← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄: ထွက်ပြေးလွတ်မြောက်၊ ချမ်ချန်ကန်း၏ ရည်ရွယ်ချက်။

“စနစ်မှ သတိပေးချက် : ပိုင်ရှင်၏ တပည့်၊ ပေါင်လင်းအာသည် ရွှေဗဟိုချက်နယ်ပယ်အဆင့် ကျင့်ကြံသူ ၃ဦးအား သုတ်သင်ခဲ့သောကြောင့် ပိုင်နက်တန်ဖိုး ၁၅၀၀ အားရရှိပါမည်။”

ချမ်ချန်ကန်းသည် အတွေးတစ်ချက်ဖြင့် အမှတ် ၁၅၀၀ အားအသုံးပြုကာ သူ၏ ပြိုင်ဘက်ကင်းပိုင်နက်အား ၁၅မီတာအထိ ချဲ့ထွင်ခဲ့သည်။

“ဆရာ၊ တစ္ဆေအရိုးစုဂိုဏ်းကလူတွေကို ဘယ်လိုလုပ်သင့်လဲ ဟင်။”

လင်းပေါင်အာ၏ အသံသည် ချမ်ချန်ကန်း၏ နားထဲသို့ ဝင်လာခဲ့သည်။

လင်းပေါင်အာသည် လီပါ့ထန်တို့ ရွှေဗဟိုချက်နယ်ပယ်အဆင့် ၃ဦးအား ချေမှုန်းခဲ့သည်။ သူမသည် လက်စားချေမှုအထမြောက်ခဲ့သည်ဟု ယူဆနိုင်သောကြောင့် လွန်စွာရွှင်မြူးနေသည်။

အထူးသဖြင့် အရေးပါသော ရွှေဗဟိုချက်နယ်ပယ်အဆင့် ကျင့်ကြံသူ ၃ဦးအား သုတ်သင်နိုင်ခဲ့ခြင်းသည် သူမအား ပို၍ပင် စိတ်လှုပ်ရှားစေ၍၊ သူမ၏ လှပသောမျက်နှာလေးသည်လည်း သွေးရောင်ဖြန်းနေတော့သည်။

ဆရာ၏ကျေးဇူးကြောင့်သာ မဟုတ်ခဲ့လျှင် သူမသည် လက်စားချေရန် ဖြစ်နိုင်မည်မဟုတ်ပေ။

သူမသည် ဆရာ့အား ကောင်းမွန်စွာပြုစုစောင့်ရှောက်၍၊ အရသာရှိသောအစားအစာများ နေ့စဉ် ချက်ပြုတ်ပေးသွားမည်ဟု လင်းပေါင်အာမှ စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်လိုက်သည်။

ချမ်ချန်ကန်း၏ လက်ထဲတွင် ယခင်ညက သေဆုံးခဲ့သော လီရှောင်နှင့် ပေါင်းလိုက်မည်ဆိုလျှင် နတ်ဆိုးနဂါးလိုဏ်ဂူတွင် အရေးပါသော ရွှေဗဟိုချက်နယ်ပယ်အဆင့် ၄ဦး ကျဆုံးခဲ့ပြီဖြစ်ရာ၊ ထိုသည်မှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခုဟု ဆိုနိုင်မည်။

ဤသို့သော သတင်းသာ ပျံ့နှံ့စေခဲ့လျှင် နတ်ဆိုးနဂါးလိုဏ်ဂူသည် ရက်အနည်းငယ်အတွင်းတွင် အခြားအင်အားစုများ၏ ဖျက်ဆီးမှုအားခံရလိမ့်မည်။

ထို့နောက် လင်းပေါင်အာ၏ စကားအား ချိုးချမ့်ထူနှင့် အခြားလူများမှကြားလိုက်၍၊ သူတို့၏မျက်နှာများ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင် ချမ်ချန်ကန်းမှ သူတို့ဘက်သို့ လှည့်ကြည့်ခဲ့သည်။

သူတို့၏ စိတ်ဝိညာဉ်များ တုန်လှုပ်နေသကဲ့သို့ ခန္ဓာကိုယ်များလည်း တုန်ရီနေကြသည်။

အခြေတည် စိတ်ဝိညာဉ်နယ်ပယ်သည် ရွှေဗဟိုချက်နယ်ပယ်အဆင့်အား အတွေးတစ်ခုဖြင့် ဖိနှိပ်နိုင်မည်။

