အခန်း ၆
Vol. 1 Ch. 6
အခန်း ၆: နားလည်လား။ ငါ့တပည့်။
သူသည် ရွတ်တွနေသောခေါင်းရှိသည့် လိပ်တစ်ကောင်ကဲ့သို့ ပြိုင်ဘက်ကင်းနယ်ပယ်ထဲတွင်သာ တွေးဝှေ့နေရလိမ့်မည်။
ထို့အပြင် ဤတောအုပ်ထဲတွင် လူတစ်ယောက်ယောက်နှင့် တွေ့ဆုံရန် လွယ်ကူလှမည်မဟုတ်ပေ။
ဟီးဟီး၊ သူ့ကိုပဲ တပည့်အဖြစ် လက်ခံလိုက်ပါမယ်လေ။
ဤလင်းပေါင်အာသည် သူ့အားအစားအသောက်များ သွားရောက်ရှာဖွေပေးမည့် ကိရိယာတစ်ခုဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးကြည့်သောအခါ သူမအားတပည့်အဖြစ် လက်ခံလိုက်လျှင် ဘယ်အရာမှ ဆုံးရှုံးသွားမည့်ပုံမပေါ်ပေ။
သူမမှ တစ်ခုခု သင်ယူလိုသည်ဟုပြောလာခဲ့သည်ရှိသော် မာကျုံးနှင့် နယ်မြေအရှင်တိုက်ပွဲ ကစားနည်းများ သင်ပေးလိုက်မည်။
ထိုအချိန်သို့ရောက်၍ သူအားအပြစ်တင်လျှင် ထိုကိစ္စသည် သူနှင့်သက်ဆိုင်မည်မဟုတ်ပေ။ မည်သို့ဆိုပါစေ တပည့်အဖြစ်လက်ခံရန် တောင်းဆိုခဲ့သူမှာ သူမကိုယ်တိုင်ပင်ဖြစ်သည်။
ချမ်ချန်ကန်းသည် ထိုသို့တွေးပြီးနောက် အမူအရာထုတ်ဖော်ပြထားခြင်းမရှိသော မျက်နှာပေးနှင့် နှစ်ကြိမ်မျှ ချောင်းဟန့်ကာ လျှို့ဝှက်နက်နဲချင်ယောင်ဆောင်ခဲ့သည်။
“ကောင်မစုတ်လေး ဒီအဘိုးကြီးက နှစ်ထောင်ပေါင်းများစွာကြာအောင် နတ်လောကမှာ နေလာတာ။ ပြီးတော့ ငါ့ကိုဆရာအဖြစ် ကိုးကွယ်ချင်တဲ့သူတွေက ပြန်လည်မွေးဖွားခြင်းဘုံခြောက်ခုကို ဖြတ်ကျော်ပြီးသားလူတွေ၊ မင်းမှာဘယ်လို အရည်အချင်းမျိုးတွေရှိလို့ ဒီအဘိုးကြီးက တပည့်အဖြစ်လက်ခံရမှာလဲ”
ချမ်ချန်ကန်း၏အကြည့်အောက်တွင် လင်းပေါင်အာ၏မျက်နှာသည် အနည်းငယ်နီမြန်းလာပြီး ပြောစရာပင်မရှိတော့ပေ။
နှစ်ထောင်ပေါင်းများစွာကြာအောင်၊ ပြန်လည်မွေးဖွားခြင်းဘုံခြောက်ခု၊ ယခင်ဆက်ခံသူများ၏ အရည်အချင်းသည် သူမ၏ စိတ်ကူးနိုင်စွမ်းထပ်ပင် ကျော်လွန်လွန်းလှသည်။
ကံမကောင်းစွာဖြင့် သူမသည် သက်ရှိသတ္တဝါများအကြားတွင် အလယ်အလတ်မျှသာ အရည်အချင်းရှိသော သာမန်ကျင့်ကြံသူတစ်ဦးဖြစ်သည်။
အကြီးအကဲမှ သူမအားတပည့်အဖြစ် လက်မခံခြင်းမှာ သဘာဝသာဖြစ်သည်။
အံ့သြနေဆဲဖြစ်သည်။
လင်းပေါင်အာမှ လက်လျော့အရှုံးပေးရန် စဉ်းစားလိုက်ချိန်တွင် ချမ်ချန်ကန်းမှ “ဒါပေမယ့်..”
