← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇:ရည်မှန်းချက်ပန်းတိုင် ငယ်လေးတစ်ခု ထားရအောင်။

ချမ်ချန်ကန်းသည် ကျားခြေထောက်၏အသားကို ကိုက်၍ လင်းပေါင်အာကို စူးစူးစိုက်စိုက်ကြည့်နေသည်။

လင်းပေါင်အာ၏ ခန္ဓာကိုယ်သည် မိုးကြီးကပ်ဘေးအား ကြုံတွေ့ပြီးသည့်နောက်တွင် ကျောက်စိမ်းတစ်ခုကဲ့သို့ ကြည်လင်လာခဲ့ရာ၊ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲပုံသွင်းခံခဲ့ရသည်။ အထူးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်ထဲတွင် ပင်လယ်ရေကဲ့သို့ ပြေးလွှားနေသော မှော်စွမ်းအင်များ စီးဆင်းလျက်ရှိသည်။

သူမ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားမိသော လင်းပေါင်အာသည် အံ့အားသင့်သွားခဲ့သည်။

“တပည့် ခန္ဓာကိုယ်က အရမ်းပေါ့ပါးနေတယ်လို့ ခံစားရတယ် ဆရာ။”

ချမ်ချန်ကန်းမှ အနည်းငယ်ပြုံးလိုက်သည်။

လင်ပေါင်အာ၏ ပင်ကိုစွမ်းရည်သည် ‘အလုံးစုံသော သက်ရှိများ’ ၏ အောက်တွင် မည်မျှအဆင့်မြှင်တင်ခြင်းခံခဲ့ရသည်ကို သူ မသိခဲ့သော်လည်း ကောင်းမွန်သော အခြေအနေတွင် ရှိနေမည်ဟု ထင်မိသည်။

“အခြေအနေဘယ်လိုရှိလဲ သိရအောင်၊ လာပြီးလေ့ကျင့်ကြည့်ပါလား”

“ဟုတ်၊ ဟုတ်”

လင်းပေါင်အာမှ ခေါင်းညိတ်ကာ မြေပြင်ပေါ် တွင် ခြေတမလ္လင်ခွေ၍ ကျင့်ကြံခြင်းကို လည်ပတ်စေခဲ့သည်။

ချက်ချင်းဆိုသလိုပင်၊ လင်းပေါင်အာ၏ ခန္ဓာကိုယ်သည် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူမ၏ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးကို ဝါးမြိုသွားခဲ့သည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏ ကောင်းကင်ဘုံ ရှစ်ခု!

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏ ကောင်းကင်ဘုံ ကိုးဘုံ!

ရွှေဗဟိုချက်နယ်ပယ်အဆင့်!

ကောင်းကင် နှစ်လွှာ ရွှေ‌ဆေးလုံး!

ရွှေဗဟိုချက် သုံးလွှာ ကောင်းကင်အဆင့်!

ဤဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ရတနာမြေနှင့် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ရည်ကိုယ်သွေးသည် လင်းပေါင်အာကို လုံးဝပြောင်းလဲသွားစေ၍ သူမ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း တိုးမြင့်စေခဲ့သည်။

အဆုံးတွင်၊ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေဗဟိုချက် သုံးလွှာ ကောင်းကင်အဆင့် တွင် ရပ်တန့်သွားခဲ့သည်။

ကျင့်ကြံချိန် အချိန်ခဏလေးအတွင်းမှာပင် လင်းပေါင်အာ၏ ကျင့်ကြံခြင်းအဆင့်သည် နယ်ပယ်ငါးခုသို့ ချက်ချင်းဖြတ်သွား၍ ရွှေဗဟိုချက်နယ်ပယ်သို့ တစ်ရှိန်ထိုး အဆင့်ဖြတ်ကျော်သွားနိုင်မယ်ဟု မထင်ထားခဲ့ပေ။

ယခုအချိန်မှ စ၍ လင်းပေါင်အာသည် ကျင့်ကြံခြင်းအား အဆင့်ဖြတ်ကျော်ခြင်းတွင် အတားအဆီးဟူ၍ ရှိမည်မဟုတ်ပေ။

အစားအသောက်များ စားသောက်နေသကဲ့သို့ လွယ်ကူရိုးရှင်းနေလိမ့်မည်။

လင်းပေါင်အာသည် အံ့သြမှင်သက်သွားခဲ့သည်။

အိုးမိုင်ဂေါ့!!

