← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄) ဖေဖေ မင်းရဲ့သွေးကို လိုအပ်တယ်

စစ်ဘက်ဆိုင်ရာဌာန၏ အထောက်အထားကတ်ပင် ဖြစ်ပေ၏။

သူသည် စစ်ဘက်ဆိုင်ရာဌာနမှ လူများနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း ထိုတံဆိပ်ကိုတော့ မှတ်မိနေလေသည်။

ကပ္ပတိန်ချန်သည် တုန်ရီနေသော လက်များဖြင့် အထောက်အထားကတ်ကို ကောက်ယူလိုက်၏။ကတ်ကို ဖွင့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီသွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။

စစ်သေနာပတိ။

ဘုရားရေ…

ဒါက စစ်ဘက်ဆိုင်ရာဌာန စစ်သေနာပတိရဲ့ အထောက်အထားကတ် အစစ်ကြီးပဲ…

ကပ္ပတိန်ချန်သည် ခေါင်းကို ရုတ်တရက် မော့ကာ ချန်ဖုန်းအား ထိတ်လန့်တကြား ကြည့်လိုက်ပေ၏။

ဒီလူငယ်လေးက စစ်သေနာပတိ လုံးဝ မဖြစ်နိုင်ဘူးလေ။သို့သော် တစ်ဖက်လူတွင် စစ်သေနာပတိ၏ အထောက်အထားကတ် ရှိနေခြင်းက သူနှင့် စစ်သေနာပတိကြားတွင် သာမန်မဟုတ်သော ဆက်ဆံရေးမျိုး ရှိနေကြောင်း ဖော်ပြနေပေသည်။

တွေးကြည့်ရုံနှင့်ပင်

ကြောက်စရာကောင်းလှ၏။လူတိုင်းသိကြသည့်အတိုင်းပင် ဖြစ်သည်။

စစ်သေနာပတိသည် တစ်နိုင်ငံလုံးတွင် အလွန်မြင့်မားသော ရာထူးနေရာတစ်ခုကို ရယူထားပြီး သူမ၏ အထောက်အထားကတ်သည် အလွန် ကြီးမားသော ဩဇာအာဏာ ရှိပေ၏။ ထိုမျှ အရေးကြီးသော ပစ္စည်းကို ချန်ဖုန်းထံ ယုံကြည်စိတ်ချစွာ ပေးအပ်ထားခြင်းက အတော်လေး အံ့သြဖွယ်ကောင်းလှသည်။

ဤသည်က စစ်သေနာပတိ၏ မျက်လုံးထဲတွင် ဤလူငယ်သည် မည်မျှ အရေးပါကြောင်း ပြသရန်

လုံလောက်နေပေသည်။

ဤအကြောင်းကို တွေးမိပြီးနောက်…ကပ္ပတိန်ချန်သည် အထောက်အထားကတ်ကို ချန်ဖုန်းထံ အလျင်အမြန် ပြန်ပေးကာ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"မစ္စတာချန် စိတ်မပူပါနဲ့ ကျွန်တော် ပြန်ရောက်တာနဲ့ ပရော်ဖက်ဆာဝူတဖူကို သေချာပေါက် စုံစမ်းစစ်ဆေးပါ့မယ်"

“အကယ်၍ တစ်ခုခု မဟုတ်မမှန်တာ ရှိတာနဲ့ ချက်ချင်းအရေးယူပစ်မှာပါ…”

"ကပ္ပတိန်ချန်..."

ပရော်ဖက်ဆာဝူတဖူမှာ ချက်ချင်းပင် ကြက်သေသေသွားရပေ၏။

ဘာတွေဖြစ်နေတာလဲ…ချန်ဖုန်းက စုတ်ပြတ်နေတဲ့ မှတ်စုစာအုပ်လေးတစ်ခုနဲ့ ကပ္ပတိန်ချန်ကို တကယ်ကြီး အမိန့်ပေးလိုက်နိုင်တာလား။

သူတစ်ယောက်တည်း မဟုတ်ချေ။

ဘေးတွင် ရပ်နေသော ပရော်ဖက်ဆာကျုံးချန်နှင့် အခြားသူများပင်လျှင် လုံးလုံးလျားလျား ဆွံ့အသွားကြလေ၏။

ထိုမှတ်စုစာအုပ်ကို မြင်ပြီးနောက် ချန်ဖုန်းအပေါ်ထားရှိသော ကပ္ပတိန်ချန်၏ သဘောထားမှာ ရှင်းလင်းစွာ ပြောင်းလဲသွားခဲ့ပေသည်။အဲဒါက အတိအကျ ဘာကြီးလဲ။

