← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈:အိမ်မက်မရှိသော ငါးဆားနယ်၊ တရားမျှတစွာ ယှဉ်ပြိုင်ခြင်း။

ချမ်ချန်ကန်းသည် အင်မော်တယ်ဘုရားကျောင်းအတွင်းသို့ပြန်လာ၍ ကျားခြေထောက်များကို ဆက်လက်စားနေခဲ့သည်။

ဒီကျားခြေထောက်၏ အသားသည် ပြောစရာမရှိအောင်ပင် လွန်စွာ အရသာရှိလှသည်။ အရေခွံသည် နူးညံ့၍ မွှေးနေခဲ့ရာ၊ အသားများသော်လည်း အဆီများခြင်းမရှိပေ။ အတွင်းတွင်ရှိသော အရွတ်များသည်လည်း ဝါးလို့ကောင်းပြီး သွားကြားညှပ်ခြင်းမရှိသောကြောင့် အကောင်းဆုံးဟု ဆိုနိုင်သည်။

ထိုအချိန်တွင် ခွေးအမြီးမြက်သည် သနားစရာကောင်းသောဟန်ဖြင့် နံရံပေါ်၌ မှီနေခဲ့သည်။

၎င်း၏ပုံစံကို မြင်လိုက်ရသောချမ်ချန်ကန်းမှ ပြုံး၍မေးလိုက်သည်။

“အမြီးလေး၊ အပင်ဖြစ်ပြီး မင်းကလဲ အစားစားဖို့ လိုတာပဲလား”

အမြီးလေးမှ လှုပ်ယမ်း၍ လင်းပေါင်အာကို ညွှန်ပြလိုက်သည်။

သူဌေး၊ ကျွန်တော်လည်း ပင်ကိုယ်အရည်အသွေးတွေကို တိုးတက်ချင်တယ်ဟုပြောနေဟန်တူသည်။

ချမ်ချန်ကန်းမှ ပြုံးလိုက်သည်။ မနေ့ညကမှ ဉာဏ်အလင်းဖွားမွေးခဲ့သော အမြီးလေးသည် ဒီနေ့ သူ၏ ပင်ကိုယ်အရည်အသွေးများကို မြှင့်တင်ချင်နေပြီဆိုတော့ သူ့ရဲ့ ရည်မှန်းချက်သည်လည်း သေးငယ်လှမည်မဟုတ်ပေ။

ထို့အပြင် ဤခွေးအမြီးမြက်သည် သာမန်မြက်ပင်ဖြစ်သည်။ ချမ်ချန်ကန်း၏ လက်ချက်ကြောင့်သာမဟုတ်လျှင် မည်သည့်မျောက်နှစ်နဲ့ မြင်းလများမှသာ နေနှင့်လ၏ အနှစ်သာရများကို စုပ်ယူ၍ ဉာဏ်ပညာကို ဖွားမြင်မည်ကို သိနိုင်မည် မဟုတ်ပေ။

ချမ်ချန်ကန်းမှ သူ၏လက်ချောင်းများကို ဆတ်ခနဲတောက်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုသည် ခွေးအမြီးမြက်ပင်ဆီသို့ ကျဆင်းသွားသည်။

သူသည် အနည်းငယ်မျှ စူးစမ်းချင်မိသည်။ ဤခွေးအမြီးမြက်ပင်၏ ပင်ကိုယ်စွမ်းရည်များ တိုးတက်ကောင်းမွန်လာပြီးနောက်၊ ၎င်းမှ အောင်မြင်စွာ ကျင့်ကြံအားထုတ်နိုင်ခဲ့လျှင် နယ်ပယ်တန်ဖိုးရနိုင်သေးသလား သိချင်မိသည်။

ဤသို့ အမှန်တကယ်ဖြစ်ခဲ့လျှင်၊ သူသည် ခြံဝင်းထဲမှ စိတ်ဝိညာဉ်မြက်ပင်များနှင့် သစ်ပွပင်အား အဆင့်မြှင့်တင်ပေးရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ခွေးအမြီးမြက်သည် ရွှေရောင်အလင်းထဲသို့ ပျော်ဝင်သွားခဲ့ရာ၊ ၎င်းကို ရွှေရောင်ပိုးအိမ်ဖြင့် လွှမ်းခြုံထားသကဲ့ ပြောင်းလဲကာ ပင်ကိုယ်စွမ်းရည်များ မြှင့်တင်နေစဉ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ချမ်ချန်ကန်းသည် အမြီးလေးကို အာရုံမစိုက်တော့ဘဲ အသားကိုသာ ဆက်၍ဝါးနေခဲ့သည်။

