အခန်း ၃
Vol. 1 Ch. 3
အခန်း ၃: အင်မော်တယ် ၁၂ပါးသည် အောက်ဘုံသို့ သက်ဆင်းရလိမ့်မည်။
အထက်ဘုံ၊ရွှယ်ဝူအင်မော်တယ်နယ်ပယ်
“သေစမ်း! ဒီနတ်ဘုရားရဲ့ မြင့်မြတ်သောနတ်ဓါး!!”
ခန်းနားထည်ဝါလှသော နန်းတော်တစ်ခုမှ ဟစ်အော်သံသည် ဒေါသူပုန်ထနေသော သမုဒ္ဒရာ လှိုင်းလုံးကြီးများ ပြင်းထန်နေသကဲ့သို့ဘအချင်းမိုင်ထောင်ချီရှိ မြောက်များစွာသော သတ္တဝါများအား တုန်လှုပ်ခြောက်ခြားစေသည်အထိအောင် ကောင်းကင်နဲ့မြေပြင်တွင် ပဲ့တင်ထပ်နေခဲ့သည်။
နန်းတော်ထဲတွင် ရွှေအိုရောင်အဝတ်အစားများအား ဝတ်ဆင်ထားသော အမျိုးသား၏ မျက်နှာသည် ခက်ထန်၍ ဒေါသူပုန်ထနေကာ သူ၏ ခန္ဓာကိုယ်သည်လည်း ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားများဖြင့်ပြည့်နှက်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း လေထန်၍ တွန့်လိမ်ရှုပ်ထွေးစေခဲ့သည်။
“ အင်မော်တယ် ၁၂ပါးကို ဒီနတ်ဘုရားဆီကို ခေါ်လိုက်ကြစမ်း”
ရွှေရောင်ဝတ်ရုံနှင့်အမျိုးသားမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် တောက်ပသောနတ်ရောင်ခြည် ၁၂ ခုသည် နန်းတော်အတွင်းသို့ ဆင်းသက်လာကာ ရှည်လျားသော ပုဂ္ဂိုလ်၁၂ဦးအဖြစ်သို့ ပြောင်းလဲ၍ နေရာတွင် ဒူးတစ်ဖက်ထောက်ကာ ပြိုင်တူ ပြောဆိုခဲ့ကြသည်။
“အင်မော်တယ် အရှင်မင်းမြတ်အား အရိုအသေပေးပါတယ်!”
ရွှေရောင်အဝတ်အစားနှင့် အမျိုးသားသည် ထိုလူတစ်စုအား အေးစက်စွာကြည့်၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ အင်မော်တယ်အားလုံး အမိန့်နာခံစေ။ ဒီနတ်ဘုရားရဲ့ နှစ်ပေါင်းထောင်ချီစတေးမှုပြုပြီး စင်ကြယ်ထားတဲ့ အသက်လဲလှယ်ခြင်း နတ်လက်နက် အခု အောက်ဘုံမှာကျန်နေခဲ့တယ်။ ဘာပဲသုံးရ သုံးရ မရရအောင် ပြန်ယူလာခဲ့ကြ။”
“အောက်ဘုံက ပုရွက်ဆိတ်လိုကောင်တွေရှိရင် သက်ညှာမှုမပေးဘဲ သတ်ပစ်လိုက်”
“ အမိန့်တော်အတိုင်းပါ”
ထို့နောက် ကြီးမြတ်သော အင်မော်တယ် ၁၂ပါးသည် ၁၂ရောင်စဉ် အင်မော်တယ်သက်တံအဖြစ်သို့ အသွင်ပြောင်းကာ နန်းတော်ကနေ အောက်ဘုံသို့ ဆင်းသက်သွားခဲ့သည်။
နတ်ဘုရားကျောင်းတွင်
ချမ်ချန်ကန်းသည် စနစ်အား မွန်းစတားများအားသက်ခြင်းအပြင် ပိုင်နက်တန်ဖိုးရယူရန်အခြားနည်းလမ်းရှိသေးလားဟု မေးနေခဲ့သည်။
“ကွင်းပြင်တန်ဖိုးရယူနိုင်မဲ့ နည်းလမ်းတွေက ပိုင်ရှင်ကိုယ်တိုင် စူးစမ်းရှာဖွေမှရပါမယ်”
လိုချင်သောအဖြေမရခဲ့သော ချမ်လျန်ကန်းသည် အရေးမစိုက်သည့်ပုံဖြင့် ပခုံးတွန့်လိုက်သည်။
