အခန်း ၉
Vol. 1 Ch. 9
အခန်း ၉:နတ်ရတနာ ၊ ကောင်းကင်မှကြလာသော မြင့်မြတ်တဲ့နတ်ဓား။
တစ်ဖက်မှာတော့ ချမ်ချန်ကန်းသည် လင်းပေါင်အာမှ မည်သို့တွေးတောနေမည်ကိုမသိခဲ့ပေ။
သူ၏မျက်လုံးများသည် အရောင်တောက်လာခဲ့သည်။
မည်သို့ဆိုသော် လင်းပေါင်အာမှ သေးငယ်သောနယ်ပယ်တစ်ခုအား ဖြတ်ကျော်ခဲ့သောကြောင့် သူသည် စနစ်မှ နယ်မြေအမှတ် ၅၀ အားရရှိခဲ့သည်။
ထိုအချက်သည် သူ့အား လုံးဝ အံ့သြသင့်သွားစေခဲ့သည်။
“အဲ့လိုလဲ ရတယ်လား။”
စနစ်မှ ပြန်ပြောခဲ့သည်။
“ ပိုင်ရှင်နှင့် လင်းပေါင်အာတို့သည် ဆရာ-တပည့် ဆက်ဆံရေးဖြင့် ချည်နှောင်ထားသောကြောင့် လင်းပေါင်အာမှ နယ်ပယ် ဖြတ်ကျော်သွားခဲ့လျှင် စနစ်မှပိုင်ရှင်အား ပိုင်နက်တန်ဖိုးအချို့ကို ဆုလာဘ်အဖြစ်ပေးအပ်ပါမည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားလေ၊ ရရှိနိုင်သော ပိုင်နက်တန်ဖိုး ပိုများနိုင်မည်။”
ချမ်ချန်ကန်းသည် လွန်စွာဝမ်းသာသွားခဲ့သည်။
“ဒီလောက်ကောင်းတာမျိုး ရှိတယ်လို့ ထင်တောင်မထင်ထားဘူး။”
ထို့နောက် သူသည် တပည့်များအား ပိုမိုလက်ခံကာ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များ ဆက်လက်တိုးတတ်နေသရွေ့ သူ၏ပြိုင်ဘက်ကင်းနယ်ပယ်သည် ဆက်လက်ကျယ်ပြန့်လာနိုင်မည်ဖြစ်သည်။
ဒုတိယနေ့၏ နံနက်မိုးသောက်ချိန်တွင်။
အိပ်ရာမှ နိုးထလာသောအခါ ချမ်ချန်ကန်းသည် လန်းဆန်းမှုကိုသာ ခံစားနေရသည်။
“နောက်ဆုံးတော့ သုံးနှစ်ကြာမှ ကောင်းကောင်း အိပ်လို့ရခဲ့ပြီ။”
ဘုရားကျောင်းသည် တိတ်ဆိတ်နေ၍ ပိုင်းဖြတ်ထားသော ကျား၏အသားများအား ဘုရားကျောင်းအတွင်းတွင် ချထားသည်။
လင်းပေါင်အာသည် ကျားသားရေဖြင့်ဖုံးကာ ကွေးကောက်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
ချမ်ချန်ကန်းသည် ပြုံးနေခဲ့သည်။
ထင်တဲ့အတိုင်း ညကဖြစ်ခဲ့တာတွေက အိပ်မက်မဟုတ်ခဲ့ဘူး။
သူ၏ ပြိုင်ဘက်ကင်းနယ်ပယ်သည် အစစ်အမှန် ဖြစ်ခဲ့ခြင်းဖြစ်သည်။
မမျှော်လင့်ဘဲ တစ်ညတည်းတွင် သူသည် သန်မာသော ရွှေဗဟိုချက်နယ်ပယ် ကျွမ်းကျင်ပညာရှင်နှစ်ဦးကို နှိမ်နင်းခဲ့ရုံသာမက အကျင့်စာရိတ္တကောင်းမွန်ပြီး တက်ကြွလန်းဆန်းသော ကလေးတစ်ဦးကိုလည်း တပည့်အဖြစ်လက်ခံခဲ့သည်။
