← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) မောက်မာသော ချန်ဖုန်း

အခြားတစ်ဖက်တွင်…

ပရော်ဖက်ဆာဝူတဖူသည် ဗီလာဧရိယာထဲမှ ပစ်ချခံလိုက်ရပေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေကာ လျှပ်စစ်တုတ်ဖြင့် မည်မျှ အထိုးခံလိုက်ရမှန်း သူမသိတော့ချေ။

တစ်ဖက်လူက ဗို့အားကို အလွန်နိမ့်ထားသော်လည်း အတော်လေး နေရခက်နေဆဲ ဖြစ်လေသည်။

"ကျစ်... မင်းတို့ အကုန်လုံး စောင့်နေကြ..."

သူသည် ဗီလာရှိရာဘက်သို့ စူးရှစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားလေ၏။

မကြာမီမှာပင်…ရဲစခန်းသို့ ရောက်ရှိသွားပြီး ကပ္ပတိန်ချန်ကို ရှာတွေ့သွားသည်။

"ကပ္ပတိန်ချန်... ကျွန်တော် မှုခင်းတိုင်ကြားဖို့ လာတာပါ..."

"အော် ပရော်ဖက်ဆာဝူ ပါလား... ဘယ်အမှုကို တိုင်ချင်လို့လဲ..."

ကပ္ပတိန်ချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ဤပရော်ဖက်ဆာဝူကိုလည်း သူ သိထားပေသည်။ သူက ရှေးဟောင်းဇီဝဗေဒ သုတေသနအင်စတီကျုမှ ပရော်ဖက်ဆာတစ်ဦးဟု ဆိုကြသည်။သို့သော် သူ၏ စရိုက်က သိပ်မကောင်းလှချေ။

ပရော်ဖက်ဆာဝူတဖူသည် စိတ်ကိုတည်ငြိမ်အောင်ထား၍ ဒေါသတကြီး ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ရဲ့ သုတေသနအင်စတီကျုက မကြာသေးခင်က မျိုးဗီဇပုံတူပွားခြင်းကနေတစ်ဆင့် မျိုးစိတ်တစ်ခုကို ပြန်လည်ရှင်သန်စေခဲ့တယ်... လွန်ခဲ့တဲ့ နှစ်သန်း ၆၅ သန်းက ပတီးရိုဆောလေ..."

"ပတီးရိုဆော..."

ကပ္ပတိန်ချန် လန့်သွားခဲ့ပေ၏။

ရှေးဟောင်းဇီဝဗေဒအကြောင်း များများစားစား မသိသော်လည်း ပတီးရိုဆောများသည် ဒိုင်နိုဆောများနှင့် ခေတ်ပြိုင် အသက်ရှင်ခဲ့ကြခြင်း ဖြစ်သင့်သည်။

သူတို့က တကယ်ပဲ ပြန်လည်ရှင်သန်လာတာလား…ဒါက ကမ္ဘာတစ်ဝန်းလုံးကို အပြည့်အဝ တုန်လှုပ်သွားစေလိမ့်မည်။

ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ လက်ရှိ နည်းပညာထက် ၂၅ နှစ် သာလွန်တဲ့ ထုတ်ကုန်တစ်ခု ပေါ်လာပြီး အခုကျတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ရှေးဟောင်းသတ္တဝါတွေ ပြန်လည်ရှင်သန်လာပြန်ပြီ…

ပရော်ဖက်ဆာဝူတဖူက ခေါင်းညိတ်လျက် ပြောဆိုလိုက်၏။

"ဒါက အစတုန်းကတော့ သုတေသနအင်စတီကျုအတွက် ကောင်းတဲ့ကိစ္စပါ... ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီပတီးရိုဆောပေါက်လေးက သုတေသနအင်စတီကျုကနေ ထွက်ပြေးသွားခဲ့တယ်..."

"အကျိုးဆက်အနေနဲ့ သူ့ကို ချန်ဖုန်း ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဖမ်းမိသွားတယ်..."

