← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇: ကျားမိစ္ဆာကိုသတ်၊ ကျားအသားကကောင်းတယ်။

ဘုရားကျောင်းအတွင်း၌ နတ်ဆိုးအော်ရာများ တစ်ဟုန်ထိုးဝင်ရောက်လာကာ ကြမ်းကြုတ်၍ ထွားကြိုင်းသော အနက်ရောင်ကျားတစ်ကောင်သည် ဘုရားကျောင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

လင်းပေါင်အာသည် ဆရာ့၏အနားတွင်ရှိနေသောကြောင့် ကျားမိစ္ဆာ၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတန်ခိုးများကို ယခင်ကကဲ့သို့ သည်းညည်းခံစရာမလိုတော့သည်ကို တွေ့ရှိလိုက်ရ၍ အံ့သြသွားခဲ့သည်။

“ ကျားကလေး၊ ဒီနေရာက မင်းဝင်လာစရာနေရာများမှတ်နေလား”

ချမ်ချန်ကန်းသည် ကျားမိစ္ဆာအား ပြောလိုက်သည်။

ကျားမိစ္ဆာ၏ ရက်စက်ကြမ်းကြုတ်၍ ထောင်မတ်ကျသောမျက်လုံးများသည် သွေးဆာနေသော အရောင်များဖြင့် ချမ်ချန်ကန်းနှင့် လင်းပေါင်အာအား စိုက်ကြည့်နေခဲ့သည်။

ယနေ့ညတွင် အင်မော်တယ်ရတနာကို ကမ္ဘာပေါ်သို့ ကျရောက်လာသည်ကို မြင်မိသောကြောင့် အင်မော်တယ်ရတနာကိုရှာဖွေရန် တောင်တစ်သိန်းတောင်တန်း၏ တောနက်ထဲမှ ထွက်လာခဲ့ခြင်းသည်။

သို့သော် တောင်တပြင်လုံးတွင် ရှာဖွေခဲ့သော်လည်း နတ်ရတနာ၏ ခြေရာပင်ရှာလိုမတွေ့ခဲ့ပေ။

နတ်ရတနာသည် ဤတောင်ပေါ်သို့ ကျဆင်းမလာခဲ့သည့်ပုံရသည်။

“သူဖုန်းစား အသားကချဉ်ပြီး အရသာ မရှိဘူး။ ကျင့်ကြံသူရဲ့ အသားက ချိုပြီး အရသာလည်းရှိတယ်။”

ကျားမိစ္ဆာသည် မသဲမကွဲအသံဖြင့် အနီးအနားသို့ လျှောက်လာခဲ့သည်။

ချမ်ချန်ကန်းမှ နှုတ်ခမ်းစူကာ မထီမဲ့မြင်ပြု၍ပြောလိုက်သည်။

“မင်းက တကယ့်ကို တောသားပဲ၊ အကောင်းအဆိုးတောင်မသိဘူး။ ငါက ထာဝရသက်ရှည်အသားကွ။”

ဤပျက်စီးနေသော ဘုရားကျောင်းထဲတွင် သတ္တဝါနှစ်မျိုးရှိနေသည်။

တစ်မျိုးမှာ သူဖုန်းစားဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ကျင့်ကြံခြင်းနှင့်ပတ်သက်သော အတက်အကျ တစ်စုံတစ်ရာကိုမျှ ထုတ်လွှတ်ခဲ့ခြင်းမရှိသော ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

နောက်တစ်မျိုးမှာတော့ အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး သူ၏လက်ဖဝါးတစ်ဖက်တည်းဖြင့် သတ်နိုင်လောက်အောင် အားနည်းလွန်းသူဖြစ်သည်။

ကျားမိစ္ဆာသည် သူ၏ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်သည်။ သူသည် လူအသား မစားရခြင်းမှာ အတော်ကြာခဲ့ပြီဖြစ်သည်။

ချမ်ချန်ကန်းသည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ သူ၏နှုတ်ခမ်းများ ပင့်တက်သွားခဲ့သည်။

ဤကျားမိစ္ဆာသည် တံခါးအဝသို့ ကိုယ်တိုင်ရောက်လာသော ရိက္ခာဖြစ်သလို နယ်ပယ်တန်ဖိုးလည်းဖြစ်သည်။

သူသည် ကျားအသားအား မြည်းစမ်းမကြည့်ခဲ့ဖူးပေ။

ထိုသို့စဉ်းစားမိသော ချမ်ချန်ကန်းသည်လည်း သူ၏နှုတ်ခမ်းအားလျှာဖြင့်သပ်လိုက်ပြီး ညာလက်ကို ဆန့်ထုတ်၍ သူ၏လက်ညိုးကိုကွေးကာ ရန်စနေခဲ့သည်။

