← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁ : လိမ္မာတဲ့ကလေး။

နံနက်စောစော၊ နေထွက်လာချိန်တွင်

ချမ်ချန်ကန်းမှ အချစ်သီချင်းလေးညည်းကာ ဘုရားကျောင်းအတွင်းတွင် ရေနွေးနွေးနှင့် ရေချိုးနေခဲ့သည်။

ဘုရားကျောင်း၏ အပြင်ဘက်တွင်၊ လင်းပေါင်အာမှ လက်လုပ်မီးဖို၏အရှေ့တွင် ထိုင်၍ အားကြိုးမာန်တက် ကျားခြေထောက်ကိုပြုတ်လျှက်၊ ထင်းမီးလောင်ရာမှ ထွက်လာသော တဖြောက်ဖြောက်မည်သံနှင့်အတူ ရပ်တောင်ခတ်နေခဲ့သည်။

သူမ၏ဘေးတွင် ခွေးမြီးမြက်ပင်သည် လေနှင့်အတူ ယိမ်းထိုးလျှက်ရှိသည်။

အိုးထဲမှ ရေနွေးဆူပွက်သံသည် ဆက်လက်ကြားနေရပြီး၊ ပြင်းထန်သောအသား၏ရနံ့သည် ဆက်လက်စိမ့်ဝင်ပျံ့နှံ့နေသဖြင့် ရံဖန်ရံခါ တံတွေးမျိုချလျှက်ရှိသော လင်းပေါင်အာ၏မျက်လုံးများသည် ကြယ်ကလေးများသကဲ့သို့ တောက်ပလာခဲ့သည်။

သူမသည် ဘေးတွင်ရှိနေသော ခွေးမြီးမြက်ပင်အား စကားပြောလိုက်သည်။

“အမြီးလေး၊ ဒီကျားမိစ္ဆာအသားက ပြုတ်လိုက်တော့ တော်တော်မွှေးတာပဲ။”

အမြီးလေးသည် လင်းပေါင်အာ၏စကားအား နားလည်သောကြောင့် ခေါင်းညိတ်ပြခဲ့သည်။

“နှမြောစရာကောင်းတာက နင်က ပုံစံမပြောင်းရသေးတော့ ရွှေဗဟိုချက်နယ်ပယ်အဆင့်မိစ္ဆာရဲ့အသားကို စားလို့မရသေးဘူး။”

လင်းပေါင်အာမှ အားရကျေနပ်သည့် အကြည့်ဖြင့်ပြုံးလိုက်သည်။

“လင်းပေါင်အာ မင်းကဘာလို့ဒီရောက်နေတာလဲ။ လီရှောင်နဲ့ တခြားလူတွေ ဘယ်မှာလဲ။”

ရုတ်တရက်ဆိုသလိုပင် အေးစက်စွာ မေးခွန်းထုတ်ခဲ့သောသံအား ကြားလိုက်ရသည်။

လင်းဟုန် သုံးခုသည် အင်မော်တယ် ဘုရားကျောင်းသို့ရောက်လာခဲ့ရာ၊ ထိုသည်မှာ တောက်ပေါ်သို့ ဦးစွာဝင်လာခဲ့သော လီပါ့ထန်တို့ သုံးဦးဖြစ်သည်။

အထူးသဖြင့်၊ လီပါ့ထန်၏ မျက်နှာသည် ပို၍ပင် အကျည်းတန်နေခဲ့သည်။

ဤလင်းပေါင်အာသည် ဓါးကိုးစင်းဂိုဏ်းချုပ်၏ သမီးဖြစ်သည်။ ဓါးကိုးစင်းဂိုဏ်း၏ ဂိုဏ်းချုပ် လင်းချင်းရှန်အား ခြိမ်းခြောက်ရန် မဟာအကြီးအကဲလီရှောင်မှ ဖမ်းဆီးထားပြီ မဟုတ်လော့။

သူမသည် အဘယ်ကြောင့် ဤနေရာသို့ရောက်နေခဲ့သနည်း။

ရုတ်တရက် ရောက်လာသောလီပါ့ထန်တို့ သုံးဦးသည် လင်းပေါင်အာအား ထိတ်လန့်စေခဲ့သည်။

အထူးသဖြင့် ထိုသုံးဦး၏ ရက်စက်ကြမ်းကြုတ်သောအကြည့်များသည် လင်းပေါင်အာ၏ မျက်နှာလှလှလေးကို ဖျော့တော့စေတော့သည်။