ထိုအချိန်၌…ချန်ဖုန်းက ပရော်ဖက်ဆာဝူတဖူကို ပြန်ကြည့်ကာ အေးစက်စက် ပြုံးလိုက်၏။

"ခင်ဗျားကို ကျွန်တော် မဟုတ်မမှန် စွပ်စွဲနေတယ်လို့ ထင်နေတာလား တခြားသူတွေကို လှည့်စားဖို့ ခင်ဗျား အခုလို နည်းလမ်းမျိုးတွေ အသုံးမပြုခဲ့ဘူးဆိုတာ ကျွန်တော် မယုံဘူး"

"မင်း ချန်..."

"ပရော်ဖက်ဆာဝူတဖူ တော်လောက်ပြီ"

ကပ္ပတိန်ချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ချန်ဖုန်း၏ အမှတ်အသားကို သူ မခန့်မှန်းနိုင်သော်လည်း သေချာသည့် အချက်တစ်ချက်မှာ ဤလူသည် လုံးဝ ရန်စ၍မရနိုင်သူ ဖြစ်ကြောင်းပင်။

ပရော်ဖက်ဆာဝူတဖူမှာလည်း ဒေါသများကို မြိုသိပ်ထားရပေ၏။

ပတီးရိုဆောကို ရရှိရန် မဖြစ်နိုင်တော့ကြောင်း သူ သိလိုက်သဖြင့် အံကြိတ်ကာ ပြောဆိုလိုက်သည်။

"ကပ္ပတိန်ချန် အဲဒီပတီးရိုဆောက ကျွန်တော်တို့ သုတေသနအင်စတီကျုက မဟုတ်ဘူးဆိုရင်တောင်..."

"ပတီးရိုဆောဆိုတဲ့ သတ္တဝါတွေက ကြမ်းတမ်းတဲ့ မျိုးစိတ်လေ တကယ်လို့ ချန်ဖုန်းက အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားရင် နောက်ပိုင်း အပြင်ထွက်ပြီး လူတွေကို အန္တရာယ်ပေးရင် ဘယ်လိုလုပ်မလဲ…အဲဒါကို နိုင်ငံတော်ဆီ အပ်နှံသင့်တယ်လို့ ကျွန်တော် ထင်တယ်"

အခုတော့ သူ လုံးဝ အရှုံးပေးလိုက်ပြီ ဖြစ်ပေ၏။မည်သို့ပင်ဆိုစေကာမူ သူက သေချာပေါက် စုံစမ်းစစ်ဆေးခံရတော့မှာမို့လို့ ချန်ဖုန်းကိုလည်း သက်တောင့်သက်သာ နေရအောင် မထားခဲ့နိုင်ဘူးလေ။

‘ဟွန့်…မင်းရဲ့ ပတီးရိုဆောကို ငါမပိုင်ရရင် မင်းလည်းမပိုင်ဆိုင်စေရအောင် လုပ်ပစ်မယ်ကွ…’ဟု သူက ကြိတ်တွေးလိုက်တယ်။

ကပ္ပတိန်ချန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ကျစ်…အခုမှ မင်းတို့ သုတေသနအင်စတီကျုက မဟုတ်ဘူးလို့ ဝန်ခံနေတာလား။ ခွေးကောင် ပရော်ဖက်ဆာဝူတဖူ…။

"ပရော်ဖက်ဆာဝူတဖူ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဖို့ ကျွန်တော်နဲ့အတူ စခန်းကို လိုက်ခဲ့ပါ တခြားကိစ္စတွေကို ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး"

"ကပ္ပတိန်ချန် ပတီးရိုဆောက..."

"ဘာ ပတီးရိုဆောလဲ အဲဲ့လိုနဂါးမျိုးစိတ်တွေက ဘယ်မှာ ရှိလို့လဲ"

ဝူတဖူကမူ "ချန်ဖုန်းရဲ့ ပခုံးပေါ်က အကောင်လေ..."