အနားတွင် ခွေးအမြီးမြက်သည် ချမ်ချန်ကန်းကို နှုတ်ဆက်သည့်ဟန်ဖြင့် ခေါင်းအားလှုပ်ယမ်းနေခဲ့သည်။
၎င်းသည် မနေ့ညက အမှတ်တမဲ့ထိတွေ့ခဲ့သော ပေါင်းပင်ဖြစ်ပြီး ၎င်းကို ‘အမြီးလေး’ ဟု အမည်ပေးထားခဲ့သည်။
အကြောဆန့်ပြီးနောက် ချမ်ချန်ကန်းသည် အိပ်ရာမှထခဲ့သည်။ သို့သော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လင်းပေါင်အာကိုတော့ မနှိုးခဲ့ပေ။
ယခုအခါတွင် သူ၏ ပြိုင်ဘက်ကင်းနယ်မြေသည် ကနဦးနှစ်မီတာမှ ရှစ်မီတာအထိသို့ ကျယ်ပြန့်လာခဲ့သည်။
ဤအင်မော်တယ်ဘုရားကျောင်းသည် ငါးမီတာမျှသာ အရွယ်အစားရှိပြီး၊ သူ၏ ပြိုင်ဘက်ကင်းနယ်မြေသည် ပြင်ပသို့ သုံးမီတာအထိ ကျယ်ပြန့်လာသည်ဟုဆိုနိုင်သည်။
သူသည် အင်မော်တယ်ဘုရားကျောင်းမှ ထွက်လာကာ ပြိုင်ဘက်ကင်းနယ်မြေ၏ အစွန်းတွင်ရပ်၍ တောင်ထိပ်သို့ မျှော်ကြည့်နေခဲ့သည်။
စိမ်းလန်းစိုပြေ၍ အဆုံးမဲ့သော တောင်တန်းကြီးတစ်ခု၊ မြင့်တတ်လာသောနေမင်းနှင့်အတူ ပျံသန်းလျက်ရှိသော ငှက်ကလေးများကို တွေ့ခဲ့ရသည်။
ယနေ့မှစ၍ ကောင်းသောနေ့ရက်များ စတင်တော့မည်။
ရုတ်တရက်ဆိုသလိုပင် တောက်ပသော အလင်းရောင်တစ်ခုသည် ကောင်းကင်အား ထိုးဖောက်ကာ ဖေးရှန့်တောင်ထဲကို ကျဆင်းသွားခဲ့သည်။
ထိုအလင်းတန်းသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချမ်ချန်ကန်း၏ရှေ့မှောက်တွင် မြေပြင်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ချမ်ချန်ကန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
သူသည် ရုတ်တရက်ကျရောက်လာခဲ့သော မြင်ကွင်းအား လုံးဝထင်မှတ်ထားခြင်း မရှိခဲ့ပေ။
ထိုကျယ်လောင်သော ဆူညံသံသည် ဘုရားကျောင်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လင်းပေါင်အာကို အိပ်ရာမှနိုးစေခဲ့သည်။
လင်းပေါင်အာသည် အိပ်ချင်နေသေးသော မျက်လုံးများကို ပွတ်သပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
“ဘာဖြစ်သွားတာလဲ ဆရာ။”
ချမ်ချန်ကန်းသည် အလင်းမြုပ်ဝင်သွားခဲ့သော မြေနေရာအား စိုက်ကြည့်နေခဲ့သည်။
