← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅:တပည့်လား။ သေချာပေါက် သင့်တင့်လျာက်ပတ်တဲ့ ကိရိယာတစ်ခုပေါ့

လင်းပေါင်အာ၏ လှပသော မျက်လုံးများသည် ချမ်ချန်ကန်းအား စိုက်ကြည့်နေပြီး သူမ၏ မျက်နှာသည် မယုံနိုင်စရာကောင်းသော အကြည့်များဖြင့် ပြည့်နှက်နေသည်။

သူမသည် လီရှောင်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း သူမစိတ်ထဲတွင် လစ်ဟင်းနေခဲ့သည်။

ထိုသူသည် နတ်ဆိုးနဂါးလှိုဏ်ဂူ၏ ကြောက်မက်ဖွယ် အစွမ်းထက်သော ရွှေဗဟိုချက်နယ်ပယ်အဆင့် အကြီးအကဲတစ်ယောက်ဖြစ်သည်။

လွယ်လွယ်လေးသေသွားခဲ့တယ် တဲ့လား။

ချမ်ချန်ကန်းသည် လင်းပေါင်အာကို သွားမကြည့်ခဲ့ပေ။

အဲဒီအစား သူသည် လီရှောင်၏ခန္ဓာကိုယ်ရှိ ပစ္စည်းများအား မွှေနှောက်နေခဲ့သည်။

မကြာမီမှာပင် သူသည် သိုလှောင်လက်စွပ် တစ်ခုအား တွေ့ရှိခဲ့သည်။

“ဒီသိုလှောင်လက်စွပ်က ငါ့မှာကျင့်ကြံခြင်းအခြေခံမရှိလို့ မဖွင့်နိုင်ရင်အလကားပဲ”

ချမ်ချန်ကန်းသည် လင်းပေါင်အာကို လှည့်ကြည့်လိုက်သည်။

ဒီသိုလှောင်လက်စွပ်ကို ကိုယ်တိုင်ဖွင့်လို့မရလျှင် သူမကိုသာ အားကိုးရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ အသွင်အပြင်ကို သတိပြုမိပြီး သူ၏မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သိပ့်ကိုလှပတဲ့ မိန်းကလေးတစ်ယောက်ပါလား။

အမာရွတ်နှင့်လူ၏ သမီးဖြစ်နေမလား။

“ဒီအမာရွတ်နဲ့လူက မင်းနဲ့ဘယ်လိုပတ်သတ်တာလဲ”

ချမ်ချန်ကန်း၏မေးခွန်းသည် အံ့အားသင့်နေသော လင်းပေါင်အာအား အသိစိတ်ပြန်ကပ်စေခဲ့သည်။

လင်းပေါင်အာသည် နှုတ်ခမ်းများစူ၍

“သူက ဒီလောက်ရုပ်ဆိုးတာ၊ ကျွန်မနဲ့ ဘယ်လိုပတ်သတ်မှုရှိရမှာလဲ။ သူ့နာမည်က လီရှောင်၊ နတ်ဆိုးနဂါးလှိုဏ်ဂူရဲ့ အကြီးအကဲတစ်ယောက်၊ ကျွန်မနာမည်က လင်းပေါင်အာ ကျွန်မက ဓါးကိုးစင်းဂိုဏ်းက တပည့်တစ်ယောက်ပါ။”

“ဒီည ဒီတောင်တစ်သိန်းတောင်တန်းမှာ ကောင်းကင်နဲ့ မြေပြင်ရဲ့အမြင်အာရုံတစ်ခု ထွက်ပေါ်လာလို့ အင်မော်တယ်ရတနာတစ်ခု ကမ္ဘာပေါ်ကို သက်ဆင်းလာတယ်လို့ ထင်ကြေးရှိတာကြောင့် ကျွန်မတို့ ဓါးကိုးဆင်းဂိုဏ်းကတပည့်တွေကို စေလွှတ်ခဲ့ပေမဲ့ လမ်းမှာလီရှောင်ရဲ့တိုက်ခိုက်မှုကြောင့် ကျွန်မကလွဲပြီး တခြားတပည့်တွေအကုန်လုံး သူ့လက်ချက်နဲ့ သေကုန်ကြပြီ”