ရွှေဗဟိုချက်နယ်ပယ်အထိ အဆင့်ဖြတ်ကျော်သွားတယ်။

ဓားကိုးစင်းဂိုဏ်းတွင်၊ ရွှေဗဟိုချက်နယ်ပယ်အဆင့်သည် အကြီးအကဲအဆင့်တွင်ရှိနေပြီဖြစ်သည်ကို သိထားရပေလိမ့်မည်။

သူမ၏ဖခင်၊ လင်ချင်းရှန်၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေဗဟိုချက်နယ်ပယ်၏ အထွတ်အထိပ်တွင်ရှိနေသည်။

ယခု သူမသည် သူမ၏ ဖခင်နှင့် နယ်ပယ်ငယ်လေးခြောက်ခုမျှသာ ဝေးကွာနေပြီး၊ သူမသည် တနေ့တွင်၊ သူမ၏ ဖခင်ကိုပင် သာလွန်နေနိုင်လိမ့်မည်။

လင်းပေါင်အာမှ ဝမ်းသာအားရ ပြုံး၍ စိတ်ထဲတွင် လျှို့ဝှက်စွာတွေးနေခဲ့သည်။

“ဆရာက အရမ်းအံ့သြစရာကောင်းတာပဲ။ သူက ငါ့ရဲ့ ပင်ကိုယ်စွမ်းရည်ကို ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်အထိတောင် မြှင့်တင်ပေးနိုင်တယ်။ အရင်ကထက်စာရင် ကျင့်ကြံရတာ ဘယ်လောက်ထိ လွယ်ကူမယ်ဆိုတာ ခန့်မှန်းလို့တောင်မရတော့ဘူး။”

ဤစွမ်းရည်မျိုးသည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ် အဆင့်ပုဂ္ဂိုလ်မှ ပိုင်ဆိုင်နိုင်သော အရာတစ်ခု ဟုတ်ပါ့မလား။

ထိုအချိန်တွင် လင်းပေါင်အာ၏ နှလုံးသားထဲတွင် မသေချာမရေမရာဖြစ်နေခဲ့သည်။

ဆရာရဲ့နယ်ပယ်သည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ် အဆင့်ထက် ပိုမြင့်နေခြင်းဖြစ်လေမလား

ဘေးတွင်ရှိနေသော ချမ်ချန်ကန်းသည် လင်းပေါင်အာမှ မည်သို့တွေးနေမည်ကို မသိခဲ့ပေ။ သူသည် လင်းပေါင်အာ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာ၍ ရွှေဗဟိုချက်နယ်ပယ်၏ တတိယအဆင့်သို့ တစ်ရှိန်ထိုး ဖြတ်ကျော်သွားသည်ကို တွေ့မြင်ခဲ့ရသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် နယ်မြေတန်ဖိုး ရာကိန်းအထိ ရရှိခဲ့သည်။

သူသည် ပျော်ရွှင်မှုဖြင့် သက်ပြင်းမချ၍ မနေနိုင်ဘဲဖြစ်နေတော့သည်။

“သူမတူအောင်ထူးခြားတဲ့ ပါရမီရှင်ဆိုတာ ဒါများလား”

သူမအတွက် အဆင့်ဖြတ်ကျော်ခြင်းသည် ရေသောက်နေရသလိုပင် ဖြစ်နေသည်။

ချမ်ချန်ကန်းသည် ပြီးမြောက်အောင်မြင်မှုကို ခံစားမိ၍ အလွန်ကျေနပ်နေခဲ့သည်။

သူ၏ အရှေ့တွင်ရှိနေသော ဉာဏ်ရည်ထက်မြက်သည့်ပါရမီရှင်သည် မိမိမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဤ ‘အလုံးစုံသောသက်ရှိများ’ ၏ လုပ်ဆောင်ချက်သည် မိမိကိုယ်မိမိ အသုံးမပြုနိုင်သဖြင့် ဉာဏ်ကြီးရှင်ဖြစ်ရခြင်း၏ ခံစားချက်ကို မကြုံတွေ့ရခြင်းမှာ နှမြောစရာကောင်းလှသည်။

