အခန်း ၈
Vol. 1 Ch. 8
အခန်း ၈: အလုံးစုံသောသက်ရှိများ၊ လျှို့ဝှက်နက်နဲသောဆရာ။
ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ အတွေးများကို ဂရုမပြုဘဲ ကျောက်တုံးရုပ်ထုအား မှီ၍အိပ်လိုက်ချိန်တွင် သူ၏ခေါင်းထဲတွင်ပေါ်လာသော စနစ်၏အသံကြောင့် ရုတ်တရက်မှင်သက်သွားခဲ့သည်။
ချမ်ချန်ကန်းသည် ရွှေဗဟိုချက်နယ်ပယ်အဆင့် ကျားမိစ္ဆာအား နှိမ်နင်းပြီးနောက် နယ်မြေအမှတ် ၈၀၀ အားရရှိခဲ့သောကြောင့် သူ၏ ပြိုင်ဘက်ကင်းနယ်မြေအား ချဲ့ထွင်ရန်စီစဉ်လိုက်သည်။
သို့သော်လည်း စနစ်သည် ပြိုင်ဘက်ကင်းနယ်မြေစနစ်အား အဆင့်မြှင့်တင်ရန် လုံလောက်သော နယ်မြေတန်ဖိုးရှိကြောင်း သတိပေးခဲ့သည်။
ချမ်ချန်ကန်းသည် အံ့အားသင့်သွားခဲ့သည်။
“ကြည့်ရတာ စနစ်ကလဲ အဆင့်မြှင့်လို့ရတဲ့ပုံပဲ။”
“စနစ်မှသတိပေးချက် : လက်ရှိ ပြိုင်ဘက်ကင်းနယ်မြေစနစ်သည် ဗားရှင်း ၁.၀ ဖြစ်ပြီး ပိုင်ရှင်မှ လုံလောက်သောနယ်မြေတန်ဖိုးရှိသည်ဟု သတိပြုမိထားတယ်။ နယ်မြေတန်ဖိုး ၈၀၀ အားအသုံးပြု၍ ပြိုင်ဘက်ကင်းနယ်မြေစနစ်အား ဗားရှင်း ၂.၀ သို့မြှင့်တင်ခြင်းဖြင့် အလုံးစုံသောသက်ရှိများ ဟူသော လုပ်ငန်းစဉ်အသစ်အားဖွင့်လှစ်နိုင်ပါမည်။”
စနစ်သည် အလုံးစုံသောသက်ရှိများ လုပ်ဆောင်ချက်အသစ်၏ အကြောင်းအား ရှင်းပြမထားသော်လည်း ပြိုင်ဘက်ကင်းနယ်မြေစနစ် ၂.၀ ကို အဆင့်မြှင့်တင်ပြီးနောက်တွင် လုပ်ဆောင်ချက်အသစ်ကို နားလည်လာမည်ဖြစ်ကြောင်း ချမ်ချန်ကန်းအား ပြောကြားခဲ့သည်။
နယ်မြေတန်ဖိုး ၆၀၀ ကိုအသုံးပြု၍ ၆မီတာ ပြိုင်ဘက်ကင်းနယ်မြေကို တိုးမြှင့်ပြီးနောက်၊ ချမ်ချန်ကန်းတွင် နယ်မြေတန်ဖိုး ၈၁၀ ရှိနေဆဲဖြစ်သည်။
ချမ်ချန်ကန်းသည် ပြိုင်ဘက်ကင်းနယ်မြေ၏ အတိုင်းအတာကို ဆက်လက်ချဲ့ထွင်ခြင်းအား လက်လျှော့ကာ ဗားရှင်း ၂.၀ ကိုသာ အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။
ဤပြိုင်ဘက်ကင်းနယ်မြေရဲ့ ၂.၀ ဗားရှင်း အသစ်က ဘယ်လိုပုံစံလဲဆိုတာ ကြည့်ရတာပေါ့။
“စနစ်မှသတိပေးချက်- ပိုင်ရှင်သည် နယ်မြေအမှတ် ၈၀၀ ကိုအသုံးပြုခဲ့ပြီး၊ စနစ်အား အဆင့်မြှင့်တင်နေပါတယ်၊ ကျေးဇူးပြု၍ စောင့်ဆိုင်းပါ။”