“ကျားလေး ဒီကိုလာခဲ့”

“ဝေါင်း”

ကျားမိစ္ဆာသည် ချမ်ချန်ကန်းအား စိုက်ကြည့်နေခဲ့သည်။

သူအားရန်စရဲသည့် နံစော်နေသော ထိုသူဖုန်းစားသည် သေခြင်းတရားအား ရှာနေခြင်းသာဖြစ်သည်။

ဒေါသထွက်နေသော ကျားမိစ္ဆာကို ကြည့်ရင်း ချမ်ချန်ကန်းမှပြုံးလိုက်သည်။

သူသည် ဤအခြေအနေမျိုးအား လိုချင်ခဲ့ခြင်းဖြစ်ပေသည်။

ကျားမိစ္ဆာသည် ၎င်း၏သွားများနှင့် လက်သည်းများအားဖြန့်၍ ခြေထောက်များကို ဆန့်ထုတ်ကာပြေးဝင်သွားခဲ့သည်။

၎င်းသည် ကြီးမားသောအနက်ရောင်အရိပ်တစ်ခု အဖြစ်ပြောင်းလဲကာ ချမ်ချန်ကန်းနှင့် လင်းပေါင်အာကို အုပ်မိုးလိုက်သည်။

ချမ်ချန်ကန်းမှ မလှုပ်မရွေ့ပြု၍ ပြုံးနေခဲ့သည်။

တစ်ဖက်မှ လင်းပေါင်အာ၏ မျက်နှာသည် ဖြူဆွတ်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်တွင်းတွင်ကျန်ရှိနေသော မှော်စွမ်းအားများကို စုစည်းကာ ကျားမိစ္ဆာအား အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျားမိစ္ဆာသည် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းပိုင်နက်အတွင်းသို့ ပြေးဝင်လာခဲ့သည်။

ကျားမိစ္ဆာသည် အဆုံးမဲ့ခမ်းနားထည်ဝါသော တောင်ကြီးကဲ့သို့ အကန့်အသတ်မဲ့၍ ကြောက်မက်ဖွယ်စွမ်းအားများမှ သူအားဖိနှိပ်နေခြင်းကို ခံစားလိုက်ရသည်။

သူသည် ချမ်ချန်ကန်း၏အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းနေသည်ဟု ခံစားခဲ့ရသည်။

ချမ်ချန်ကန်းသည် သူ့အား လက်တစ်ချောင်းတည်းဖြင့် သတ်နိုင်လိမ့်မည့်ပုံပေါ်သည်။

ယခင်က မာနကြီး၍ ထောင်လွှားသော

ကျားမိစ္ဆာသည် ချက်ချင်း ကြောက်လန့်တုန်လှုပ်သွားခဲ့တယ်။

သူသည် မကြာမီမှာပဲ ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။

သူသည် လှုပ်ရှား၍မရတော့ပေ။

“ငါ့ တပည့်”

“ဟုတ်ကဲ့ ဆရာ”

နေရာမှာတင်ရပ်တန့်သွားသော ကျားမိစ္ဆာကို မြင်လိုက်ရသော လင်းပေါင်အာသည် အင်မတန် အံ့ဩသွားခဲ့သည်။ သူမသည် ချမ်ချန်ကန်းမှ လှုပ်ရှားမှု တစ်ခုခုလုပ်ခဲ့ခြင်းကို မမြင်ခဲ့ရသောကြောင့်ဖြစ်သည်။

ဘာတွေဖြစ်ကုန်တာလဲ။

အဘယ်ကြောင့် ကျားမိစ္ဆာသည်ရုတ်တရက် ရပ်တန့်ခဲ့သနည်း။

ချမ်ချန်ကန်း၏ စိတ်ထဲတွင် ထိုအကန့်အသတ်မရှိသော ကြောက်မက်ဖွယ်ရာ စွမ်းအားသည် ကျားမိစ္ဆာအား ချိန်ရွယ်ခဲ့သောကြောင့် လင်းပေါင်အာသည် မည်သည့်စွမ်းအားကိုမျှ ခံစားနိုင်မည်မဟုတ်ပေ။

ချမ်ချန်ကန်းသည် ကျွမ်းကျင်ပညာရှင်ကဲ့သို့ သူ၏လက်နှစ်ဖက်အား အနောက်သို့ပစ်လိုက်သည်

“ သွား အဲ့ဒီကျားလေးကို သွားသတ်ချေ။”

လင်းပေါင်အာမှ ခေါင်းညိတ်လိုက်သည်။

ဆရာအဖြစ်ကိုးကွယ်ခဲ့ခြင်းမှာ တကယ်မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု တွေးကာသူမ၏ စိတ်ထဲတွင် အတိုင်းမသိ ပျော်ရွှင်မှုများ ခံစားနေရသည်။