“ အဲ့ဒါဆိုရင်လည်း ပြီးတာပဲ”
သူသည် စိတ်ဓာတ်ကျခြင်း မရှိခဲ့ပါ။
ကွင်းပြင်တန်ဖိုးရရှိနိုင်မည့် နည်းလမ်းတစ်ခုအား သိရှိပြီးဖြစ်သော ချမ်ကျန်ကန်းသည် ဤမျှ မွန်းစတားများပေါများသော ကမ္ဘာကြီးတွင် ကွင်းပြင်တန်ဖိုးမရှိတော့မည်ကို အနည်းငယ် မျှစိုးရိမ်ခြင်းမရှိပေ။
ထို့နောက် ချမ်ချန်ကန်းသည် ဘေးပတ်လည်အား လှည့်ကြည့်နေခဲ့သည်။
ဘုရားကျောင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်၍ အအေးစက်လှသည်။
ချမ်ချန်ကန်းသည် ချောင်းဟန့်၍ ဘုရားကျောင်းအပြင်ဘက်သို့ လှမ်းအော်ပြောလိုက်သည်။
“ တစ္ဆေတွေဘာတွေများ ရှိကြလား”
သို့သော် ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပေ။
ကြည့်ရတာ ဒီဘုရားကျောင်းထဲမှာ တစ္ဆေအမျိုးသမီးတစ်ယောက်သာရှိပုံပေါ်သည်။ နှမြောစရာကောင်းလိုက်တာ။
ဘုရားကျောင်းထဲတွင် ပေါ်လာသော တစ္ဆေအမျိုးသမီးအား စဉ်းစားမိသောအခါ ချမ်ချန်ကန်းသည် အနည်းငယ်မျှ စိုးရိမ်ကြောင့်ကြလာခဲ့သည်။
အဖိုးကြီးသည် ဤဘုရားကျောင်းတွင် ကန့်သတ်ချက်များ သေချာစွာ ထားရှိခဲ့သောကြောင့် မိစ္ဆာနှင့် တစ္ဆေများ ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာရန် အကြောင်းမရှိပေ။
သို့သော် ယခုညတွင် ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာခဲ့သော တစ္ဆေအမျိုးသမီးမှာ ချီသန့်စင်ခြင်းနယ်ပယ်အဆင့်သာရှိသူဖြစ်သည်။
အဖိုးကြီးသည် ပြန်မလာတာ တစ်လရှိခဲ့ပြီဖြစ်သည်။
သူ၏ ရင်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်များရနေခဲ့သည်။
အဖိုးကြီးများ တစ်ခုခုဖြစ်လေသလား။
“ အို အဖိုးကြီးရေ ခင်ဗျားအပြင်မှာ သေလို့မဖြစ်ဘူးနော်”
ချမ်ချန်ကန်းသည် ထိုသို့ ရေရွတ်ပြောဆိုရုံမှအပ ဘာကိုမှမလုပ်နိုင်ခဲ့ပါ။
ယခု သူ့တွင် အားကိုးစရာဆိုလို့ ပြိုင်ဘက်ကင်းပိုင်နက် တစ်ခုသာရှိတော့သည်။
သို့သော် သူသည် ပြိုင်ဘက်ကင်းနယ်ပယ်မှ ထွက်မိလျှင် ဗလာနတ္ထိသာဖြစ်သည်။
အပြင်သို့ထွက်သွားခြင်းသည် သေခြင်းတရားအား ရှာဖွေခြင်းသာ ဖြစ်မည်။
ဂွီ-
ချမ်ချန်ကန်း၏ ဗိုက်မှ ရုတ်တရက်ဆိုသလိုပင် အသံတစ်ခုထွက်လာခဲ့သည်။
ချမ်ချန်ကန်း၏ မျက်နှာသည် ရုတ်တရက်ခါးသီးလာကာ သူ၏ဗိုက်အား ပွတ်သပ်နေခဲ့သည်။
“ဗိုက်ဆာလိုက်တာ။ အဖိုးကြီးထားခဲ့တဲ့ အစာခြောက်တွေလည်း လွန်ခဲ့တဲ့ နှစ်ရက်က စားလိုက်လို့ကုန်သွားပြီ။”
