← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃: ကလဲ့စား၊ အလွန်မြင့်မြတ်သောနတ်ဓါး

ချိုးချမ့်ထူမှ ကျောချမ်း၍ ခိုက်ခိုက်တုန်သွားခဲ့သည်။

သူသည် လီပါ့ထန်မှ မည်မျှအင်အားကြီးသည်ကို သိထားသည်။

သူသည် တစ္ဆေတိုင်းပြည်တွင် ကျင်းတန် ကျို့ကျုံးထျန်းအဆင့်ရှိသော ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

အခြေတည်စိတ်ဝိညာဉ် နယ်ပယ်ကဲ့သို့သော အင်အားပုဂ္ဂိုလ်သာ ဖွားမြင်လာခြင်းမရှိလျှင် လီပါ့ထန်သည် တစ္ဆေတိုင်းပြည်တွင် ဘေးချင်းယှဉ်လျှောက်နိုင်သည့် အရည်အချင်းရှိသူဖြစ်သည်။

သို့သော်လည်း ယခုမည်ကား လီပါ့ထန်၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်းနယ်ပယ်လို့ ဖိနှိပ်ခြင်းခံလိုက်ရသည်။

ချိုးချမ့်ထူသည် ပြုံးနေသောချမ်ချန်ကန်းအား ကြောက်လန့်တကြား ကြည့်နေခဲ့သည်။

ထိုလူသည် မည်သို့ကြည့်နေပါစေ၊ ကျင့်ကြံခြင်းမရှိသော သာမန်လူသားတစ်ယောက်သာဖြစ်သည်။

မဟုတ်မှလွဲရော...

ချိုးချမ့်ထူးသည် တစ်ခုခုအား စဉ်းစားမိသည့်ဟန်ဖြင့် သူ၏မျက်နှာအမူအရာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်သွားခဲ့၍ ပင့်သက်ရှိုက်မိသွားသည်။

“ ဘာဖြစ်လို့လဲ။ ဂိုဏ်းချုပ် “

သူ၏ အနောက်တွင်ရှိသော တစ္ဆေဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် သူအား အမှီသဟဲပြုပေးခဲ့ရာ၊ ချိုးချမ့်ထူမှ ကတုန်ကယင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...”

ချိုးချမ့်ထူသည် သူ၏နဖူးမှ ချွေးစေးများထွက်လာကာ တီးတိုးရေရွတ်နေခဲ့သည်။

သူ၏အရှေ့တွင်ရှိနေသော လူငယ်လေးသည် လီပါ့ထန်၏ ကျင့်ကြံခြင်းအဆင့်များကို ဖိနှိပ်နိုင်၍ သာမန်လူတစ်ယောက်မဟုတ်ခဲ့လျှင် အမှန်တရားတစ်ခုသာရှိတော့သည်။

ချမ်ချန်ကန်း၏ ကျင့်ကြံခြင်းအဆင့်သည် သူနှင့် လီပါ့ထန်၏ ကျင့်ကြံခြင်းအဆင့်ထပ် သာလွန်နေသောကြောင့် သူတို့ဘက်မှ ချမ်ချန်ကန်း၏ကျင့်ကြံခြင်းအား မြင်နိုင်ခဲ့ခြင်းမရှိပေ။

ထိုသို့ဆိုလျှင် သူသည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့် ဖြစ်ပေလိမ့်မည်။

အိုးမိုင်ဂေါ့!

သေးငယ်သော ဖေးရှန့်တောင်တွင် ဤသို့ အင်အားကြီးမားသော အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိနေခဲ့သည်။

သူသည် ထိုပုဂ္ဂိုလ်ဆီမှ နတ်ရတနာအား လုယူရန် ကြိုးစားခဲ့သည်။

ထိုလုပ်ရပ်သည် သေကြောင်းကြံနေခြင်းသာ မဟုတ်လော့။

လီပါ့ထန်သည် ဤနေရာတွင် အဆုံးသတ်တော့မည်ကို ချိုးချမ့်ထူသိနေသည်။

ထိုအချိန်တွင် သူနှင့်ဆန့်ကျင်ဘက်ဖြစ်သော လီပါ့ထန်၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်၍ အကျည်းတန်လျှက်ရှိပြီး ဒေါသစိတ်ဖြင့် အသိစိတ် လုံးလုံးလျားလျားလွတ်သွားခဲ့သည်။

“မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ။”

“မင်းက ဘယ်လိုထင်လို့လဲ။”

ချမ်ချန်ကန်းသည် လင်းပေါင်အာကို ပြုံးပြလိုက်သည်။

“ပေါင်အာ၊ အခုသူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းနယ်ပယ်အထိ ဖိနှိပ်ခံထားရပြီ။ ဒီလောက်ဆိုရင် ငါ့တပည့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဆိုရင် လက်စားချေဖို့လုံလောက်ပြီ မဟုတ်လား။”

“ ဟီးဟီးဟီး၊ ဆရာက တကယ့်ကို အံ့မခန်းပဲ။ အခုသူတို့ ကျင့်ကြံခြင်းနယ်ပယ်က သမီးထပ်နိမ့်သွားဆိုတော့။ အခုအချိန်မှ လက်စားမချေနိုင်ရင် တိုဟူးရှာပြီးပဲ ကိုယ့်ကိုယ်ကို ထုသတ်ပစ်မယ်။”

ထိုစကားသံ၏အနောက်တွင် အေးစက်သော အလင်းရောင်တစ်ခု လိုက်ပါလာခဲ့သည်။

လင်းပေါင်အာ၏ လက်ထဲတွင် မြင့်မြတ်သောအင်မော်တယ်နတ်ဓါး ပေါ်ထွက်လာခဲ့သည်။

လင်းပေါင်အာသည် လီပါ့ထန်အား ဓါးဖြင့် ချိန်ရွယ်လိုက်သည်။

“လီပါ့ထန် ရှင့်ရဲ့ နတ်ဆိုးနဂါးလိုဏ်ဂူကလူတွေက ဓါးကိုးစင်းဂိုဏ်းကလူတွေအများကြီးကို သတ်ဖြတ်ခဲ့တာ။ ဒီနေ့ ဓါးကိုးစင်းဂိုဏ်းက ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေအတွက် လက်စားစားချေပြမယ်။”

လီပါ့ထန်မှ သရော်ဟန်ဖြင့် မထီမဲ့မြင်ပြုကာ ပြောခဲ့သည်။

“မင်းအဖေတောင် ငါ့ကိုမသတ်နိုင်တာ။ မင်းက ငါ့ကိုသတ်နိုင်မယ် ထင်နေလား။”

နတ်ဆိုးနဂါးလိုဏ်ဂူ၏ အရှင်သခင်ဖြစ်သော လီပါ့ထန်တွင် ခုခံရန် မှော်လက်နက်ပေါင်းများစွာရှိနေသေးသည်ဆိုတာကို သိထားရမည်။ သူ၏ ကျင့်ကြံခြင်းအဆင့်များ ဖိနှိပ်ခံနေရသော်လည်း သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် ရှိနေသော လင်းပေါင်အာမှ ကိုင်တွယ်ဖြေရှင်းနိုင်မည့် အခြေအနေမျိုးမဟုတ်ပေ။

လင်းပေါင်အာမှ ပြန်လည်ပြောဆိုခဲ့ခြင်းမရှိဘဲ အေးစက်စွာ ငေါ့လိုက်သည်။

သူမသည် မပြင်းထန်လှသော အသံဖြင့် ဓါးကိုယူ၍ ဝှေ့ယမ်းလိုက်သည်။

“ငါဒီမှာပဲ ရပ်နေပြီး မင်းကို သတ်ခွင့်ပေးလိုက်မယ်။ ဒါမှ မင်းနဲ့ငါ့ရဲ့ကျင့်ကြံမှုကြားမှာ ကွာခြားမှုဘယ်လောက်ရှိလဲ သိရအောင်။”

လီပါ့ထန်သည် ယုံကြည့်မှုအပြည့်ဖြင့်ရပ်နေလျှက် သူ၏ စိတ်ထဲတွင်တစ်ခုခုအား ရွေ့လျားခဲ့သည်။

