အခန်း ၁၉
Vol. 2 Ch. 19
အခန်း ၁၉: အရှေ့ဘက်က မို့မောက်ပြီး အနောက်ဘက်က ကွေးကောက်နေတော့၊ လှပပြီး ဆွဲဆောင်မှုရှိတယ်။
ဤတစ်ကြိမ်တွင် ဟုန်ရီ၊ မြွေနယ့်နယ့်နှင့် ထုံပါ့ယဲ့တို့သည် ၎င်းတို့၏ အငွေ့အသက်ကို မထိန်းချုပ်ထားခဲ့သောကြောင့် ခြံဝန်းထဲတွင် ကျင့်ကြံခြင်းပြုလုပ်နေသော လင်းပေါင်အာမှ သတိထားမိလိုက်သည်။
သူမသည် အဝေးသို့ မော့ကြည့်လိုက်ရာ၊ ဟင်းလင်းပြင်ထဲတွင် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်၍ ရပ်နေကြသော မိစ္ဆာဘုရင်သုံးဦးကို မြင်တွေ့လိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါနှင့် အကန့်အသတ်မဲ့ မှော်စွမ်းအင်များ ထွက်ပေါ်လာ၍ ဟင်းလင်းပြင်ကို တုန်လှုပ်စေခဲ့သည်။
“မိစ္ဆာတွေ”
လင်းပေါင်အာသည် အထိတ်တလန့်ဖြစ်သွားသည်။
Moo! !
နွားဟိန်းသံတစ်ခုနှင့်အတူ နွားချိုတစ်စုံသည် ကောင်းကင်ယံအား ထိုးဖောက်တော့မည့်ဟန်ဖြင့် ထုံပါ့ယဲ့သည် နွားမိစ္ဆာအဖြစ်သို့ အသွင်ပြောင်းလဲသွားတော့သည်။
နွားမိစ္ဆာသည် နက်မှောင်လှသော မှော်တောင်တန်းတစ်ခုနှင့် တူညီလောက်အောင်ပင် လွန်စွာ ထွားကျိုင်းလှသည်။
ထို့နောက်သူသည် ဝရုန်းသုန်းကားပြေးလွှား၍ ဟုန်ရီနှင့် ရှဲကျိနီတို့ကို တိုက်ခိုက်ခဲ့သည်။
သို့သော် ဟုန်ရီနှင့် မြွေနယ့်နယ့်တို့သည်လည်း အထင်သေး၍ မရပေ။
ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ရွှေအိုရောင် စပါးအုံးမြွေကြီးအဖြစ်သို့ အသွင်ပြောင်းလဲလိုက်သည်။
ဟုန်ရီ၏ လှပသောမျက်ဝန်းတစ်စုံမှ အနီရောင်အလင်းတန်းများ စီးဆင်းပြီးနောက်တွင် သူမသည် အမြီးကိုးချောင်း မြေခွေးမိစ္ဆာအဖြစ်သို့ ပြောင်းသွားတော့သည်။
အခြေတည် စိတ်ဝိညာဉ်နယ်ပယ်တွင်ရှိသော အင်အားကြီး ပုဂ္ဂိုလ်ဖြစ်ကြသော ဤမိစ္ဆာဘုရင်သုံးဦးတို့၏ ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤမိစ္ဆာသုံးဦးတို့၏ တိုက်ခိုက်မှုသည် ဖေးရှန့်တောင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
အင်မော်တယ်ဘုရားကျောင်းထဲတွင် ကျားစွပ်ပြုတ်စားနေခဲ့သော ချမ်ချန်ကန်းသည်လည်း ထိုတုန်လှုပ်မှုအား ခံစားမိခဲ့သည်။ သူသည် မြေငလျင်တုန်လှုပ်ခြင်းဟု ထင်မိသောကြောင့် အင်မော်တယ်ဘုရားကျောင်းအတွင်းမှ အလျင်အမြန်ပြေးထွက်လာခဲ့သည်။