သူမသည် ‘အား’ ဟူသောအသံဖြင့် အော်ဟစ်လျှက် ဘုရားကျောင်းအတွင်းသို့ ခြေစုံပစ်၍ပြေးဝင်သွားခဲ့သည်။

“ဆရာ! ဆရာ! ဆရာ! မကောင်းတော့ဘူး! မကောင်းတော့ဘူး! နတ်ဆိုးနဂါးလိုဏ်ဂူကလူတွေ လက်စားချေဖို့ ရောက်လာကြပြီ။”

မကြာမီတွင် လင်းပေါင်အာသည် ဘုရားကျောင်းထဲမှ အထိတ်တလန့်အော်ဟစ်ကာ သူမ၏မျက်နှာကို လက်ဖြင့်အုပ်လျှက် ဘုရားကျောင်းအတွင်းမှ ပြေးထွက်လာခဲ့သည်။

တံခါးဘောင်အား ခလုတ်ဝင်တိုက်ခဲ့သည်။

ဘုံး!

မျက်လုံးမှိတ်ထားသော လင်းပေါင်အာသည် မှောက်လျက်သားလဲကျသွားတော့သည်။

လီပါ့ထန် : “...”

“အ! နားလိုက်တာ။”

လင်းပေါင်အာသည် စူပုပ်၍ မတ်တတ်ထလာခဲ့သည်။

သို့သော်လည်း ဘုရားကျောင်းထဲတွင် တွေ့ခဲ့ရသော မြင်ကွင်းကို စဉ်းစားမိ၍ လင်းပေါင်အာ၏ မျက်နှာလှလှလေးသည် နီရဲလာခဲ့သည်။

“လင်းပေါင်အာ၊ ဘုရားကျောင်းထဲမှာ လီရှောင်ရှိတယ်ဆိုရင် ထွက်လာခိုင်းလိုက်။”

လီပါ့ထန်၏ မျက်နှာသည် သုန်မှုန်၍ အကျည်းတန်နေတော့သည်။

လီရှောင်၏ အင်အားနှင့်သာဆိုလျှင် ဤလင်းပေါင်အာသည် ထွက်ပြေးနိုင်မည်မဟုတ်ပေ။

ဤနေရာကို သူမအား လီရှောင်မှ ခေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

နတ်ရတနာအား လီရှောင်မှ ပိုင်ဆိုင်ရယူခဲ့ပြီးပြီဟုပင် လီပါ့ထန်မှ တွေးနေမိသည်။

လင်းပေါင်အာမှ သူ၏မေးခွန်းအားပြန်ဖြေခြင်းမရှိဘဲ နှုတ်ခမ်းသာစူလို့နေခဲ့သည်။

သူမအရှေ့၌ ရှိနေသော လီပါ့ထန်သည် နတ်ဆိုးနဂါးလိုဏ်ဂူ၏ အရှင်သခင်ဖြစ်ပြီး ထိုလူ၏ ကျင့်ကြံခြင်းနယ်ပယ်သည် သူမ၏ ဖခင်နှင့် နယ်ပယ်တစ်ခုတည်းတွင် ရှိနေသည်ကို သူမ သိရှိထားသည်။

အင်အားကြီးမာသော်လည်း သူမ၏ ဆရာနှင့်ယှဉ်လျှင် ပြိုင်ဘက်ဖြစ်နိုင်မည် မဟုတ်ပေ။

“အင်္ကျီဝတ်ပြီးပြီလား ဆရာ။ ဒီမှာ နတ်ဆိုးနဂါးလိုဏ်ဂူကလူတွေ လက်စားချေဖို့ ရောက်နေပြီလို့!”

