အခန်း ၁၅
Vol. 2 Ch. 15
အခန်း ၁၅: တပည့် မသေချင်သေးဘူး။ ဆရာ။
ဖေးရှန့်တောင်၏အပြင်ဘက်တွင် လေနှင့်တူသော အနက်ရောင် မြူခိုးများသည် ချိုးချမ့်ထူ၏ ပုံသဏ္ဍာန်ကို ဖော်ပြလာခဲ့သည်။
သူ၏မျက်နှာသည် ဖြူဖျော့၍ အထိတ်တလန့်ဖြစ်နေပြီး၊ ပင့်သက်ရှိုက်နေသည်ကို မြင်ရမည်ဖြစ်သည်။
သူသည် ဖေးရှန့်တောင်ဘက်သို့ ပြန်လှည့်ကြည့်ခဲ့ရာ၊ သူ၏မျက်လုံးများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နေခဲ့သည်။
ချိုးချမ့်ထူ ကိုယ်တိုင်ပင်လျှင် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ဆီမှလွတ်မြောက်နိုင်ခဲ့ခြင်းသည် အိပ်မက်ဟုပင် ခံစားနေရသည်။
တစ္ဆေအရိုးစုဂိုဏ်း၏ အကြီးအကဲများသည် ချန်ချန်ကန်း၏လက်ထဲတွင် သေဆုံးသွားနိုင်သသည်ဖြစ်ကြောင်း ချိုးချမ့်ထူမှ ခန့်မှန်းမိခဲ့သည်။
“ဒီဖေးရှန့်တောင်ငယ်လေးလို နေရာမျိုးမှာ အင်အားကြီးတဲ့ အခြေတည် စိတ်ဝိညာဉ်နယ်ပယ် အမျိုးသားတစ်ယောက်ရှိနေမယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် နတ်ရတနာကိစ္စကို ဒီအတိုင်းလက်လျော့လိုက်မယ်မထင်နဲ့။”
သူ၏မျက်လုံးများသည် မုန်းတီးမှု၊ မလိုလားမှုများဖြင့် ပြည့်နှက်နေခဲ့ရာ၊ သူ၏ အကြည့်များအား ရုပ်သိမ်းပြီးနောက် အနက်ရောင် မြူခိုးများဖြင့် တစ်ဖန်ပြန်လည်ပေါင်းစည်းကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။
အင်မော်တယ်ဘုရားကျောင်းထဲတွင်၊
ချမ်ချန်ကန်းသည် ကျားခြေထောက်ဟင်းချို အား မြည်းစမ်းနေခဲ့ရာ၊ သူ၏အနောက်တွင်ရှိသော လင်းပေါင်အာမှ သူမ၏ လက်သီးသေးသေးလေးဖြင့် ထု၍မေးခဲ့သည်။
“အရသာရှိလား ဆရာ။”
“မဆိုးပါဘူး ဒါပေမဲ့နည်းနည်းတော့ ပေါ့တယ်။ နောက်တစ်ခါ ဆားပိုထည့်ဖို့ မမေ့နဲ့။”
“ဟုတ်။ မှတ်ထားပါ့မယ် ဆရာ။”
ချမ်ချန်ကန်းသည် သူ၏မျက်လုံးများအား မှေး၍ အဝေးကို လှမ်းကြည့်လိုက်သည်။
သူသည် နတ်ရတနာ၏သတင်းအား ဖြန့်ကျက်နိုင်ရန် ချိုးချမ့်ထူးအား ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ဤနည်းဖြင့်သာဆိုလျှင် သူသည် နယ်ပယ်တန်ဖိုးများ ပိုမိုရရှိရန် အခွင့်အရေးရရှိနိုင်မည်။
ထိုသည်မှာ ချမ်ချန်ကန်း၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။
သူသည် ထိုအချိန်အား စောင့်မျှော်လျှက်ရှိသည်။
ယခုအချိန်တွင် ပြိုင်ဘက်ကင်းနယ်မြေ၏ မီတာသည် ၂၀ ကျော်အထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်ရာ၊ ထိုသည်မှာ ရွှေဗဟိုချက်နယ်ပယ်ကျင့်ကြံသူအား သတ်ဖြတ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် သူသည် ယွမ်ယင်ကျင့်ကြံသူအား သတ်နိုင်လျှင် ပိုင်နက်တန်ဖိုး မည်မျှရရှိနိုင်မည်ကို သိချင်နေသေးသည်။