လင်းပေါင်အာသည် ခြံဝန်းထဲတွင် ကျင့်ကြံနေခဲ့သည်။

ချမ်ချန်ကန်းတွင် ပန်းတိုင်ငယ်လေးရှိ၍ လင်းပေါင်အာတွင် ကြီးမားသော ပန်းတိုင်ရှိနေသည်။ ထိုပန်းတိုင်မှာ အခြေတည်စိတ်ဝိညာဉ်နယ်ပယ်သို့ အဆင့်ဖြတ်ကျော်ရန်ဖြစ်သည်။

ဆရာက သူမကို အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အထိ မြန်မြန်အဆင့်ဖြတ်ကျော်ဖို့ ပြောထားတာကြောင့် ဆရာကို စိတ်ပျက်စေလို့မဖြစ်ဘူး။

ချမ်ချန်ကန်းမှ ဘုရားကျောင်းထဲတွင် အသားစား၍ မကြာသေးခင်မှာပင် သူ၏ မျက်ခွံများ ရုတ်တရက်လှုပ်ရှားနေခဲ့သည်။

သူသည် လင်းပေါင်အာ၏ ဝင်သက်ထွက်သက် ပြောင်းလဲလာသည်ကို သတိပြုမိလိုက်သည်။

ရွှေဗဟိုချက်နယ်ပယ် တတိယအဆင့်မှ ရွှေဗဟိုချက်နယ် စတုတ္ထအဆင့်အထိ။

သူ၏ခေါင်းထဲတွင် ထပ်မံ၍ နယ်မြေတန်ဖိုး ၁၀၀ ကို ရရှိခဲ့ကြောင်း စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

သူ၏ နှုတ်ခမ်းများ အပေါ်သို့ တွန့်တတ်သွားတော့သည်။

ဤသို့ တပည့်အဖြစ်လုပ်ခံခြင်းသည် ပြိုင်ဘက်ကင်းနယ်ပယ်ကို ချဲ့ထွင်ရန် ဖြတ်လမ်းတစ်ခုဖြစ်သည်။

တပည့်တစ်ယောက်ထဲရှိတာတောင် ဒီလိုဖြစ်နေရင် ဆယ်ယောက် ဒါမှမဟုတ် ရာချီဆိုရင်ရော ဘယ်လိုနေမလဲ မသိဘူး။

ထောင်ပေါင်းများစွာ၊ တစ်သောင်း၊ တစ်သိန်းခန့် တပည့်များသာရှိမည်ဆိုရင် ဘယ်လိုများဖြစ်မလဲ မသိဘူး။

၎င်းတို့မှ အဆင့်ဖြတ်ကျော်ခဲ့လျှင် သူအား နယ်မြေတန်ဖိုး မည်မျှပေးလိမ့်မည်နည်း။

ဤအချက်သည် ချမ်ချန်ကန်းအား စိတ်ကူးယဉ်၍ မဆုံးဖြစ်စေခဲ့သည်။

သို့သော်လည်း မကြာခင်မှာပင် ချမ်ချန်ကန်းမှ ထိုအကြံအစည်ကို ပယ်ချခဲ့သည်။

သူသည် ပြိုင်ဘက်ကင်းနယ်မြေတစ်ခုရှိသော ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်နေလျက်နှင့် ဘာကြောင့်ဤသို့ လောဘကြီးနေရသနည်း။

တပည့်အဖြစ်လက်ခံရန် အရည်အချင်းပြည့်မီခြင်းရှိမရှိ၊ သူ၏ တင်းကျပ်သောစမ်းသပ်ချက်များကို ဖြေဆိုနိုင်မှာသာ သင့်လျော်မည်။

ချမ်ချန်ကန်းသည် အလျင်မလိုသေးပါ။ သူ့တွင် ကြီးမားသော စိတ်ကူးအိပ်မက်များမရှိသည့်အပြင်၊ သူ၏ ပြိုင်ဘက်ကင်းနယ်မြေကို ကျူရှို့တိုက်ကြီးတစ်ခုလုံးသို့ ချဲ့ထွင်ရန်လည်း အလျင်စလိုဖြစ်ခြင်း မရှိပေ။

သူသည် အိပ်မက်မရှိသော ဆားနယ်ငါးသာဖြစ်သည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာဘုရင်သုံးဦးဖြစ်သည့် ထုံပါ့ယဲ့၊ မြွေနယ့်နယ့်နှင့် ရှစ်ဝမ်တ တောင်မှ ဟုန်ရီတို့သည် အင်မော်တယ်ဘုရားကျောင်း၏အပြင်ဘက်သို့ တိတ်ဆိတ်စွာ ရောက်လာခဲ့သည်။

