← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁: သုံးနှစ်ကြာပြီးနောက် ရွှေလက်ချောင်း ရောက်လာခဲ့ပြီ

ကျူရှို့တိုက်၊ တစ္ဆေတိုင်းပြည်၊ ဖေးရှန့်တောင်

တောင်တန်း၏ ထိပ်တွင် လူသူကင်းမဲ့သော ဘုရားကျောင်းတစ်ခုရှိရာ မြက်ပင်များလည်း ဖရိုဖရဲပေါက်နေခဲ့သည်။ တံခါးနား၌ သေခါနည်း သစ်ပင်ပန်းပင်တချို့ လှဲကြနေလျက်ရှိသည်။

ဘုရားကျောင်း၏ အလယ်၌ မျက်နှာပင် ကွဲကွဲပြားပြားမမြင်ရတော့သည့် မြင့်မားသော ကျောက်ရုပ်တုတစ်ခုရှိနေခဲ့သည်။

ကျောက်ရုပ်တု၏ အောက်တွင် သူဖုန်းစားတစ်ဦး ထိုင်နေခဲ့သည်။

ဖရိုဖရဲမျက်နှာနှင့် စုတ်ပြဲနေသော အဝတ်အစားများဝတ်ဆင်ထားရာ၊ သူ၏ ညာဘက်လက်နှင့် ဗိုက်အားပွတ်သပ်နေခဲ့ပြီး ဘုရားကျောင်း၏ အပြင်ဘက် အမှောင်ထုသို့ အသက်မဲ့သော မျက်နှာထားဖြင့် ငေးကြည့်နေခဲ့သည်။

“ သောက်အဖိုးကြီး! မြန်မြန်ပြန်လာရင်လာ မလာရင် ခင်ဗျား တပည့်တော့ ငတ်ပြီးသေတော့မယ်”

သူဖုန်းစား၏ နာမည်မှာ ချမ်ချန်ကန်းဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်တွင် ကမ္ဘာမြေမှ ကျူရှို့တိုက်သို့ အချိန်ခရီးသွားကာ ရောက်လာခဲ့၍ သက်ရှည်ဂိုဏ်းတွင် တရားဟောပြောသူဖြစ်လာခဲ့သည်။

သူ၏ ပါးစပ်မှရေရွတ်နေသော အဖိုးအိုသည် သက်ရှည်ဂိုဏ်းရဲ့ ခေါင်းဆောင်၊ ချမ်ချန်ကန်း၏ ဆရာဖြစ်သည်။

လွန်ခဲ့သော တစ်လက သက်ရှည်ဂိုဏ်းသည် ဘေးဒုက္ခနှင့်ကြုံတွေ့ခဲ့ရာ မြောက်မြားစွာသော မွန်းစတားများ၏ တိုက်ခိုက်ခြင်းအားခံခဲ့ရရုံမက ဂိုဏ်းနှင့် သူ၏ ထာဝရရှင်သန်နိုင်သော ခန္ဓာကိုယ်သည်လည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

ထို့နောက် သူ၏ ဆရာသည် ဟင်းလင်းပြင်အား အစိတ်စိတ်အပိုင်းပိုင်း ခွဲထုတ်ကာ ဤသို့ပျက်စီးယိုယွင်းနေသော ဘုရားကျောင်း၌ သူအားခေါ်ဆောင်လာပြီး ကျောင်းအနားတွင် တားမြစ်ချက်ထားရှိကာ လျင်လျင်မြန်မြန် ထွက်ခွာသွားခဲ့သည်။

ဒီအချိန်တွင် တစ်လကြာမြင့်ခဲ့ပြီဖြစ်ရာ အဖိုးကြီး အသက်ရှိသေးသလား မရှိတော့ဘူးလားတောင် မသိနိုင်တော့ပေ။

ချမ်ချန်ကန်းမှ သက်ပြင်းချခဲ့သည်။

“ ထာဝရရှင်သန်တဲ့ ခန္ဓာကိုယ်ဆိုပြီးမရှိရင်ကောင်းမယ်”