အလင်းရောင် ပျောက်ကွယ်သွားသည့်နောက်တွင် ကျိုးကြေနေသော ကြေးနီဓါးတစ်ချောင်းသည် မြေပြင်၌ ထိုးစိုက်နေသည်ကိုတွေ့လိုက်ရသည်။
“ ကောင်းကင်ပေါ်ကနေ ကြေးနီဓါးတစ်ချောင်း ကျလာတာ”
ချမ်ချန်ကန်း၏မျက်နှာသည် ဖျော့တော့သွားခဲ့ပြီး၊ သူသည် စွဲကျန်နေသော ကြောက်စိတ်များကို ခံစားနေရသည်။
ကံကောင်းထောက်မစွာ၊ သူသည် ပြိုင်ဘက်ကင်းနယ်ပယ်ထဲမှ ထွက်သွားခဲ့ခြင်းမရှိပေ။ မီတာအနည်းငယ်မျှသာ အပြင်သို့လှမ်းသွားလျှင် ကောင်းကင်မှ ကျလာသော ကြေးဓါးအကျိုးသည် သူ့အား သေစေလိမ့်မည်။
ထင်ထားသည့်အတိုင်း အပြင်လောကသည် အန္တရာယ်များလွန်းသည်။
“ဓါးတစ်ချောင်းလား။”
အိပ်ငိုက်နေသော လင်းပေါင်အာသည် ကောင်းကင်ပေါ်မှာ ဓါးတစ်ချောင်းကျလာသည်ဟုကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မျက်လုံးများပြူးကျယ်သွားတော့သည်။
“ဆရာ၊ ဒီဓားက မနေ့ညက ကမ္ဘာပေါ်ကို ကျလာတဲ့ နတ်ရတနာများလား”
“ဘာ နတ်ရတနာလဲ”
ချမ်ချန်ကန်သည် ပဟေဠိဖြစ်နေခဲ့သည်။
“ဆရာမသိဘူးလား။”
“ပြောပြပါဦး”
လင်းပေါင်အာမှ ခေါင်းညိတ်ပြကာ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ချမ်ချန်ကန်းအား ပြောပြခဲ့သည်။
နားထောင်နေသော ချမ်ချန်ကန်းသည် အံ့ဩမှင်သက်သွားခဲသည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးအရိပ်သည် ကောင်းကင်ယံတွင် လွင့်စင်နေခဲ့ပြီး နတ်ဓားတစ်စင်းသည်လည်း ကျဆင်းသွားခဲ့သည်။
မနေ့ညက တောင်တစ်သိန်းတောင်တန်းတွင် ဤသို့ ထိတ်လန့်စရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ကံမကောင်းစွာနှင့် သူသည် ဘုရားကျောင်းထဲတွင်ရှိနေခဲ့သောကြောင့် မမြင်ရခဲ့ပေ။
နည်နည်းတော့ နှမြောတသဖြစ်မိသည်။
သို့သော် ချမ်ချန်ကန်းသည် တစ္ဆေအမျိုးသမီအား နှိမ်နင်းနေချိန် သူ၏စွမ်းအင်များကို မထိန်းချုပ်နိုင်ခဲ့သောကြောင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များဖြစ်မှန်းကို သူမသိခဲ့ပေ။
“တောင်တစ်သိန်းတောင်တန်းက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များလွန်းတယ်။ ဆရာလို အင်းအားကြီးတဲ့ အစွမ်းထက် ပုဂ္ဂိုလ်အပြင်၊ လျှို့ဝှက်ထားတဲ့ အခြားအစွမ်းထက် ပုဂ္ဂိုလ်တွေရှိနေဦးမယ်ထင်တယ်။”