လင်းပေါင်အာမှ ဘုရားကျောင်းဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။

လီပါ့ထန်သည် မျက်မှောင်ကြုတ်နေခဲ့သည်။

လင်းပေါင်အာ၏ စကားအရ ဘုရားကျောင်းအတွင်းတွင်ရှိနေသော လူသည် လီရှောင်ဟုတ်မည့်ပုံ မပေါ်ပေ။

တစ်ချိန်တည်းမှာပင်၊ ချိုးချမ့်ထူသည်လည်း တစ္ဆေအရိုးစုဂိုဏ်းမှ လူများကိုခေါ်ဆောင်ကာ ဤနေရာသို့ ရောက်လာခဲ့သည်။

လင်းပေါင်အာ၏ အမူအရာသည် အနည်းငယ်မျှ တွန့်ဆုတ်ဆုတ်ဖြစ်လာခဲ့သည်။

“ ဆရာရော မြန်မြန်ထွက်လာပါတော့။ နတ်ဆိုးနဂါးလိုဏ်ဂူက စစ်တပ်တွေပါ ခေါ်ပြီးရောက်လာတာ။”

ဤသို့မြင်ကွင်းမျိုးသည် လင်းပေါင်အာမှ ကိုင်တွယ်နိုင်သော အခြေအနေမဟုတ်ပေ။

လင်ပေါင်အားသည် စိုးရိမ်တကြီး ကြောက်လန့်နေတော့သည်။

“လာပါပြီ...။”

ချိုးချမ့်ထူနှင့် သူ၏လူများရောက်လာသောအခါ ချိုးချမ့်ထူသည် အင်မော်တယ်ဘုရားကျောင်အတွင်းမှ ပြောင်းလဲမှုအား ချက်ချင်း ခံစားမိ၍ သူ၏ သူငယ်အိမ်ပြူးကျယ်သွားခဲ့သည်။

အင်မော်တယ်ဘုရားကျောင်း၏ အပြင်ဘက်တွင် စိတ်ဝိညာဉ်မြက်ပြင်များ ပေါက်ရောက်နေ၍ အထူးသဖြင့် စိတ်ဝိညာဉ်ညှို့ဓာတ်များနှင့်ပြည့်နေသော သစ်ပွပင်သည် ကြီးကျယ်ခမ်းနားစွာ တတ်ကြွနေခဲ့သည်။

ဖေးရှန့်တောင်တွင် ဤသို့သော ရတနာတစ်ခုရှိနေခဲ့မည်ဟု မထင်မှတ်ထားသော ချိုးချမ့်ထူသည် အံ့ဩမှင်သက်သွားခဲ့သည်။

“အဲ့ဒါ အနှစ်သာရရှိတဲ့ စိတ်ဝိညာဉ်မြက်ပင်ပဲ။”

ရုတ်တရက်ဆိုသလိုပင် ချိုးချမ့်ထူမှ ခွေးအမြီးမြက်ပင်အား တွေ့လိုက်သောအခါ ပင့်သက်ရှိုက်မိသွားသည်။

ခွေးအမြီးမြက်ပင်သည် ကြောက်ရွံ့နေခဲ့သည်။ ကျင့်ကြံသူများ၏ အရောင်အဝါကို ရင်ဆိုင်မိသော ခွေးအမြီးမြက်ပင်သည် လင်းပေါင်အာ၏ အနောက်သို့ ကြောက်လန့်တကြားထွက်ပြေး၍ ပုန်းရှောင်သွားတော့သည်။

ချိုးချမ့်ထူသည် လောင်မြိုက်နေသော မျက်လုံးများဖြင့် စိတ်ပိုင်းဖြတ်လိုက်တော့သည်။

“စိတ်ဝိညာဉ်မြက်ပင်တောင် မွန်းစတားအဖြစ်ပြောင်းလဲသွားတယ်ဆိုတော့ ဒီမြေက အဆင့်၅ ထပ်ပိုပြီးမြင့်နိုင်တဲ့ ရတနာကုန်းမြေပဲ ဒီဖေးရှန့်တောင်တစ်ခုလုံးကို တစ္ဆေအရိုးစုဂိုဏ်းကို ရွှေ့ကိုရွှေ့ရမယ်။”

တစ်ဖက်တွင်ရှိနေသော လီပါ့ထန်၏ မှော်စွမ်းအင်သည် သတ်ဖြတ်ချင်စိတ်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။

“ဂိုဏ်းချုပ်ချိုး၊ ဒီရတနာကုန်းမြေကို ကျုပ်ကအရင်တွေ့တာပါ။ အဲ့ဒီတော့ ဒီကုန်းမြေက ကျုပ်အပိုင်ပဲ။ အခုထွက်သွား!”