လင်းပေါင်အာ၏ မျက်လုံးများသည် ရုတ်တရက် အရောင်တောက်ပလာခဲ့ရာ၊ သူမတွင် ဧကန်မုချ မျှော်လင့်ချက်များ ရှိနေပုံရသည်။
“ အကြီးအကဲ၊ ဒါပေမယ့် ပြီးတော့ ဘာဖြစ်လဲ ဟင်”
“မင်းပြောတဲ့အတိုင်း မင်းနဲ့ငါက ကံစပ်တယ်ဆိုတော့ ဒီအဘိုးကြီးကပဲ စိတ်မပါတပါနဲ့ မင်းကို တပည့်အဖြစ် စာရင်းသွင်းထားဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းဘက်က ငါပေးတဲ့ စာမေးပွဲကို အောင်ပြီးတာနဲ့ ဒီအဘိုးကြီးက မင်းကို တပည့်အဖြစ် တရားဝင်လက်ခံလိုက်မယ်”
ချမ်ချန်ကန်းသည် အဆုံးမရှိသော ကံကြမ္မာပြောင်းလဲမှုများ ခံစားခဲ့ရသောသူကဲ့လို့ သူ၏အသံအား တိုးလျော့၍ပြောနေခဲ့သည်။
လင်းပေါင်အာသည် စိတ်လှုပ်ရှားနေခဲ့ပြီး သူမ၏မျက်လုံးများသည်လည်း အရောင်တောက်ပလာသည်။
“တပည့် ပေါင်အာမှ ဆရာ့ကို အရိုအသေပေးပါတယ်”
သူမသည် တပည့်အဖြစ် အထမြောက်ခဲ့ပြီးသည့်နောက်တွင် ဆရာ၏လမ်းညွှန်မှုများဖြင့် သူမ၏ခွန်အားသည်လည်း ခုန်ပျံကျော်လွှားကာ အင်အားကြီးမားလာမည်ဟု တထစ်ချယုံကြည်မှုရှိနေသည်။
“လိမ္မာတယ်၊ ထတော့။” ချမ်ချန်ကန်းသည် ဖြည်းညှင်းစွာပြောလိုက်သည်။
ချမ်ချန်ကန်းသည် မျက်နှာသေနှင့် ပြောဆိုနေသော်လည်း သူ၏ ရင်ထဲတွင် ရွှင်မြူးနေခဲ့သည်။
အနားမှာ တပည့်အလှအပလေး ရှိနေရတာလည်း မဆိုးပါဘူးလေ။
သူ့မှာ မိုဘိုင်းလ်ဖုန်းသာရှိနေခဲ့လျှင် လင်းပေါင်အာ၏ ဓာတ်ပုံကိုရိုက်ကာ သူ့ရဲ့အခိုက်အတန့်ပေါ်တွင် ကြွားလုံးထုတ်မိလိမ့်မည်သာဖြစ်သည်။
“စနစ်မှသတိပေးချက် : ပိုင်ရှင်နှင့် လင်းပေါင်အာတို့သည် ဆရာ-တပည့် ဆက်ဆံရေးဖြင့် ဆက်နွယ်ပတ်သက်နေသောကြောင့် နယ်မြေတန်ဖိုး ၁၀၀ အားဆုကြေးအဖြစ်ပေးလိုက်ပါပြီ။”
Σ(⊙▽⊙»
တပည့်လက်ခံခြင်းသည်လည်း နယ်ပယ်တန်ဖိုးကိုရနိုင်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချမ်ချန်ကန်းသည် လွန်စွာဝမ်းမြောက်မိသည်။
ယခု သူ့တွင်နယ်မြေတန်ဖိုး ၁၁၀ ရှိပြီဖြစ်သောကြောင့် ပြိုင်ဘက်ကင်းနယ်ပယ်အား တစ်မီတာ ပို၍တိုးချဲ့နိုင်မည်ဖြစ်သည်။