အသက်သုံးလေးရှိုက်စာကြာပြီးနောက် စနစ်ရဲ့အသံသည် သူ၏ခေါင်းထဲတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
“စနစ်မှသတိပေးချက် : စနစ်အား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။ လက်ရှိ ပြိုင်ဘက်ကင်းနယ်မြေစနစ်သည် ဗားရှင်း ၂.၀ ဖြစ်ပြီး အလုံးစုံသော သက်ရှိများ ဟူသော လုပ်ဆောင်ချက်အသစ်အား ဖွင့်လှစ်လိုက်ပါပြီ။”
သူ့ခေါင်းထဲမှ စနစ်၏အသံသည် ချမ်ချန်ကန်း၏ စိတ်ကိုတုန်လှုပ်စေခဲ့သည်။
‘အလုံးစုံသော သက်ရှိများ’ ဟူသော လုပ်ဆောင်ချက်အသစ်နှင့် ပတ်သက်သည့် အချက်အလက်အားလုံးသည် သူ၏ခေါင်းထဲတွင် လုံးလုံးလျားလျား ထွက်ပေါ်လာကာ ကျွမ်းကျင်တတ်မြောက်သွားခဲ့သည်။
နာမည်၏ အကြံပြုချက်အတိုင်း အလုံးစုံသော သက်ရှိများဖြစ်လေသည်။
၎င်းသည် အရာခပ်သိမ်း၏ တက်ကြွမှုအား အလင်းပေးနိုင်ပြီး ဝိညာဉ်ဉာဏ်ပညာကို မွေးထုတ်ပေးနိုင်သည်။ ထို့အပြင်၊ ၎င်းသည် ပြိုင်ဘက်ကင်းနယ်ပယ်ရှိ အရာအားလုံးကို အသိမ်မွေ့ဆုံးနည်းလမ်းဖြင့် ထိန်းချုပ်နိုင်သည်။
ဥပမာအားဖြင့် မြေကြီးပေါ်မှာ အိပ်ရတာ ဘယ်လောက်တောင် အဆင်မပြေဖြစ်လိုက်သလဲ။
ဒီဦးလေးကြီးက ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်ပါ။ ငါက ဒီလောက်မြင့်နေတယ်ဆိုရင် အိပ်ရာထဲမှာ အိပ်သင့်တယ် မဟုတ်လား။
ထိုသို့စဉ်းစားမိသည်နှင့် ကြမ်းပြင်သည် အပေါ်သို့နိုးထလာကာ ချမ်ချန်ကန်း၏ ဆုပ်နယ်မှုဖြင့် ၎င်းသည် လျင်မြန်စွာပင် ကျောက်တုံးအိပ်ရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဘေးမှာရှိနေသော လင်းပေါင်အာသည် စိတ်လှုပ်ရှားမှုများစွာဖြင့် ကျားအသားကို ခုတ်ပိုင်းနေခဲ့သည်။
သို့သော် ဤကျားမိစ္ဆာသည် ကြမ်းတမ်းသောအရေခွံနှင့် ထူထဲသောအသားများရှိနေသောကြောင့် သူမသည် လွန်စွာ အားထုတ်ကြိုးစားခဲ့ရသည်။
သို့သော် လင်းပေါင်အာသည် လုံးဝမညည်းညူခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဤကျားအသားအား ခုတ်ပိုင်းရခြင်းကို အလွန်သဘောကျနေ၍ အရသာကောင်းရန် မည်သို့ပြင်ဆင်ရန်ပါ စဉ်းစားနေခဲ့သည်။