"အဲဒီတက္ကသိုလ်ကျောင်းသားကို ကျွန်တော့်ရဲ့ ပတီးရိုဆောကို ပြန်ပေးဖို့ တောင်းဆိုခဲ့တာ... သူက ငြင်းဆန်ရုံသာမကဘဲ လုံခြုံရေးတွေကိုပါ ခေါ်ပြီး ကျွန်တော့်ကို ကန်ထုတ်ခိုင်းခဲ့တယ်..."

သူ၏ စိတ်ခံစားမှုများ ပြန်လည်မြင့်တက်လာခဲ့ပေသည်။

"ကပ္ပတိန်ချန်... ဒါက ဗြောင်ကျကျ လုယက်တာလို့ ခင်ဗျား မထင်ဘူးလား... သာမန်ပစ္စည်းတွေဆိုရင်တော့ ပြဿနာ မရှိပါဘူး..."

"ဒါပေမဲ့ ဒါတွေက သမိုင်းမတင်မီက သတ္တဝါတွေလေ... သူတို့က သုတေသနအင်စတီကျုအတွက်ရော ရှေးဟောင်းဇီဝဗေဒ နယ်ပယ်တစ်ခုလုံးအတွက်ပါ အရမ်း အရေးပါတာ..."

"ကပ္ပတိန်ချန်... ခင်ဗျား သူ့ကို ဖမ်းဖို့ သေချာပေါက် ကူညီပေးရမယ်..."

ကပ္ပတိန်ချန် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန် တည်ကြည်လေးနက်နေလေ၏။

"ပရော်ဖက်ဆာဝူ... ခင်ဗျားပြောတာ အမှန်ဆိုရင် တရားမျှတမှုရအောင် ကျွန်တော်တို့ သေချာပေါက် ကူညီပေးပါ့မယ်..."

"ဒီကိစ္စက အရမ်း အရေးကြီးတယ်... ကျွန်တော့် အထက်လူကြီးတွေကို အရင် အစီရင်ခံလိုက်ဦးမယ်..."

"အစီရင်ခံမနေပါနဲ့တော့... အချိန်ဆွဲနေရင် နောက်ကျသွားလိမ့်မယ်... ကပ္ပတိန်ချန်... သူ့ကို ဖမ်းဖို့ ကျွန်တော်နဲ့ လိုက်ခဲ့ပါ..."

"ပရော်ဖက်ဆာဝူ... လူတစ်ယောက်ကို ဖမ်းဖို့ဆိုတာ သက်သေလိုတယ်..."

"သက်သေက ယွီလုံအော် ဗီလာဧရိယာထဲမှာ ရှိတယ်... ပတီးရိုဆောက အဲဒီမှာ ရှိနေတာပဲ... စဉ်းစားကြည့်ပါ... ကျွန်တော်တို့ သုတေသနအင်စတီကျုကလွဲရင် တခြားဘယ်သူက ပတီးရိုဆောကို ပြန်လည်ရှင်သန်အောင် လုပ်နိုင်မှာလဲ..."

ပရော်ဖက်ဆာဝူတဖူသည် အချိန်မဖြုန်းရဲချေ။

အချိန်အတော်ကြာ ဖြောင်းဖျပြီးနောက် ကပ္ပတိန်ချန်ကို နောက်ဆုံးတွင် ဆွဲဆောင်နိုင်ခဲ့ပြီး လူတစ်စုသည် ယွီလုံအော် ဗီလာဧရိယာသို့ အလျင်အမြန် ထွက်ခွာသွားကြလေသည်။

ပင်မတံခါးဝသို့ ရောက်သောအခါ…

ကပ္ပတိန်ချန်က သူ၏ အထောက်အထားကို ပြသလိုက်သောကြောင့် လုံခြုံရေးများက သူ့ကို မတားဆီးရဲကြချေ။

ပရော်ဖက်ဆာဝူတဖူသည် မောက်မာပြီး ဘဝင်မြင့်သော အသွင်အပြင်ဖြင့် နောက်မှ လိုက်ပါလာခဲ့၏။

သူက လုံခြုံရေးများကို 'ငါ ပြန်ရောက်လာပြီ' ဟု ပြောနေသကဲ့သို့ပင်။

ချန်ဖုန်းရှိရာ ဗီလာသို့ ရောက်ရှိသောအခါ။

ချန်ဖုန်းနှင့် ပရော်ဖက်ဆာကျုံးချန်အပြင် အခြားပရော်ဖက်ဆာ အနည်းငယ်တို့သည် ပတီးရိုဆောများကို သုတေသနပြုနေကြဆဲဖြစ်ပြီး ပရော်ဖက်ဆာဝူတဖူ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ သူတို့ စိတ်အနှောင့်အယှက် ဖြစ်သွားကြပေသည်။

"ပရော်ဖက်ဆာဝူတဖူ... ခင်ဗျား ဒီကို ဘာလာလုပ်ပြန်တာလဲ..."