“ပေါင်အာက လိမ္မာရေးခြားရှိပေမဲ့ သူမရဲ့ ခွန်အားက တော်တော်လေးအားနည်းလွန်းတယ်။”
ချမ်ချန်ကန်းမှ နက်နဲစွာတွေးနေခဲ့သည်။
မှန်ပါတယ်၊ လင်းပေါင်အာ၏ ကျင့်ကြံခြင်းအဆင့်သည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာသာရှိနေ၍ အလွန်အားနည်းလွန်းနေသည်။
လင်းပေါင်အာမှ ပြိုင်ဘက်ကင် နယ်ပယ်ထဲတွင် ရှိနေချိန်တွင်၊ ချမ်ချန်ကန်းမှ သူမအား ကာကွယ်နိုင်သေးသည်။
သို့သော် အပြင်သို့ထွက်သွားခဲ့လျှင် သူမအား ကာကွယ်နိုင်တော့မည် မဟုတ်ပေ။
တစ်နေ့တွင် ချမ်ချန်ကန်းမှ သူမအား တစ်ခုခုခိုင်းစေခဲ့၍အပြင်သို့ ထွက်သွားခဲ့ရာမှ အန္တရာယ်နှင့်ကြုံ၍ အသတ်ခံရလျှင် ခက်ပေလိမ့်မည်။
“ငါသာ သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင်လုပ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။”
ချမ်ချန်ကန်းမှ တွေးနေမိသည်။ ထို့နောက် ချမ်ချန်ကန်း၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့သည်။
သူ၏ စိတ်ထဲသို့ တစ်ခုခုရောက်လာခဲ့ပုံပေါ်သည်။
“’အလုံးစုံသော သက်ရှိများ’က အရာခပ်သိမ်းရဲ့ တက်ကြွမှုကို ဉာဏ်လင်းပေးနိုင်တယ်။ သာမန်မြက်ပင်တွေကို စိတ်ဝိညာဉ်မြက်ပင်အဖြစ် ပြောင်းလဲနိုင်ပြီး၊ စိတ်ဝိညာဉ်အသိဉာဏ်ကိုလည်း မွေးထုတ်ပေးနိုင်တယ်ဆိုရင်၊ အဲ့ဒါက လင်းပေါင်အာရဲ့ ကျင်ကြံခြင်းအဆင့်ကိုလည်း တိုးတက်အောင် လုပ်လို့ရရင်ရနေမှာ။”
အောင်မြင်နိုင်ခြင်း ရှိမရှိ မသိသေးသော်လည်း ချမ်ချန်ကန်းသည် ၎င်းအား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လင်းပေါင်အာသည် ‘အလုံးစုံသောသက်ရှိများ’ မှတဆင့် ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာရန် ချမ်ချန်ကန်းမှ မျှော်လင့်နေခဲ့သည်။ လင်းပေါင်အာမှ အမှန်တကယ် အဆင့်ဖြတ်ကျော်ခဲ့နိုင်လျှင် နယ်ပယ်မည်မျှ ဖြတ်ကျော်နိုင်လိမ့်မည်နည်း။
ရွှေဗဟိုချက်နယ်ပယ်၊ အခြေတည်စိတ်ဝိညာဉ်နယ်ပယ် သို့မဟုတ် ပို၍သန်မာသော နယ်ပယ်အထိ အဆင့်ဖြတ်ကျော်နိုင်မည်လား။
“ပေါင်အာ ဆရာနဲ့ ခြံထဲကို လိုက်လာခဲ့။”
ချမ်ချန်ကန်းသည် လင်းပေါင်အာအား အော်ခေါ်ခဲ့သည်။
လင်းပေါင်အာမှ ပဟေဠိဆန်စွာဖြင့် ဘုရားကျောင်းထဲမှ ထွက်၍ ချမ်ချန်ကန်း၏အနောက်သို့လိုက်သွားခဲ့သည်။
ခြံလေးထဲရှိ နေရာအနှံ့တွင် စိတ်ဝိညာဉ်မြက်ပင်များပေါက်ရောက်နေခဲ့ရာ၊ ဗောဓိအပင်၏ ရနံနှင့် စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပြင်လောကနှင့်ယှဉ်လျှင် အစပေါင်းများစွာ သာလွန်လျှက်ရှိကာ သဘာဝ၏ ရတနာကုန်းမြေတစ်ခုကဲ့သို့ ဖြစ်နေသည်။