“ဆရာ၊ ဆရာက အရမ်းတော်တာပဲ”

ရွှင်ပြုံးနေသော လင်းပေါင်အာသည် ချမ်ချန်ကန်း၏ ရင်ခွင်ထဲသို့ အပြေးအလွှား တိုးဝင်လာခဲ့သည်။

ချမ်ချန်ကန်းသည် ပြုံး၍ သူမ၏ ခေါင်းကို ကြင်နာစွာပွတ်သပ်နေခဲ့သည်။

“ ဒါမှပေါ့၊ ဒါမှ ငါ့တပည့်လို့ ခေါ်နိုင်မှာ”

လင်းပေါင်အာသည် သူမ၏ ကြယ်ကလေးများကဲ့သို့ လင်းလက်နေသော မျက်လုံးများဖြင့် ချမ်ချန်ကန်းအား မော့ကြည့်လိုက်သည်။

“ဟီး ဟီး။ အဲ့ဒါဆိုရင် တပည့်က ဆရာ့ရဲ့ စမ်းသပ်မှုကို အောင်သွားပြီပေါ့နော်”

ချမ်ချန်ကန်းသည် ပခုံးတွန့်၍ ပြန်ဖြေလိုက်သည်။

“မဟုတ်ရင် ဆရာက ဘာလို့ တပည့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ပေးရမှာလဲ”

“ဒါနဲ့ စကားမစပ် ပေါင်အာရဲ့လက်ရှိ အရည်အချင်းက ဘယ်အဆင့်ရှိလဲ”

လင်းပေါင်အာမှ ခေါင်းခါ၍ ဖြေလိုက်သည်။ “တပည့်ရဲ့အရင်က အရည်အချင်းက အဆင့်၄ မှာရှိတာ၊ အခုလက်ရှိ အရည်အချင်းက ဘယ်အဆင့်လဲ မသိသေးဘူး။ ဒါပေမဲ့ အရင်ကနဲ့ယှဉ်ရင် ဟိုး မိုးပေါ်ကတိမ်နဲ့ ဒီမြေကြီးပေါ်ကရွှံ့တွေလိုပဲ လုံးဝ ကွာခြားနေမှာသေချာတယ်”

သူမ၏ လက်ရှိ ကိုယ်ရည်ကိုယ်သွေး အဆင့်သည် အဆင့်၉ မဟုတ်ခဲ့လျှင် အဆင့်၈ ခန့်ရှိနေမည်ဟု တထစ်ချ ယုံကြည်သည်။

လက်ရှိ လင်းပေါင်အာသည် ချမ်ချန်ကန်းအပေါ်တွင် တိုင်းတာ၍ မရနိုင်သော ကျေးဇူးတင်မှုများရှိရုံသာမက ချမ်ချန်ကန်းအပေါ်တွင် အဆုံးမဲ့သော လေးစားမှုများရှိနေသည်။

“ ပေါင်အာ၊ အခုကစပြီး သေချာကျင့်ကြံကြိုးစားရမယ်။ မင်းက အရည်အချင်းတွေ တိုးတက်လာပြီး ဉာဏ်ရည်ထက်မြက်တဲ့ ဉာဏ်ကြီးရှင် ဖြစ်လာပြီဆိုပေမဲ့ ငါ့တပည့်က မမောက်မာရဘူး။ အပြင်လောကနဲ့ ကောင်းကင်ဘုံရဲ့အပြင်ဘက်မှာ သန်မာတဲ့လူတွေအများကြီးရှိတယ်။ ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချပြီးနေရမယ်”

“ တပည့်၊ နားလည်ပါပြီ ဆရာ”

“ကောင်းပြီ၊ ဆက်လေ့ကျင့်ပြီး အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကို အမြန်ဆုံး ဖြတ်ကျော်နိုင်အောင် ကြိုးစား”