ထို့နောက် သူသည် တောင်ပေါ်တွင် တိုက်ခိုက်နေကြသော ကြီးမားသည့် သတ္တဝါကြီးသုံးကောင်ကို တွေ့ရှိခဲ့ရသည်။
“ဟဲ့ ဘာလဲဟ။ ခေါင်းသုံးလုံးနဲ့ မိစ္ဆာလား။”
နွားမိစ္ဆာ၊ စပါးအုံးမြွေမိစ္ဆာ၊ မြေခွေးမိစ္ဆာတို့၏ ခန္ဓာကိုယ်များသည် တောင်တန်းသုံးခုဟု ထင်ရလောက်အောင် ကြီးမားကြသည်။
ထိုကဲ့သို့ ကြီးမားလှသော မိစ္ဆာကြီးများကို တွေ့လိုက်ရသော ချမ်ချန်ကန်းသည် အလွန်အံ့ဩသွားခဲ့သည်။
“ဖေးရှန့်တောင်ထဲမှာ မိစ္ဆာကြီးသုံးကောင် ရှိနေတယ် ဆရာ”
လင်းပေါင်အာသည် ချမ်ချန်ကန်း၏ အနားသို့ ကပျာကယာပြေးလာခဲ့သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေဗဟိုချက်နယ်ပယ်အဆင့်သို့ဖြတ်ကျော်သွားသော်လည်း၊ မိစ္ဆာကြီးသုံးကောင်၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်အတက်အကျများသည် သူမ၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။
ရှင်းလင်းစွာပင် သူမသည် ထိုမိစ္ဆာကြီးသုံးကောင်၏ ပြိုင်ဘက်ဖြစ်နိုင်မည် မဟုတ်ပေ။
ချမ်ချန်ကန်းသည် သူ၏ အထိတ်တလန့်နေသော အမူအရာကို ဖယ်ရှား၍ သူ၏ အေးဆေးတည်ငြိမ်သော ဟန်ပန်အမူအရာကို ပြန်လည်စတင်စေခဲ့သည်။
“မကြောက်ပါနဲ့၊ အဲဒါ မိစ္ဆာလေးသုံးကောင်ပါ”
“ဟုတ်၊ ဟုတ်”
မထင်မှတ်ထားသည်မှာ ဤသို့ကြောက်စရာကောင်းသော မှော်စွမ်း အတက်အကျများ ထုတ်လွှတ်နိုင်သည် မိစ္ဆာများသည်ပင် ဆရာ၏ ပါးစပ်ဖျားတွင် မိစ္ဆာငယ်လေးများသာ ဖြစ်သည်။
လင်းပေါင်အာသည် သူ၏ ဆရာကို လေးစားမိသည်။
လင်းပေါင်အာ၏ ရင်ထဲတွင် ချမ်ချန်ကန်း၏ ပုံရိပ်သည် သူမ မသိလိုက်ခင်မှာပင် ပြိုင်ဘက်ကင်းဖြစ်နေသည်။
ချမ်ချန်ကန်း၏အနားတွင် ရှိနေလျှင် သူမသည် အလွန် စိတ်အေးလက်အေးဖြစ်၍ ကြောက်ရွံ့ခြင်းမရှိပေ။
ထို့နောက် လင်းပေါင်အာသည် ချမ်ချန်ကန်း၏ ပါးစပ်ထောင့်များတွင် ကျားခြေထောက်ကို စားသောက်ရာမှ ကျန်ရစ်ခဲ့သောအဆီများကို မြင်လိုက်ရ၍ လက်ကိုင်ပုဝါကို အမြန်ထုတ်ယူကာ ချမ်ချန်ကန်းအား သေသေချာချာ သုတ်ပေးနေခဲ့သည်။
သို့သော်၊ သူမသည် ချမ်ချန်ကန်းထက် အနည်းငယ်ပို၍ ပုနေပြီး လက်ကိုင်ပဝါဖြင့်သုတ်ပေးရန် ခြေဖျားထောက်နေခဲ့ရသည်။