ကျင့်ကြံသူများသာ ဤနေရာတွင် ကျင့်ကြံခဲ့မည်ဆိုလျှင် ကြိုးစားအားထုတ် တစ်ဝက်ခန့်ဖြင့် အကျိုးရလဒ် နှစ်ဆရနိုင်မည်ဟုပင် ဆိုနိုင်သည်။
ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ မေးခွန်းအား မဖြေခဲ့ဘဲ သူ၏လက်နှစ်ဖက်ကို ကျောအနောက်တွင်ချထားကာ သူမအား ကြည့်နေခဲ့သည်။
ချမ်ချန်ကန်းမှ သူမအားကြည့်နေခဲ့သောကြောင့် လင်းပေါင်အာသည် အနည်းငယ်မျှ ရှက်သွား၍ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် တွန့်လိမ်နေတော့သည်။
“ဘာဖြစ်လို့လဲ ဆရာ။”
ရုတ်တရက်ဆိုသလိုပင် ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ရှေ့တွင် ပေါ်လာခဲ့သည်။
သူ၏ညာဘက်လက်ဖဝါးဖြင့် လင်းပေါင်အာ၏ဦးခေါင်းကို ဖိလိုက်ပြီးနောက် ‘အလုံးစုံသောသက်ရှိများ’ ကို အသုံးပြုခဲ့သည်။
ညာဘက်လက်၏ အလယ်သည် တောက်ပသော ရွှေရောင်အလင်းတန်းများ စီးဆင်းနေခြင်းကို မြင်တွေ့ရပြီး ထိုအလင်းတန်းများသည် လင်းပေါင်အာကို လုံးလုံးလျားလျား ဖုံးအုပ်သွားခဲ့သည်။
“ဘယ်လိုခံစားရလဲ ပေါင်အာ။”
လင်းပေါင်အာမှ မျက်တောင်ခတ်၍ ပြန်ဖြေခဲ့သည်။
“တပည့်ခန္ဓာကိုယ်က နွေးထွေးပြီး သက်တောင့်သက်သာဖြစ်လာတယ် ဆရာ။”
“တခြားရော ဘာခံစားရသေးလဲ။”
“ဘာမှ မခံစားရပါဘူး။”
“ဒီလုပ်ဆောင်ချက်က ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး တိုးတတ်အောင်မလုပ်နိုင်ဘူးလား ဟ။”
ချမ်ချန်ကန်းမှ အရှုံးမပေးခဲ့ပေ။ သူ၏လက်ဖဝါးမှ ရွှေရောင်အလင်းတန်းများသည် နေအလင်းရောင်ကဲ့သို့ လင်းပေါင်အာကို ဖုံးအုပ်သွားသောကြောင့် သူမကိုပင် တိုက်ရိုက်မကြည့်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင်၊ ဖေးရှန့်တောင်ပေါ်ရှိ ကောင်းကင်ကြီးသည် မှောင်မိုက်သွား၍ ကမ္ဘာကြီးတစ်ခုလုံးသည်လည်း လေပြင်းများတိုက်ခတ်လာတော့သည်။
ချမ်ချန်ကန်းနှင့် လင်းပေါင်အာ၏ ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူတို့၏ အဝတ်အစားများမှလည်း ရှပ်တိုက်သံများမြည်နေခဲ့သည်။
ချမ်ချန်ကန်းသည် လင်းပေါင်အာအား စောင့်ကြည့်နေခဲ့သည်။
သူသည် လင်းပေါင်အား၏ ကျင့်ကြံခြင်းတွင် အရိပ်အယောင်မျှ တိုးတက်ခဲ့ခြင်းများ မတွေ့ခဲ့ရပေ။
သို့သော် သူသည် လင်းပေါင်အာဆီမှ တခြားပြောင်းလဲမှုများအား တွေ့ခဲ့သည်။
သူမ၏ ကိုယ်ခန္ဓာသည် ကြောက်မက်ဖွယ် ပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး သူမ၏ ပင်ကိုစွမ်းရည်သည်လည်း တိုးတက်လာခဲ့သည်။
