← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄:မင်းငါ့ကိုသတ်နိုင်ရင် ငါဒူးထောက်ပြီး မင်းအတွက်အောင်ပွဲသီချင်းဆိုပြမယ်။

အမျိုးသမီးငယ်သည် ဘုရားကျောင်းအတွင်းသို့ ဝင်သွားသော အမာရွတ်နှင့် အမျိုးသားအား ရပ်ကြည့်နေခဲ့သည်။ သူမသည် တစ်ခုခုစဉ်းစားမိပုံဖြင့် ခြေဖျားထောက်၍ ထွက်ပြေးရန်ကြိုးစားခဲ့သည်။

ထိုအချိန်တွင် ဘုရားကျောင်းအတွင်းသို့ ဝင်သွားသော အမာရွတ်နှင့်အမျိုးသားသည် အေးစက်စက် သရော်ဟန်ပြုလိုက်သည်။

မှော်စွမ်းအားများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကြောက်မက်ဖွယ် စုပ်ယူခြင်းများ ခန္ဓာကိုယ်တစ်ခုလုံး၌ ပေါ်ပေါက်လာခဲ့သည်။

အမျိုးသမီးငယ်မှ အံ့အားသင့်စွာအော်ဟစ်လိုက်ပြီး၊ ပြင်ဆင်ချိန်မရခင် အချိန်အတွင်းတွင် သူမ၏ ပိန်ပါးသောခန္ဓာကိုယ်သည် ဘုရားကျောင်းအတွင်းသို့ လွင့်စဉ်ကာ ဘန်း ဟုသော အသံဖြင့် ကြမ်းပြင်နှင့် ရိုက်ခတ်မိခဲ့သည်။

“အား သေပါပြီ ဟ”

“ လင်းပေါင်အာ မင်းငြိမ်ငြိမ်မနေနိုင်ဘူးလား”

“ ငါ့ကို ဒေါသထွက်အောင်လုပ်ပြီး ထွက်ပြေးဖို့ မစဉ်းစားနဲ့ မင်းအဖေက ဓားကိုးစင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုရင်တောင် ငါမင်းကို ရိုက်သတ်ပစ်လို့ရတယ်”

“ကောင်းပြီလေ အဲ့ဆိုရင် ငါ့ကိုရိုက်သတ်လိုက်လေ ပြီးရင်တော့ ငါ့အဖေက နင့်ကို လက်တစ်ချောင်းထဲနဲ့ ထိုးသတ်တာကို စောင့်နေလိုက်ပေါ့”

လင်းပေါင်အာသည် အမာရွတ်နှင့်အမျိုးသားအား မကြောက်သည့်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

အမာရွတ်နှင့်အမျိုးသားသည် ဒေါသတကြီးဖြစ်လာကာ ဂနာမငြိမ်နိုင်သော လင်းပေါင်အာအား ပညာပေးရန် အရှေ့သို့တိုးလာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အမာရွတ်နှင့်အမျိုးသာနှင့် လင်းပေါင်အာတို့ကြားက ခိုက်ရန်ဖြစ်ပွားမှုသည် အိပ်ပျော်နေသော ချမ်ချန်ကန်းအား အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ချမ်ချန်ကန်းသည် မခံမရက်နိုင်ဖြင့် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။

“ ငါ့ ဟော့ပေါ့”

အိမ်မက်ထဲတွင် ချမ်ချန်ကန်းမှ ဟော့ပေါ့အား စားရတော့မည့်အချိန်တွင် ဘုရားကျောင်းထဲမှ ဖြစ်ပွားမှုများကြောင့် မထင်မှတ်ထားဘဲ နိုးလာခဲ့သည်။

ချမ်ချန်ကန်းသည် လွန်စွာဒေါသူပုန်ထမိသည်။

ထိုအချိန်တွင် အင်မော်တယ်ဘုရားကျောင်းထဲတွင် လူနှစ်ယောက်ရှိနေခဲ့သည်ကို ချမ်ချန်ကန်းမှ သတိထားမိခဲ့သည်။

အမာရွတ်နှင့် အမျိုးသားသည် သူ့အား ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် အေးစက်စွာကြည့်နေခဲ့သည်။

အမာရွတ်နဲ့ အမျိုးသား၏ မျက်နှာအားတွေ့လိုက်ရသောကြောင့် ချမ်ချန်ကန်းသည် အံ့အားသင့်သွားသည်။ ထိုရုပ်ရည်မှာ လွန်စွာကြောက်စရာကောင်းသော မျက်နှာဖြစ်ပေသည်။

တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် လူကောင်းဖြစ်မည်ပုံ မပေါ်ပေ။

တုံ့ဆိုင်းမနေတော့ဘဲ သူသည် ထ၍ ထွက်ပြေးခဲ့သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ထွက်ပြေးရာမှရပ်၍ တွေးနေခဲ့သည်။

မဟုတ်သေးပါဘူး။

သူ့၌ ပြိုင်ဘက်ကင်းကွင်းပြင်ရှိသောကြောင့် ပြိုင်ဘက်ကင်းကွင်းပြင်အထဲတွင်ရှိနေသ၍ ထိုလူအား အဘယ်ကြောင့် ကြောက်ရမည်နည်း။

အိပ်ချင်မူးတူးဖြစ်နေသေးပုံရသည်။

ချမ်ချန်ကန်းသည် သူ၏ ခေါင်းအားလှုပ်ယမ်းနေခဲ့သည်။ ထို့နောက် သူ၏ မျက်လုံးများ အရောင်တောက်ပလာ၍ အမာရွတ်နှင့် အမျိုးသားအား စိုက်ကြည့်ခဲ့သည်။

ဒီအမျိုးသားမှာ စားစရာတစ်ခုခုပါ မပါ ခန့်မှန်းကြည့်ရင် ကောင်းမလား။

အဲ့ဒါဆိုရင် ဗိုက်ဆာပြီး သေစရာအကြောင်းမရှိတော့မည်ဖြစ်သည်။

ချမ်ချန်ကန်းမှ လှမ်းအော်လိုက်သည်။

“ ဟေး ဟေး ဒီဘုရားကျောင်းက ဒီဦးလေးရဲ့ ပိုင်နက်ပဲ။ ငါ့ခွင့်ပြုချက်မရဘဲ မင်းကိုဘယ်သူဝင်ခိုင်းလို့လဲ”

“အရေးအကြီးဆုံးက မင်းကြောင့်မို့လို့ ငါ့ဟော့ပေါ့ကို မစားလိုက်ရဘူး။ ဒီဦးလေးကို စားစရာတစ်ခုခုနဲ့ လျော်ကြေးမပေးရင် မင်းကို အလွတ်ပေမယ် မထင်နဲ့”

ထိုစကားအား နားထောင်နေသော လင်းပေါင်အာသည် မျက်တောင်ခတ်၍ ချမ်ချန်ကန်းအား ကရုဏာသက်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

ဒီသူဖုန်းစားသည် ရူးနေသူဖြစ်မည်။

သနားစရာကောင်းတာက သူသည် အမာရွတ်နဲ့အမျိုးသားအား ရန်စမိခြင်းဖြစ်ပြီး သာမန်လူတစ်ယောက်ဖြစ်နေခဲ့ခြင်းဖြစ်သည်။

အမာရွတ်နှင့်အမျိုးသား၏ အကျင့်စရိုက်အတိုင်းသာဆိုရင် သူအားသတ်မည်သေချာသည်။

ထင်သည့်အတိုင်း အမာရွတ်နှင့်အမျိုးသားသည် အေးစက်စွာ ပြောလိုက်၏။

“လျော်ကြေး၊ လုပ်အားနဲ့ စီမံခန့်ခွဲမှုတွေနဲ့ သေချင်နေတယ်ပေါ့လေ”

သူသည် သူဖုန်းစားတစ်ယောက်နှင့် အဓိပ္ပာယ်မရှိသောစကားများ ပြောဆိုချင်စိတ် မရှိပေ။

သူ့လက်တစ်ဖျောက်ဖြင့် အနက်ရောင်တိမ်ရိပ်များ ထွက်ပေါ်လာကာ အကျည်းတန်လှသော ဦးခေါင်းခွံတစ်ခုအဖြစ် ပြောင်းလဲ၍ ချမ်ချန်ကန်းအား ဝါးမျိုရန် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်။

သို့သော်လည်း ထိုအကျည်းတန်သောဦးခေါင်းခွံသည် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်ပယ်ထဲသို့ ရောက်သွားသည်နှင့်တပြိုင်နက် ချက်ချင်းဆိုသလိုပင် ဗလာနတ္ထိအဖြစ်သို့ပြိုကွဲကာ ပျောက်ကွယ်သွားတော့သည်။

အရိုးစုဦးခေါင်း နှံ့ပျံ့သွားသောအခါမှသာ ချမ်ချန်ကန်းသည် ဒေါသတကြီးတုန့်ပြန်လာခဲ့သည်။

“မင်းမေကြီးတော်! ငါကတောင် မသတ်ချင်သေးတာကို မင်းကငါ့ကိုသတ်ချင်တယ်ပေါ့လေ။ ငါ့ကို အရင်ကလို ဘယ်သူမဆို ထိန်းချုပ်နိုင်တဲ့ တည်သီးအပျော့များ ထင်နေတာလား!!”

