အခန်း ၂
Vol. 1 Ch. 2
အခန်း ၂ : လေကိုခွင်းသောလက်သီးချက်၊ တိုလွန်းသော ၂မီတာ
တစ္ဆေအမျိုးသမီးသည် သွားဖြဲ၍ ဖြေးညှင်းစွာ လျှောက်လာခဲ့သည်။
သူမ၏ မျက်လုံးသေများမှာ အေးစက်စွာ အရောင်လက်နေခဲ့ပြီး ချမ်ချန်ကန်း၌ ဖြစ်ပွားခဲ့သော အပြောင်းအလဲများအား သတိမထားမိခဲ့ပုံရသည်။
မကြာမည်တွင် သူမသည် ချမ်ချန်ကန်း၏ အနားသို့ရောက်လာကာ ချမ်ချန်ကန်အား ကိုက်မည့်ဟန်ဖြင့် သူမ၏ ချွန်ထက်နေသော သွားများအား အဖွင့်အပိတ်လုပ်ခဲ့သည်။
သို့သော် ထိုအချိန်၌ ချမ်ချန်ကန်းသည် သူ၏ ခေါင်းအား မော့ကာ အကြောက်အလန့်မဲ့သော မျက်လုံးများနှင့် တစ္ဆေအမျိုးသမီးအားစိုက်ကြည့်ခဲ့သည်။
သူ၏ နှုတ်ခမ်းသည် အပေါ်သို့ ပင့်တက်လာကာ သူ၏ခေါင်းထဲတွင်ရှိသော အတွေးတချို့အား ရွေ့လျားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် တစ္ဆေအမျိုးသမီးသည် လှုပ်ရှား၍မရတော့ဘဲ နေရာတွင်ပင်ရပ်တန့်သွားခဲ့သည်။
တစ္ဆေအမျိုးသမီးသည် အံ့ဩမှင်သက်သွားခဲ့သည်။
ဘယ်လိုတွေကုန်တာလဲ
ရုတ်တရက်ကြီး ဘာကြောင့် လှုပ်လို့မရတော့ သနည်း။
“ နင်...နင် ဘာလုပ်လိုက်တာလဲ”
တစ္ဆေအမျိုးသမီးသည် ချမ်ချန်ကန်းအား အော်၍မေးလိုက်သည်။
သူမ၏ အရှေ့၌ရှိသော ချမ်ချန်ကန်းသည် သေချာစွာပင် သာမန်လူတစ်ယောက်ဖြစ်ပြီး
မှော်စွမ်းအား အတတ်အကျ ထွက်ပေါ်ခဲ့ခြင်းများမရှိခဲ့ပေ။
သို့သော် တစ္ဆေအမျိုးသမီးသည် သူမ၏ မလှုပ်မယှက်နိုင်ဖြစ်သွားရသော အကြောင်းအရင်းမှာ သူနှင့်သက်ဆိုင်မှုရှိနေမည်ကို သူမ၏ စိတ်ထဲ၌ သေချာစွာသိနေသည်။
ချမ်ချန်ကန်းမှ ပြုံးလိုက်သည်။
ဤပြိုင်ဘက်ကင်းကွင်းပြင်က တကယ့်ကို ပြင်းထန်တာပဲ
ချမ်ချန်ကန်းသည် ရေရွတ်ပြောဆိုပြီးသည့်နောက် သူ၏ ညာဘက်လက်အား လက်သီးဆုပ်ထားလိုက်သည်။
“ နောက် ဒီပြိုင်ဘက်ကင်းကွင်းပြင်က ဘယ်လောက်စွမ်းလဲ ကြည့်ရအောင်”
တစ္ဆေအမျိုးသမီးသည် အလွန်အမင်းကြောက်လန့်နေသော်လည်း သာမန်လူတစ်ယောက်ဖြစ်သော ချမ်ချန်ကန်းအား အထင်အမြင်သေးသောကြောင့် ငေါ့တော့တော့နှင့် ပြောလိုက်၏။
“ နင့်လိုသာမန်လူတစ်ယောက်ရဲ့ တိုက်ခိုက်မှုက ငါ့ကိုထိတောင် ထိမှာမဟုတ်ဘူး”
“အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ”
ချမ်ချန်ကန်သည် ပြောပြီးသည်နှင် အားကုန်ထုတ်သုံးကာ သရဲမအား လက်သီးဖြင့်ဝှေ့ယမ်းလိုက်သည်။