သူသည် ဘုရားကျောင်းအပြင်ဘက်သို့ငေးကြည့်နေသော်လည်း ဘာမှမမြင်ရခဲ့ပါ။
အပြင်တွင် သည်းထန်စွာရွာသွန်းနေသော မိုးကြောင့် အမှောင်ထုကြီးဖုံးလွှမ်းနေပြီး တစ္ဆေသရဲများမှ ပါးစပ်ကြီးအားဖွင့်ကာ အပြင်ထွက်လာမည့် ချမ်ချန်ကန်းအား ဝါးမျိုရန်စောင့်နေသည်ဟု ထင်မှတ်ရသည်။
ထိုသည်ကား ချမ်ချန်ကန်း၏ အပြင်ထွက်၍ အစာရှာမည့်အကြံအစည်အား လက်လျှော့စေခဲ့သည်။
သူ၏ ခေါင်းအား လှုပ်ယမ်းနောက်၊ ချမ်ချန်ကန်းသည် မျက်လုံးများမှေးကာ ကျောက်တုံးရုပ်ထုအား မှီ၍ တီးတိုးရေရွတ်နေခဲ့သည်။
“ ဒီညတော့ ထားလိုက်ပါတော့လေ နောက်နေ့မှ တစ်ခုခုသွားရှာပြီး စားတော့မယ်”
ချမ်ချန်ကန်းသည် ဆာလောင်ခြင်းအားသည်းခံကာ သူ၏မျက်လုံးများအား မှိတ်၍ အိပ်ရန် ပြင်ဆင်တော့သည်။
နာရီဝက်ခန့်ကြာသောအခါ ချမ်ချန်ကန်းသည် အိပ်ပျော်နေရာမှ သူ၏မျက်လုံးများအားဖွင့်ကာ ရှုံ့မဲ့နေသောမျက်နှာနှင့် သူ၏ဆံပင်များအား စိတ်ဆိုးမာန်ဆိုးဖြင့် ဆုပ်ကိုင်နေတော့သည်။
“ ဗိုက်ဆာတယ်! သည်းမခံနိုင်တော့ဘူး”
သူသည် အစာမစားရတာ နှစ်ရက်ရှိပြီဖြစ်ပြီး ယခုသူ၏ ဗိုက်သည် နောက်ကျောဘက်သို့ ပူးကပ်နေသကဲ့သို့ဖြစ်နေရာ၊ သူ၏အစာအိမ်သည်လည်း ကျယ်လောင်အော်ဟစ်နေခဲ့သည်။
သူ့တွင် ပြိုင်ဘက်ကင်းကွင်းပြင်ရှိသော်လည်း သူ၏ ဆာလောင်မွတ်သိပ်ခြင်းအား ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။
သူသည် အစာငတ်၍သေရတော့မှာပါလား။
တကယ်ပင် အစာငတ်၍သေခဲ့လျှင် လွန်စွာဝမ်းနည်းစရာကောင်းမည်ဖြစ်သည်။
ချမ်ချန်ကန်းသည် ထ၍ သူ၏ ပြိုင်ဘက်ကင်းပိုင်နက်၏ အစွန်းသို့လျှောက်သွားခဲ့သည်။ ထို့နောက်တုံ့ဆိုင်းကာ သူ၏ လက်အားအပြင်သို့ ဆန့်ထုတ်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် အမှော်အော်ရာတစ်ခုသည် သူ၏ ဆန့်ထုတ်ထားသော လက်အား ဖြတ်သွားသကဲ့သို့ အေးစက်သွားကာ သူ၏ဆံပင်မွှေးအပေါ်သို့ထောင်မတ်သွားသကဲ့လို့ ခံစားခဲ့ရသည်။
သူသည် ခန္ဓာကိုယ်တစ်ခုလုံး ခိုက်ခိုက်တုန်လာကာ သူ၏လက်အား လျင်မြန်စွာ ရုပ်သိမ်းလိုက်သည်။
ပြိုင်ဘက်ကင်း နယ်ပယ်ထဲတွင် ချမ်ချန်ကန်းသည် ယခင် အမှော်အော်ရာအားမခံစားရတော့ဘဲ နွေဦးသို့ရောက်နေသကဲ့သို့ နွေးထွေးသွားခဲ့သည်။
သို့သော် သူ၏ လက်အား ပြိုင်ဘက်ကင်းနယ်ပယ်မှ ဆန့်ထုတ်လိုက်လျှင် အပြင်ဘက်ကမ္ဘာနဲ့ ပြိုင်ဘက်ကင်းနယ်ပယ်သည် လွန်စွာကွာခြားနေမည်ကို သိရှိခံစားရလိမ့်မည်။
ဘာလို့အဲ့လောက်ကြောက်စရာကောင်းတာလဲ။