"ငါတို့ သုတေသနအင်စတီကျုရဲ့ ပစ္စည်းတွေကို ပြန်ယူဖို့ လာတာလေ..."

ပရော်ဖက်ဆာဝူတဖူက အေးစက်စက် ရယ်မောလိုက်၏။

သူ့ဘေးရှိ ကပ္ပတိန်ချန်ကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။

"သူက ရဲစခန်းက ကပ္ပတိန်ချန် ပဲ... အဲဒီပတီးရိုဆောကို အခုချက်ချင်း အပ်နှံဖို့ အကြံပေးချင်တယ်... အဲဒါက ငါတို့ သုတေသနအင်စတီကျုရဲ့ ပစ္စည်းပဲ..."

"ပရော်ဖက်ဆာဝူတဖူ... ခင်ဗျား လွန်လွန်းနေပြီနော်... ခင်ဗျားရဲ့ သုတေသနအင်စတီကျုက ဆိုတာ ဘာအဓိပ္ပာယ်လဲ... အဲဒါက ရှင်းရှင်းလင်းလင်းကို ချန်ဖုန်းရဲ့ ပစ္စည်းပဲ..."

"ဟုတ်တယ်... ပရော်ဖက်ဆာဝူတဖူ ခင်ဗျားက တကယ်ကို ဘာမဆို ပြောရဲတာပဲ..."

"ပရော်ဖက်ဆာဝူ... ဒါက လွန်လွန်းသွားပြီ..."

ပရော်ဖက်ဆာကျုံးချန်နှင့် အခြားသူများက ခေါင်းခါလိုက်ကြပေ၏။

ယနေ့တွင် သူတို့သည် တစ်ဖက်လူ၏ အရှက်မရှိမှုကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရလေပြီ။ပတီးရိုဆောများသည် အလွန် ရှားပါးသာမှန်သည်။…

‘ဒါပေမဲ့ ခင်ဗျားက ဒီလို အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောလို့ မရဘူးလေ…’

ပရော်ဖက်ဆာဝူတဖူက လှောင်ပြောင်လိုက်သည်။

"ချန်ဖုန်းရဲ့ ပစ္စည်းလို့ ဘယ်သူပြောလဲ... သူလို တက္ကသိုလ်ကျောင်းသားတစ်ယောက်က ပတီးရိုဆောကို ဘယ်ကနေ ရမှာလဲ... ဒါက ငါတို့ သုတေသနအင်စတီကျုက မျိုးဗီဇပုံတူပွားခြင်းကို အသုံးပြုပြီး ပြန်လည်ရှင်သန်စေခဲ့တာ ရှင်းနေတာပဲ..."

"ခင်ဗျား..."

ပရော်ဖက်ဆာကျုံးချန်မှာ စကားပြောစရာမဲ့ဖြစ်သွားရပေ၏။

ဟုတ်တာပေါ့။သူတို့ မည်သို့ပင် ငြင်းခုံစေကာမူ ချန်ဖုန်း၏ လက်ထဲရှိ ပတီးရိုဆော၏ ဇာစ်မြစ်မှာ ရှင်းပြ၍မရနိုင်လောက်အောင် ဖြစ်နေပေသည်။

ဘေးတွင် ရပ်နေသော ကပ္ပတိန်ချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သူကိုယ်တိုင်လည်း အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိသဖြင့် ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။

"အားလုံးပဲ ကျေးဇူးပြုပြီး မငြင်းခုံကြပါနဲ့တော့... မစ္စတာချန်... ဒီပတီးရိုဆောရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးပါ..."