သာမန်မျှသာထင်ရသော လက်သီးသည် တစ္ဆေအမျိုးသမီးအား ထိမိစွာ ထိုးနှက်ခဲ့သည်။
တစ္ဆေအမျိုးသမီးသည် မူလက အထင်သေးသောမျက်နှာထားရှိသော် သူမအား လက်သီးချက် ထိမှန်လာသောအခါ အထိတ်တလန့်ဖြစ်သောမျက်နှာ ထားသို့ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူမသည် အမှုန်ပင်မကျန်အောင် ချမ်ချန်ကန်း၏ သုတ်သင်ခြင်းအားခံလိုက်ရသည်။
ချမ်ချန်ကန်းသည် မျက်တောင်ခတ်ကာ သူ၏ လက်သီးအား တော်တော်လေး အံ့ဩစွာပင်ကြည့်နေခဲ့သည်
“တောက် တောက် တောက်! ပြိုင်ဘက်ကင်းကွင်းပြင်ဆိုတဲ့အတိုင်း ဒီလို သိပ်ပြီးအားမရှိတဲ့လက်သီးတောင် တစ္ဆေမတစ်ယာက်ကို သတ်နိုင်တယ်”
တစ်ချိန်ထဲမှာပင် အင်မော်တယ်ဘုရားကျောင်း၏ အပေါ်၌ ခန်းနားထည်ဝါ၍ တောင်ကြီးသမျှ ကြီးမားသော အရိပ်လက်သီးကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကမ္ဘာတုန်လှုပ်ဖွယ်ကောင်းသော!
ထိုအအရာသည် ထျန်းတုကိုတောင် အပေါက်ကြီးတစ်ခုအဖြစ်ပေါက်ထွက်စေကာ အထက်ဘုံအထိပါ ထိမှန်သွားခဲ့သည်။
ဘုံး ဘုံး ဘုံး!
မိုးချန်းသံများ မြည်ဟိန်းနေကာ ရုတ်တရက်ဆိုသလိုပင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
ထို အပေါက်ကြီးမှ နတ်ရောင်ခြည်များဖြာကျကာ နတ်ပြည်ကိုးခုအား အလင်းရောင်ပေးနေခဲ့သည်။
အင်မော်တယ်ဓားတစ်ခုသည် ကြီးမားသော အပေါက်ကြီးမှ ပျံသန်းလာကာ တည့်မတ်စွာ ခုတ်ပိုင်းခဲ့သည်။
ဓါး၏အလင်းရောင်သည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်ကာ အင်မော်တယ်စွမ်းအားများသည်လည်း ဆူညံထကြွနေခဲ့သောကြောင့် များစွာသော အင်အားကြီးကျင့်ကြံသူများအား ထိတ်လန့်စေခဲ့သည်။
ထူးခြားသည်မှာ မိစ္ဆာများနှင့် တစ္ဆေများ သောင်းကျန်းလျှက်ရှိသော တောင်တစ်သိန်းတောင်တန်းသည် ဤ ကြောက်စရာကောင်းသော အင်မော်တယ်စွမ်းအား၏ ဖိနှိပ်ခြင်းအားခံခဲ့ရကာ မိစ္ဆာများနှင့် တစ္ဆေများသည်လည်း မြေကြီးပေါ်၌ ခိုက်ခိုက်တုန်ကာ ပြားပြားဝပ်နေရတော့သည်။
ယိုကျိုး၌ ကျိုးကျန့်ကျုံးဟူသည့် အမျိုးသားတစ်ဦးသည် တီစစ်ရီတွင် ကျင့်ကြံနေရင်းမှ ဟင်းလင်းပြင် တုန်ခါလာသဖြင့် ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီများအားလုံးသည် တောင်ပြိုသလို လှိူင်းလုံးများရိုက်ခတ်သလို ဖြစ်သွားရတော့သည်။