သူသည် နယ်မြေတန်ဖိုး ၁၀၀ ကိုသုံးရန် တုံ့ဆိုင်းမနေဘဲ သူ၏ ပြိုင်ဘက်ကင်းနယ်မြေအား တစ်မီတာ ချဲ့ထွင်ခဲ့သည်။
ထို့နောက် သူ၏ ပြိုင်ဘက်ကင်းနယ်မြေသည် ယခင်ကထပ် ပို၍ကျယ်ပြန့်သွားတော့သည်။
ထိုဖြစ်စဉ်သည် ချမ်ချန်ကန်းကို ပို၍ပျော်စေခဲ့သည်။
သူသည် ရည်မှန်းချက်ကြီးသူဖြစ်ရာ၊ တစ်နေ့လျှင် ပြိုင်ဘက်ကင်းနယ်ပယ်အား တစ်ကမ္ဘာလုံးသို့ ချဲ့ထွင်မည်ဟု ယုံကြည်ချက်ရှိသည်။
ချမ်ချန်ကန်းမှ ပျော်ရွှင်စွာ ရယ်မောနေတာကိုတွေ့သောအခါ သူ၏ဘေးမှ လင်းပေါင်အာသည် ပဟေဠိဖြစ်နေခဲ့သည်။
ဆရာက ဘာကိုရယ်နေတာပါလိမ့်။
“ငါ့ တပည့်၊ မင်းရဲ့ဘေးက စည်ပိုင်းကိုတွေ့လား။”
စကားအဆုံး၌ လှည့်ကြည့်လိုက်သော လင်းပေါင်အာသည် သူမ၏ဘေးတွင် ပျက်စီးနေသော စည်ကြီးတစ်လုံးကိုတွေ့ခဲ့သည်။
“ဘုရားကျောင်းရဲ့အပြင်ဘက်မှာ ဒီစည်ပိုင်းကြီးကို သွားထားလိုက်။ ဒီမိုးနဲ့သာဆိုရင် ဒီစည်ပိုင်းကြီးကို ရေအပြည့် ဖြည့်နိုင်လောက်တယ်။”
“ဟုတ်ကဲ့ ဆရာ။”
လင်းပေါင်သည် ချမ်ချန်ကန်းအား သူဘာလုပ်ချင်လဲဟုပင် မမေးခဲ့ပေ။
အိုးကြီးအားကိုင်ကာ ဘုရားကျောင်း၏အပြင်ဘက်သို့ ခြေဖျားထောက်ကာသွားခဲ့သည်။
သူမသည် ကျင့်ကြံသူဖြစ်သော်လည်း အသက်အရွယ် သိပ်မကြီးသေးသောကြောင့် ပေါင်၁၀၀ နီးပါးအလေးချိန်ရှိသည့် စည်ပိုင်းကြီးအား ရွှေ့ဖို့ရန်မလွယ်ကူလှပေ။
ချမ်ချန်ကန်သည် စည်ပိုင်းကြီးအားကိုင်ထားသော်လည်း သေးသွယ်၍ ကျစ်လျစ်သောလင်းပေါင်အာ၏ ကျောပြင်အားကြည့်ကာ သက်ပြင်းချလို့မဆုံးဖြစ်နေတော့သည်။
သင့်တင့်လျောက်ပတ်တဲ့ ကိရိယာလူသားဖြစ်သော တပည့်တစ်ယောက်ရှိရခြင်းမှာ အဆင်ပြေလွန်းလှသည်။
ပျက်စီးနေသော ဤဘုရားကျောင်းတွင် တစ်လကြာ နေထိုင်ပြီးနောက် သူ၏တစ်ကိုယ်လုံးသည်လည်း အနံ့အသက်ထွက်လုနီးပါး ဖြစ်နေတော့သည်။
စည်ပိုင်းရေပြည့်သွားသည့် အချိန်ရောက်လျှင် သက်တောင့်သက်သာနှင့် ရေချိုးလို့ရမည်ဖြစ်သည်။
ဝိုး!
