← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇) ငါတို့ နေရာလုဲကြရင်ကော ဘယ်လိုလဲ

နောက်တစ်နေ့၌။

ချန်ဖုန်း နိုးလာချိန်တွင် သူ၏အပေါ်သို့ ဖြူဖွေးရှည်လျားသော ခြေတံနှစ်ချောင်း ဖိကျနေသည်ကို ခံစားလိုက်ရ၏။ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ လန့်ဖြတ်သွားပြီး အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"သောက်ကျိုးနည်း... ရှန်ယန်းယန်းနဲ့ ယွင်ထင်က ဘယ်လိုလုပ် ငါ့ကုတင်ပေါ် ရောက်နေတာလဲ"

သူမတို့နှစ်ဦးစလုံးသည် ချောင်ချောင်ချိချိ ညအိပ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ကုတင်ပေါ်တွင် ပက်လက်လှန် အိပ်ပျော်နေကြပေ၏။

ညအိပ်ဝတ်စုံ၏ ကြိုးများသည် ပခုံးပေါ်မှ လျှောကျနေပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို ခိုးကြည့်ရသကဲ့သို့ ဖြစ်နေပေသည်။

"ငါ ဘာအမှားမှ မလုပ်မိပါဘူးနော်"

ချန်ဖုန်းသည် စောင်ကို အလျင်အမြန် ဖယ်ချလိုက်ပြီး သူ ဘောင်းဘီတို ဝတ်ထားဆဲဖြစ်သည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်မိလေ၏။

"သူတို့နှစ်ယောက်နဲ့ အတူအိပ်မိသွားပြီလို့တောင် ထင်လိုက်တာ... တကယ်တော့ ငါလည်း လိုချင်ပေမဲ့... အဲဒါက ရှင်းရှင်းလင်းလင်းကို မသင့်တော်ဘူးလေ"

ထိုအချိန်၌… ယမန်နေ့က သူတို့သုံးဦး ရေကူးပြီးနောက် ညလယ်စာစားကာ အရက်အနည်းငယ် သောက်ခဲ့ကြသဖြင့် ဤအခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း ချန်ဖုန်း ရုတ်တရက် သတိရသွားခဲ့ပေသည်။

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ တဖြည်းဖြည်း နိုးလာကြ၏။

"အား"

"အား"

သူမတို့နှစ်ဦးစလုံး ချက်ချင်း အော်ဟစ်လိုက်ကြသည်။ ချန်ဖုန်းသည် ကုတင်ပေါ်မှ အလျင်အမြန် ဆင်းကာ အိပ်ခန်းထဲမှ ပြေးထွက်သွားလေတော့၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက်…

ယွင်ထင်သည် အဝတ်အစားလဲကာ အလုပ်သွားခဲ့ပြီး ရှန်ယန်းယန်းမှာမူ ကျောင်းသို့ သွားလေသည်။

သူမတို့သည် ယနေ့ ချန်ဖုန်းကို ရင်ဆိုင်ရန် အလွန် ရှက်ရွံ့နေခဲ့ကြ၏။ ချန်ဖုန်း၏ ကုတင်ပေါ်တွင် သူမတို့နှစ်ဦး တစ်ညလုံး အိပ်ခဲ့ရသည်ဟူသော အတွေးကပင် သူမတို့ကို မယုံနိုင်လောက်အောင် ရှက်ရွံ့သွားစေခဲ့ပေသည်။

နံနက် ကိုးနာရီခန့်တွင်…ယွင်ထင် ပေးပို့ထားသော လိပ်စာအတိုင်း လေလံပွဲသို့ ချန်ဖုန်း ရောက်ရှိလာခဲ့သည်။ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခု၏ အတွင်း၌ပင်။