ထိုလူသည် တစ်ခုခုအား ခံစားမိပုံဖြင့် ကျင့်ကြံရာမှ သူ၏ မျက်လုံးများအားဖွင့်ကာ ရုတ်တရက် ဂိုဏ်း၏ ဂိတ်ဝမှ အပြေးအလွှားထွက်သွားခဲ့သည်။ ထို့နောက် တောင်တစ်သိန်းတောင်တန်း
၏ တည်နေရာဘက်သို့ သူ၏ အံ့ဩ၍ ရမ္မက်ပြင်းထန်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော မသေမျိုး စွမ်းအင်သည် အင်မော်တယ်ရတနာတစ်ခုခု အောက်ဘုံသို့ ပြုတ်ကျလာသောကြောင့်များ ဖြစ်ပွားလေသလား။
တစ္ဆေတိုင်းပြည်
တစ္ဆေအရိုးစုဂိုဏ်းသည် တိမ်များ ထူထပ်လျှက်ရှိသောကောင်းကင်၏ ထောင်ပေါင်းပေအမြင့်တွင်တည်ရှိသည်။
“ ကောင်းကင်နဲ့မြေပြင် အမြင်အာရုံအရ နတ်ရတနာတစ်ခုခု ကမ္ဘာပေါ်ကိုကျလာလို့ပဲ ဖြစ်မယ်”
ထိုအချိန်တွင် များစွာသော အစွမ်းထက်သောပုဂ္ဂိုလ် များသည် တောင်တစ်သိန်းတောင်တန်း ဘက်သို့ ကြည့်နေခဲ့ကြသည်။
ဖေးရှန့်တောင်၏ နတ်ပြည်ကိုးခုအထက်တွင် အင်မော်တယ်ဓါးသည် ကောင်းကင်အားခွဲကာ အရိပ်လက်သီးအား ရိုက်နှိပ်နေခဲ့သည်။
နဂါးငွေ့တန်းတစ်ခု ကိုးရက်ကြာမျှ ကြွေကျနေသကဲ့သို့ ည၏အမှောင်သည် ချက်ချင်းပင် နေ့အလင်းရောင်ကဲ့သို့ လင်းလက်တောက်ပနေခဲ့သည်။
အင်မော်တယ်ဓါးသည် အရိပ်လက်သီးနှင့် တိုက်မိချိန်တွင် အသံတစ်ခု ပေါ်ထွက်လာခဲ့သည်
ချွင် ချွင် ချွင်!
နတ်ဓါးသည် အရိပ်လက်သီး၏ တိုက်ခိုက်မှုအောက်တွင် ကွဲအက်သွားကာ အလင်းရောင်များ ထုတ်လွှတ်နေခဲ့သည်။ ထို့နောက် ဓါး၏ကိုယ်ထည်သည် နတ်ပြည်ကိုးထပ်မှ အောက်ဘုံ သို့ကျကာ စွမ်းအင်များကုန်ဆုံးသွားသကဲ့သို့ အရောင်များမှိန်ကျသွားခဲ့သည်။
ယခင် အင်မော်တယ်ဓါးမှပွင့်ထွက်လာသော ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားသည်လည်း ကနဦးကတည်းက ပေါ်ထွက်မလာခဲ့သည့်ဟန်ဖြင့် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
လက်သီး၏ အရိပ်သည်လည်း ကွယ်ပျောက်သွားကာ ကောင်းကင်မှ ဟောင်းလောင်းအပေါက်ကြီးသည်လည်း ဖြေးညှင်းစွာ ပြန်လည်ပျောက်ကင်းသွားခဲ့သည်။ ကမ္ဘာကြီးသည် နောက်တဖန် အမှောင်ထု၏ ထက်မှန် ဖုံးလွှမ်းခြင်းအား ခံရကာ တောင်တစ်သိန်းတောင်တန်းတစ်ခုလုံးသည်လည်း ယခင် ငြိမ်သက်မှုသို့ပြန်လည်ရောက်ရှိသွားတော့သည်။
တောင်တစ်သိန်းတောင်တန်းမှ မူလငြိမ်သက်မှုသို့ ပြန်ရောက်သွားသည်နှင့် များစွားသော အင်အားကြီးအဖွဲ့အစည်းများသည် ကောင်းကင်နှင့်မြေကြီး၏ အမြင်ပြရာ နေရာသို့ သန်မာသူများအား စေလွှတ်ခဲ့သည်။