"စိတ်ချပါ... ဥပဒေအတိုင်း မျှမျှတတ ဆောင်ရွက်ပေးပါ့မယ်..."

"ရတာပေါ့..."

ချန်ဖုန်းက နောက်ပြောင်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။

"ပရော်ဖက်ဆာဝူတဖူက သုတေသနအင်စတီကျုက မျိုးဗီဇပုံတူပွားခြင်းကနေတစ်ဆင့် ပြန်လည်ရှင်သန်စေခဲ့တာလို့ ပြောတယ် မဟုတ်လား... ဒါဆို သူက ဒီပတီးရိုဆောရဲ့ မျိုးဗီဇ အချက်အလက်တွေကို သိရမှာပေါ့..."

"ခင်ဗျား တကယ်တတ်နိုင်တယ်ဆိုရင် အဲဒါကို ပြလေ... ကျွန်တော် အတည်ပြုပေးမယ်..."

"ငါ..."

ပရော်ဖက်ဆာဝူတဖူမှာ စကားပြောစရာမဲ့ဖြစ်သွားရပေ၏။

ချန်ဖုန်းက ထပ်ပြောလိုက်သည်။

"ပရော်ဖက်ဆာဝူတဖူ... ခင်ဗျားက သက်သေတောင် မပြနိုင်ဘဲနဲ့

ပတီးရိုဆောက ခင်ဗျားတို့သုတေသန ပိုင်တယ်လို့ပြောရဲတယ်ပေါ့လေ... ခင်ဗျားရဲ့ ဘဏ်ကတ်ထဲက ပိုက်ဆံတွေက ကျွန်တော့်ပိုက်ဆံလို့ ပြောရင်ကော... ခင်ဗျား ကျွန်တော့်ကို ပေးမလား မပေးဘူးလား..."

"ချန်ဖုန်း... အဲဒါက ဆင်ခြေပေးနေတာပဲ..."

ပရော်ဖက်ဆာဝူတဖူသည် ဒေါသကြောင့် တုန်ရီနေခဲ့ပေ၏။

"ဆင်ခြေပေးတာ ဟုတ်လား..."

ချန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာပေါ်တွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

"ကျွန်တော် ဆင်ခြေပေးနေတာ ဟုတ်မဟုတ် ခင်ဗျားကိုယ်တိုင် အသိဆုံးပါ... ပတီးရိုဆောက အခု ကျွန်တော့်လက်ထဲမှာ ရှိနေတာလေ... ခင်ဗျားက သက်သေမပြနိုင်ရင် ကျွန်တော်က ခင်ဗျားကို ဘာလို့ ပေးရမှာလဲ..."

"နောက်ပီးတော့ ခင်ဗျားက ကျွန်တော့်ကို လာနှောင့်ယှက်နေတာ... ခင်ဗျားကိုယ်ခင်ဗျား တကယ်ပဲ အရေးပါတဲ့သူလို့ ထင်နေတာလား..."

"ဒီနေ့ ကပ္ပတိန်ချန် ရှိနေလို့သာပဲ... သူသာ မရှိရင် ခင်ဗျား ကျုပ် ဗီလာထဲကို ခြေလှမ်းဖို့ ကြိုးစားကြည့်လိုက်လေ..."

"သည်းခံတယ်ဆိုတာလည်း

အတိုင်းအတာရှိတယ်နော်...သိပ်ပြီးစည်းကျော်မလာနဲ့…”

“ကျုပ်က ဘာမှမလုပ်တာနဲ့ အနိုင်ကျင့်ရ လွယ်တဲ့သူလို့ မထင်နဲ့..."

ပရော်ဖက်ဆာဝူတဖူသည်လည်း သူ၏ မောက်မာသော အပြုအမူကြောင့် ကြောက်ရွံ့သွားခဲ့ပေ၏။ ထို့နောက်

ဘေးရှိ ကပ္ပတိန်ချန်ကို မြင်သောအခါ သူ့ကို ယုံကြည်မှု အနည်းငယ် ပိုရှိလာစေသည်။

သူက အံကြိတ်လျက် ထပ်ပြောလိုက်၏။

"ဒါဆို… မင်း ပြောပြလေ... မင်းလက်ထဲက အဲဒီ ပတီးရိုဆောကို ဘယ်ကနေ ရလာတာလဲ..."