ဟိုတယ်အပြင်ဘက် ဧရိယာသည် ဇိမ်ခံကားများဖြင့် ပြည့်နှက်နေပြီး လေလံပွဲသို့ တက်ရောက်ရန် လာကြသူများ ဖြစ်ကြောင်း ရှင်းလင်းနေပေ၏။ လေလံပွဲကျင်းပရာ နေရာသို့ မည်သူမဆို ဝင်ရောက်နိုင်လေသည်။ သို့သော် ပထမနှစ်တန်းရှိ ထိုင်ခုံများကို သီးသန့်ဖယ်ချန်ထားပြီး နာမည်တပ်ထားသော တံဆိပ်များ ပါရှိပေ၏။ ပေ့ဟူမြို့မှ ချမ်းသာသော သူဌေးအချို့ ဖြစ်သင့်ပေသည်။

လေလံပွဲတိုင်းတွင် ပါဝင်ဆင်နွှဲသော သူဌေးဦးရေ သတ်မှတ်ထားပြီး ၎င်းတို့ကို ပုံမှန်ဧည့်သည်များအဖြစ် သတ်မှတ်နိုင်လေသည်။

ချန်ဖုန်း ဝင်သွားသည်နှင့် တစ်ပြိုင်နက် သိကျွမ်းသူတစ်ဦးနှင့် အမှတ်မထင် ဆုံတွေ့လိုက်၏။ သူသည် ပြီးခဲ့သော အထက်တန်းကျောင်းသားဟောင်းများ တွေ့ဆုံပွဲတွင် အကြီးအကျယ် အရှက်ကွဲခဲ့ရသူ လွီပင်းပင် ဖြစ်လေသည်။

ယနေ့ လွီပင်းသည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး သူ၏လက်ကောက်ဝတ်ရှိ ယွမ်သန်းကျော်တန် Patek Philippe နာရီကို ကြွားဝါပြသကာ အလွန် ဟန်ရေးပြသော အသွင်ဖြင့် ဟိုတယ်အတွင်းသို့ ခေါင်းမော့၍ ဝင်ရောက်လာခဲ့ပေ၏။

သူ၏ အသားတင်ကြွယ်ဝမှုသည် တက်ရောက်လာကြသော သူဌေးကြီးများနှင့် မယှဉ်နိုင်သော်လည်း သူသည် လူငယ်မျိုးဆက်များကြားတွင် အတော်လေး အောင်မြင်နေသူတစ်ဦး ဖြစ်ပေသည်။

ဟန်ရေးပြရန် အဆင်သင့်ဖြစ်နေသော လွီပင်းသည် ခမ်းနားစွာ ဝင်ရောက်လာချိန်တွင် သူ၏ဘေးရှိ ချန်ဖုန်းကို ရုတ်တရက် မြင်တွေ့လိုက်ရပြီး ချက်ချင်းပင် ကြက်သေသေသွားရလေ၏။

"သောက်ကျိုးနည်း... ငါ ဒီကောင်နဲ့ ဘယ်လိုလုပ် ထပ်ဆုံရပြန်တာလဲ"

"ဘာဖြစ်တာလဲ လွီပင်း မင်းကို ဘယ်သူက အဲဒီလောက်တောင် ခြောက်လှန့်လိုက်တာလဲ"

ရုတ်တရက် အမျိုးသားတစ်ဦး သူ၏ဘေးတွင် ပေါ်လာခဲ့ပေ၏။

"သခင်လေးကျန်း"

လွီပင်း၏ မျက်နှာအမူအရာမှာ ရှောင်လွှဲလိုဟန်ရှိပြီး မသေချာမရေရာ ဖြစ်နေလေသည်။ သူ့ရှေ့ရှိ သခင်လေးကျန်းသည်လည်း အလွန် ချမ်းသာကြွယ်ဝသူဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ်သန်းရာချီရှိကာ သူ့ထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် ပိုမိုချမ်းသာပေ၏။ သူက တကယ့် သူဌေးမျိုးဆက်စစ်စစ် တစ်ဦးပင်။