ထိုအမြင်သည် ကမ္ဘာပေါ် သို့ အင်မော်တယ်ရတနာတစ်ခုကျလာခြင်းဖြစ်သည်ကို လူတိုင်းသိရှိပြီးဖြစ်သည်။
သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ထို အင်မော်တယ်ရတနာအား ပိုင်ဆိုင်ရန် အစွမ်းကုန်ကြိုးစားရန်သာဖြစ်သည်။
အင်မော်တယ်ဘုရားကျောင်းတွင်ရှိနေသော ချမ်ချန်ကန်းသည် သူ၏ မဖြစ်စလောက်လက်သီးချက်မှာ ကောင်းကင်းပေါ်သို့ အပေါက်ဖြစ်သည်အထိ ထိုးနှက်မှုဖြစ်ပွားခဲ့သည်ကို မသိခဲ့ပေ။
ထို့အပြင် အထက်ဘုံမှ အင်မော်တယ်ရတနာ တစ်ခုကိုတောင် ပေါက်ကွဲအောင်လုပ်ခဲ့သေးသည်။
သူသည် တစ္ဆေအမျိုးသမီးအား လက်သီးတစ်ချက်ဖြင့်သတ်ဖြတ်နိုင်ခဲ့သော အရသာတွင် နစ်မြှုပ်နေဆဲသာဖြစ်ပြီး မခံမရက်နိုင်ဘဲ မျက်ရည်ပင်ကျမိသည်။
သုံးနှစ် ၊ သုံးနှစ်ရှိခဲ့ပြီ
နောက်ဆုံးတော့ သူ့ရဲ့ ရွှေလက်ချောင်းရောက်လာခဲ့ပြီ။
နတ်ဘုရားသည် သူ့အား မေ့ထားမှာမဟုတ်သည်ကို သူ သိနေခဲ့သည်။
ဒီလိုအန္တရာယ်များတဲ့ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်းနယ်ပယ် စနစ်နဲ့သာဆိုရင် နောက်ဆုံးတော့ ဘယ်သူကိုမှ ကြောက်စရာမလိုတော့မည် ဖြစ်သည်။
“စနစ်မှသတိပေးချက်: ပိုင်ရှင်သည် ချီသန့်စင်ခြင်းနယ်ပယ် တတိယအဆင့်ရှိ တစ္ဆေအမျိုးသမီးကို ချေမှုန်းလိုက်သည့်အတွက် နယ်မြေတန်ဖိုး ၁၀မီတာကိုရရှိပါပြီ။ “
“နယ်မြေတန်ဖိုးကဘာလဲ”
ချမ်ချန်ကန်းသည် အချိန်ခဏမျှ ကြောင်အမ်းအမ်းဖြစ်နေခဲ့ပြီး စနစ်အား မေးလိုက်သည်။
စနစ်မှ ပြန်လည်ဖြေကြားခဲ့သည်။
“နယ်မြေတန်ဖိုး ၁၀၀မီတာရတိုင်း ပြိုင်ဘက်ကင်းကွင်းပြင်ရဲ့ အကွားအဝေးကတိုးလာမှာပါ။ယခု ပိုင်ရှင်ရဲ့ ပြိုင်ဘက်ကင်းကွင်းပြင်ကတော့ ၂မီတာအကွာအဝေးရှိပါတယ်။”
ချမ်ချန်ကန်း၏ မျက်လုံးများမှာ အရောင်လင်းလက်လာခဲ့သည်။ အဲ့လိုလား။
သူ၏ ယခု ပြိုင်ဘက်ကင်းကွင်းပြင်သည် ၂မီတာသာရှိသည်။
မှန်စွာပြောရမည်ဆိုလျှင် သန်မာပြီးပြင်းထန်
သော်လည်း တိုးတောင်းပြီးအားနည်းနေသေးသည်။
သို့သော် စနစ်၏ပါဝါအားသိလိုက်ရသော ချမ်ချန်ကန်းတွင် ပန်းတိုင်တစ်ခုသာရှိသည်။
ထိုအရာသည် သူ၏ ပြိုင်ဘက်ကင်းကွင်းပြင်ကို ကျယ်ပြန့်ရန်သာဖြစ်သည်။
ပို၍ကြီးမားပြီးသန်မာကာ၊ ပို၍ထူထပ်ပြီး အင်အားကြီးမားလာရန် ပြုလုပ်ရမည်ဖြစ်သည်။