ထာဝရသက်ရှည်ခန္ဓာကြောင့် ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်းများဖြင့် ကျင်လည်ကာ တစ်ရက်မျှ မအိပ်ရခဲ့သော ဤသုံးနှစ်အား တွေးမိ၍ဒေါသဖြစ်မိသည်။

ယခုမည်ကား သူ့တွင် ပြိုင်ဘက်ကင်းပိုင်နက် ရှိနေပြီဖြစ်သောကြောင့် အကြောက်တရားဖြင့် အသက်ရှင်ရန် လိုအပ်တော့မည်မဟုတ်ပေ။

အမာရွတ်နှင့်အမျိုးသားသည် အချိန်ခဏမျှ အံဩမှင်သက်သွားသည်။

သူသည် သူ၏ ခွန်အားကို ရှင်းရှင်းလင်းလင်းသိသူဟု ပြောလျှင်မမှားနိုင်ပေ။

ကျိုးကြောင်းဆီလျော်စွာပြောရမည်ဆိုလျှင် ထိုတိုက်ခိုက်မှုသည် ချမ်ချန်ကန်းအား ချေမှုန်းရန်လုံလောက်သည်။

သို့သော် ချမ်ချန်ကန်း၏ ရှေ့တွင်ရုတ်တရက် ပြိုကွဲသွားလိမ့်မည်ဟု မည်သို့မျှ မျှော်လင့်မထားခဲ့မိပေ။

သို့ပေမဲ့ ဤသူဖုန်းစားသည် သာမန်လူတစ်ယောက်ဖြစ်သည်ဆိုတာ ထင်ရှားလှသည်။

သူအား ပြန်ခုခံခြင်းကိုလည်း မတွေ့ခဲ့ရပေ။

ဘယ်လိုဖြစ်သွားရတာလဲ။

ဘေးဘက်ခြမ်းတွင်ရှိနေသော လင်းပေါင်အာသည်လည်း အံ့အားသင့်သွားခဲ့သည်။

မူလက သူမသည် အမာရွတ်နှင့်အမျိုးသား၏ တိုက်ခိုက်မှုသည် ချမ်ချန်ကန်းအား သေချာပေါက်သေစေမည်ဟု ထင်ထားခဲ့သည်။

ချမ်ချန်ကန်းသည် ထိုတိုက်ခိုက်မှုအား တားစည်းနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အမာရွတ်နှင့်အမျိုးသားသည် လီရှောင် ဟုခေါ်ပြီး၊ သူသည် တစ္ဆေပြည်နယ်မှ နတ်ဆိုးနဂါးလှိုဏ်ဂူ၏ မဟာအကြီးအကဲဟု သိထားရမည်ဖြစ်သည်။ သူသည် ရွှေဗဟိုချက်နယ်ပယ် အဆင့် ကျင့်ကြံသူဖြစ်ပြီး သူ၏ခွန်အားသည်လည်း ကြောက်မက်ဖွယ်ကောင်းသည်။ ချမ်ချန်ကန်းအား လက်တစ်ချောင်းတည်းဖြင့် အသေအလဲထိုးသတ်နိုင်မည့် အကြောင်းပြချက်ပင်ဖြစ်သည်။

ထိုရုတ်တရတ်ပြောင်းလဲမှုသည် လီရှောင် နှင့် လင်းပေါင်အာကို မထင်မှတ်စေခဲ့ပါ။

ချမ်ချန်ကန်းသည် ဒေါသတကြီး လှောင်ရယ်ကာ လီရှောင် အား “အမာရွတ်ကောင် မင်းမှာ ငါ့ကိုသတ်နိုင်တဲ့ အရည်အချင်းမရှိသေးဘူး ကွ”

“ငါဒီမှာရပ်နေတယ်လေ ဒီကိုလာခဲ့၊ မင်းငါ့ကိုသတ်နိုင်ရင် ငါဒူးထောက်ပြီး မင်းအတွက်အောင်ပွဲသီချင်းဆိုပြမယ်”

ဘုံး!