ထိုသို့တွေးမိသော ချမ်ချန်ကန်းမှ ပြန်ပြောခဲ့သည်။
“ တပည့်လေး၊ မင်းပြောတာမှန်လောက်တယ်။”
“ဆရာက အရမ်းသန်မာတယ်ဆိုပေမယ့် အပြင်လောကနဲ့ ကောင်းကင်ဘုံရဲ့အပြင်ဘက်မှာ သန်မာတဲ့လူတွေအများကြီးရှိတယ်။ ဒါကြောင့် မာနကြီးပြီး မမောက်မာနဲ့၊ ကိုယ့်ကိုယ်ကို နိမ့်ချပြီးနေရမယ်။”
လင်းပေါင်အာသည် သူ၏ ပြိုင်ဘက်ကင်း နယ်မြေတွင် ရှိနေသရွေ့ သူမ၏လုံခြုံရေးအတွက် စိတ်ပူစရာမလိုသော်လည်း ပြိုင်ဘက်ကင်းနယ်မြေမှ ထွက်သွားခဲ့လျှင် ချမ်ချန်ကန်းမှ သူမအား ကယ်တင်နိုင်မည်မဟုတ်ပေ။
“ တပည့် ကိုယ့်ကိုယ်ကို သေချာပေါက်နှိမ့်ချပြီးနေပါ့မယ် ဆရာ။”
ကျိုးနေသော ကြေးဓါးကို ကြည့်ကာ ချမ်ချန်ကန်းမှ ပြောလိုက်သည်။
“ ပြောတော့ နတ်ရတနာဆိုပြီး နတ်ရတနာနဲ့ လဲ မတူဘူး။”
ထိုသို့ပြောပြီးသည်နှင့် လင်းပေါင်အာသည် ပြိုင်ဘက်ကင်နယ်ပယ်ထဲမှ ခုန်ထွက်ကာ ကျိုးပဲ့နေသော ကြေးဓါးဆီသို့ ပြေးသွားခဲ့သည်။
ချမ်ချန်ကန်းမှ အထိတ်တလန့်ဖြစ်သွားခဲ့သည်။
“ ပေါင်အာ ပြန်လာခဲ့။”
လင်းပေါင်အာသည် ပြိုင်ဘက်ကင်းနယ်ပယ်မှ ထွက်ခွာသွားခဲ့သည်။ ကြေးဓါးအကျိုးမှ အန္တရာယ်တစ်စုံတစ်ရာများရှိခဲ့ပါက သူသည် သူမကို ကာကွယ်နိုင်မည်မဟုတ်ပေ။
မနေ့ညကမှ တပည့်လက်ခံထားတာ ဒီနေ့သေသွားလို့မဖြစ်ဘူး။
“ဘာဖြစ်လို့လဲ ဆရာ”
ကျိုးနေသောကြေးဓါးသည် မလှုပ်မယှက်ဖြစ်နေပြီး လင်းပေါင်အာကို တိုက်ခိုက်ခဲ့ခြင်းမရှိပေ။
ချမ်ချန်ကန်းမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘူး။”
ချမ်ချန်ကန်းမှ ပြောပြီးသည်နှင့် လင်းပေါင်အာသည် ကြေးနီဓါးအကျိုးကို ကောက်ကိုင်၍ ဝှေ့ယမ်းလိုက်သည်။
“ဆရာ၊ ဒီဓားက မနေ့ညကကျလာတဲ့ နတ်ရတနာ မဟုတ်လောက်ဘူးထင်တယ်။ ဒါကရိုးရှင်းပြီး ဘာစွမ်းအားမှလဲရှိပုံမရဘူး”
ချမ်ချန်ကန်း၏ တင်းမာနေသော အသည်းညှာသည်လည်း ပြေလျော့သွားတော့သည်။
“ဆရာဆီ ယူလာခဲ့”
လင်းပေါင်အာသည် ကျိုးနေသော ကြေးနီဓါးကိုယူကာ ပြိုင်ဘက်ကင်နယ်ပယ်အတွင်းသို့ ပြန်သွားကာ ချမ်ချန်ကန်းအားပေးလိုက်သည်။
လင်းပေါင်အာသည် ဤကျိုးပဲ့နေသော ကြေးဓါး၏ထူးခြားမှုကို မခံစားရသော်လည်း ချမ်ချန်ကန်းမှ ၎င်း၏ ထူးခြားမှုအား အမှန်တကယ်ခံစားမိသည်။