အရည်အချင်းများနှင့် ပတ်သက်၍ ချမ်ချန်ကန်းမှ အလွန်ရှင်းလင်းစွာသိပြီးသားဖြစ်သည်။
အရည်အချင်းနှင့် ပတ်သက်၍ အဆင့်ကိုးဆင့် ရှိသည်။
သူကဲ့သို့ပင် ထာဝရသက်ရှည်ခန္ဓာရှိသော်လည်း အရည်အချင်းမပြည့်မီသောကြောင့် ထာဝရ ကျင့်ကြံနိုင်သော အရည်အချင်းမပြည်မီသည့် လူမျိုးရှိသည်။
အရည်အချင်း မြင့်မားလေ ကျင့်ကြံခြင်းအဆင့် မြန်ဆန်စွာတိုးတတ်လေဖြစ်သည်။ ကိုယ်ခံပညာနှင့် မှော်အတတ်ပညာ အမျိုးမျိုးကိုလည်း နားလည်တတ်ကျွမ်းပြီး အချိန်တိုအတွင်းတွင် သင်ယူနိုင်မည်ဖြစ်သည်။
လင်းပေါင်အာ၏ ပင်ကိုစွမ်းရည်အား မြှင့်တင်ပြီးနောက် လင်းပေါင်အာသည် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ကြီးမားသော တိုးတက်မှုအား ပြုလုပ်နိုင်မည်ဖြစ်သည်။
ရွှေဗဟိုချက်နယ်ပယ်အဆင့်သို့ အဆင့်ဖြတ်ကျော်နိုင်သော အခွင့်အရေးသည် အနီးအနားတွင်သာရှိနေသည်။
“အရမ်းနာတယ် ဆရာ။”
လင်ပေါင်အာသည် သူမ၏ အနီရောင်နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် ဖိကိုက်နေခဲ့ရာ၊ သူမ၏မျက်နှာသည်လည်း နာကျင်မှုများဖြင့်ပြည့်နေသည်။
ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအား မြှင့်တင်ခြင်းသည် လင်းပေါင်အာအတွက် လွယ်ကူသော အလုပ်တစ်ခုမဟုတ်ခဲ့ပေ။
လင်းပေါင်အာမှ တောင့်ခံနိုင်ခြင်းမရှိလျှင် သူမသည် ထိုအချိန်တွင် သေဆုံးပျက်စီးရလိမ့်မည်။
ဥပမာအားဖြင့်၊ ယခု ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ တတ်ကြွမှုအားနည်းလာသည်ကို သတိပြုမိသည်။
ဤအတိုင်းသာ ဆက်သွားခဲ့လျှင် သူမသည် သေပွဲဝင်ရလိမ့်မည်။
ချမ်ချန်ကန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် တည်ကြည်လေးနက်လာခဲ့သည်။
သူ၏ တပည့်ကို ရုတ်တရက် သေစေအောင် လုပ်မိလို့မဖြစ်ဘူး။
“ပေါင်အာ၊ ဆရာက မင်းရဲ့အရည်အချင်းတွေကို မြှင့်တင်နေတာ။ အဲဒါပြီးရင် မင်းက ဉာဏ်ရည်ထက်မြက်တဲ့ ပါရမီရှင်အဖြစ် ပြန်မွေးဖွားလာသလို ဖြစ်သွားမှာ။ မင်းမှာ ဇွဲရှိမှဖြစ်မယ်။”
“ဒါပေမဲ့ အရမ်းနာတယ် ဆရာ။”
လင်းပေါင်အာသည် သူမ၏အသွေး၊ အသားများ အပါအဝင် သူမ၏အတွင်းကလီစာများသည်လည်း ကြေမွသွားတော့မည်ဟု ခံစားနေရသည်။
ချမ်ချန်ကန်းမှ အေးစက်စွာ အော်ပြောလိုက်သည်။
“ မတောင့်ခံထားနိုင်ရင်တော့ သေမှာပဲ။”
လင်းပေါင်အာသည် ကြောက်လန့်တကြားဖြစ်သွား၍ မျက်ရည်မထွက်ဘဲ ငိုချင်လာမိသည်။
“တပည့် မသေချင်သေးဘူး ဆရာ။”
“မသေချင်ရင် တောင့်ခံထား။ ဒီလောက်နာကျင်မှုလေးများ ဘာဖြစ်တာမို့လို့လဲ။”