သူတို့သည် သူတို့၏ အသက်ရှူနှုန်းများအား ထိန်းကာ အမှောင်ထဲတွင် ပုန်းခို၍ အင်မော်တယ်ဘုရားကျောင်းဘက်သို့ ကြည့်နေကြသည်။

ချက်ချင်းဆိုသလိုပင် မိစ္ဆာဘုရင်သုံးဦးတို့သည် ပင့်သက်ရှိုက်၍ မနေနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

“နေရာအနှံ့မှာ စိတ်ဝိညာဉ်မြက်ပင်တွေပေါက်နေတာ၊ ဒါက သဘာဝအရဖြစ်လာတဲ့ ရတနာကုန်းမြေပဲ။ ဖေးရှန့်တောင်မှာ ဒီလိုရတနာကုန်းမြေမျိုးရှိနေတာ အံ့ဩစရာပဲ”

“ခြံထဲမှာရှိနေတာက မိုးကြိုးနဲ့ နှိပ်ကွပ်ခံခဲ့ရတဲ့ ကလေးမလေးပဲ”

ထုံပါ့ယဲ့က ပြောလိုက်သည်။

“အဲ့ဒီ ကလေးမက နတ်ရတနာများလား”

မြွေနယ့်နယ့်က မေးခဲ့သည်။

ဟုန်ရီသည် သူမ၏ ဆန်းကြယ်သောစွမ်းအင်များ စီးဆင်းနေသည့် လှပတဲ့ မျက်ဝန်းတစ်စုံဖြင့် ကလေးမလေးအား ထိုးဖောက်မြင်ရောက်တော့မည့်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမ၏ အနောက်တွင်ရှိနေသော အရောင်ဖျော့ဖျော့ မြေခွေးမြီးကို အနည်းငယ်မျှ လှုပ်ယမ်းကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“အင်မော်တယ်ရတနာနဲ့ မတူဘူး။ မှော်စွမ်းအင် အတက်အကျတွေ ထွက်ပေါ်နေပုံအရ ရွှေဗဟိုချက်နယ်ပယ်အဆင့်ရှိတဲ့ လူသားမိန်းကလေးတစ်ဦးပဲဖြစ်ရမယ်”

ထိုအချိန်တွင် လင်းပေါင်အာသည် ၎င်းတို့ သုံးဦးပုန်းခိုရာအရပ်သို့ သင်္ကာမကင်းသော မျက်လုံးများဖြင့် လှည့်ကြည့်နေခဲ့သည်။

“ဒီမိန်းကလေးက အကင်းပါးသားပဲ။ ငါတို့ ကြည့်နေတာကိုတောင် သတိထားမိတယ်”

ဟုန်ရီသည် အံ့ဩမှင်သက်မိ၍ သူမ၏ အမြင်အာရံကို ရုပ်သိမ်းခဲ့သည်။

လင်းပေါင်အာသည် သူမ၏ ခေါင်းကိုလှုပ်ယမ်း၍ ရေရွတ်လိုက်သည်။

“ ဘာလို့ တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားနေရတာလဲ။ ငါပဲ စိတ်ထင်နေတာလား”

“သူမက အင်မော်တယ်ရတနာမဟုတ်လောက်ဘူး။ သူမမှာ အမြစ် ဆယ့်တစ်ချောင်းနဲ့ ရွှေဗဟိုချက်တစ်ခုရှိနေပုံအရ ပင်ကိုယ်စွမ်းရည် ထူးခြားကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ လူသားမျိုးနွယ်ပဲ ဖြစ်ရမယ်”

ဟုန်ရီ၏ မျက်လုံးများသည် ဆန္ဒပြင်းပြသော အရောင်များ တောက်လောင်နေခဲ့သည်။ “နတ်သမီးရတနာကို ကျွန်မမလိုချင်ဘူး။ ဒါပေမယ့် ဒီမိန်းကလေးကိုတော့ ရ ကို ရရမယ်”

တစ်ဖက်တွင်၊ ထုံပါ့ယဲ့က အေးစက်စွာ သရော်လိုက်သည်။

“ဒီအမျိုးသမီးက တည်ငြိမ်တဲ့ စိတ်ဝိညာဉ်နဲ့ သိမ်မွေ့တဲ့ ခန္ဓာကိုယ် ရှိတယ်။ သူမက အခုလို ကြောက်စရာကောင်းတဲ့ မိုးကြီးကပ်ဘေးကိုတောင် လွတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်။ သူမဟာ တစ္ဆေပြည်နယ်က ထိပ်တန်း ပါရမီရှင်တစ်ယောက်ပဲဖြစ်ရမယ်။ ဒီလောက်အရည်အချင်းရှိတဲ့လူကို ဘာကိစ္စနဲ့ မင်းကိုပေးရမှာလဲ။ ငါလည်း နတ်ရတနာကို လိုချင်တာမှ မဟုတ်တာ။ အဲ့ဒီတော့ ဒီကောင်မလေးကို ငါပဲပိုင်ရမယ်”