သူသည် ဓါးထဲတွင်ရှိနေသော စွမ်းအင်များအား ခံစားမိသည်။
သို့သော် ဒီအင်အားသည် အားနည်းလွန်းသောကြောင့် သူဘက်မှ အနည်ငယ်မျှပို၍အားစိုက်ခဲ့သရွေ့ ဓါးအား ချိုးဖျက်နိုင်လိမ့်မည်။
“ ဘယ်လိုလဲ ဆရာ။”
ချမ်ချန်ကန်းသည် ပြိုင်ဘက်ပိုင်နက်၏ ဒုတိယလုပ်ဆောင်ချက်ဖြစ်သော “အလုံးစုံသောသက်ရှိများ” ကို အသုံးပြုခဲ့သည်။
ကြေးဓါးအကျိုးသည် သူ၏လက်ထဲတွင် သာမန်မျက်စိနှင့် ကြည့်၍ မြင်နိုင်လောက်သော အရှိန်ဖြင့်ပြုပြင်နေခဲ့သည်။
မကြာမီတွင်၊ စူးရှသော အလင်းရောင်ဖြင့် တောက်ပနေသော ကြေးနီဓါးအသစ်စက်စက် တစ်ချောင်းဖြစ်လာခဲ့သည်။
“ဝိုး လှလိုက်တာ။”
လင်းပေါင်အာ၏ မျက်လုံးများသည် ကြယ်အလင်းရောင်များသကဲ့လို့ တောက်ပသွားတော့သည်။
ယခုအချိန်တွင် ကြေးနီဓားသည် ယခင်ကျိုးပဲ့နေသော ကြေးဓားထပ်ပို၍ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပြောင်းလဲမှုကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရမည်။
ကြေးနီရောင်သည် တဖျပ်ဖျပ်ဖျပ်တောက်ပနေပြီး တစ်ဖက်တွင် နေ၊ လနှင့် ကြယ်များကို ထွင်းထုထားကာ အခြားတစ်ဖက်တွင် တောင်များ၊ မြစ်များနှင့် သစ်ပင်များကို ထွင်းထုထားသည်။ အင်မော်တယ်များသည် ကြီးကျယ်ခမ်းနားပြီး ထူးကဲလှသည်။ ဓါး၏ထိပ်တွင် ‘အထွတ်အမြတ်ထားသော အင်မော်တယ်’ ဟူသော စာလုံးနှစ်ခုကို ရေးထိုးထားသည်။ ဒီဓားကို မြင့်မြတ်သောအင်မော်တယ်နတ်ဓါး ဟုခေါ်ခဲ့ပုံပေါ်သည်။
ဤနတ်ဓားအား ‘အလုံးစုံသောသက်ရှိများ’ ကို အသုံးပြု၍ ပြင်ဆင်ပြီးနောက်၊ ၎င်းတွင်ပါရှိနေသော စွမ်းအားသည် ယခင်ကထက် ပိုမို၍အားကောင်းလာခဲ့သည်။
သို့သော်ချမ်ချန်ကန်းမှ ဓားအား ဖျက်ဆီးချင်လျှင် သူ၏အင်အားနည်းနည်းသာ လိုအပ်မည်။
ဤဓားသည် သူ့အတွက် အသုံးမဝင်သလို သူလည်း ကြိုက်နှစ်သက်ခြင်းမရှိပေ။
ဤဓားသည် အဆင့်နိမ့်လွန်းသည်။
“လိုချင်ရင် ယူထားလိုက်”
ချမ်ချန်ကန်းသည် မြင့်မြတ်သောနတ်ဓါးကို လင်းပေါင်အာဆီသို့ ပစ်ပေးလိုက်သည်။
လင်းပေါင်အာသည် ပြုပြင်ထားသော မြင့်မြတ်သောနတ်ဓါးကိုယူကာ ပျော်ရွှင်စွာပြုံးနေခဲ့သည်။
“ ဆရာက အရမ်းသဘောကောင်းတာပဲ။ ကျေးဇူးတင်ပါတယ် ဆရာ။