"တော်လောက်ပြီ အဲဒါက ငှက်တစ်ကောင်ပါ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဖို့ စခန်းကိုသာ လိုက်ခဲ့တော့"

ကပ္ပတိန်ချန်တစ်ယောက် မျက်နှာသေဖြင့် အဓိပ္ပာယ်မရှိသည်များ ပြောနေသည်ကို ကြည့်ရင်း…

ပရော်ဖက်ဆာဝူတဖူမှာ ချက်ချင်း မှင်တက်သွားရပေ၏။

‘ကပ္ပတိန်ချန်…ခင်ဗျား မျက်စိကန်းနေတာလား…

အဲဒါက ရှင်းရှင်းလင်းလင်းကို ပတီးရိုဆောကြီးလေ ဘယ်ငှက်က အဲဒီလို ပုံစံမျိုး ရှိဖူးလို့လဲ’ဟု…

သူ့ခင်မျာ တွေးလို့မဆုံးသေးဘူး…

နာကျင်စွာ အော်ဟစ်သံများနှင့်အတူ ပရော်ဖက်ဆာဝူတဖူသည် ကပ္ပတိန်ချန်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရလေတော့သည်။

ဗီလာထဲမှ ထွက်လာပြီးနောက် သူသည် ဒေါသထွက်နေဆဲဖြစ်ပြီး အော်ဟစ်လိုက်၏။

"ကောင်းပြီ ကပ္ပတိန်ချန် ကျွန်တော့်ကို အခုချက်ချင်း လွှတ်ပေး သရုပ်ဆောင်မနေနဲ့တော့"

"သွား…သေလိုက်ပါလား"

ကပ္ပတိန်ချန်က သူ့ကို တိုက်ရိုက် ကန်ကျောက်လိုက်ပြီး ပြောဆိုလိုက်သည်။

"ငါက မင်းကို နောက်နေတယ် ထင်လို့လား ရုံးချုပ်က မင်းကို စုံစမ်းစစ်ဆေးနေပြီ ပရော်ဖက်ဆာဝူတဖူ မင်းက တကယ်ကို ထူးခြားတာပဲ"

"လွန်ခဲ့တဲ့ တစ်လက မင်းက လူတစ်ယောက်ရဲ့ မိသားစု အမွေအနှစ် ယွမ် ရှစ်သိန်းတန်ကို လှည့်စားပြီး ယွမ် ရှစ်သောင်းနဲ့ ယူသွားခဲ့တယ်"

"လွန်ခဲ့တဲ့ နှစ်ပတ်ကလည်း ရှေးဟောင်းပစ္စည်းတစ်ခုကို ယွမ် ၅၀၀ နဲ့ ဂုဏ်ပြုစာလိပ်တစ်ခု ပေးပြီး လိမ်ယူခဲ့သေးတယ်"

"မင်းက ပရော်ဖက်ဆာလား လိမ်လည်သူလားဆိုတာ ငါ တကယ် မသိတော့ဘူး"

"ပရော်ဖက်ဆာဝူတဖူ မင်းကတော့ ပြီးသွားပြီပဲ"

"ငါ..."

ပရော်ဖက်ဆာဝူတဖူမှာ ချက်ချင်း ပြာယာခတ်သွားရပေ၏။

တစ်ဖက်လူက သူ့ကို အမှန်တကယ် စုံစမ်းစစ်ဆေးနေပြီး အချို့သော ကိစ္စများကို တွေ့ရှိသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ကပ္ပတိန်ချန်က လှောင်ပြောင်လိုက်သည်။

"ဒါနဲ့ စကားမစပ် မင်းကို နောက်တစ်ခု ပြောပြဦးမယ် မစ္စတာချန် မှာ ထူးခြားတဲ့ နောက်ခံ အမှတ်အသားတစ်ခု ရှိတယ် ငါတောင် သူ့ကို မစော်ကားရဲဘူး မင်းက သူ့ကို ရန်စချင်သေးတာလား…မင်း ရူးနေတာလား"

‘ဘာ…ထူးခြားတဲ့ အမှတ်အသား ဟုတ်လား’

ပရော်ဖက်ဆာဝူတဖူ၏ နှလုံးသားထဲတွင် ရုတ်တရက် တုန်လှုပ်သွားလေ၏။

‘ပြီးပြီ…ငါတော့ ဒီတစ်ခါ သံမဏိနံရံကြီးကို ဝင်တိုက်မိသွားတာပဲ…’

...