ဘုရားကျောင်းထဲမှာ တစ္ဆေတွေပုန်းနေသေးလို့များလား။
အပြင်ထွက်မိလျှင် သေသွားလိမ့်မည်ဟု ထင်ရသည်။
ချမ်ချန်ကန်းသည် အံကြိတ်၍သာ သူ၏ ဆာလောင်မှုအား ထိန်းသိမ်းထားခဲ့သည်။
“ နေပါစေတော့။ ငတ်သေရင် ဖြေးဖြေးခြင်းပဲသေမှာပါ။ အသက်ခံရမယ်ဆိုရင်တောင် အပြင်မထွက်နိုင်ဘူး”
နောက်ဆုံးတွင် ချမ်ချန်ကန်းသည် ပြိုလဲကြသွားသကဲ့သို့ ကျောက်တုံးရုပ်ထု၏ အောက်တွင်သာ မျှော်လင့်ချက်မဲ့နေသော မျက်နှာနှင့် မလှုပ်မယှက်ဖြစ်နေတော့သည်။
“တကယ် ဗိုက်ဆာတယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ္ဆေတစ်ကောင်ကောင်ပဲဖြစ်ဖြစ် စားစရာယူလာပေးကြပါ လို့”
ဘုံး ဘုံး ဘုံး!
အပြင်တွင် မိုးချုန်းသံသည် နားကွဲလုမတတ်ကျယ်လောင်နေခဲ့၍ မိုးသည်လည်း ပို၍ပင် သည်းထန်လာတော့သည်။
အင်မော်တယ်ဘုရားကျောင်းထဲတွင်ရှိနေသော ချမ်ချန်းကန်သည် ဆာလောင်နေသော်လည်း နောက်ဆုံးတော့ အိပ်ပျော်သွားခဲ့သည်။
သူ၏ ပါးလွှာသော အဝတ်အစားများအား ထွေးပိုက်၍ ဟောက်လိုက်။ သရေကျလိုက်။ ရယ်မောလိုက်နှင့် အိပ်ရင်းစကားပြောနေခဲ့သည်။
“ဟော့ပေါ့၊ ချွမ်ချွမ် ၊ မာလာထန်း၊ အသားကင်၊ ဟီးဟီးဟီး အားလုံးငါ့အပိုင်...”
ချမ်ချန်ကန်းမှ နွေဦးနှင့် ဆောင်းဦးကာလအကြောင်း အိမ်မက် မက်နေချိန်တွင် အင်မော်တယ်ဘုရားကျောင်း၏ အပြင်ဘက်တွင် လူရိပ်နှစ်ခုပေါ်လာခဲ့သည်။
အမာရွတ်ရှိသောမျက်နှာနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ကြီးထွားသန်မာသော အရပ်အမောင်းရှိပြီး ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများသည်လည်း သူ၏ခန္ဓာကိုယ်တွင်ပြည့်နေခဲ့သည်။
အမာရွတ်နှင့်အမျိုးသား၏နောက်တွင် လိုလီမလေးတစ်ယောက်လိုက်ပါခဲ့သည်။
သူမသည် ၁၃၊ ၁၄နှစ်အရွယ်မျှသာရှိပြီ ခြေဗလာဖြစ်နေခဲ့သည်။ သူမတွင် လှပပြီးတောက်ပသောမျက်လုံးများရှိ၍ ခရမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသည်။
သို့သော်လည်း သူမသည် အနည်းငယ်မျှ အခက်တွေ့နေသယောင် စူပုပ်၍ အမာရွတ်နဲ့အမျိုးသား၏ အနောက်သို့ တွန့်ဆုတ်လျှက် လိုက်သွားခဲ့သည်။
အမာရွတ်နှင့်အမျိုးသားသည် အင်မော်တယ်ဘုရားကျောင်းအတွင်းသို့ဝင်လာ၍ ကျောက်တုံးရုပ်ထု၏အောက်တွင် အိပ်ပျော်နေသော ချမ်ချန်ကန်းအားတွေ့သောအခါ သူသည် အနည်းငယ်မျှအံ့ဩသွားသည်။
“ဒီလိုတောင်ပေါ်က ဆုတ်ယုတ်နေတဲ့ ဘုရားကျောင်းထဲမှာ သူဖုန်းစားတစ်ယောက်ရှိနေမယ်လို့ ထင်တောင်မထင်ထားဘူး”