ထိုစကားနှင့်အတူ၊ ချမ်ချန်ကန်းသည် လီရှောင်နှင့် အခြားသူများထံမှ ရရှိခဲ့သော သိုလှောင်လက်စွပ်များကို လင်းပေါင်အာထံသို့ ပစ်ပေးလိုက်သည်။

“ဒီပစ္စည်းတွေက ယူထားလိုက် ငါ့တပည့်ရဲ့ ကျင့်ကြံခြင်းမှာ အသုံးဝင်လောက်တယ်။

“ဆရာ ဒီပစ္စည်းတွေ အကုန်လုံးကို တပည့်ကို ပေးမလို့လား ဟင်”

လင်းပေါင်အာမှ အနည်းငယ် ဂုဏ်ယူဝမ်းသာမိသွားသည်။

ဤ သိုလှောင်လက်စွပ်များသည်နတ်ဆိုးနဂါးလိုဏ်ဂူ၏ ရွှေဗဟိုချက်နယ်ပယ်အဆင့်အကြီးအကဲများနှင့် နတ်ဆိုးနဂါးလိုဏ်ဂူ၏ ပိုင်ရှင်၊ လီပါ့ထန်၏ ပစ္စည်းများဖြစ်သည်ကို သိထားရမည်။

ချမ်းသာကြွယ်ဝမှုများနှင့် ကျင့်ကြံခြင်းနှင့်ပတ်သက်သောပစ္စည်းများ တောင်လို ရာလိုပုံနေခြင်းမှာ ဓါးကိုးစင်းဂိုဏ်း၏ ပိုင်ဆိုင်မှုတစ်ဝက်နှင့်ပင် ညီမျှမည်ဖြစ်သည်။

သူမအား ဆရာမှ ဤပစ္စည်းများကို အလွယ်တကူပေးခဲ့မည်ဟု မထင်မှတ်ထားပေ။

ချမ်ချန်ကန်းသည် သူ၏ လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

“ဆရာက အဲ့ဒါတွေ မကြိုက်ဘူး”

သူသည် ကျင့်ကြံလို့မရသည့် လူတစ်ယောက်ဖြစ်ခဲ့ရာ၊ သူမှ ဤပြိုင်ဘက်နယ်ပယ်ထဲတွင် ရှိနေသ၍ သူသည် သန်မာ၍ ပြိုင်ဘက်ကင်းနိုင်မည်။

ဤကဲ့သို့ တောင်ပုံရာပုံဖြစ်နေသော စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော ကုန်ကြမ်းများသည် သူ့အတွက် အသုံးဝင်မည်မဟုတ်ပေ။

ဒီပစ္စည်းတွေ အလကားမဖြစ်အောင် လင်းပေါင်အာကို ပေးလိုက်တာမှ ကောင်းဦးမယ်။

သူသည် လင်းပေါင်အာမှ အခြေတည်စိတ်ဝိညာဉ်နယ်ပယ်သို့ အဆင့်ဖြတ်ကျော်ရန် အချိန်မည်မျှကြာမြင့်မည်ကို မျှော်လင့်စောင့်စားနေမိသည်။

လင်းပေါင်အာမှ အခြေတည်စိတ်ဝိညာဉ်နယ်ပယ်သို့ အဆင့်ဖြတ်ကျော်၍ သူ့အား နယ်ပယ်တန်ဖိုးများစွာဖြင့် ထောက်ပံ့မည့်အချိန်ကိုလည်း စောင့်ဆိုင်းနေမိသည်။

ထို့အပြင် ချမ်ချန်ကန်းမှ သူ့ကိုယ်သူ ရည်မှန်းချက်ပန်းတိုင် ငယ်လေးတစ်ခု သတ်မှတ်ထားခဲ့ပြီ ဖြစ်သည်။

ကျူရှို့တိုက်ကြီးတစ်ခုလုံးသို့ သူ၏ ပြိုင်ဘက်ကင်းနယ်ပယ်ကို မချဲ့ထွင်ခင် ဖေးရှန့်တောင်တစ်ခုလုံးအား ဦးစွာချဲ့ထွင်ရန် ဆုံးဖြတ်ထားသည်။

All Chapters