အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅) စစ်သေနာပတိ၏ အကျပ်အတည်း ကြိုတင်မြင်တွေ့ခြင်း
ယွင်ထင်သည် ညနေ ၅ နာရီတွင် ပြန်ရောက်လာခဲ့၏။ချန်ဖုန်းက ပိုကြီးသော စံအိမ်တစ်ခုကို ဝယ်ယူချင်နေကြောင်း ကြားသိရချိန်တွင် သူမ မနေနိုင်ဘဲ စိတ်ဝင်စားသွားခဲ့ပေသည်။
"မနက်ဖြန် ပေ့ဟူမြို့မှာ လေလံပွဲတစ်ခုရှိတယ်လို့ ကြားတယ် အဲဒီမှာ လေလံတင်မယ့် စံအိမ်တစ်ခုလည်း ရှိနေတယ်"
"တကယ်လား"
ချန်ဖုန်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပေ၏။
လေလံပွဲများကို တီဗီနှင့် ဝတ္ထုများတွင် ယခင်က သူ မြင်ဖူးခဲ့သော်လည်း အမှန်တကယ် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
ယွင်ထင်က ပြုံးလျက် ပြောဆိုလိုက်သည်။
"ဒီစံအိမ်ကို အရင်တုန်းက သူဌေးတစ်ယောက်က တည်ဆောက်ခဲ့တာလေ သူက အဲဒီမှာ ယွမ်သန်းငါးဆယ် ခြောက်ဆယ်လောက် ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြီးစီးဖို့ နှစ်နှစ် အချိန်ယူခဲ့ရတာ…"
“အဲဒီအချိန်တုန်းက ပေ့ဟူမှာ တော်တော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့သေးတယ် ဘာပဲဖြစ်ဖြစ် ဒီလို အတိုင်းအတာနဲ့ ဒီလောက် ရင်းနှီးမြှုပ်နှံမှု အများကြီးနဲ့ တည်ဆောက်ထားတဲ့ ဗီလာ စံအိမ်မျိုးက အရမ်း ရှားတယ်လေ…”
“နောက်ပိုင်းတော့ အဲဒီသူဌေးက စီးပွားရေး ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားတယ်…လောလောဆယ် ရန်ပုံငွေ မရှိတော့တဲ့အတွက် သူက စံအိမ်ကို ရောင်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလေ…”
"ရောင်းတာလား ဒါဆို ဘာလို့ အခု လေလံတင်နေရတာလဲ"
ချန်ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
ယွင်ထင်က သက်ပြင်းချလျက် ပြောဆိုလိုက်သည်။
"အဲဒီစံအိမ်က စတုရန်းမီတာ ၅,၀၀၀ ကျော် ကျယ်ဝန်းပြီး ဘောလုံးကွင်းတစ်ကွင်းထက် နည်းနည်းလေးပဲ သေးငယ်တာ... အဆောက်အအုံရဲ့ တည်နေရာကလည်း အရမ်းကောင်းတယ်"