လီရှောင်၏ ခန္ဓာကိုယ်မှပြင်းထန်သော မှော်စွမ်းအင်အတက်အကျများ ထွက်ပေါ်လာကာ သူ၏လက်ထဲတွင် သွေးရောင်ဓားရှည်တစ်ချောင်း ပေါ်လာကာ သတ်ဖြတ်ချင်သောအသံဖြင့်ပြောလိုက်သည်။

“မင်း ဘယ်သူပဲဖြစ်နေပါစေ သေချင်နေတယ်ဆိုရင် ငါဖြည့်ဆည်းပေးမယ်”

ထိုသို့ပြောပြီးသည်နှင့် လီရှောင်သည် ချမ်ချန်ကန်းဆီသို့ တစ်ဟုန်ထိုးပြေးသွားခဲ့သည်။

သူ၏လက်ထဲတွင်ရှိသော သွေးရောင်ဓားရှည်သည် ချမ်ချန်ကန်း၏ ခေါင်းကို တိုက်ရိုက် ခုတ်ပိုင်းခဲ့သည်။

ချမ်ချန်ကန်းသည် ကြောက်ရွံ့ပုံမပေါ်သည့်အပြင် သူ၏ မျက်နှာမှအပြုံးသည်လည်း ပို၍ကျယ်ပြန့်သွားသည် ။

မည်သို့ဆိုသော် လီရှောင်သည် သူ၏ ပြိုင်ဘက်ကင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်လာသောကြောင့်ဖြစ်သည်။

သူသည် ဒုက္ခပေးရန် မရည်ရွယ်ခဲ့ပေ။

သို့သော် ဒီလီရှောင်သည် သူအားသတ်ရန်ကြိုးစားခြင်းဖြင့် ကိုယ့်သေတွင်းကိုယ်တူးနေခဲ့သောကြောင့် ချမ်ချန်ကန်သည် သဘာဝအတိုင်း ယဉ်ကျေးနေမည်မဟုတ်ပေ။

ယခု လီရှောင်သည် သူ၏ ပြိုင်ဘက်ကင်းနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ရာ၊ လီရှောင်၏ ရှင်ခြင်းနှင့် သေခြင်းသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

လီရှောင်မှ လှောင်ရယ်လိုက်ပြီး သူ၏လက်ထဲမှ သွေးရောင်ဓါးရှည်ဖြင့် ချမ်ချန်ကန်း၏ ခေါင်းအား ခုတ်ပိုင်းလိုက်တော့သည်။

ခဏလေးအတွင်းမှာပင် သူဖုန်းစားသည် သွေးများအံထွက်ကာ သူ၏ခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေလိမ့်မည်။

သို့သော် ထိုအချိန်တွင် ချမ်ချန်ကန်းသည် သူ၏ညာဘက်လက်အား ဆန့်ထုတ်ကာ သွေးရောင်ဓားရှည်ကို ဆုပ်ကိုင်လိုက်သည် ။

သူဘာတွေလုပ်မလို့ စဉ်းစားနေတာလဲ။

လီရှောင်ရော လင်းပေါင်အာပါ နားမလည်တော့ပေ။

ဤသွေးရောင်ဓားသည် တတိယတန်းအဆင့် မှော်လက်နက်ဖြစ်၍ လွန်စွာထက်မြက်လှသည်။

သူ၏အသွေးအသားများဖြင့် ဖမ်းဆုပ်ခဲ့သော ဤသူဖုန်းစားသည် ရိုးရှင်းစွာသေကြောင်းကြံစည်နေခြင်းသာဖြစ်သည်။

သို့သော် နောက်အခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။

ထို့နောက် ချမ်ချန်ကန်း၏ ညာဘက် လက်ညိုး နှင့် လက်မ သည် သွေးရောင်ဓားရှည်အား ဖမ်းနိုင်ခဲ့သည်ကို တွေ့လိုက်ရသည် ။

ဤမြင်ကွင်းသည် မယုံကြည်နိုင်စရာကောင်းလှသည်။

အိုးမိုင်ဂေါ့!

ဤချမ်ချန်ကန်းသည် မည်သည့်ကျင့်ကြံခြင်းအဆင့်မှ ဖော်ပြခဲ့ခြင်းမရှိသည့် သာမန်လူတစ်ဦးသာဖြစ်ရာ၊ သူသည် မည်သို့ပြုလုပ်ခဲ့သနည်း။

လီရှောင်၏ သူငယ်အိမ်များပြူးကျယ်သွားကာ နားမလည်နိုင်ဖြစ်ခဲ့သည်။

မလှမ်းမကမ်းမှ လင်းပေါင်အာလည်း အံ့အားသင့်သွားခဲ့သည်။

ချမ်ချန်ကန်းသည် သေချာပေါက် သေမည်ဟု မူလက သူမ တွေးထင်ထားသော်လည်း ချမ်ချန်ကန်းမှာ မသေရုံတင်မက လီရှောင်ဆီမှ ဓားအား လက်နှစ်ချောင်းနဲ့ အလွယ်တကူ ဖမ်းယူခဲ့သည်။

“မင်း....”