ဤ ကျူရှို့ တိုက်တွင် ဒဏ္ဍာရီတစ်ခုရှိခဲ့ဖူးသည်။

ထာဝရသက်ရှည်ခန္ဓာသည် အသက်ရှည်နိုင်သော အသားအား မွေးမြူပေးနိုင်သည်။

အသက်ရှည်စေနိုင်သော အသားအား စားသောသူသည် မသေမျိုးအဖြစ် တတ်လှမ်းနိုင်မည် ဖြစ်သည်။

ချမ်ချန်ကန်းသည် ထိုဒဏ္ဍာရီအား သိရသောအခါ အထိတ်တလန့်ဖြစ်ကာ သွေးအန်ခဲ့သည်။

ဤနေရာသည် “ အနောက်ဘက်သို့ခရီးသွားခြင်း” အထဲကလို တန်ဘုန်းကြီး၏အသား သကဲ့သို့ ပုံစံတူဖြစ်နိုင်သည်။

ပြီးတော့ ပို၍အရေးကြီးသည်မှာ ထာဝရသက်ရှည်ခန္ဓာသည် အံ့ဩစရာကောင်းသော်လည်း ချမ်ချန်ကန်းအတွက်သည်ကား အရသာမဲ့လွန်း၍ အကူအညီဖြစ်နိုင်မည် မဟုတ်ပေ။

သူ့တွင် ထာဝရသက်ရှည်ခန္ဓာရှိသော်လည်း သူသည် မကျင့်ကြံနိုင်ပါ။ အဖိုးကြီးနှင့် သူသည် နည်းလမ်းမျိုးစုံသုံး၍ စမ်းသပ်ခဲ့သော်လည်း မကျင့်ကြံနိုင်ခဲ့ပါ။

ဤအဓိပ္ပာယ်မှာ ကျူရှို့တိုက်တွင် နေထိုင်ခဲ့သောသုံးနှစ်တွင် သူသည် သာမန်လူသားတစ်ယောက်သာဖြစ်၍ တခြားလူများ အလွယ်တကူညှစ်သတ်နိုင်သော ပုရွက်ဆိတ်လေးတစ်ကောင်သာဖြစ်သည်။

ထို့ကြောင့် ဒီလထဲတွင် ချမ်ချန်ကန်းသည် ဘုရားကျောင်းထဲတွင် ခြေတစ်လှမ်းမျှ အပြင်မထွက်ရဲခဲ့ပေ။

ဤနေရာတွင် အဖိုးကြီးသတ်မှတ်ထားခဲ့သော ကန့်သတ်ချက်များရှိနေသေးသည် မဟုတ်လော့။

အဖိုးကြီးမသေသေးသ၍ အပြင်မှာရှိနေသော ထိုတစ္ဆေများနှင့် မွန်းစတားများသည် ဘုရားကျောင်း အတွင်းသို့ မည်သို့မျှဝင်ရဲကြမည်မဟုတ်ပေ။

အူဟူး-

ဤအချိန်တွင် မြူခိုးတိမ်တိုက်များ ဘုရားကျောင်းအတွင်းသို့ လွင့်လာခဲ့ရာ ချမ်ချန်ကန်း သည် အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေခဲ့ပြီး သူ၏ စုတ်ပြဲနေသော အဝတ်အစားများအား ပို၍တင်းကျပ်စွာ လွှမ်းခြုံနေတော့သည်။

“ ငါးဆားနယ်ဘဝတော့ နောက်တစ်နေ့ကုန်ပြန်ပြီ။ မနက်ဖြန်မနက်နိုးလာရင် အဖိုးကြီးကို တွေ့ရရင် ကောင်းမယ်။”

ချမ်ချန်ကန်းသည် သမ်းဝေကာ ကျောက်တုံးရုပ်ထု၏အောက်တွင် တွေးဝေ့ကာ မျက်လုံးမှိတ်၍ ထုံးစံအတိုင်း အိပ်ရန်ပြင်ဆင်ခဲ့သည်။