လင်ပေါင်အားကို ထိုသို့မြင်ရသော ချမ်ချန်ကန်းသည် ခဏကြာမျှ စဉ်းစား၍ပြောလိုက်သည်။
“ ငါ့ တပည့်”
လင်းပေါင်အာသည် သူမ၏လက်ဖြင့် ကျားခြေထောက်ကိုင်ကာ ချမ်ချန်ကန်းကို လှည့်ကြည့်လိုက်သည်။
“ ဘာဖြစ်လို့လဲ ဆရာ။”
“ အပြင်သွားပြီး မြက်နှစ်ပင်သွားယူလာခဲ့။”
“ ဟုတ်။ ဟုတ်။”
လင်းပေါင်အာသည် ရိုသေလေးစားစွာဖြင့် ကျားခြေထောက်ကို သူမလက်ထဲမှ ချထားခဲ့သည်။
သူမသည် ဘုရားကျောင်း၏အပြင်ဘက်တွင် ဘာအန္တရာယ်မကြုံခဲ့ရဘဲ သူမ၏လက်ထဲတွင် မြက်ပင်နှစ်ပင်ကို ယူဆောင်လာကာ ချမ်ချန်ကန်းအား ပေးအပ်ခဲ့သည်။
ချမ်ချန်ကန်းမှ ထိုမြက်ပင်များဖြင့် ဘာလုပ်ချင်သည်ကို သူမမသိခဲ့ပေ။
စဉ်းစားတွေးတောမနေကာ သူမသည် ကျား၏အသားကိုသာ ဆက်၍အလေးအနက်ထားကာ ပိုင်းဖြတ်နေခဲ့သည်။
ဤအရာသည် ဓါးကိုးစင်းဂိုဏ်းတွင် ကျင့်ကြံနေခြင်းထပ်ပို၍ စိတ်ဝင်စားစရာကောင်းလှသည်။
ရွှေဗဟိုချက်နယ်ပယ်မိစ္ဆာသည် သူမ၏ဖခင် လင်ချင်းရှန်လျှင်ပင် မသတ်နိုင်သောသတ္တဝါဖြစ်သည်။
ဆရာသည် အင်မတန်အံ့ဩစရာကောင်းလှသည်။
ချမ်ချန်ကန်းသည် သူ၏လက်ထဲမှ မြက်ပင်နှစ်ပင်ကို ကြည့်၍ ပြိုင်ဘက်ကင်းပိုင်နက်စနစ် ၂.၀ ၏ လုပ်ဆောင်ချက်အသစ်ဖြစ်သော အလုံးစုံသောသက်ရှိများကို မြက်ပင်နှစ်ပင်ပေါ်တွင် စတင်အသုံးပြုခဲ့သည်။
ချမ်ချန်ကန်းမှ ရေရွတ်လိုက်သည်။
“ဒီလုပ်ဆောင်ချက်က အဲ့လောက် စွမ်းမစွမ်း ကြည့်တာပေါ့။”
ချမ်ချန်ကန်းသည် ‘အလုံးစုံသောသက်ရှိများ’ ၏လုပ်ဆောင်ချက်ကို အသုံးပြုလိုက်သောအခါ သူ၏လက်ထဲတွင်ရှိသော မြက်ပင်များထဲမှ ကြီးကျယ်ခမ်းနား၍ ကြွယ်ဝသောအသက်အနှစ်သာရများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
အသက်အနှစ်သာရသည် လွန်စွာသန်မာလှသည်။
မူလက သာမန်ဖြစ်သောမြက်ပင်နှစ်ပင်သည် ချမ်ချန်ကန်း၏လက်ထဲတွင် စိတ်ဝိညာဉ်ဆေးပင် ဖြစ်တည်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“မွှေးလိုက်တာ”
ကျား၏အသားကို စိတ်အားထက်သန်စွာ ဖြတ်တောက်နေသော လင်းပေါင်အာသည် ထိုရနံ့အားခံစားမိကာ ခေါင်းကိုမော့်ကြည့်လိုက်ရာ ချမ်ချန်ကန်း၏လက်ထဲတွင် မြက်နှစ်ပင်ကို တွေ့လိုက်ရသည်။