“စံအိမ်ရဲ့ နောက်ဘက်ခြံဝင်းက ရေပြင်နဲ့ နီးတာကြောင့် ပင်လယ်အော်ဗီလာ လို့တောင် နာမည်ပြောင် ရထားသေးတယ်လေ…ဒါပေမဲ့ ဧရိယာက အရမ်းကြီးလွန်းတော့ ထိန်းသိမ်းဖို့က သိပ်အဆင်မပြေဘူး…”
“စဉ်းစားကြည့်လေ မိသားစုအများစုမှာ လူလေးငါးယောက်လောက်ပဲ ရှိတာလေ ဒီလောက်ကြီးတဲ့ စံအိမ်ကြီးထဲမှာ နေတာက အလဟဿ ဖြစ်သွားမှာပေါ့…
နောက်ပိုင်းတော့ အဲ့ဒီသူဌေးက သူ့ဆုံးဖြတ်ချက်ကို နောင်တရပြီး လေလံတင်ချင်သွားတာ…”
"အော် ဒါမျိုးကိုး"
ချန်ဖုန်းသည်လည်း ဤအခြေခံသဘောတရားများကို နားလည်ပေ၏။
အကယ်၍ ရှောင်ရိအား သွားလာရန် နေရာပိုပေးဖို့သာ မဟုတ်ခဲ့လျှင်...လက်ရှိ ဗီလာက အတော်လေး ကြီးမားနေပြီဖြစ်ရာ ဤမျှကြီးမားသော စံအိမ်ကြီးကို ဝယ်ယူရန် သူလည်း ဆန္ဒရှိမည် မဟုတ်ချေ။
တကယ်တော့ ချန်ဖုန်း အများဆုံး တန်ဖိုးထားသည့်အရာမှာ စံအိမ်နောက်ဘက်ရှိ ရေပြင်ပင် ဖြစ်လေသည်။အဲဒါက ပတီးရိုဆောတွေ ပျံသန်းဖို့အတွက် အကောင်းဆုံးပဲ။
‘ကြည့်ရတာ မနက်ဖြန် လေလံပွဲကို ငါသွားမှဖြစ်မယ်ထင်တယ်’
"နေနေ လိပ်စာ ပို့ပေးလိုက်မယ် သွားချင်ရင် ကိုယ့်ဘာသာ သွားလို့ရတယ် မနက်ဖြန် ငါ တော်တော်လေး အလုပ်ရှုပ်နေမှာ"
ယွင်ထင်သည် သူမ၏ အထင်ကြီးလောက်သော အရွယ်အစားကို ဂုဏ်ယူစွာ ပြသလိုက်ပေ၏။
ယနေ့ သူမ၏ စိတ်အခြေအနေ ကောင်းမွန်နေပုံရသည်။ သူမသည် အဝတ်အစားလဲရန် အပေါ်ထပ်သို့ တက်သွားပြီး ပြောဆိုလိုက်၏။
"ယန်းယန်း ညည်း ရေကူးသင်ချင်တယ်ဆို ငါ ဒီနေ့ အချိန်ရတယ်လေ ညည်းကို သင်ပေးမယ်"
"အာ"
ရှန်ယန်းယန်းမှာ ခဏတာ မှင်တက်သွားခဲ့ပေသည်။
ဗီလာတွင် ရေကူးကန်ရှိ၏။
သူမ၏ ပြောစကားများအရ သင်ခန်းစာကို ဗီလာနောက်ဘက်ရှိ ရေကူးကန်တွင် သင်ကြားပေးမည်ဖြစ်ရာ ရေကူးဝတ်စုံများ ဝတ်ဆင်ရမည် ဖြစ်သည်။
ဘုရားရေ…ချန်ဖုန်း၏ ရှေ့တွင် ဟိုက်လွန်းသော ရေကူးဝတ်စုံကို ဝတ်ဆင်ရမည့် အကြံအစည်ကြောင့် ရှန်ယန်းယန်း၏ ပါးပြင်များ နီရဲသွားရပေ၏။
"ဘာဖြစ်လို့လဲ မသင်ချင်တော့ဘူးလား"
"သင်မယ် သင်မယ်..."