ထိုအချိန်တွင် သူတို့၏ အသက်သည် ချမ်ချန်ကန်း၏ လက်ထဲတွင်ရှိနေသည်ဟု ဆိုနိုင်သည်။

ချိုးချမ့်ထူသည် အကြောက်လန့်တကြားဖြစ်နေသကဲ့သို့ နောင်တလည်းရနေမိသည်။

ဖေးရှန့်တောင်တွင် ဤသို့သောအင်အားကြီးသောပုဂ္ဂိုလ်ရှိနေမည်ကို သိခဲ့လျှင် သူသည် အသက်ခံရမည်ဆိုလျှင်ပင် အင်မော်တယ်ရတနာအား ရှာဖွေရန် တောင်ပေါ်သို့လာခဲ့မည်မဟုတ်ပေ။

“အကြီးအကဲကို မြန်မြန်ဒူးထောက်ပြီး အပြစ်ဝန်ခံကြစမ်း။”

ချိုးချမ့်ထူမှ ကြောက်လန့်နေသော်လည်း သူသည် လျင်မြန်စွာတုံ့ပြန်ခဲ့သည်။ သူ၏ ဂိုဏ်းမှအကြီးအကဲများကို ချမ်ချန်ကန်း၏ အရှေ့တွင် ကြိမ်းမောင်း၍ ‘ဖောင်း’ ဟူသောအသံဖြင့် ဒူးထောက်ချခဲ့သည်။

“ကျွန်တော်တို့မှာ မျက်လုံးပါပေမဲ့ ထိုက်တောင်

ကိုမမြင်မိခဲ့လို့ပါ။ အကြီးအကဲ ရှင်းလင်းထားတဲ့နေရာကို လာရောက်နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။”

တစ္ဆေအရိုးစုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး မြင့်မားသော ရာထူးဂုဏ်ရှိသော ချူးချမ့်ထူသည် ယခု ချမ်ချန်ကန်း၏ အရှေ့တွင် အကြောက်လန့်တကြား ဒူးထောက်နေခဲ့သည်။

ထိုမြင်ကွင်းကိုသာ အပြင်လူများမှ မြင်ခဲ့လျှင် မည်သို့ အုတ်အော်သောင်းတင်း အဖြစ်အပျက်မျိုးဖြစ်မည်ဆိုသည်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။

သို့သော် ချမ်ချန်ကန်းသည် ရှင်းလင်းစွာသိနေသည်။

အခြေတည်စိတ်ဝိညာဉ်နယ်ပယ်သည် ကြောက်မက်ဖွယ်အင်အားရှိပြီး၊ စိတ်နေစိတ်ထား ပြောင်းလဲလွယ်သည်။

ဒူးထောက်၍ အမှားဝန်ခံလျှင် အသက်ရှင်ရန် အခွင့်အရေးရှိနိုင်သေးသည်။

ထွက်ပြေးခဲ့မည်ဆိုလျှင်၊

အခြေတည်စိတ်ဝိညာဉ်နယ်ပယ်၏ အရှေ့တွင် ထွက်ပြေးရန် ကြိုးစားခြင်းသည် အဓိပ္ပာယ်မရှိသောလုပ်ရပ်ဖြစ်သည်။

သူရဲဘော မကြောင်လွန်းဘူးလား။

တစ္ဆေအရိုးစုဂိုဏ်းသားများသည် အသက်ပင်ပြင်းပြင်းမရှူဝံ့ဘဲ ခေါင်းငုံ့လျှက် ဒူးထောက်၍ အပြစ်ဝန်ခံလိမ့်မည်ဟု ချမ်ချန်ကန်းမှ မထင်မှတ်ထားခဲ့ပေ။

အစတုန်းက ချမ်ချန်ကန်းသည် ပိုင်နက်တန်ဖိုးရရှိရန် ဤတစ္ဆေအရိုးစုဂိုဏ်းမှလူများအား ရှင်းလင်းသုတ်သင်ရန် ဆုံးဖြတ်ထားသည်။

သို့သော် ဤအချိန်၌ သူသည် တုံ့ဆိုင်းနေခဲ့သည်။

လင်းပေါင်အာမှ သူမ၏ လှပသောမျက်လုံးများအား မျက်တောင်ခတ်လိုက်သည်။

“ဆရာ၊ ဒီမြင့်မြတ်တဲ့ အင်မော်တယ်ဓါးက ညက ကမ္ဘာပေါ်ကိုကျလာတဲ့ အင်မော်တယ်ရတနာပဲဖြစ်ရမယ်။ ဒီကိစ္စကအရမ်း အရေးကြီးတော့ အပြင်လူတွေ သိသွားလို့မဖြစ်ဘူး။ အဲ့ဒါကြောင့် သူတို့ကို ရှင်းပစ်မှရမယ်။”