ထိုအကြောင်းအား ပြောပြီးသည်နှင့် လင်းပေါင်အာ၏ မျက်လုံးများသည် အနည်းငယ်မျှ မှေးမှိန်သွားခဲ့သည်။

သို့သော် မကြာခင်မှာပင် လင်းပေါင်အာ၏ မျက်နှာအမူအရာသည် ချမ်ချန်ကန်း၏ ကျေးဇူးကြောင့် နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

“ကျွန်မရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ။ အကြီးအကဲရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျွန်မကို နတ်ဆိုးနဂါးလိုဏ်ဂူအထိ ဖမ်းခေါ်သွားမှာ သေချာတယ်။”

ထို့နောက် သူမသည် ချမ်ချန်ကန်းအားစူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။

ချမ်ချန်ကန်းသည် ဖရိုဖရဲဖြစ်၍ ညစ်ပတ်နေသော်လည်း လင်းပေါင်အာသည် ယခင်ဖြစ်စဉ်အား မြင်တွေ့ခဲ့ရသူဖြစ်သည်။

ယခုဆိုလျှင် ချမ်ချန်ကန်း၏ပုံရိပ်သည် သူမ၏ နှလုံးသားထဲတွင် ကမ္ဘာ၏ အရှင်သခင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။

ရွှေဗဟိုချက်နယ်ပယ်အဆင့်တွင် ရှိနေသည့် လီရှောင်သည်ပင် သူ၏လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားခဲ့ခြင်းဖြစ်ရာ လင်းပေါင်အာသည် ချမ်ချန်ကန်းမှ မည်မျှသန်မာမည်ကို

စိတ်ကူးနိုင်စွမ်းမရှိပေ။

ထိုလူသည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ် အဆင့်၌ရှိသော အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်များ ဖြစ်နေမလား။

ထိုသို့တွေးမိသော လင်းပေါင်အာသည် အသက်ပြင်းပြင်းမရှူ၍ပင် မနေနိုင်တော့ပေ။

ယုကျိုးတွင် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိ အင်အားကြီးပုဂ္ဂိုလ်များ မရှိခဲ့ခြင်းမှာ နှစ်ပေါင်းရာနှင့်ချီခဲ့ပြီဟု ကြားသိရသည်။

သူမ၏ဖခင် ၊ ဓားကိုးစင်းဂိုဏ်း၏ မျက်မှောက်ဂိုဏ်းချုပ် လင်ချင်းရှန်ပင်လျှင် ကောင်းကင်ဘုံကိုးခုတွင် ရွှေဗဟိုချက်နယ်ပယ်အထွတ်အထိပ်၌ နှစ်ရာချီရှိနေပြီဖြစ်ရာ မည်သည့်အချိန်မှသာ အဆင့်ကျော်ဖြတ်နိုင်မည်ကို မသိသေးပေ။

ယခုမည်ကား တောင်တစ်သိန်းတောင်တန်း၏အပြင်ဘက်တွင်ရှိသော ဖေးရှန့်တောင်တွင် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့် အစွမ်းထက်သောပုဂ္ဂိုလ်အား တွေ့ရှိရမည်ဟု မထင်မှတ်ထားခဲ့ပေ။

လင်းပေါင်အား၏ အတွေးများအား မသိခဲ့သော ချမ်ချန်ကန်းသည် လီရှောင်၏ လက်စွပ်ကို လင်းပေါင်းအာသို့ ပေးလိုက်သည်။

“အမာရွတ်နဲ့လူက သေပြီဆိုတော့ အခု ဒီသိုလှောင်လက်စွပ်ကို ဖွင့်လို့ရပြီလား။”