ရှန်ယန်းယန်းက အံကြိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အစ်မယွင်ထင်လည်း ရှိနေတာကို ဘာကြောက်စရာ ရှိလို့လဲ။
မကြာမီမှာပင်…သူမတို့နှစ်ဦးစလုံး ရေကူးဝတ်စုံများ လဲလှယ်လိုက်ကြ၏။
သူမတို့သည် ခါးတွင်ခါးပတ်စည်းထားသော ဖောက်ထွင်းမြင်ရသည့် ရေကူးဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ဟိုက်လွန်းပုံမပေါ်သော်လည် ဖြူဖွေးရှည်လျားသော ခြေတံများနှင့် လည်ပင်းအောက်ရှိ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို ခိုးကြည့်ရခြင်းက ပို၍ပင် ဆွဲဆောင်မှုရှိလှပေ၏။
အထူးသဖြင့် ယွင်ထင် ၏ 32D အရွယ်အစား...ရှန်ယန်းယန်းသည် အတော်လေး ဆွဲဆောင်မှုရှိနေပြီဖြစ်ပြီး ရေထဲသို့ ဝင်ပြီးနောက် သူမ၏ ရေကူးဝတ်စုံ၏ ဖောက်ထွင်းမြင်ရမှုမှာ ပိုမိုသိသာလာကာ ချန်ဖုန်းအား တံတွေးမျိုချမိစေတော့သည်။
ထိုအချိန်၌…စနစ်က ကြိုတင်ခန့်မှန်းဗီဒီယိုတစ်ခုကို ရုတ်တရက် ထုတ်လွှင့်လာခဲ့ပေ၏။
[ နယ်စပ် တင်းမာမှုတွေ မြင့်တက်လာပြီး စစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင်တွေက စစ်ပွဲအတွက် အင်တိုက်အားတိုက် ပြင်ဆင်နေကြကာ စစ်သေနာပတိရဲ့ အသက်ကလည်း အန္တရာယ်ကြုံတွေ့နေရပါတယ်…]
မြင်ကွင်းတစ်ခုလုံးမှာ တပ်ဖွဲ့နှစ်ခု တိုက်ခိုက်နေသကဲ့သို့ ရှုပ်ထွေးနေလေသည်။ ချန်ဖုန်းသည် သူ့ဘေးရှိ စာတန်းများမှတစ်ဆင့်သာ သိရှိခဲ့ရခြင်း ဖြစ်၏။
ဤသည်မှာ နယ်စပ်ပဋိပက္ခတစ်ခုဖြစ်ပြီး ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကာ လူအများအပြား တိုက်ခိုက်နေကြပြီး မြင်ကွင်းတွင် လူအများအပြား သေဆုံးခဲ့ရကာ နေရာအနှံ့တွင် မီးခိုးငွေ့များ ရှိနေပေသည်။
ယခုအခါ နည်းပညာ အလွန်အဆင့်မြင့်နေပြီ ဖြစ်သော်လည်း များစွာသော စစ်ပွဲအခြေအနေများတွင် ပြင်းထန်သော သေစေနိုင်သည့် လက်နက်များကို အသုံးမပြုခဲ့ကြဘဲ သေနတ်များနှင့် ခဲယမ်းမီးကျောက်များကိုသာ အသုံးပြုခဲ့ကြပေ၏။
ချန်ဖုန်း၏ အကြည့်သည် ဗီဒီယိုထဲရှိ ပုံရိပ်များ၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါသွားခဲ့သည်။နောက်ဆုံးတွင် ပုံရိပ်တစ်ခု ဗီဒီယိုထဲ၌ ပေါ်လာခဲ့၏။
စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိ။
ရှန်ကွမ်ယွဲ့သည် သတ္တုစပ်တိုက်ပွဲဝင် သံချပ်ကာနှင့် တူညီသော အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ၎င်းပစ္စည်းမှာ အမှောင်သတ္တု၏ ပထမမျိုးဆက် ထုတ်ကုန်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်နိုင်ပေသည်။
သူမ၏ လှပသော ဆံပင်များသည် ပခုံးပေါ်သို့ ကျဆင်းနေပြီး သူမ၏ လက်ထဲတွင် အနက်ရောင် ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ထားလေ၏။