ဘုရားကျောင်း၏အပြင်ဘက်တွင် မိုးသည် သည်းထန်စွာ ရွာသွန်းလျက်ရှိပြီး သေဆုံးနေပြီဖြစ်သော ဗောဓိအရွက်များကို ရိုက်ခတ်ကာ ‘ပပပ”ဟု အော်မြည်လျက်ရှိသည်။
လင်းပေါင်အာသည် သီချင်းညည်းလျက် ရေစည်ပိုင်းကြီးအား မိုးကြီးလေကြီးထဲတွင်ချကာ အထဲသို့ ပြန်သွားရန်ပြင်ဆင်ခဲ့သည်။
Roar-
အမှောင်ထုထဲတွင် ခပ်နိမ့်နိမ့်ဟိန်းသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ နတ်ဆိုးစွမ်းအင်များသည် ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
လင်းပေါင်အာမှ လှည့်ကြည့်လိုက်ရာ၊ အမှောင်ထုထဲတွင် တောက်ပလျှက်ရှိသော ထောင်မတ်ကျနေသည့် အစိမ်းရောင် မျက်လုံးတစ်စုံသည် သူမအား စိုက်ကြည့်နေခဲ့သည်။
လင်းပေါင်အာသည် ထိုနတ်ဆိုးအော်ရာ၏အန္တရာယ်ကြီးမားမှုအား ချက်ချင်းဆိုသလိုပင် သတိပြုမိခဲ့သည်။
Roar! !
တောင်ပေါ်မှ ကျားဟိန်းသံသည် စိတ်ဝိညာဉ်တစ်ခုလုံးကို တုန်လှုပ်စေသကဲ့သို့ မြည်ဟည်းနေသည်။
သုံးမီတာရှည်သော အနက်ရောင်ကျားတစ်ကောင်သည် ချက်ချင်းဆိုသလိုပင် အမှောင်ထုထဲမှထွက်လာကာ လင်းပေါင်အာဆီသို့ ပြေးသွားခဲ့သည်။
ထိုသွေးရောင်ပါးစပ်ကြီးသည် လင်ပေါင်အာကို တစ်ကိုက်တည်းဖြင့် မျိုချရလောက်အောင် ကြောက်စရာကောင်းလှသည်။
ကျားမိစ္ဆာ!