ထိုမြက်နှစ်ပင်သည် ကြည်လင်ပြတ်သားစွာ လင်းလပ်နေကာ ကြီးကျယ်ခမ်းနား၍ ကြွယ်ဝသော ဘဝအနှစ်သာရများ ပါရှိနေသည်ကို တွေ့လိုက်ရသည်။
လင်းပေါင်အာ၏ လှပသောမျက်လုံးများ ပြူးကျယ်လာကာ အံ့အားသင့်စွာပြောလိုက်သည်။ “ဆရာ၊ ဒါ... ဒါကခုနက မြက်နှစ်ပင်လား”
ချမ်ချန်ကန်းမှပြုံး၍ ခေါင်းညိတ်လိုက်သည်။
“သေချာ ကြည့်ထား တပည့်ကောင်းလေး၊
ဆရာ မင်းကို မှော်လှည့်ကွက်တစ်ခု လုပ်ပြမယ်။”
ချမ်ချန်ကန်းသည် မြက်ပင်နှစ်ပင်ထဲမှ ခွေးအမြီးမြက်ပင်တစ်ပင်ကို နှစ်သက်သဘောကျမိသည်။
သူသည် ‘အလုံးစုံသောသက်ရှိများ’ ဟူသော လုပ်ဆောင်ချက်အသစ်ကို ထပ်မံအသုံးပြုခဲ့သည်။
ခွေးအမြီးမြက်၏ စိမ်းလန်းသော အရိပ်သည် တဖျပ်ဖျပ်ခတ်ကာ ရွေ့လျားသွားပြီး ဉာဏ်ပညာနှင့်ပြည့်စုံနေသကဲ့သို့ သူ၏ခေါင်းကို ခါယမ်းနေခဲ့သည်။ သို့သော် ခွေးအမြီးလှုပ်နေခြင်းနှင့်ပို၍ဆင်တူနေသည်။
လင်းပေါင်အာသည် အထိတ်တလန့်ဖြင့် အသက်ပြင်းပြင်းရှူကာ ပြောခဲ့သည်။
“ ဆရာ၊ ဒီခွေးအမြီးမြက်ပင်က လှုပ်နေတဲ့ပုံပဲ။”
ထိုအရာသည် အလုံးစုံသောသက်ရှိများ၏ ကြောက်စရာကောင်းသော အင်အားအစစ်အမှန်ဖြစ်သည်။
သာမန်မြက်ပင်တစ်ပင်သည်ပင် သူ၏လက်ထဲတွင် အသိဉာဏ် အလင်းရစေခဲ့သည်။
၎င်းသည် ယခုအခါတွင် သာမန်မြက်ပင်မဟုတ်တော့ဘဲ မကြာမီ မိစ္ဆာအဖြစ်သို့ပြောင်းလဲသွားတော့မည့် စိတ်ဝိညာဉ်တစ်ခုဟုဆိုနိုင်သည်။
ခွေးအမြီးမြက်ပင်သည် ချမ်ချန်ကန်းရဲ့ လက်ဖဝါးကို ကလိထိုးနေသကဲ့သို့ ညင်ညင်သာသာ ရွေ့လျားနေတယ်။
ချမ်ချန်ကန်းမှ ပြုံးရုံသာပြုံး၍ သူမအား ဘာမှပြန်မဖြေခဲ့ပေ။
အဲဒီအစား ချမ်ချန်ကန်းသည် ကျန်မြက်တစ်ပင်ကို နတ်မြက်ပင်အဖြစ်ပြောင်းလဲရန်သာ ဖိညှစ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ထိုဝိညာဉ်မြက်ပင်သည် စိတ်ဝိညာဉ်ဆေးလုံးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
ချမ်ချန်ကန်းမှ သူ၏လက်အား ဆတ်ခနဲတောက်လိုက်သည့်နောက်တွင် ထိုပြဒါးရှင်လုံးသည် လင်းပေါင်အာ၏ လက်ထဲသို့ရောက်သွားခဲ့သည်။
“ဘဝအနှစ်သာရတွေပါဝင်တဲ့ ဒီဆေးလုံးက တပည့်ဖြစ်ခြင်း အထိမ်းအမှတ်အနေနဲ့ပေးတာလို့ သတ်မှတ်လို့ရတယ်။”