လီရှောင်သည် တစ်ခုခုပြောချင်ခဲ့ပုံရသည်။

ချမ်ချန်ကန်းသည် လီရှောင်၏စကားအား ကြားဖြတ်ပြီး ခါးခါးသီးသီး ပြောလိုက်သည်။

“နောက်ဘဝကျရင် ဘဝကိုနှိမ့်ချပြီး ဖြတ်သန်း၊ တစ်နေကုန် သတ်ဖြတ်ဖို့ပဲ အော်ဟစ်မနေနဲ့။ ဒေါသနဲ့ ငွေရှာရတာ မကောင်းဘူးလေ မဟုတ်ဘူးလား။”

သူသည် ပြောပြီးသည်နှင့် သူ၏လက်ချောင်းများအား ပြင်းပြင်းထန်ထန် ဖိချလိုက်သည်။

‘ကလစ်’ ဟူသော အသံနှင့်အတူ၊ ပြိုင်ဘက်ကင်သွေးရောင်ဓားရှည်သည် သူ၏ လက်နှစ်ချောင်းဖြင့် ချိုးဖဲ့ခြင်းခံလိုက်ရတော့သည်။

ထို့နောက် လက်ဖြင့်တောက်လိုက်သည်။

ချမ်ချန်ကန်းသည် လက်ထဲမှ ဓါးအနအစများအား ‘ဖောင်း’ဟူသောမည်သံဖြင့် ပြင်းထန်စွာ ပစ်ပေါက်လိုက်တော့သည်။

ထိုပစ်ချက်သည် လီရှောင်၏ မျက်ခုံးတည့်တည့်သို့ ထိုးဖောက်ကာ သူ့အား သေစေခဲ့သည်။

“ စနစ်မှ သတိပေးချက် : ပိုင်ရှင်သည် ရွှေဗဟိုချက်နယ်ပယ်ကျင့်ကြံသူအား ချေမှုန်းခဲ့သောကြောင့် ပိုင်နက်တန်ဖိုး ၅၀၀ ရရှိပါသည်။

ချမ်ချန်ကန်း၏ မျက်လုံးများသည် မှေးစင်းသွားခဲ့သည်။

တစ္ဆေများနှိမ်နင်းခြင်းအပြင် ကျင့်ကြံသူများအား နှိမ်နင်းခြင်းသည်လည်း ပိုင်နက်တန်ဖိုးများ ရရှိနိုင်ပုံပေါ်သည်။

ယခင်က တစ္ဆေသုတ်သင်ခဲ့စဉ်ရရှိခဲ့သော ပိုင်နက်တန်ဖိုးအပြင်၊ ယခု သူသည် ပိုင်နက်တန်ဖိုး ၅၁၀ အထိ ရရှိသွားပြီဖြစ်သည်။

ပိုင်နက်တန်ဖိုး ၁၀၀ အား တစ်မီတာ တိုးချဲ့နိုင်လျှင် ပိုင်နက်တန်ဖိုး ၅၁၀ သည် ငါးမီတာ တိုးချဲ့ရန်ပင် လုံလောက်မည် ဖြစ်သည်။

တုံ့ဆိုင်းမနေတော့ဘဲ ချမ်ချန်ကန်းသည် သူ၏ ပြိုင်ဘက်ကင်းနယ်မြေကို ငါးမီတာအထိ ချဲ့ထွင်လိုက်တော့သည်။

သူ၏ ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးသည် အင်မော်တယ်ဘုရားကျောင်းအား ဖုံးလွှမ်းလုနီးပါး ကျယ်ပြန့်လာသည်။

ချမ်ချန်ကန်းသည် ဝမ်းသာအားရစွာ ရယ်မောလိုက်သည်။

လှပတယ် ဟူသော စကားလုံး၃လုံးသာပြောချင်မိတော့သည်။

မိစ္ဆာများနှင့် မွန်းစတားများအား သတ်ဖြတ်ခြင်းအပြင် ကျင့်ကြံသူများကို နှိမ်နင်းခြင်းပင်လျှင် နယ်ပယ်တန်ဖိုးများ ရရှိနိုင်မည်ပုံရသည်။

ချေမှုန်းခံခဲ့ရသောလူ၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလေလေ အကွာအဝေးတန်ဖိုး များများရနိုင်လေဖြစ်သည်။

All Chapters