ဤကဲ့သို့ အင်အားကြီးသော ကျားမိစ္ဆာလျှင်ပင် ဆရာ၏ ဖိနှိပ်ခြင်းအားခံထားရသည်။ ဆရာသည် အမှန်တကယ် သန်မာလွန်းလှသည်။

ထို့နောက် လင်းပေါင်အာသည် သိုလှောင်လက်စွပ်မှ အသစ်စက်စက် ဓားတစ်ချောင်းကို လျှင်မြန်စွာ ထုတ်ယူလိုက်ကာ သူမ၏ စိတ်လှုပ်ရှားမှုများပြည့်နေသော မျက်နှာလေးဖြင့် ကျားမိစ္ဆာအား ခုတ်ဖြတ်လိုက်လေသည်။

၎င်းသည် သူမဘက်မှတစ်ခါမျှ မသုတ်သင်ဖူးသော ရွှေဗဟိုချက်နယ်ပယ်အဆင့် မိစ္ဆာတစ်ကောင်ဖြစ်သည်။

သူမသည် ယခုမှစ၍ ဆရာ၏ပေါင်ကို သေချာ ဖက်တွယ်ထားရမည်ဟု သစ္စာပြုလိုက်သည်။

ကျားမိစ္ဆာသည် စကားတစ်ခွန်းမှ မပြောနိုင်သည်အထိ ထိတ်လန့်နေခဲ့သည်။

ဓားဖြင့်ခုတ်ပိုင်းလိုက်ပြီးနောက် ‘ချွမ်း’ ဟူသောအသံထွက်ပေါ်လာကာ မီးပွားများနေရာအနှံ့သို့ လွင့်စဉ်သွားခဲ့သည်။

လင်းပေါင်အာ၏ဓားချက်သည် ကျားမိစ္ဆာကို မသတ်နိုင်ခဲ့သည့်အပြင် ကျားမိစ္ဆာ၏ ကိုယ်ပေါ် တွင် ဒဏ်ရာတစ်စုံတစ်ရာမျှ ကျန်ခဲ့ခြင်းမရှိပေ။

ဓါးအားပြန်ကြည့်လိုက်သောအခါ ဓါးတွင် အက်ကွဲရာများရှိနေခဲ့သည်။

“အာ...”

လင်းပေါင်အာ၏ မျက်နှာလှလှလေးသည် အရှက်ရသွားသယောင်ဖြင့် နီရဲလာခဲ့သည်။

ဘယ်လိုလုပ် ဆရာ့အရှေ့တွင် ကျားမိစ္ဆာကို မသတ်နိုင်သည်အထိ အရှက်ကွဲရသနည်း။

“ဆရာ၊ ဒီကျားမိစ္ဆာရဲ့ ကျင့်ကြံခြင်းအခြေက တပည့်ထပ် အများကြီးအဆင့်မြင့်ပြီး သူ့ရဲ့ ခုခံနိုင်စွမ်းကလည်း အရမ်းသန်မာတာမို့လို့ တပည့် က သူ့ကို သတ်လို့ရမှာမဟုတ်ပါဘူး။”

ချမ်ချန်ကန်းမှ သက်ပြင်းချလိုက်သည်။

သူ့၏တပည့်သည် အားနည်းလွန်းနေသေးသည်။

“ ဓါးပေး”

လင်းပေါင်အာသည် လက်ထဲမှဓါးကို ချမ်းချန်ကန်းသို့ အလျင်အမြန်ပေးလိုက်သည်။

အားကုန်ထုတ်သုံးသော်လည်း မလှုပ်ရှားနိုင်တော့သော ကျားမိစ္ဆာသည် အလွန်ကြောက်လန့်ကာ စိုးရိမ်တကြီးဖြစ်ခဲ့သည်။

ဘုရားရေ ဒီသူဖုန်းစားက ဘယ်သူလဲ။

လွန်စွာကြောက်စရာကောင်း၍ ဆိုးရွားလွန်းသည်။

ချမ်ချန်ကန်းသည် ကျားမိစ္ဆာကို မျက်စိတစ်ချက်ဝေ့ကြည့်ကာ ဓါးဖြင့်အဆင်ပြေသလို ခုတ်ပိုင်းလိုက်သည်။

ဤဓားသည် ကမ္ဘာကြီးအားပွင့်ထွက်သွားနိုင်မည့် စွမ်းအင်များပါ၀င်သကဲ့သို့ အလွန်ကြောက်စရာကောင်းလှသည်။