လင်းပေါင်အာသည် လွန်စွာအံ့သြသွားခဲ့ပြီး သူမသည် ချမ်ချန်ကန်းအပေါ်တွင် တိုင်းတာ၍မရနိုင်သော လေးစားမှုများသာရှိနေတော့သည်။
“ဆေးအတွက်ကျေးဇူးတင်ပါတယ် ဆရာ”
ချမ်ချန်ကန်းသည် သူ၏လက်ကိုဝှေ့ယမ်းပြီး စိတ်အားထက်သန်စွာ ပြောခဲ့သည်။
“တပည့်ကောင်းလေး ကောင်းကောင်းကြိုးစား။ဆရာရဲ့မျှော်လင့်ချက်တွေကို အလကားမဖြစ်စေနဲ့။”
“ဟုတ်။ ဟုတ်။”
လင်းပေါင်အာသည် လေးနက်စွာ ခေါင်းညိတ်ခဲ့သည်။
“ဆရာရဲ့မျှော်လင့်ချက်တွေကို အလကားမဖြစ်ရအောင်ကြိုးစားပါမယ်။ ဆရာ။”
လင်းပေါင်အာသည် စိတ်လှုပ်ရှားစွာဖြင့် ပြဒါးရှင်လုံးအား သောက်သုံးခဲ့သည်။
ဤ ပြဒါးရှင်လုံးသည် မျိုချလိုက်ချိန်တွင် အရည်ပျော်သွားကာ ခမ်းနားထည်ဝါသော ဘဝနှစ်သာရအဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်ကို ဖြည့်တင်းပေးခဲ့သည်။
လင်းပေါင်အာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မှော်စွမ်းအားများ ပွင့်ထွက်တော့မည့်ဟန်ဖြင့် တုန်ခါနေခဲ့သည်။
လင်းပေါင်အာသည် အံ့ဩသွားခဲ့သည်။
ဤသည်မှာ အဆင့်ဖြတ်ကျော်တော့မည့် သင်္ကေတဖြစ်သည်။
သူမသည် မထီမဲ့မြင်မပြုရဲဘဲ မြေပြင်ပေါ်တွင် ခြေတမလ္လင်ခွေချကာ ကျင့်ကြံခြင်းလမ်းစဉ်ကို လည်ပတ်စေခဲ့သည်။
အသက်နှစ်ခါ သုံးခါရှိုက်စာအကြာတွင် လင်းပေါင်အာသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ခြောက်မှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ခုနစ်သို့ အဆင့်ဖြတ်ကျော်သွားခဲ့သည်။
လင်းပေါင်အာသည် လွန်စွာ စိတ်လှုပ်ရှားသွားခဲ့သည်။
သာမန်ပေါင်းပင်တစ်ပင်သည် ချမ်ချန်ကန်း၏လက်ထဲတွင် မှော်ဆေးလုံးအဖြစ်သို့ ပြောင်းလဲသွားမည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤဝိညာဥ်ဆေးလုံးတွင်ပါရှိသော ဘဝအနှစ်သာရသည် အင်အားကြီးလွန်းလှသောကြောင့် သူမသည် နယ်ပယ်တစ်ခုသို့ တိုက်ရိုက်ဖြတ်ကျော်သွားခဲ့သည်။
ဤအရာသည် ချမ်ချန်ကန်းမှ လီရှောင်အား သတ်လိုက်ခြင်းထပ် ပို၍အံ့သြစရာကောင်းသည်။
လင်းပေါင်အာ၏ရင်ထဲတွင် ချမ်ချန်ကန်း၏ပုံရိပ်သည် မယုံကြည့်စရာကောင်းလောက်အောင် လျှို့ဝှက်နက်နဲနေတော့သည်။