လင်းပေါင်အာသည် အနောက်လှည့်ကာ ဘုရားကျောင်းဆီသို့ ပြန်ပြေးသွားခဲ့သည်။
“ဆရာ၊ ဆရာ၊ မကောင်းတော့ဘူး။ အပြင်မှာ ကျားမိစ္ဆာတစ်ကောင်ရောက်နေတယ်။”
လင်းပေါင်အာသည် ဘုရားကျောင်းသို့ ပြန်ပြေးကာ ချမ်ချန်ကန်းအား အမြန်ပြောလိုက်သည်။
နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော ကျားမိစ္ဆာသည် လီရှောင်ကဲ့သို့ ရွှေဗဟိုချက်နယ်ပယ်အဆင့်သို့ ဝင်ရောက်တော့မည့် တတိယမြောက်ကပ်ဘေးမှ လွတ်မြောက်လာသော ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်ဖြစ်ပေလိမ့်မည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏ အဆင့်ခြောက်သာရှိပြီး သူမသည် ထိုကျားမိစ္ဆာ၏ ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။
ချမ်ချန်ကန်းသည်လည်း အပြင်ဘက်မှ ကျားဟိန်းသံကို ကြားလိုက်ရသည်။
သို့သော် သူသည် ပြိုင်ဘက်ကင်းနယ်ပယ်ထဲတွင် ရှိနေသောကြောင့် လုံးဝကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
ချမ်ချန်ကန်းမှ ဖြည်းညှင်းစွာပြောလိုက်သည်။ “ဆရာ့အနားကို လာခဲ့။”
လင်းပေါင်အာသည် တစ်လှမ်းမျှ မရပ်တန့်ရဲဘဲ ချမ်ချန်ကန်း၏ အနားသို့ အပြေးသွားခဲ့သည်။
သူမသည် မျက်တောင်မှိတ်ချလိုက်ပြီး၊ သူမ၏သေးငယ်ပြီး လက်ရာမြောက်သော နှာခေါင်းသည်လည်း ချမ်ချန်ကန်း၏ခန္ဓာကိုယ်မှ ထွက်လာသော ချဉ်နံ့ကို ရှူရှိုက်မိတော့သည်။
မသိရင်..
ရေမချိုးရတာတော်တော်ကြာနေမယ့်ပုံပဲ။
သို့သော်လည်း လင်းပေါင်အာသည် ဂရုစိုက်ခြင်းမရှိခဲ့ပေ။
အနည်းငယ် အံ့ဩခဲ့ရုံပါ။
ဆရာနှင့်လွန်စွာနီးကပ်နေချိန်တွင် ဆရာ့၏ခန္ဓာကိုယ်သည် ကျင့်ကြံခြင်းအခြေခံမှ ထွက်လာသော စွမ်းအင်အတက်အကျများ ခံစားရခြင်းမရှိသေးသည့်အပြင် မကျင့်ကြံဖူးသော သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။
ဆရာ့၏ သန်မာမှုအား သူမ၏မျက်လုံးနှင့်ပင် တပ်အပ်မမြင်ခဲ့လျှင် သူမ၏ဆရာ၊ ချမ်ချန်ကန်းသည် သီးခြားဆရာ ယွမ်ယင်ကျစ်ချမ်း ဖြစ်သည်ကို လင်းပေါင်အာသည် မည်သို့မျှ သိနိုင်မည်မဟုတ်ပေ။
လင်းပေါင်အာ၏အမူအရာအား မြင်လိုက်ရသော ချမ်ချန်ကန်းသည် အနည်းငယ်ရှက်ရွံ့သွားသကဲ့သို့ ခံစားရသော်လည်း အပေါ်ယံတွင်တော့ သူသည်အမူအရာပြခြင်းမရှိဘဲ ပေါ့ပေါ့တန်တန်ပြောခဲ့သည်။
“ကမ္ဘာထဲကိုဝင်ရောက်ချိန်မှာ ဘဝရဲ့အခြေအနေအမျိုးမျိုးကို တွေ့ကြုံခံစားရမှသာ မြင့်မြတ်တဲ့တာအိုလမ်းစဉ်ကို နားလည်သဘောနိုင်မှာ။ နားလည်နိုင်လား ငါ့တပည့်။”
ချမ်ချန်ကန်း၏ မှတ်ချက်များသည် လင်းပေါင်အာကို အံ့ဖွယ်ကောင်းစေခဲ့သည်။
ဆရာသည် ဆရာသာဖြစ်ပြီး သူ၏စကားများသည် လွန်စွာ နက်နဲလွန်းသည်။
“ဟုတ်ကဲ့ ဆရာ။ တပည့် နားလည်သဘောပေါက်ပြီး ကောင်းကောင်းလည်း တွေကြုံခံစားပါ့မယ် ဆရာ။”
ချမ်ချန်ကန်းမှ စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“တော်တယ်။”