက်သွေးကြောကလည်း ဝိညာဉ်ချီ အမြောက်အမြား ထောက်ပံ့ပေးနိုင်သော်လည်း သူ အသုံးပြုနေသည့် ပုံစံအတိုင်းဆိုပါက မိုင်ပေါင်းထောင်ချီ ရှည်လျားသော အသက်သွေးကြောကြီးပင်လျှင် တစ်နေ့တွင် ခန်းခြောက်သွားနိုင်ပေသည်။

ဝေ့ဝူဤအတွေးများကို ခေတ္တဘေးဖယ်ထားလိုက်ပြီး ယခုအခါ ဆေးဝါးများမှလွဲ၍ ကျန်ပစ္စည်းအားလုံး၏ စွမ်းဆောင်ရည်များကို ရှင်းလင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် မျက်လုံးများကို ပိတ်ကာ အသက်သွေးကြောကို အသုံးပြု၍ သောင်းတန်ရိုလက်စ်နာရီကို အသက်သွင်းလိုက်ပြီး နှစ်ဆသော အချိန်အရှိန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

နောက်ထပ် နှစ်ရက်တာကာလအတွင်း ဝေ့ဝူသည် စိတ်ရောကိုယ်ပါ ကျင့်ကြံခြင်း၌သာ နှစ်မြှုပ်ထားခဲ့သည်။ ဤအတောအတွင်း သူသည် ဝေ့လော့ထံ တစ်ခေါက်သွားရောက်ကာ ခြင်လောက်ကောင် ငါးကောင်နှင့် မောက်ထိုင်အရက် နှစ်ပဲခန့် သွားရောက်ပေးအပ်ခဲ့သည်။

ယင်ကောင်နှင့် ခြင်ကောင်များ ဖြစ်နေသဖြင့် ဝေ့ဝူကိုယ်တိုင်ပင် အနည်းငယ် အားနာမိသော်လည်း ဝေ့လော့မှာမူ အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် ဝေ့ဝူကို လှည့်ပင်မကြည့်တော့ချေ။

ဤနေ့တွင် ဝေ့ဝူကျင့်ကြံနေစဉ်မှာပင် ဝေ့ကျင်းပေါ်က သူ့ကို ထပ်မံခေါ်ယူလိုက်ပြန်သည်။

"ကောင်းပြီလေ... မိုဘိုင်းဖုန်းရှိတော့ ဆက်သွယ်ရတာ အဆင်ပြေပါတယ် ဒါပေမဲ့ ကိစ္စရှိရှိမရှိရှိ ငါ့ကိုပဲ အမြဲလှမ်းခေါ်နေတော့တာပဲ။"

"ငါ ဆုံးဖြတ်လိုက်ပြီ... ငါတို့ ကျားနီခန်းမကို ခုခံဖို့အတွက် ဟွမ်ထိုင်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့မယ်။"

All Chapters