ရွှေရောင်အလင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ လွှမ်းခြုံသွားကာ ရွှေရောင်အကြေးခွံဝတ်ရုံတစ်ခု ပေါ်ထွက်လာတော့သည်။

ဤအရာသည် ရွှေဗဟိုချက်နယ်ပယ် အထွတ်အထိပ်အဆင့်၏ အင်အားအပြည့်ဖြင့် ထိုးနှက်ချက်အား ခုခံနိုင်သော အဆင့်လေး အကာအကွယ်မှော်လက်နက်ဖြစ်သည်။

ဤရွှေကြေးခွံများ၏ ဖြစ်တည်မှုဖြင့် လင်းပေါင်အာမှ အားကုန်သုံး၍ ကြိုးစားလျှင်ပင် သူ၏ ဆံခြည်မျှင်တစ်မျှင်အား နာကျင်အောင် ပြုလုပ်နိုင်မည်ဟု မထင်ပေ။

သို့သော်လည်း လင်းပေါင်အာမှ သူအား မြင့်မြတ်သောနတ်ဓါးဖြင့် ဝှေ့ယမ်းခဲ့သောအခါ၊ မြင့်မြတ်သောနတ်ဓါး၏ စွမ်းအင်များသည် အမျက်ထွက်နေသောမြစ်မှ လှိုင်းလုံးကြီးများပြင်းထန်လာသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။

ရွှေကြေးခွံရတနာဝတ်ရုံဟုခေါ်သော ထို အဆင့်လေး အကာအကွယ် မှော်လက်နက် သည် ခုခံနိုင်စွမ်းမရှိစွာ အလျင်အမြန်ဖျက်ဆီးခြင်းခံလိုက်ရသည်။

လီပါ့ထန်၏ မျက်နှာသည် လွန်စွာပြောင်းလဲသွားတော့သည်။

“ငါ့ရဲ့ ရွှေကြေးခွံတွေ...”

မပြီးဆုံးသေးပါ။

ထို့နောက်သူ၏ ခန္ဓာကိုယ်သည် မြင့်မြတ်သော နတ်ဓါး၏ ပိုင်းဖြတ်ခြင်းအား ခံလိုက်ရသည်။

ခန္ဓာကိုယ်မှ ထွက်လာသော သွေးများသည် နတ်ဆိုးနဂါးလိုဏ်ဂူမှ အကြီးအကဲနှစ်ဦးအား လွင့်စဉ်စွန်းပေသွားခဲ့ပြီးနောက် ထိုနှစ်ဦးသည်လည်း အလွန်အကျွံ တုန်လုပ်သွားတော့သည်။ သူတို့သည် ပါးစပ်သာဖွင့်ဟလာနိုင်ပြီး မည်သည်ကိုမှ ပြန်ပြောနိုင်ခဲ့ခြင်းမရှိတော့ပေ။

ချိုးချမ့်ထူသည်လည်း လင်းပေါင်အာမှ ဓါးတစ်ချက်ဖြင့် လီပါ့ထန်အား ခုတ်ပိုင်းနိုင်ခဲ့မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ၏မျက်လုံးများ ပြူးကျယ်လာကာ လင်းပေါင်အာ၏ လက်ထဲတွင်ရှိနေသော ဓါးကိုကြည့်နေခဲ့သည်။

သူသည် မြင့်မြတ်သောအင်မော်တယ်ဓါးမှ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအင်များထုတ်လွှင့်နေခြင်းအား ခံစားမိသည်။

ထိုဓါးသည် သာမန်ဓါးသာဖြစ်ခဲ့လျှင် လီပါ့ထန်ဝတ်ထားသော အဆင့်လေး အကာအကွယ်မှော်လက်နက်အား ဖျက်ဆီးနိုင်မည်မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ လီပါ့ထန်သည် သူ၏ကျင့်ကြံခြင်းအဆင့်များသည် ဖိနှိပ်ခံခဲ့ရသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် မှော်လက်နက်နှင့် နှိုင်းယှဉ်နိုင်သေးသည့်အထိ ပြောင်းလဲခြင်းမရှိခဲ့ပေ။