လွီပင်းနှင့် သူ၏ဖခင်တို့သည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း စီးပွားရေးတွင် အတော်လေး အောင်မြင်နေခဲ့ကြသည်။ တစ်ဖက်တွင် သူ၏ဦးလေးဖြစ်သူ မာထျန်ကျူးက အကူအညီများစွာ ပေးခဲ့ပြီး အခြားတစ်ဖက်တွင်မူ သူကိုယ်တိုင်ကလည်း ဒုတိယမျိုးဆက် သူဌေးသားများ၏ အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်ခဲ့ပေ၏။ သူသည် ဤသခင်လေးကျန်း၏ နောက်လိုက်တစ်ဦးပင် ဖြစ်လာခဲ့သည်။ တစ်ဖက်လူက သူ့ကို အကူအညီအနည်းငယ် ပေးရုံဖြင့် နှစ်အတော်ကြာ ရပ်တည်နိုင်ရန် လုံလောက်နေပေသည်။

"ဘာ... ဘာမှမဖြစ်ပါဘူး"

လွီပင်းသည် အစပိုင်းက ကျန်းချုံအား လက်စားချေရန် အကူအညီတောင်းချင်ခဲ့၏။ သို့သော် သူ သေချာ ပြန်လည်စဉ်းစားကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ချန်ဖုန်းက ဟေးဟူကို သိနေသည် မဟုတ်ပါလော။ အကယ်၍ သူသာ လက်စားချေရန် မအောင်မြင်ဘဲ ဟေးဟူ၏ ခြိမ်းခြောက်မှုကို ခံရပါက သူ အမှန်တကယ် အသက်ဆုံးရှုံးသွားနိုင်ပေသည်။ ကျန်းချုံက ချန်ဖုန်းရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ချေ။

ထိုအချိန်၌ တံခါးပေါက်တွင် နောက်ထပ် ဆူညံပွက်လောရိုက်မှုတစ်ခု ဖြစ်ပွားလာခဲ့လေ၏။ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။ သူမသည် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး အသားအရေ ဖြူဖွေးကာ ရှည်လျားပြီး လှပသော ဆံပင်များ ရှိပေသည်။ အလွန် လန်းဆန်းပြီး သပ်ရပ်နေသကဲ့သို့ ခံစားရစေ၏။

"ဟေး အဲဒီကောင်မလေးက နာမည်ကြီး မင်းသမီးတစ်ယောက်နဲ့ တူတယ်လို့ မထင်ဘူးလား"

"ဘယ်တစ်ယောက်လဲ"

"မင်း မျက်စိကန်းနေတာလား တံခါးပေါက်နားက တစ်ယောက်လေ ရွှီချင်းချန်နဲ့ မတူဘူးလား"

"သောက်ကျိုးနည်း တကယ်ကြီး တူနေတာပဲ"

"ရွှီချင်းချန်က ကုမ္ပဏီရဲ့ အထက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြဿနာတက်ခဲ့ပြီးတော့ ကုမ္ပဏီက သူမရဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ဖြတ်တောက်လိုက်တယ်လို့ အရင်က ကြားဖူးတယ်"

"နောက်ပိုင်းကျတော့ သူမ ဒေါသထွက်ပြီး ခရီးထွက်သွားခဲ့တာ ဒီနေရာမှာ လာဆုံလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး"

"ငါလည်း ဒီအကြောင်း ကြားဖူးတယ် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးဖို့ သူမကို ညဉ့်နက်တဲ့အထိ နေခိုင်းခဲ့တာတဲ့ ဟား ငါတို့အကုန်လုံး လူကြီးတွေပဲ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ ဘယ်သူမသိဘဲ နေမလဲ"

"သေချာတာပေါ့ မင်းသိလား ရွှီချင်းချန်က ဓာတ်ပုံထဲမှာထက် အပြင်မှာ ပိုလှတယ်နော်"

သူတို့၏ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ စကားသံများဖြင့် ဆူညံနေခဲ့ပေ၏။ ရွှီချင်းချန်သည်လည်း ဤသို့ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့ချေ။ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော်လည်း သူမကို မှတ်မိသွားကြလေသည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ အရင်းအမြစ်များကို ကုမ္ပဏီက ဖြတ်တောက်ထားခဲ့ပြီး သူမ၏ နာမည်ကြီးမှုမှာ ယခင်ကလောက် မများပြားတော့ချေ။ ထိုသို့မဟုတ်ပါက သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပရိသတ်များစွာ၏ ဝိုင်းရံခြင်းကို သေချာပေါက် ခံရမည် ဖြစ်ပေ၏။