ထိုအချိန်တွင် ကျားမိစ္ဆာ၏စိတ်ထဲသို့ အတွေးတစ်ခုသာဝင်လာခဲ့သည်။

ပျက်ကိန်းဆိုက်ခြင်း။

ထိုနောက် သူ၏ အသိစိတ်သည် အမှောင်တွင်းနက်ထဲသို့ ကျဆင်းသွားခဲ့သည်။

ချမ်ချန်ကန်းသည် ကျားမိစ္ဆာကို ဓါးတစ်ချက်ထဲဖြင့်ခုတ်ပိုင်းပြီးနောက် ဓါးကိုလင်းပေါင်အာသို့ ပြန်ပစ်ပေးလိုက်သည်။

လင်းပေါင်အာမှ ဓါးကိုကြောင်အမ်းအမ်းဖြင့် ဖမ်းလိုက်သည်။

သူမသည် ချိုမြိန်၍ ဖြူစင်တဲ့အရူးလေးနှင့် တူပြီး သူမ၏လက်ထဲတွင်ရှိသော ဓားကိုကြည့်လိုက် ထက်ပိုင်းပိုင်းသွားသော ကျားမိစ္ဆာကိုကြည့်လိုက်နှင့် ရူးကြောင်ကြောင်အပြုအမှုအား ပြုလုပ်နေခဲ့သည်။

သူမ၏ဆရာသည် ရွှေဗဟိုချက်နယ်ပယ်အဆင့်ရှိသော ကြောက်မက်ဖွယ်မိစ္ဆာအား ဓားဖြင့် အလွယ်တကူသတ်ဖြတ်လိုက်တယ်တဲ့လား။

ချမ်ချန်ကန်းမှ သမ်းဝေလိုက်သည်။ ဤညတွင် များစွာသောအဖြစ်အပျက်များ ဖြစ်ပွားပြီးတဲ့နောက် သူသည် အနည်းငယ်မျှ အိပ်ချင်လာခဲ့သည်။

“ ဝက်အရေခွံဘယ်လိုစုပ်ရလဲသိလား ငါ့တပည့်”

လင်းပေါင်အာမှ ခေါင်းညိတ်လိုက်သည်။

“သိပါတယ် ဆရာ”

“ဆရာက အိပ်ချင်နေလို့ ဒီကျားမိစ္ဆာရဲ့ ခန္ဓာကိုယ်ကို မင်းအပ်လိုက်မယ်။ အသားကို ဝက်သားခုတ်သလိုပဲခုတ်လိုက် ကြားလား။”

လင်းပေါင်အာ၏ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

ဤရွှေဗဟိုချက်နယ်ပယ်တွင်အဆင့်ရှိသော ကျားမိစ္ဆာ၏အသွေးအသားများသည် ထူးကဲသာလွန်သော စွမ်းအင်အဆီအနှစ်များရှိသည်။

အထူးသဖြင့်၊ ဤရွှေဗဟိုချက်နယ်ပယ်အဆင့် မိစ္ဆာသည် ကပ်ဘေးသုံးခုအားလွတ်မြောက်ခဲ့သော အင်အားကြီးဖြစ်တည်မှုဖြစ်သည်။

ဓါးကိုးစင်းဂိုဏ်းချုပ်၏သမီးဖြစ်သော လင်းပေါင်အာသည်ပင် ဤသို့အသားမျိုးအား လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်းတွင် တစ်ကြိမ်သာ စားခဲ့ဖူးသည်။

ထိုသည်မှာ ရွှေဗဟိုချက်နယ်ပယ်အဆင့်မိစ္ဆာသည် သတ်ရန် အလွန်ခက်ခဲလွန်းသောကြောင့်သည်။

“ဟုတ်ကဲ့ ဆရာ”

“စကားမစပ်၊ အဲ့ဒီ့မှာ ကျားကြာပွတ်လည်း ရှိတယ်။ အဲ့ဒါ ပစ္စည်းကောင်း တစ်ခုပဲ။ လွှင့်မပစ်ပဲ ဆရာ့အတွက် သေချာသိမ်းထားလိုက်။”

လင်းပေါင်အာ၏ မျက်နှာလှလှလေးသည် ရုတ်တရက် ပူထူ၍ နီရဲလာခဲ့ရာ၊ သူမသည် သူမခေါင်းအားအောက်သို့ငုံ့ချ၍သာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့...ဆရာ”

သူမသည် ချမ်ချန်ကန်းအား တိတ်တဆိတ် လှည့်ကြည့်လိုက်သော်လည်း ချမ်ချန်ကန်းမှ ထိုကျားကြာပွတ်အား အဘယ်ကြောင့်လိုချင်ခဲ့သလဲဟု မမေးရဲခဲ့ပေ။

All Chapters