သို့သော် ထိုအချိန်တွင် ချမ်ချန်ကန်းသည် ကြောက်လန့်စရာတစ်ခု ကြုံရတော့မလို ရုတ်တရက်ဆိုသလိုပင် သူ၏ကျောဘက်မှ အေးစက်မှုများ ခံစားခဲ့ရသည်။

သူ၏ အိပ်ချင်စိတ်သည်လည်း နိုးနိုးကြားကြားဖြစ်လာခဲ့၍ အနောက်ဘက်သို့ လှည့်ကြည့်ခဲ့သည်။

သူ၏အနောက်ဘက် မလှမ်းမကမ်းလောက်တွင် ဘယ်အချိန်မှစ၍ ရောက်နေမှန်းမသိသော အရိပ်ဖြူတစ်ခုရှိနေခဲ့သည်။

သူမသည် အဖြူရောင်ကို ဝတ်ဆင်ထားကာ သူမ၏ ခြေထောက်ဟာလည်း လေပေါ်တွင် တွဲလွဲဖြစ်နေခဲ့သည်။ သူမ၏ ဆံပင်သည်လည်း ဖရိုဖရဲဖြစ်နေခဲ့ပြီး မျက်နှာသည်လည်း ကြောက်စရာကောင်းအောင် ဖြူဆွတ်နေပြီး သူမ၏ မျက်လုံးများသည်လည်း နီရဲ၍ ချိုင့်ဝင်နေခဲ့သည်။

ထိုအချိန်တွင် သွေးရောင်မျက်လုံးများနှင့် သူ့အား စိုက်ကြည့်နေသည်ကို ချမ်ချန်ကန်းသည် သူ၏ ဆံပင်များကြားမှ တွေ့လိုက်ရသည်

ထိုမျက်လုံးများမှာ ပေါက်ထွက်တော့မလို လွန်စွာ ပြူးကျယ်လျက်ရှိသည်။

“ နင့်~ကို~စား~ပါ~ရ~စေ~”

သူမ၏ ပါးစပ်အား ဖြေးညှင်းစွာဖွင့်ကာသုန်မှုန်၍ အေးစက်သောအသံဖြင့် ပြောလိုက်သည်။

ထိုမြင်ကွင်းအားတွေ့လိုက်ရသော ချမ်ချန်ကန်း၏ မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဆံပင်များထောင်မတ်သွားကာ သူ၏ ကျောရိုးအထိ ချမ်းစိမ့်သွား၍ ချွေးစေးများထွက်လာကာ ခေါင်းအစခြေအဆုံး အေးစက်သွားခဲ့သည်။

ဘုံး!

ဘုံး!

ဘန်း ဘန်း ဘန်း!

ချမ်ချန်ကန်း၏ နှလုံးခုန်သံမှာ ရင်ဘတ်ထဲမှ အပြင်သို့ ထွက်လာတော့မည့်ဟန်ဖြင့် ကျယ်လောင်စွာ မြည်ဟည်းနေခဲ့သည်။

နင့်မေကြီးတော်!

သရဲဟ!

Hell! !

ဒီ ဘုရားကျောင်းအပျက်ကို ကန့်သတ်ချက်နဲ့ တားထားတယ် မဟုတ်ဘူးလား။

သရဲက ဘယ်လိုဝင်လာတာလဲ။

ချမ်ချန်ကန်းသည် ထွက်ပြေးချင်မိသည်။

သို့သော် သူ၏တစ်ကိုယ်လုံးမှာ ကြက်သေ သေနေသကဲ့သို့ နေရာမှမရွေ့နိုင်ရုံမက လက်တစ်ချောင်းပင် မလှုပ်နိုင်ခဲ့ပေ။