ဗီလာအတွင်း၌။

ပရော်ဖက်ဆာကျုံးချန်နှင့် အခြားသူများသည် ချန်ဖုန်းအား ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်ရှုနေကြပေ၏။

ချန်ဖုန်းအပေါ် ကပ္ပတိန်ချန်၏ သဘောထား ပြောင်းလဲသွားမှုအရ ဤလူငယ်သည် တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ထက် ပိုသည်မှာ ရှင်းလင်းလှသည်။

ဖြစ်နိုင်သည်မှာ သူ့တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံ အမှတ်အသားတစ်ခု ရှိနေနိုင်ပေ၏။

ပရော်ဖက်ဆာကျုံးချန်က ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်သည်။

"ချန်ဖုန်း ငါတို့ ဒီရှောင်ရိကို နာရီအတော်ကြာအောင် လေ့လာပြီးပြီဆိုတော့ ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင် ရေးဖို့ အဆင်သင့် ဖြစ်နေပါပြီ"

"မင်းလည်း ပါဝင်ပတ်သက်နေတာဆိုတော့ နောက်ကျရင် မင်းနာမည်ကို ထည့်ပေးမလို့ စဉ်းစားထားတယ်"

"ရပါတယ် ကျွန်တော့်အတွက် မလိုအပ်ပါဘူး"

ချန်ဖုန်းသည် ထိုကဲ့သို့သော အပေါ်ယံအရာများကို အမှန်တကယ် ဂရုမစိုက်ခဲ့ချေ။

ယခုအခါ သူသည် ငွေရှာရန်သာ စိတ်ဝင်စားပေသည်။ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ၏ ထုတ်ကုန်များသည် တစ်လအတွင်း ရောင်းချမည်ဖြစ်ပြီး ထိုအချိန်ကျပါက သူ၏ အသားတင် ကြွယ်ဝချမ်းသာမှုမှာ နောက်တစ်ကြိမ် နှစ်ဆ တိုးလာမည် ဖြစ်၏။ သူ၏အမြင်တွင် ငွေရှာခြင်းထက် ပို၍ လက်တွေ့ကျသော အရာမရှိချေ။

"ကောင်းပြီလေ ဒီနေ့ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

စကားအနည်းငယ် ပြောဆိုပြီးနောက် ပရော်ဖက်ဆာကျုံးချန်နှင့် အခြားသူများ ထွက်ခွာသွားကြလေသည်။

အစပိုင်းတွင် သူတို့သည် ရှောင်ရိကို ကိုင်တွယ်ကြည့်ချင်ခဲ့ကြသေး၏။ သို့သော် ရှောင်ရိမှာ အတော်လေး ရှက်တတ်ပြီး ဗီလာထဲရှိ လူသုံးဦးမှလွဲ၍ မည်သူ့ကိုမျှ အထိခံမည် မဟုတ်ချေ။

[ ပရော်ဖက်ဆာကျုံးချန်ဆီက ကျေးဇူးတင်စာတစ်စောင် ဖမ်းယူရရှိပါတယ် စနစ်ပွိုင့် ၅ ပွိုင့် ရရှိပါတယ် ]

[ ပရော်ဖက်ဆာဝမ် (Wan) ဆီက ကျေးဇူးတင်စာတစ်စောင် ဖမ်းယူရရှိပါတယ် စနစ်ပွိုင့် ၅ ပွိုင့် ရရှိပါတယ် ]

[ ပရော်ဖက်ဆာဝမ် ဆီက ကျေးဇူးတင်စာတစ်စောင် ဖမ်းယူရရှိပါတယ် စနစ်ပွိုင့် ၅ ပွိုင့် ရရှိပါတယ် ]

"ဟမ်…"

ချန်ဖုန်း အံ့အားသင့်သွားခဲ့ပေ၏။

သူသည် စနစ်ပွိုင့်များ မရရှိသည်မှာ အချိန်အတော်ကြာပြီဟု ထင်ရသည်။

သူ စနစ်ကို စစ်ဆေးကြည့်လိုက်ရာ စနစ်ပွိုင့် ၄၀,၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း တွေ့လိုက်ရ၏။

ထိုစဉ် ပရော်ဖက်ဆာကျုံးချန် ပြောခဲ့သော မျိုးဗီဇပုံတူပွားခြင်း နည်းပညာအကြောင်းကို သူ ရုတ်တရက် သတိရသွားပြီး ရှောင်ရိအကြောင်းကို မတွေးဘဲ မနေနိုင်တော့ချေ။

"ဒီစွမ်းရည်က စွမ်းရည်စာမျက်နှာမှာ ရှိမရှိ စစ်ဆေးကြည့်ရအောင်"

အင်တာဖေ့စ်ကို အချိန်အတော်ကြာ ရှာဖွေပြီးနောက် ချန်ဖုန်းသည် မျိုးဗီဇပုံတူပွားခြင်းကို နောက်ဆုံးတွင် ရှာတွေ့သွားလေ၏။