သို့သော်လည်း သူသည် ဓါးတစ်ချက်ဖြင့် ဖြတ်တောက်ခြင်းအား ခံခဲ့ရသည်။

ထိုသည်မှာ လင်းပေါင်အာ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် လုပ်နိုင်မည့် လုပ်ရပ်မဟုတ်ပေ။

သူမ၏ လက်ထဲတွင်ရှိနေသော ဓါးကြောင့်သာ ဖြစ်နိုင်မည်။

၎င်းတို့အပူတပြင်းရှာနေခဲ့သော အင်မော်တယ်ရတနာသည် လင်းပေါင်အာ၏လက်ထဲသို့ ရောက်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။

သေစမ်း!

ပို၍ဆိုးရွားသည်မှာ သူသည် ထိုဓါးအား လင်းပေါင်အာ၏ လက်ထဲယူ လုယူချင်စိတ်ရှိနေသေးသည်။

နားလည်ရန်ခက်ခဲနက်နဲသော ချမ်ချန်ကန်းမှ သူမ၏ ဘေးတွင်ရှိနေခြင်းကြောင့်သာ ချိုးချမ့်ထူမှ သူ၏အတွေးများကို ထိန်းထားနိုင်ခြင်းဖြစ်သည်။

လီပါ့ထန်သည် သူ၏ခွန်အားထပ် ပို၍သန်မာမည်ဟု သိရှိထားရမည်ဖြစ်ပြီး၊ လီပါ့ထန်လျှင်ပင် ဓါးတစ်ချက်ဖြင့် သုတ်သင်ခံလိုက်ရသည်။

ယခုအချိန်တွင် ချိုးချမ့်ထူမှ နတ်ရတနာအား ပိုင်ဆိုင်ရန်ကြိုးစားခဲ့လျှင် ၎င်းသည်လည်း လီပါ့ထန်ကဲ့သို့ နိဂုံးချုပ်ရလိမ့်မည်။

လင်းပေါင်အာသည် လီပါ့ထန်အား ဓါးတစ်ချက်တည်းဖြင့် ကွပ်မျက်ပြီးနောက် သူမမှ လွန်စွာအံ့ဩသွားပုံပေါ်သည်။

သူမသည် လီပါ့ထန်အား သတ်၍ လက်စားချေချင်ခဲ့သော်လည်း သူမတွင် ယုံကြည်မှုမရှိခဲ့ပေ။

သို့သော် သူမသည် လီပါ့ထန်အား မထင်မှတ်ထားစွာ သတ်နိုင်ခဲ့သည်။

ထို့နောက် လင်းပေါင်အာသည် နတ်ဆိုးနဂါးလိုဏ်ဂူမှ အကြီးအကဲနှစ်ဦးအား စူးရှတောက်ပနေသော သူမ၏ မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးသည် ရွှေဗဟိုချက်နယ်ပယ်အဆင့်များဖြစ်ကြသော်လည်း၊ ယခုမည်ကား ချီသန့်စင်ခြင်းနယ်ပယ်သို့ ဖိနှိပ်ထားခြင်းခံရသည်။

လီပါ့ထန်လျှင် သူမ၏ဓါးတစ်ချက်ဖြင့် သေနိုင်လျှင် ထိုအကြီးအကဲနှစ်ဦးကိုလည်း မသတ်နိုင်စရာအကြောင်းမရှိပေ။

လင်းပေါင်အာ၏ စူးရှသောအကြည့်နှင့် ရင်ဆိုင်ရသော ထိုအကြီးအကဲနှစ်ဦးသည် မျက်နှာများဖြူဖျော့လာကာ ကတုန်ကယင်နှင့် လျင်မြန်စွာ ထွက်ပြေးတော့သည်။

“မပြေးနဲ့။”

လင်းပေါင်အာသည် ဓါးဖြင့် ဝှေ့ယမ်းလိုက်သည်။ မကြာမီတွင် အော်ဟစ်သံနှစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုရွှေဗဟိုချက်နယ်ပယ် အကြီးအကဲနှစ်ဦးသည် မြင့်မြတ်သောအင်မော်တယ်နတ်ဓါး၏ အောက်တွင် အလောင်းကောင်နှစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

All Chapters