ဟုန်ရီက ကဲ့ရဲ့ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ရှင်က ကြမ်းတမ်းတဲ့ နွားမိစ္ဆာလေ၊ ဒီကောင်မလေးကို တပည့်အဖြစ်လက်ခံပြီး ရှင်က ဘာသင်ပေးမှာမို့လို့လဲ”

“ကျွန်မတို့ ကောင်းကင်ဘုံနတ်ဆိုးရဲ့ ရှေးဟောင်းမြေခွေးမျိုးနွယ် ကျင့်ကြံခြင်းကမှ သူမနဲ့ ပိုလိုက်ဖက်မှာ”

မြွေသည် စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိဘဲ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အင်မော်တယ်ဘုရားကျောင်းဆီသို့ တည့်တည့်ပြေးဝင်သွားခဲ့သည်။

“မြွေနယ့်နယ် မင်းက တော်တော်ယုတ်မာတာပဲ”

ဟုန်ရီနှင့် ထုံပါ့ယဲ့တို့သည် မြွေမှ ထိုအမျိုးသမီးအား ဦးဆောင်၍ ယူချင်ကြောင်းသိ၍ ဒေါသတကြီးဖြစ်သွားကြသည်။

ထိုသို့သော သူ မတူထူးခြားသော ကျင့်ကြံခြင်း ပါရမီရှိသည့် လူမျိုးသည်၊ ကောင်းစွာပြုစုပျိုးထောင်ပေးခဲ့လျှင် အင်မော်တယ်ရတနာထက်ပင် ပိုမိုအဖိုးတန်မည့် ရတနာတစ်ခုဖြစ်သည်။

ထိုမိန်းကလေးအား မြွေ၏ လက်ထဲသို့ထည့်ပေးရမည်ကို မလိုလားပေ။

ရှဲကျိနီမှ အင်မော်တယ်ဘုရားကျောင်းသို့ မရောက်ရှိမီ မိစ္ဆာဘုရင်နှစ်ပါးဖြစ်သော ဟုန်ရီ နှင့် ထုံပါ့ယဲ့တို့က တားဆီးခဲ့သည်။

“မြွေနယ့်နယ့်၊ အရှက်မရှိဘူးလား” ဟုန်ရီက ဒေါသထွက်သွားသည်။

မြွေက ပြုံးရုံသာပြုံး၍ သူ၏ပါးစပ်ထဲက လျှာနှစ်ခွကို ထုတ်ပြလိုက်သည်။

“အဲ့မိန်းမကလေးကို ရနိုင်ရင် အရှက်မရှိရင်လည်း ဘယ်ဖြစ်တာမို့လို့လဲ”

ထုံပါ့ယဲ့က တီးတိုးပြောလိုက်သည်။

“အဲ့ဒီ့မိန်းကလေးက မြွေကိုတော့ ဆရာအဖြစ် ကိုးကွယ်ချင်မယ်လို့ မထင်ဘူး”

“ထုံပါ့ယဲ့၊ ငါက စပါးအုံးကွ၊ မျိုးရိုးနိမ့် မြွေမဟုတ်ဘူး။ ပြီးတော့ မင်းကရော နွား မဟုတ်လို့လား။ ဟုန်ရီကရော မြေခွေး မဟုတ်လို့လား”

ဟုန်ရီသည် မိစ္ဆာဘုရင်နှစ်ဦးဖြစ်ပြီး ဘာလို့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်းပြောနေရတာလဲ ဟူသောအကြည့်ဖြင့် မျက်စောင်းထိုးလိုက်သည်။

ထုံပါ့ယဲ့သည် တည်ကြည်လေးနက်စွာပြောလိုက်သည်။

“ ဟုန်ရီ၊ မြွေနယ့်နယ့်၊ ငါတို့ သုံးယောက် အချင်းချင်း မတိုက်ခိုက်ရတာ နှစ်ရာနဲ့ချီပြီ။ အဲ့ဒီ့တော့ တရားမျှတအောင် ယှဉ်ပြိုင်ကြရင်ရော ဘယ်လိုလဲ။ အသန်မာဆုံးလူက ဒီမိန်းမကလေးကို တပည့်အဖြစ် လက်ခံဖို့ ထိုက်တန်မယ်။ မင်းတို့ ဘယ်လိုထင်ကြလဲ”

“ကောင်းပြီလေ”

“ အဲ့ဒီ့အကြံမဆိုးပါဘူး”

ဟုန်ရီနှင့် မြွေက သဘောတူလိုက်သည်။

All Chapters