“ဘာပဲဖြစ်ဖြစ် တစ္ဆေအရိုးစုဂိုဏ်းကလူတွေက သာမန်လူတွေကို တစ္ဆေအဖြစ်ပြောင်းလဲပြီး ကျွန်ပြုနေကြတာ။ သူတို့က မကောင်းတာတွေလုပ်နေတဲ့ နတ်ဆိုးဂိုဏ်းသားတွေပဲဟာကို။”

လင်းပေါင်အာ၏ စကားအားကြားရသော ချိုးချမ့်ထူသည် သွေးအန်လုမတတ် ဒေါသထွက်နေခဲ့သည်။

“ လင်းပေါင်အာ မင်း ပေါက်ကရမပြောနဲ့။ ငါရဲ့ ရိုးသားပြီး ဖြောင့်မတ်တဲ့ တစ္ဆေအရိုးစုဂိုဏ်းက ဘယ်တုန်းက နတ်ဆိုးဂိုဏ်း ဖြစ်လာရတာလဲ။”

လင်းပေါင်အာမှ သရော်ဟန်ပြုလိုက်သည်။

“ဝိုး.. ရှင်က ကျွန်မဆရာကို လိမ်ရဲတယ်ပေါ့လေ။ ရှင်တို့တော့ သွားပြီ။”

ချိုးချမ်ထူ၏ မျက်နှာသည် ဖျော့တော့သွားပြီးနောက် သူသည် ငြင်းစရာစကားပင် ပျောက်ရှသွားတော့သည်။

လင်းပေါင်အာ၏ စကားသည် မှန်ကန်လှသည် ထိုအကြောင်းအရာများအားလုံးသည် ကွေ့ကျောက်တစ်ခုလုံးမှ သိကြပြီးဖြစ်သည်။

တစ္ဆေအရိုးစုဂိုဏ်းသည် လူသားများကိုသတ်၍ တစ္ဆေအဖြစ် စင်ကြယ်နေကြသော နတ်ဆိုးဂိုဏ်းဖြစ်သည့်အလျှောက် ဂိုဏ်းရှိတပည့်တိုင်း၏လက်တွင် သွေးများစွန်းပေထားကြသည်။

ချမ်ချန်ကန်း၏ ကျယ်ပြောသော သဘာဝလွန်စွမ်းအင်များဖြင့်ကြည့်လျှင် သူသည် သေချာပေါက် မြင်တွေ့နိုင်မည်။

ချမ်ချန်ကန်းအား လှည့်စားခြင်း၏ ရလဒ်သည် သေခြင်းတရားသာဖြစ်မည်။

ချိုးချမ့်ထူမှ အလွန်အမင်းစိုးရိမ်လာခဲ့သည်။

ချိုးချမ့်ထူနှင့် အခြားလူများ၏အမူအရာ ပြောင်းလဲမှုအား မြင်တွေ့ခဲ့ရသော ချမ်းချန်ကန်းသည် လင်းပေါင်အာ၏ စကားမှန်ကန်သည်ကို သိလိုက်ရသည်။

သူသည် အေးစက်စွာ ပြောလိုက်သည်။

“ ပေါင်အာ ပြောတာမှန်တယ်။ နတ်ဆိုးဂိုဏ်းကလူတွေကို သတ်ပစ်သင့်တယ်။”

ထိုသို့ ပြောပြီးသည်နှင် တစ်ပြိုင်နက် သတ်ဖြတ်လို့သည့် ရည်ရွယ်ချက်များသည် ကမ္ဘာကြီးအား ဖုံးလွှမ်းတော့မည့်ဟန်ဖြင့် လှိမ့်ဝင်လာတော့သည်။

ထိုသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်သည် တစ္ဆေအရိုးစုဂိုဏ်းမှ လူများအား အလွန်အမင်း ကြောက်လန့်၍ အေးစက်သွားစေသည်။

ဒူးထောက်၍ သနားညှာတာရန် တောင်းဆိုနေသော ချိုးချမ့်ထူမှ အံကြိတ်လိုက်သည်။

ချမ်ချန်ကန်းမှ သတ်ဖြတ်ရန် ရည်ရွယ်ချက်များရှိနေသည်ကို သူသိသည်။

သူမည်မျှ တောင်းပန်ပါစေ ချမ်ချန်ကန်းမှ သူအား လုံးဝလွှတ်ပေးမည်မဟုတ်ပေ။

ဒီ သောက်ကျိုးနည်း လင်းပေါင်အာ!