သူမက ဘုရင်မတစ်ပါးလိုပါပဲ။ သူမက မယုံနိုင်လောက်အောင် အစွမ်းထက်တယ် သူမရဲ့ လှုပ်ရှားမှုတိုင်းက သူမရှေ့က ရန်သူတစ်ယောက်ကို သတ်ပစ်နေတယ် သူမရဲ့ တည်ရှိမှုက စစ်ဘက်ဆိုင်ရာဌာနရဲ့ မျှော်လင့်ချက်လိုပဲ။
သူမ လူတစ်ယောက်ကို သတ်လိုက်ချိန်မှာပင် သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီသွားခဲ့ပေ၏။
ပြင်းထန်သော နာကျင်မှုတစ်ခုက သူမထံ ဖြတ်ပြေးသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားစေသည်။
"ဟင်"
ချန်ဖုန်းကိုယ်တိုင်လည်း အံ့သြဖွယ်ကောင်းသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားလေ၏။
သူသည် တရုတ်တိုင်းရင်းဆေးပညာနှင့် အနောက်တိုင်းဆေးပညာ နှစ်မျိုးလုံးကို အထူးကျွမ်းကျင်ပြီး မျက်နှာပြင်မှတစ်ဆင့်ပင် တစ်ဖက်လူတွင် နာတာရှည် ရောဂါအချို့ ရှိနေပုံရကြောင်းကို သူ ထောက်လှမ်းနိုင်သေးသည်။
အဲဒါက တစ်ခါတလေ ထထဖြစ်တတ်တယ်။အခုလေးတင် တစ်ဖက်လူရဲ့ နာတာရှည်ရောဂါက ပြန်ဖောက်လာတာပဲ။စစ်မြေပြင်တွင် အထူးသဖြင့် ရန်သူနှင့် တိုက်ခိုက်နေချိန်၌ အမှားအယွင်း လုံးဝ မခံနိုင်ချေ။
အမှန်ပင်…ရှေ့မှ ရန်သူများသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ရှန်ကွမ်ယွဲ့အား ဝိုင်းရံလိုက်ကြလေ၏။
"ဒိုင်း"
ကျည်ဆန်တစ်တောင့်က ရှန်ကွမ်ယွဲ့အား ထိမှန်သွားခဲ့သည်။ထို့နောက် နောက်ထပ် ဓားမြှောင်တစ်ချောင်းကလည်း ဖောက်ဝင်သွားခဲ့၏…
ဗီဒီယိုသည် ဤနေရာတွင် ပြီးဆုံးသွားပြီးနောက်… ချန်ဖုန်းမှာ အလွန် စိတ်လေးလံနေခဲ့ပေသည်။ တစ်ဖက်လူ မသေဘူးဆိုရင်တောင် ဒီအခြေအနေမှာ ပြင်းထန်တဲ့ ဒဏ်ရာရတာကတောင် သေစေနိုင်တယ်။
ချန်ဖုန်းသည် အချိန်ကို စစ်ဆေးကြည့်လိုက်သည်။
တော်သေးတာက…ကြိုတင်ခန့်မှန်းထားသော အချိန်သည် ယခုမှစ၍ ဆယ်ရက်အကြာတွင် ဖြစ်ပေ၏။
အနာဂတ်ကို ပြောင်းလဲနိုင်ပါသေးတယ်…
ထို့နောက် သူသည် စစ်ဘက်ဆိုင်ရာဌာနမှ ကျန်းထျန်ရှန်းထံ အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်လေသည်။
ကျန်းထျန်ရှန်းသည် ချန်ဖုန်းထံမှ ဖုန်းလက်ခံရရှိချိန်တွင် အလွန် အံ့အားသင့်သွားခဲ့၏။
သူက ရယ်မောလျက် ပြောဆိုလိုက်သည်။
"ချန်လေး မင်းရဲ့အကူအညီကြောင့် ငါတို့ အခု ပထမမျိုးဆက် ထုတ်ကုန်တွေရဲ့ ပထမအသုတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီ"
“ငါတို့က အမှောင်သတ္တုကို တိုက်ပွဲဝင်ဝတ်စုံထဲမှာ ပေါင်းထည့်လိုက်တယ်…မဟာမိတ်တိုက်ပွဲဝင် သံချပ်ကာနဲ့ တိတိကျကျ မတူပေမဲ့ တိုက်ပွဲဝင်ဝတ်စုံရဲ့ ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်လာတယ်…တိုက်ပွဲဝင်ဝတ်စုံ ပထမအသုတ်ကို နယ်စပ်ကို ပို့လိုက်ပြီ အခုဆို စစ်သေနာပတိရဲ့ လက်ထဲ ရောက်နေလောက်ပြီ…”
"ဝန်ကြီးကျန်း"