"ခင်ဗျားကို ဘာလို့ ပြောပြရမှာလဲ... ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ..."

ချန်ဖုန်းက အေးစက်စက် ပြောဆိုလိုက်သည်။

"ခင်ဗျား တစ်ခု နားလည်ထားရမှာက... ဒါက ကျုပ်အိမ်ပဲ…”

"ကျုပ်ပစ္စည်းတွေ ဘယ်ကရလာလဲလို့တောင် ခင်ဗျားက မေးနေသေးတယ်... ကျုပ်က ဘာကိစ္စ ပြောပြမယ်လို့ ထင်နေတာလဲ..."

"ပရော်ဖက်ဆာဝူတဖူ... ခင်ဗျားရဲ့ နည်းလမ်းတွေက တခြားသူတွေကို လှည့်စားနိုင်ရင် လှည့်စားနိုင်လိမ့်မယ်... ဒါပေမဲ့ ချန်ဖုန်းဆိုတဲ့ ကျုပ်ကိုတော့ ဒါမျိုးလာမလုပ်နဲ့...ဒီလိုအရူးကွက်လောက်က ကျုပ်အပေါ် အလုပ်မဖြစ်ဘူး..."

"အို...နောက်ပီးတော့"

သူက ကပ္ပတိန်ချန်ကို ပြန်ကြည့်လိုက်သည်။

"ကပ္ပတိန်ချန်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်အိမ်မှာ ငွေသား ယွမ်သန်းပေါင်းများစွာ ပျောက်သွားတယ်... ပရော်ဖက်ဆာဝူတဖူ ခိုးသွားတယ်လို့ ကျွန်တော် သံသယရှိတယ်..."

"နောက်ကျရင် သူ့အိမ်ကို သွားစစ်ဆေးကြည့်ပါ... တစ်ခုခု တွေ့ချင် တွေ့နိုင်တယ်..."

ပရော်ဖက်ဆာဝူတဖူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။

"ချန်ဖုန်း... မင်းက မဟုတ်မမှန် စွပ်စွဲနေတာပဲ..."

"မဟုတ်မမှန် စွပ်စွဲတာ ဟုတ်လား..."

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ခင်ဗျားတောင် သက်သေမရှိဘဲ ဒီကိုလာပြီး ကျုပ်ဆီက ပစ္စည်းတွေကို လာစစ်နိုင်သေးတာပဲ...ကျုပ်ကလည်း သက်သေမရှိလည်း ဘာလို့ ခင်ဗျားကို တိုင်လို့မရ ရမှာလဲ..."

"ဒီခေတ်လူတွေက တကယ်ကို စံနှုန်းနှစ်မျိုး ထားတတ်ကြတာပဲ..."

"ကပ္ပတိန်ချန်... ဒီလူကို သေချာ စစ်ဆေးပေးပါ... သူက လုံးဝ ရိုးသားတဲ့သူ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်..."

"အင်း..."

ကပ္ပတိန်ချန်မှာ အနည်းငယ် ဒုက္ခရောက်သွားခဲ့ပေ၏။

သက်သေမရှိသဖြင့် ဤတစ်ကြိမ်တွင် သူမလာသင့်ဟု သူကိုယ်တိုင် ခံစားမိလေသည်။

ကျစ်...ပရော်ဖက်ဆာဝူတဖူက သူ့ကို တကယ် လိမ်နေတာပဲ…

"ဘာလဲ... ကျွန်တော်က အဲဒီလို ပြောခွင့်မရှိဘူးလား..."

ချန်ဖုန်းက အေးစက်စက် နှာမှုတ်လိုက်၏။

ရုတ်တရက် သူသည် အိတ်ကပ်ထဲမှ မှတ်ပုံတင်ကတ်တစ်ခုကို ထုတ်ကာ ကပ္ပတိန်ချန်၏ ရှေ့သို့ ပစ်ချလိုက်သည်။

"ဒါက..."

အထောက်အထားကို ကပ္ပတိန်ချန် မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။

All Chapters