ဤနေရာတွင် ဆက်နေရန် သင့်မသင့် သူမ တုံ့ဆိုင်းနေချိန်မှာပင်။ ရုတ်တရက် ရင်းနှီးသော ပုံရိပ်တစ်ခုကို သူမ မြင်တွေ့လိုက်ရပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု လင်းလက်သွားကာ ရှေ့သို့ အလျင်အမြန် လျှောက်သွားလေ၏။

"သူမ ဘယ်သွားနေတာလဲ ဒီမှာ သိတဲ့သူ ရှိလို့လား"

"အဲဒီဘက်က... သခင်လေးကျန်း ရှိတဲ့ဘက်ပဲ"

"အံ့သြစရာ မရှိပါဘူးလေ သခင်လေးကျန်းက ယွမ်သန်း ၂၀ ကျော်တန် ပြိုင်ကားကို မောင်းပြီး သူ့မိသားစု ပိုင်ဆိုင်မှုက ယွမ်သန်း ၁၀၀ ကျော်တယ်လေ သူက ရုပ်လည်းချောပြီး ချမ်းသာတော့ ရွှီချင်းချန်လို နာမည်ကြီး မင်းသမီးတစ်ယောက်ကတောင် သူ့နောက်ကို လိုက်နေတာ အံ့သြစရာ မဟုတ်ပါဘူး"

လူတိုင်းက လုံးဝ သာမန်ကိစ္စတစ်ခုကဲ့သို့ ပြုမူနေခဲ့ကြပေ၏။ ရွှီချင်းချန်သည် သူမ၏ ဖြူစင်မှုကို သက်သေပြရန်အတွက် ကုမ္ပဏီ၏ အထက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့်ပင် ပြဿနာတက်ရဲလောက်အောင် ဖြူစင်ရိုးသားသည်ဟု အစပိုင်းက သူတို့ ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ယခုကြည့်ရသည်မှာ... ဒါရိုက်တာက အခွင့်အရေး အနည်းငယ်သာ ပေးခဲ့၍ဖြစ်စေ ဒါမှမဟုတ် အတူနေပေးရမည့် ဒါရိုက်တာက အရမ်း ရုပ်ဆိုးနေ၍ဖြစ်စေ ဖြစ်ရပေမည်။ မိန်းမတွေ… အထူးသဖြင့် မင်းသမီးတွေ… ဘယ်သူမှ ငွေကြေးဆိုတဲ့ အတားအဆီးကို မကျော်လွန်နိုင်ကြဘူးလေ။

ကျန်းချုံပင်လျှင် ရွှီချင်းချန်က သူ့ကို လာရောက်နှုတ်ဆက်သည်ဟု ထင်မှတ်ထားခဲ့၏။ သူ အတော်လေး ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူက မိန်းမတွေကို ကြိုက်ပေမဲ့ သူမနဲ့တော့ သိပ်မရင်းနှီးဘူးလေ။

"မင်္ဂလာပါ မစ္စရွှီ..."

ကျန်းချုံက နှုတ်ဆက်ရန် သူ၏လက်ကို ဆန့်ထုတ်လိုက်ချိန်မှာပင် ရွှီချင်းချန်သည် သူ့ကို ကျော်ဖြတ်၍ လျှောက်သွားလေ၏။

သူမသည် ချန်ဖုန်းထံသို့ တည့်တည့်လျှောက်သွားပြီး သူ၏ဘေးရှိ ထိုင်ခုံတွင် ထိုင်လိုက်ပေသည်။ ထိုအခိုက်အတန့်၌ ကျန်းချုံ၏ မျက်မှောင်များ ကြုတ်သွားတော့​သည်။

"ကျစ်"

သူတို့၏ ပတ်ဝန်းကျင်ရှိ လူများမှာလည်း တန်းတူပင် မှင်တက်သွားကြပေသည်။

"ဘာတွေဖြစ်နေတာလဲ သူမက သခင်လေးကျန်းကို ရှာနေတာ မဟုတ်ဘူးလား"