“ ဘယ်လိုပဲဖြစ်ဖြစ် သေမယ့်အတူတူ ငါသေသွားရင်တောင် မင်းတို့လည်း ဒုက္ခတွေ့စေရမယ်။”

ချိုးချမ့်ထူမှ ဒေါသတကြီး အော်ငေါက်၍၊ သူ၏ ဘေးတွင်ရှိသော အကြီးအကဲများအား အမိန့်ပေးလိုက်သည်။

“ဒီလူက အင်အားကြီးတဲ့ အခြေတည် စိတ်ဝိညာဉ်နယ်ပယ်အဆင့်ဆိုတာကို ကျုပ်တော့မယုံဘူး။ သူ့ကို အဖွဲ့လိုက်ပေါင်းပြီး ရှင်းပစ်ရအောင်။”

ချိုးချမ့်ထူ၏ မှော်စွမ်းအင်များသည် ပေါက်ကွဲထွက်တော့မည့် အရှိန်အဟုန်များဖြင့် အလွန်ကြီးမားလာကာ သူ၏ ဂိုဏ်းမှအကြီးအကဲများဖြင့် ချမ်ချန်ကန်းအား သတ်ရန်ကြိုးစားခဲ့သည်။

ချိုးချမ့်ထူမှ ချမ်ချန်ကန်းဆီသို့ တစ်ဟုန်ထိုးပြေးလာချိန်တွင် သူ၏ ပါးစပ်မှ အနက်ရောင် မြူခိုးများ ပေါ်ထွက်လာ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။

ချမ်ချန်ကန်းမှ သူ၏ လက်အားဝှေ့ယမ်းလိုက်ချိန်တွင် ထိုနက်ရောင် မြူခိုးများသည်လွင့်စဉ်သွား၍ ချိုးချမ့်ထူသည်လည်း ပျောက်ခြင်းမလှ ပျောက်သွားတော့သည်။

သို့သော်လည်း ချိုးချမ့်ထူ၏ အစအနမရှိ ပျောက်ကွယ်သွားမှုသည် တစ္ဆေအရိုးစုဂိုဏ်းမှ အကြီးအကဲများကို မိန်းမောတွေဝေစေခဲ့သည်။

သူတို့၏ ဂိုဏ်းချုပ်က ဘယ်ရောက်သွားတာလဲ။

ချမ်ချန်ကန်းမှ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

“ကြည့်ရတာ မင်းတို့ဂိုဏ်းချုပ် မင်းတို့ကို ထားပြီး ထွက်ပြေးသွားတဲ့ပုံပဲ။”

ထို့နောက် တစ္ဆေအရိုးစုဂိုဏ်းမှတပည့်များသည် ကြံရာမရဖြစ်လာခဲ့ကြသည်။

သူတို့သည် ချမ်ချန်ကန်းနှင့် မည်သို့မျှ ရင်မဆိုင်ရဲကြပေ။

သူတို့သည် ဖရိုဖရဲဖြစ်ကုန်ကြကာ အသက်လု၍ ထွက်ပြေးကုန်ကြသည်။

သို့သော်လည်း ချမ်ချန်ကန်းသည် ဤတစ္ဆေအရိုးစုဂိုဏ်းမှ တပည့်များအား လွှတ်ပေးမည်မဟုတ်ပေ။

သူ၏ စိတ်ထဲတွင် ရွေ့လျားမှုတစ်ခုပြုလုပ်ခဲ့သည်။

မြေပြင်ပေါ်တွင် ပေါက်ရောက်နေကြသော စိတ်ဝိညာဉ်မြက်ပင်များသည် စိတ်ဝိညာဉ်အလင်းရောင်ဖြင့် ပွင့်လန်းနေပြီး၊ ဘုရားကျောင်းတံခါးအဝရှိ သစ်ပွပင်သည်လည်း လက်နက်အဖြစ်သို့ ပြောင်းလဲတော့မည့်ဟန်ဖြင့် တုန်ခါနေသည်။