ချန်ဖုန်းက သူ့စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်ပြီး အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။
"နယ်စပ်မှာ စစ်ဖြစ်တော့မှာလား"
"ဟင်"
ကျန်းထျန်ရှန်းက
မျက်မှောင်ကြုတ်လိုက်၏။
နယ်စပ်သည် ဤကာလအတွင်း အမှန်တကယ် မတည်မငြိမ်ဖြစ်နေပြီး အသေးစား ပဋိပက္ခ အနည်းငယ်ရှိခဲ့သော်လည်း ၎င်းတို့ကို လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့ပြီး သက်ရောက်မှု သိပ်မရှိခဲ့ချေ။
ဒါပေမဲ့ မနေ့က တစ်ခုခု ဖြစ်သွားပုံရပြီး အဲဒီဒေသမှာ တိုက်ပွဲဖြစ်လာနိုင်ခြေ အများကြီးရှိနေတယ်။ ဒါကြောင့်မလို့ အမှောင်သတ္တု အဆက်ထုတ်ကုန်ကို ဖန်တီးဖို့ သူ အရမ်း လောနေခဲ့တာလေ။
ကျန်းထျန်ရှန်း အံ့အားသင့်သွားသည်မှာ…
တရုတ်နိုင်ငံအတွင်း စိတ်ဓာတ်ခွန်အားကို ထိန်းသိမ်းထားရန် အဓိကရည်ရွယ်ချက်ဖြင့် စစ်ဘက်ဆိုင်ရာဌာနက ဤသတင်းအချက်အလက်များကို လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်ပေ၏။
စစ်ဘက်ဆိုင်ရာဌာနမှာ သုတေသနလုပ်နေတဲ့ ပရော်ဖက်ဆာချင် တောင် မသိဘူးလေ။ ချန်ဖုန်းက တကယ်ကြီး သိသွားတာလား…
ဒါမှဟုတ် သူခန့်မှန်းလိုက်တာများလား။
"ချန်လေး နယ်စပ်က အခြေအနေကို မင်း လျှို့ဝှက်ထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် တကယ်ပဲ အပြောင်းအလဲတချို့ ရှိနေပြီး အသေးစား တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေ အများကြီး ရှိနေတယ်..."
"ဝန်ကြီးကျန်း ကျွန်တော် မေးစရာ နောက်တစ်ခု ရှိသေးတယ် စစ်သေနာပတိမှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေလား"
"ဟင်"
ကျန်းထျန်ရှန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။
“ချန်လေး ဘယ်သူက မင်းကို အဲဒါ ပြောတာလဲ”
ဒီကိစ္စက လုံးဝ လျှို့ဝှက်ထားတာလေ။
စစ်ဘက်ဆိုင်ရာဌာနရှိ ရှန်ကွမ်ယွဲ့၏ အရင်းနှီးဆုံး ယုံကြည်ရသူ အနည်းငယ်သာ ၎င်းအကြောင်းကို သိရှိကြပြီး ကျန်သူများမှာမူ လုံးလုံးလျားလျား မသိရှိကြချေ။ ဘာပဲဖြစ်ဖြစ် စစ်သေနာပတိက စစ်ဘက်ဆိုင်ရာဌာနရဲ့ ယုံကြည်ကိုးကွယ်ရာလေ။
သူမသည် နယ်စပ်တွင် တပ်စွဲထားသော အဓိကပုဂ္ဂိုလ်လည်း ဖြစ်သည်။ သူမ ရှိနေသဖြင့် ရန်သူက မကျူးကျော်ရဲချေ။
စစ်သေနာပတိမှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်ဆိုတာကို တစ်ယောက်ယောက် သိသွားတာနဲ့…
ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာလိမ့်မယ်။
"ဝန်ကြီးကျန်း ဘယ်သူက ကျွန်တော့်ကို ပြောတာလဲဆိုတာ စိတ်မပူပါနဲ့ ဒါပေမဲ့ နောက်ဆယ်ရက်နေရင် နယ်စပ်မှာ တိုက်ပွဲဖြစ်မယ်ဆိုရင် စစ်သေနာပတိကို စစ်မြေပြင်ကို သွားခွင့် လုံးဝ မပြုနိုင်ဘူးနော်"
“သူမရဲ့ နာတာရှည်ရောဂါက အဲဒီနေ့ကျရင် ပြန်ဖောက်လာပြီး သူမကို ဒုက္ခရောက်စေလိမ်မယ်…”
---