ချမ်ချန်ကန်းသည် မျက်ရည်မထွက်ပဲ ငိုချင်လာခဲ့သည်။ သူဘာလို့ လှုပ်လို့မရသနည်း။

ဗိုက်အရမ်းဆာပြီး အားမရှိတော့ ဘယ်လိုလုပ်ပြေးနိုင်မှာလဲ။ အကြောက်လွန်ပြီး ခန္ဓာကိုယ်ကိုလည်း မထိန်းချုပ်နိုင်တော့ပေ။

“ ကောင်းတယ်~ကောင်းတယ်~မလှုပ်နဲ့~နင့်ဝိညာဉ်ကိုစုပ်ပြီး~နင့်အသားကိုစားပစ်မယ်~”

သရဲမသည် သူမ၏ကြောက်စရာကောင်းသော အစွယ်နှစ်စုံအားထုတ်၍ သွားဖြဲကာ ချမ်ချန်ကန်း၏ အနားသို့ တစ်လှမ်းခြင်း တိုးလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အထိတ်တလန့်ဖြစ်နေသော ချမ်ချန်ကန်း၏ ခန္ဓာကိုယ်သည် တုန်ရီနေ၍ မျက်နှာသည်လည်း ဖြူဆွတ်သွားခဲ့သသည်။

တိုးကပ်လာသော သရဲမအားကြည့်ကာ ချမ်ချန်ကန်း၏ ဦးနှောက်သည်လည်း ဟာလာဟင်းလင်းဖြစ်သွားခဲ့သည်။

အတွေးတစ်ခုပဲဝင်လာခဲ့သည်။

သူဒီနေ့ သေရတော့မှာပါလား။

ထိုသို့ ချမ်ချန်ကန်းမှ မျှော်လင့်ချက်ကုန်ဆုံးနေချိန်တွင် အေးစက်စက်အသံတစ်ခု သူ၏ခေါင်းထဲ၌ ပေါ်လာခဲ့သည်။

“ပိုင်ရှင်မှ တစ္ဆေနှင့် ပက်ပင်းတိုးနေသည်ကို ရှာဖွေတွေ့ရှိသောကြောင့် ပြိုင်ဘက်ကင်းနယ်ပယ် စနစ်ကို ပိုင်ရှင်အတွက် ဖွင့်ပေးလိုက်ပါတယ်”

“ပြိုင်ဘက်ကင်းနယ်ပယ် အကွာအဝေး: ယခု ကျောက်တုံးရုပ်ထု၏ အလယ်မှ အချင်း ၂မီတာရှိ စက်ဝိုင်းသဏ္ဌာန်”

သူ၏ ခေါင်းထဲမှ အေးစက်စက်အသံအားကြားလိုက်သော ချမ်ချန်ကန်းသည် မှင်သက်သွား၍ ထူးဆန်းသော ခံစားချက်များရရှိလာသည်။

ထိုအချိန်တွင် သူသည် ၂မီတာ အကွာအဝေးတွင်ပါဝင်သော ကျောက်တုံးရုပ်ထု၏အောက်တွင် ရှိနေခဲ့သည်။

နယ်ပယ်ထဲတွင်ရှိသော အရာအားလုံးသည် သူနှင့် ခွဲခြားမရနိုင်အောင် ချိတ်ဆက်နေခဲ့သည်။

သူ၌ အတွေးတစ်ခုသာရှိသည်။

၂မီတာအတွင်းမှာဆိုရင် သူသည် ပြိုင်ဘက်ကင်းဖြစ်နိုင်မည် ဖြစ်သည်။

သူက နတ်ဘုရားပဲ

ချမ်ချန်ကန်းသည် ဝမ်းသာလွန်း၍ မျက်ရည်ပင်ကျမိသည်။

သူပြောခဲ့သားပဲ အခြားကမ္ဘာကိုအချိန်ခရီးသွားလာပြီး ဘယ်လိုလုပ် ရွှေလက်ချောင်းမရှိရမှာလဲလို့

၃နှစ်ကြာပြီးတဲ့နောက် နောက်ဆုံးတော့ သူအတွက်ရွှေလက်ချောင်းရောက်လာခဲ့ပြီ။

All Chapters