ချိုးချမ့်ထူသည်လည်း အထင်သေး၍ မရနိုင်ပေ။ သူသည် ပင်လယ်လှိုင်းများကဲ့သို့ ပြင်းထန်သော မှော်စွမ်းအင်များအား ကောင်းကင်နှင့် မြေပြင်တွင်ပြည့်နှက်စေခဲ့ပြီးနောက် အေးစက်စွာ အော်ပြောလိုက်၏။

“ လီပါ့ထန်၊ ဒီရတနာကို ဘယ်သူ့အပိုင်ဆိုတာဆုံးဖြတ်ဖို့က မင်းကိစ္စမဟုတ်ဘူး။”

နတ်ဆိုးနဂါးလိုဏ်ဂူနှင့် တစ္ဆေအရိုးစုဂိုဏ်းမှ သဟဇာတမဖြစ်သော ရေနှင့်မီးသကဲ့သို့ ထိပ်တိုက်ရင်ဆိုင်၍ အားပြိုင်နေချိန်တွင်၊ ဘုရားကျောင်းအတွင်းမှ ပျင်းရိရိအသံတစ်ခု ထွက်လာခဲ့သည်။

“ ဒီရတနာကုန်းမြေကို ဘယ်သူပိုင်သင့်တယ်ဆိုတာ ရတနာကုန်းမြေ၏ ပိုင်ရှင်ကိုမမေးတော့ဘူးလား။”

အင်းအားစုနှစ်စုသည် အင်မော်တယ်ဘုရာကျောင်းဘက်သို့ တစ်ပြိုင်တည်းလှည့်ကြည့်လိုက်သည်။

ဤရတနာကုန်းမြေအား ပိုင်ဆိုင်ချင်သော ၎င်းတို့သည် မည်မျှ အထွတ်အမြတ်ထားအပ်သည်ကို ကြည့်ရှုချင်သေးသည်။

လင်းပေါင်အာသည် စိတ်သက်သာရာရ၍ သက်ပြင်းချလိုက်သည်။ ဆရာက နောက်ဆုံးတော့ အပြင်ကိုထွက်လာခဲ့ပြီ။

ချမ်ချန်ကန်းသည် လျော့ရိလျော့ရဲ တာအိုဝတ်စုံအားဝတ်ဆင်ကာ ဘုရားကျောင်းအတွင်းမှ ထွက်လာခဲ့သည်။

ဤဝတ်ရုံသည် ထာဝရသက်ရှည်ဂိုဏ်း၏ မျိုးဆက်များအတွက် ထူးခြားသောဝတ်စုံဖြစ်၍ ချမ်ချန်ကန်းမှ သာမန်အချိန်တွင် ဝတ်ဆင်ရဲခြင်းမရှိပေ။

သို့သော် ယခုမည်ကား သူသည် ယခင်ကနှင့်မတူတော့ပေ။ ပြိုင်ဘက်ကင်းနယ်မြေစနစ်အား ပိုင်ဆိုင်ခဲ့သော ချမ်ချန်ကန်းသည် တခြားအရာများအား စိုးရိမ်စရာမရှိတော့ပေ။

“ ရောက်လာပြီလား။ ဆရာ။”

လင်းပေါင်အာသည် အမြီးလေးကိုခေါ်ကာ ချမ်ချန်ကန်းအနောက်သို့ ပြေးဝင်၍ ပုန်းနေလိုက်သည်။

ချမ်ချန်ကန်းသည် သူ၏ညာဘက်လက်ဖြင့် လင်းပေါင်အာ၏ ခေါင်းကိုဖိချလိုက်သည်။

“အပြင်မှာပဲ စောင့်နေလို့ပြောထားတာလေ။ အထဲကိုဝင်လာခိုင်းလို့လား။”

လင်းပေါင်အာမှ ရှက်သွေးဖြာ၍ တိုးတိုးလေးပြန်ပြောလိုက်၏။

“ သမီး...သမီး မေ့သွားလို့ပါ ဆရာ။”

သူ၏ လက်ညိုးဖြင့် လင်းပေါင်အာ၏ နဖူးအား တောက်ချလိုက်သည်။

“နောက်တစ်ခါ မလိမ္မာရင် တပည့်အဖြစ် မသတ်မှတ်တော့ဘူး။ ကြားလား။”

“ ဟုတ်။ ဟုတ်။”

လင်းပေါင်အာမှ ကြက်ကလေးအစာကောက်နေသကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

All Chapters