ချမ်ချန်ကန်းမှ ဘာကိုဆိုလိုသည်ကို မသိသော လင်းပေါင်အာသည် အနည်းငယ်မှင်သက်သွားပြီးနောက် မသေချာမရေရာသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

သို့သော်လည်း ခဏအကြာ၌ ပြန်ဖြေခဲ့သည်။

“ လီရှောင် သေသွားတာနဲ့ အမှတ်အသားလည်း ပျက်စီးသွားပြီ။ အခု သိုလှောင်လက်စွပ်မှာ ပိုင်ရှင်မရှိတော့ဘူးဆိုတော့ သေချာပေါက် ဖွင့်လို့ရတာပေါ့”

ချမ်ချန်ကန်းသည် သက်သာရာရသွားသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒီသိုလှောင်လက်စွပ်ထဲကနေ စားစရာတစ်ခုခုများ ရှာလို့ရနိုင်မလား။”

အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိသူသည် တည်မြဲခြင်းမရှိ၍ ခန့်မှန်းရန်မရနိုင်သူများဖြစ်ကြသည်။

လင်းပေါင်အားသည် အထူးတလည် စဉ်းစားမနေဘဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ရပါတယ်။”

မကြာခင်မှာပင် လင်းပေါင်အာသည် သိုလှောင်လက်စွပ်ထဲမှ အစားအစာတချို့အား ရှာတွေ့ခဲ့သည်။

အထူးသဖြင့် သိုလှောင်လက်စွပ်ထဲတွင် အစားအစာရှာရာတွင် မှော်ရတနာများနှင့် အစွမ်းထက်ဆေးလုံးများကို တွေ့ခဲ့သဖြင့် လင်းပေါင်အာ သည် အင်မတန်အံ့အားသင့်နေခဲ့သည်။

အံ့ဩစရာကောင်းလိုက်တာ။

ဤ လီရှောင်သည် နတ်ဆိုးနဂါးလှိုင်ဂူ၏ ရွှေဗဟိုချက်နယ်ပယ်အဆင့်ရှိသော အကြီးအကဲဖြစ်ရန် ထိုက်တန်သူပီပီ သူ၏သိုလှောင်လက်စွပ်ထဲတွင်ရှိသော ရတနာများမှာလည်း မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပြောင်လွန်းသည်။

သို့သော် လင်းပေါင်အာသည် လောဘတတ်မိခြင်းမရှိပေ။

ဤနေရာတွင်ရှိနေသော ရတနာတွေအားလုံးသည် သူ၏ အရှေ့တွင်ရှိနေသော အကြီးအကဲသာ ပိုင်ဆိုင်ရမည်ကို သူမ ကောင်းကောင်းသိနေသည်။

ချမ်ချန်ကန်းသည် သိုလှောင်လက်စွပ်ထဲမှ ရရှိလာသော အစာခြောက်များအား စားသောက်နေရင်း လင်းပေါင်အာမှ သူ့အားစိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။

“ ငါ့ကို ဘာလို့ကြည့်နေတာလဲ”

ထိုသို့ ပြောပြီးသည်နှင့် လင်းပေါင်အာသည် ‘ဖောင်း’ ဟူသောအသံဖြင့် ချမ်ချန်ကန်း၏အရှေ့တွင် ရုတ်တရက်ဆိုသလိုပင် ဒူးထောက်ချလိုက်သည်။

“ဘာလုပ်တာလဲ။”

လင်းပေါင်အာ၏ ရုတ်တရက် ဒူးထောက်လိုက်သောအပြုအမူသည် ချမ်ချန်ကန်းအား စိတ်ရှုပ်ထွေးစေပြီး သူ၏လက်ထဲရှိ အစာခြောက်များသည်ပင် မွှေးကြိုင်နေခြင်းမရှိတော့ပေ။