[ ဒင် ပိုင်ရှင်ဆီမှာ မျိုးဗီဇပုံတူပွားခြင်း နည်းပညာကို လိုချင်တဲ့ ပြင်းပြတဲ့ ဆန္ဒကို ထောက်လှမ်းတွေ့ရှိပါတယ် အဲဒါကို လဲလှယ်ချင်ပါသလား ]

"လဲလှယ်မယ်"

[ ဒင် မျိုးဗီဇပုံတူပွားခြင်း နည်းပညာကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် ၁၅၀၀၀ နုတ်ယူလိုက်ပါတယ် ]

[ ပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များမှာ ၂၉၀၆၈ ဖြစ်ပါတယ် ]

ချန်ဖုန်းသည် လေဟာနယ်ထဲရှိ စနစ်၏ ကျောပိုးအိတ်ကို နှိပ်လိုက်ပြီး မျိုးဗီဇပုံတူပွားခြင်း နည်းပညာကို တိုက်ရိုက် ထုတ်ယူလိုက်ရာ ဗဟုသုတအချို့သည် သူ၏ စိတ်ထဲသို့ ချက်ချင်း ပေါင်းစပ်ဝင်ရောက်သွားလေ၏။

ထို့နောက် သူသည် မြေပြင်ပေါ်ရှိ ရှောင်ရိကို ပြန်ကြည့်လိုက်သည်။

သူက ရယ်မောလိုက်ပြီး ပြောဆိုလိုက်၏။

"ရှောင်ရိ ဖေဖေ မင်းရဲ့သွေးကို လိုအပ်တယ် လေ့လာဖို့အတွက် သွေးတစ်စက်လောက် ပေးနိုင်မလား"

"မင်း အဖော်ရအောင် ညီအစ်ကို မောင်နှမတွေ အများကြီး ဖန်တီးပေးရင်ကော ဘယ်လိုလဲ"

ရှောင်ရိသည် ချန်ဖုန်း ပြောနေသည်များကို နားလည်နိုင်ပုံရပေ၏။

သူ့ကိုယ်ပိုင်သွေးကို လိုအပ်ကြောင်း ကြားလိုက်ရချိန်တွင်…

လန့်ဖြတ်သွားကာ အတောင်ပံများကို ခတ်ပြီး အလျင်အမြန် ပျံသန်းသွားလေရာ အပေါ်ထပ်မှ ဆင်းလာသော ရှန်ယန်းယန်းနှင့် အတိအကျ သွားဆုံပြီး သူမ၏ ပခုံးပေါ်တွင် သွားနားလေတော့သည်။

ရှန်ယန်းယန်းသည် သူမ ချန်ဖုန်းအိမ်တွင် နေထိုင်နေကြောင်း ပရော်ဖက်ဆာကျုံးချန်နှင့် အခြားသူများကို မသိစေချင်သောကြောင့် အပေါ်ထပ်၌သာ နေခဲ့ပြီး ဆင်းမလာခဲ့ချေ။

ရှောင်ရိ မည်မျှ ကြောက်လန့်နေသည်ကို မြင်သောအခါ…ရှန်ယန်းယန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

"သူ့သွေးကို နင် ဘာလုပ်ဖို့ လိုတာလဲ"

"လေ့လာကြည့်မလို့ပါ"

ချန်ဖုန်းက ပြုံးလိုက်သည်။

ရှောင်ရိက ဆန္ဒမရှိသဖြင့် သူတို့ နောက်မှ ထပ်ပြောကြမည် ဖြစ်၏။

"ယန်းယန်း အားတဲ့အချိန်ကျရင် ပေ့ဟူမှာ စံအိမ်ကြီးတွေ ရှိမရှိ စုံစမ်းပေးလို့ရမလား ရှောင်ရိ ကြီးလာရင် ဒီမှာ နေရာလောက်မှာ မဟုတ်တော့ဘူး ပိုကြီးတဲ့နေရာတစ်ခု ဝယ်ဖို့ လိုလိမ့်မယ်"

"ငါ စောင့်ကြည့်ပေးပါ့မယ် တွေ့ရင် နင့်ကို အကြောင်းကြားလိုက်မယ်"

ရှန်ယန်းယန်းသည် ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်လိုက်လေသည်။

သူမ ပခုံးပေါ်က ရှောင်ရိကို ကြည့်ရင်း မိသားစုဝင် သုံးယောက်ထဲက တစ်ယောက် ဖြစ်နေသလို ရုတ်တရက် ခံစားလိုက်ရတယ်။ ကောင်းပြီလေ…သူမအနေနဲ့ အများကြီး တွေးနေမိတာပဲ။

---

All Chapters