"သူမဘေးက လူက ဘယ်သူလဲ ပေ့ဟူမှာရှိတဲ့ ဒုတိယမျိုးဆက် သူဌေးသားတွေ အကုန်လုံးကို ငါသိတယ်လို့ ထင်ထားတာ ဒါပေမဲ့ အဲဒီလူကို တစ်ခါမှ မမြင်ဖူးဘူး"

"ဟုတ်တယ် ငါလည်း တစ်ခါမှ မမြင်ဖူးဘူး"

"ဝိုး မိုက်တယ် သခင်လေးကျန်းရဲ့ ကောင်မလေး အလုခံလိုက်ရပြီ"

"လွီပင်း လာ အဲဒီကောင်လေးနဲ့ သွားတွေ့ကြရအောင်"

ကျန်းချုံက အေးစက်စက် နှာမှုတ်လိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်နေလေ၏။

လွီပင်းမှာ နောက်ဆုတ်သွားပြီး အတင်းပြုံးကာ ပြောဆိုလိုက်သည်။

"သခင်လေးကျန်း ကျွန်တော် ဗိုက်နာနေလို့ အိမ်သာသွားရဦးမယ် ခင်ဗျား အရင်သွားနှင့်ပါလား"

"သတ္တိကြောင်လိုက်တာ ဘာကြောက်စရာ ရှိလို့လဲ"

"သခင်လေးကျန်း အဲဒီကောင်က ရန်စလို့ရတဲ့လူမျိုး မဟုတ်ဘူး..."

"ချီးပဲ ပေ့ဟူမှာ ငါ ရန်မစရဲတဲ့သူ ရှိလို့လား မင်းရဲ့ စရိုက်နဲ့ ဘာမှဖြစ်လာမှာမဟုတ်တာ အံ့သြစရာ မရှိပါဘူး"

ကျန်းချုံသည် စကားအပိုတွေ ပြောမနေတော့ဘဲ ဖြည်းညင်းစွာ လျှောက်သွားလေ၏။

ထိုအချိန်၌ ရွှီချင်းချန်သည် အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် သူမအား ကြည့်နေသော ချန်ဖုန်းအား ကြည့်လိုက်ပေသည်။

သူမက ပြုံးလျက် ပြောဆိုလိုက်၏။

"မစ္စတာချန် မတွေ့ရတာ ကြာပြီနော် ဒီနေရာမှာ ရှင့်ကို လာဆုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဟီးဟီး တိုက်ဆိုင်လိုက်တာ"

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

ဇာတိရွာတွင် မြေပြိုမှုကြောင့် ရွှီချင်းချန်သည် ဟွာရှန်းဆေးရုံတွင် တက်ရောက်ကုသခဲ့ရပြီး နောက်ပိုင်းတွင် အူအတက်ရောင်ရောဂါ ဖြစ်ပွားခဲ့သဖြင့် သူကိုယ်တိုင် ခွဲစိတ်ပေးခဲ့ရခြင်း ဖြစ်ပေ၏။

တကယ်တော့ ရယ်စရာကောင်းပါသည်။ အဲဒီအချိန်တုန်းက သူ့မှာ ဆေးဘက်ဆိုင်ရာလိုင်စင် မရှိခဲ့ဘဲ နောက်ပိုင်းမှ စနစ်မှတစ်ဆင့် လဲလှယ်ခဲ့ရခြင်း ဖြစ်လေ၏။ ကံကောင်းထောက်မစွာဖြင့် မည်သည့် ဆေးဘက်ဆိုင်ရာ အမှားအယွင်းမျှ မဖြစ်ခဲ့ချေ။ သို့မဟုတ်ပါက သူ ပြဿနာတက်သွားနိုင်ပေသည်။

သူတို့နှစ်ဦး ပျော်ရွှင်စွာ စကားပြောနေကြစဉ် အသံတစ်သံ ရုတ်တရက် ဝင်လာခဲ့၏။

"ဟေး မိတ်ဆွေ ငါတို့ နေရာလဲကြရင်ကော ဘယ်လိုလဲ"

—

All Chapters