လင်းပေါင်အာသည် လေးလေးနက်နက်ပြောလိုက်သည်။

“အကြီးအကဲက ကျွန်မကိုကယ်ခဲ့တာက ဆိုလိုရင်းအကြောင်း တစ်ခုပဲရှိပါတယ်။”

“ဘာလဲ။”

“အဲ့ဒါက အကြီးအကဲနဲ့ ဒီကလေးမလေးရဲ့ ကံတရားပါ။”

ချမ်ချန်ကန်းသည် အစာခြောက်ကို ကိုက်၍ မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

“ဒါကလည်း ကံတရားလို့ခေါ်နိုင်တာပဲလား”

လင်းပေါင်အာသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်။ ဒီလိုကျယ်ပြန့်လွန်းတဲ့ လူပင်လယ်ကြီးထဲမှာ ဒီကလေးမက အကြီးအကဲကိုတွေ့ပြီး၊ အကြီးအကဲရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရတယ်လေ။ ဒါက ကံတရားပဲမဟုတ်လား”

ချမ်ချန်ကန်းသည် အတွေးနယ်ချဲ့ကာ စဉ်းစားနေခဲ့သည်။

“မင်းပြောတာလဲ ဟုတ်သလိုလိုပဲ။”

“အကြီးအကဲနဲ့ ကျွန်မက ဒီလောက် ကံအကြောင်းတိုက်ဆိုင်နေတာဆိုတော့ ကျွန်မကို တပည့်အဖြစ် လက်ခံပေးလို့ရနိုင်မလား”

“ငါကမင်းကို တပည့်အဖြစ်လက်ခံရမယ်လား”

ချမ်ချန်ကန်းသည် အင်မတန် အံ့အားသင့်နေခဲ့သည်။ လင်းပေါင်အာမှ ဒီလိုမျိုးပြောလိမ့်မည်ဟု သူလုံးဝမထင်မှတ်ထားခဲ့ပါ။

“ တကယ်လို့ ကျွန်မကိုတပည့်အဖြစ်လက်မခံရင်တောင် အကြီးအကဲက ကျွန်မကိုကယ်တင်ခဲ့တာကြောင့် အကြီးအကဲရဲ့ အနားမှာနေပြီး အလုပ်အကျွေးပြုပါရစေ။”

လင်းပေါင်အာသည် လေးနက်စွာပြောနေခြင်း ဖြစ်သည်။

အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့် ပုဂ္ဂိုလ်သည် ကျူရှို့တိုက်ကြီးတွင် ကြောက်စရာအကောင်းဆုံးဖြစ်တည်မှုဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် ကြုံတောင့်ကြုံခဲ သွားလာလှုပ်ရှားသူဖြစ်သည်ကို သူမ၏ စိတ်ထဲတွင် သေချာစွာသိရှိပြီးဖြစ်သည်။ သူမသည် ထိုလူအား ဆရာအဖြစ် ကိုးကွယ်နိုင်လျှင် ထူးကဲသော ကောင်းချီးတစ်ခုပင်ဖြစ်ပေလိမ့်မည်။

ဒါကြောင့် သူမသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားရမည်ဟု ထင်မှတ်သည်။

ချမ်ချန်ကန်းသည် သူ၏ခေါင်းအနောက်ဘက်ကို ကုတ်နေခဲ့သည်။ ဤလင်းပေါင်အာသည် သူ့အား ဆရာအဖြစ် ကိုးကွယ်ချင်ခဲ့မည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။

ရိုးသားစွာပြောရမည်ဆိုရင် ဤပျက်စီးယိုယွင်းနေသော ဘုရားကျောင်းထဲတွင် တစ်ယောက်တည်းနေရခြင်းမှာ ပျင်းစရာကောင်းလှသည်။