ဗောဓိပင်၏ အကိုင်းအခက်တို့သည် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများဖြင့် တစ္ဆေအရိုးစုဂိုဏ်း၏ တပည့်များအား မြူခိုးများဖြစ်သည်အထိ ဝှေ့ယမ်း တိုက်ခိုက်ကြသည်။

စိတ်ဝိညာဉ်မြက်ပင်များသည် ပြိုးပြိုးပြက်ပြက်ဖြစ်ကာ ဂျိုပါသောနဂါးကြီးနှင့် စပါးအုံးမြွေကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ထွက်ပြေးနေသော တစ္ဆေအရိုးစုဂိုဏ်းမှ တပည့်များအား ဝါးမျိုသွားသည်။

ဤပြိုင်ဘက်ကင်းနယ်ပယ်တွင် ချိုးချမ့်ထူမှ လွဲ၍ အခြားလူများ ထွက်ပြေးနိုင်မည် မဟုတ်ပေ။

မကြာမီတွင် တစ္ဆေအရိုးစုဂိုဏ်းမှ တပည့်လက်သားများ အားလုံး သုတ်သင်ခံလိုက်ရသည်။

မျှော်လင့်ထားသည့်အတိုင်း သူသည် ပိုင်နက်တန်ဖိုး ၄၅၀အား ရရှိခဲ့သည်။

ဘေးတွင် လင်းပေါင်အာသည် သူမ၏ အင်္ကျီအနားစအား ကိုင်လျက် စိုးရိမ်ပူပန်သောမျက်နှာဖြင့် မေးခဲ့သည်။

“ တစ္ဆေအရိုးစုဂိုဏ်းရဲ့ အကြီးအကဲ ထွက်ပြေးလွတ်မြောက်သွားတာကို ဘယ်လိုလုပ်ကြမလဲ။ ဆရာ။”

ချမ်ချန်ကန်းမှ ပြုံး၍ပြန်ဖြေခဲ့သည်။

“ပြေးချင်ရင် ပြေးပေါ့။ ဘာတတ်နိုင်မှာမို့လို့လဲ။”

လင်းပေါင်အာမှ သက်ပြင်းချ၍ သူမ၏ လက်ထဲမှ ဓါးအား စိုက်ကြည့်နေခဲ့သည်။

“သူထွက်ပြေးသွားတာက ဆရာ့အတွက် အသေးအဖွဲ့လေးဆိုပေမဲ့၊ နတ်ရတနာအကြောင်း သတင်းပေါက်ကြားသွားတာက ပြဿနာအကြီးအကျယ်ဖြစ်သွားနိုင်တယ်။”

“သူသာ လွတ်မြောက်သွားရင် အင်မော်တယ်ရတနာက တပည့်တို့လက်ထဲမှာ ရှိနေတယ်ဆိုတာကို တခြားလူတွေကို လျှောက်ပြောမှာပဲ။ အဲ့ဒီ့အချိန်ကြရင် လူဘယ်နှစ်ယောက်လောက်လာပြီး လုယူဖို့ လုပ်ကြမလဲဆိုတာ သိနိုင်မှာတောင်မဟုတ်ဘူး။ တပည့်က အဲ့ဒါကိုပဲ စိတ်ပူတာပါ။”

“ဟုတ်ပါ့ နတ်ရတနာကို လူဘယ်နှစ်ယောက်လောက်လာပြီး လုယူဖို့ကြိုးစားကြမလဲ မသိဘူး နော်။ ငါ့ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်တယ်။”

ချမ်ချန်ကန်း၏ စကားသည် အပူအပင်မရှိဘဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့်ပုံပေါ်သည်။

လင်းပေါင်အာ၏ လှပသောမျက်လုံးလေးများသည် တစ်ခုခုအား နားလည်သည့်ဟန်ဖြင့် ပြူးကျယ်သွားတော့သည်။ မဟုတ်မှလွဲရော ဆရာက ချိုးချမ့်ထူကို တမင် လွှတ်ပေးခဲ့တာများလား။

“ဆရာ၊ ဆရာက...”

ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ စကားအား ကြားဖြတ်ပြောဆို၍ သူမ၏ ခေါင်းလေးအား ပုတ်လိုက်သည်။

“ဘာတွေ စဉ်းစားနေတာလဲ။ ဆရာ ဗိုက်ဆာနေပြီ။ ဆရာ့အတွက် ကျားခြေထောက်စွပ်ပြုတ်တစ်ပန်းကန် သွားယူလာခဲ့ချေ “

All Chapters