အနားတွင် တစ်ယောက်ယောက်ရှိနေလျှင် ကောင်းပေလိမ့်မည်။

ထို့အပြင် သူမသည် လိမ္မာရေးခြားရှိသော လိုလီမလေးဖြစ်သောကြောင့် သူသည် လင်းပေါင်အာကို သူ၏တပည့်အဖြစ် လက်ခံရခြင်းမှာ ဝမ်းသာစရာပင်ဖြစ်သည်။

သို့သော် ချမ်ချန်ကန်းမှ သက်ပြင်းချလိုက်သည်။

ထိုသို့ထင်မိသော်လည်း ချမ်ချန်ကန်းသည် သူ၏ ပြိုင်ဘက်ကင်းနယ်မြေကိုသာ အခြေခံ၍ သန်မာနေရသူဖြစ်သည်။

ချမ်ချန်ကန်းသည် ပြိုင်ဘက်ကင်းနယ်ပယ်မှ ထွက်သွားသည်နှင့် ဤလင်းပေါင်အာမှ မည်မျှပင် အားနည်းသူဖြစ်ပါစေ။ သူမမှ လက်သီးသုံးချက်တည်းဖြင့် ခြေနှစ်ချောင်းရှိသော ယောက်ျားတစ်ယောက်ဖြစ်လာရန် ပညာပေးနိုင်လိမ့်မည်။

သူသည် လင်းပေါင်အာကို တပည့်အဖြစ်လက်ခံပြီးနောက် သူမကိုဘာများသင်ပေးနိုင်မည်နည်း။

ထို့နောက် ချမ်ချန်ကန်းသည် သူ၏အရင်ဘဝအား မတွေ့၍ပင် မနေနိုင်တော့ပေ။

ဟာ..ဘယ်လိုတောင် ပျက်ကွက်ခဲ့သလဲလို့။

၎င်းတို့အားလုံးသည် အသက်နှစ်ဆယ်ကျော် အရွယ်များဖြစ်သော်လည်း အိမ်မှာ ဂိမ်းဆော့ခြင်း၊ မိုဘိုင်းလ်ဖုန်းနှင့်ကစားခြင်း၊ နယ်မြေအရှင်တိုက်ပွဲနှင့် မာကျုံးကစားခြင်းမှလွဲ၍ ဘာမှလုပ်နိုင်ခဲ့ခြင်းမရှိပေ။

မျက်မှောင်ကြုတ်၍ လေးနက်စွာစဉ်းစားနေသော ချမ်ချန်ကန်းကို ကြည့်၍ လင်းပေါင်အာသည် အနည်းငယ်မျှ စိတ်လှုပ်ရှားသွားခဲ့သည်။ အကြီးအကဲမှ မိမိအားတပည့်အဖြစ် လက်ခံပါ့မလား။

အကြီးအကဲသည် ဉာဏ်ရည်ထက်မြက်သော ကျွမ်းကျင်သူဖြစ်ရာ၊ သူသည် မိမိအား တပည့်အဖြစ် လက်ခံရန်မည်ကဲ့သို့ လွယ်ကူနိုင်မည်နည်း။

ချမ်ချန်ကန်းသည် သူ့တွင်သင်ပေးစရာမရှိသောကြောင့် သူမအား တပည့်အဖြစ် လက်မခံချင်ခြင်းဖြစ်သည်။

သို့သော် စဉ်းစားကြည့်လျှင် ယခု သူ့တွင်ခက်ခဲသော ပြဿနာတစ်ခုရှိနေသည်။

သူ့တွင် ပြိုင်ဘက်ကင်းနယ်ပယ်ရှိနေသော်လည်း သူသည်စားဝတ်နေရေးအတွက် စိုးရိမ်စရာရှိနေသေးသည်။

အပြင်လောကသည် လွန်စွာ အန္တရာယ်များလှသည်ဖြစ်ရာ၊ အပြင်သို့ အစားအစာရှာရန် ထွက်သွားခဲ့ရာမှ သူသည်အန္တရာယ်နှင့် ကြုံရလျှင် မည်သို့လုပ်ရမည်နည်း။

All Chapters