သုတ်ပြီးသော်လည်း နှုတ်ခမ်းထောင့်များသည် အသားရနံများ စွဲကျန်နေဆဲဖြစ်သည်။
ချမ်ချန်ကန်းသည်လည်း အနည်းငယ်ရှက်သွားခဲ့သည်။
သူ့ရဲ့ ပုံရိပ်တော့ သွားပါပြီ။
သို့သော်လည်း သူသည် လင်းပေါင်အာနှင့် ပတ်သက်၍ အလွန် စိတ်ကျေနပ်မိသည်။
ပေါင်အာသည် ငယ်ရွယ်သေးသော်လည်း အလွန်ဂရုစိုက်တတ်သူဖြစ်သည်။
အချက်အပြုတ် ကျွမ်းကျင်၍ တစ်ပါးသူကိုလည်း ပြုစုပေးနိုင်သည့် တပည့်ကောင်းတစ်ယောက်ဖြစ်သည်။
“ဆရာ၊ အဲ့ဒီ့မိစ္ဆာကြီးသုံးကောင်က ဒီမှာဘာလုပ်နေတာလဲ”
ချန်ချန်ကန်းက ဂရုစိုက်ခြင်းမရှိပေ။
“သူတို့ ဘာပဲလုပ်လုပ်၊ ဆရာတို့ကိုဒုက္ခမပေးသရွေ့ ဆရာတို့နဲ့ မဆိုင်ဘူး”
“အဲ့ဒီ့မိစ္ဆာကြီးသုံးကောင်က တပည့်တို့ကို ဒုက္ခပေးချင်ရင်ရော ဘယ်လိုလုပ်မလဲ ဟင်”
“မြွေစွပ်ပြုတ်၊ အမဲသားဟော့ပေါ့နဲ့ မြေခွေးကြော်အဖြစ် လုပ်စားရင်လည်း မဆိုးပါဘူး” ချမ်ချန်ကန်းမှ သူ၏ နှုတ်ခမ်းကိုသပ်၍ ပြောလိုက်သည်။
“မြွေစွပ်ပြုတ်၊ မြေခွေးကြော်ကို တပည့် လုပ်တတ်ပါတယ်၊ ဒါပေမယ့် အမဲသား ဟော့ပေါ့က ဘာလဲဆိုတာ တပည့်နားမလည်ဘူး ဆရာ”
“အမဲသားဟော့ပေါ့က အရမ်းမွှေးပြီး စပ်တဲ့ အရသာရှိတာမျိုး၊ မြည်းကြည့်လိုရအောင် နောက်ကြရင် ဆရာ ချက်ပေးမယ်။”
ချမ်ချန်ကန်းက ပြုံးလိုက်သည်။
လင်းပေါင်အာ၏ မျက်လုံးများ ကြယ်ကလေးများ ကဲ့သို့ လင်းလက်သွားခဲ့သည်။
“အဲ့ဒါဆိုရင် ဆရာ ကိုယ်တိုင်ချက်ကျွေးတဲ့ ဟင်းကို မျှော်နေမယ်နော်”
“အခု ဗိုက်ဆာနေပြီလား”
ချမ်ချန်ကန်းက မေးလိုက်သည်။
“ဆာတယ် ဆရာ”
“ဒါဆို ဆရာနဲ့ သွားစားရအောင်”
“ဟုတ်၊ ဟုတ်”
ထို့နောက်တွင်၊ ချမ်ချန်ကန်းနှင့် လင်းပေါင်အာတို့သည် မိစ္ဆာဘုရင်သုံးဦး၏ တိုက်ပွဲကို ဂရုမစိုက်ကြတော့ဘဲ ခြံဝင်းအတွင်းရှိ မီးဖိုတဝိုက်တွင် ကျားခြေထောက်စွပ်ပြုတ်ကို အတူတူစားနေကြသည်။
ဤမိစ္ဆာဘုရင်များ၏ တိုက်ပွဲသည် အလွန်ပြင်းထန်သည်။
သဲများနှင့် ကျောက်တုံးများလွင့်ပျံသွားခြင်း၊ မြေပြင်နှင့် တောင်တန်းများ တုန်ခါခြင်း၊ မရေမတွက်နိုင်သော ကျောက်ဆောင်များ ပြိုကျခြင်း၊ သစ်ပင်များ ပြိုလဲကျခြင်းတို့ဖြင့် ဖေးရှန့်တောင်တစ်ခုလုံးကို ပို၍ပင် ဖရိုဖရဲ ဖြစ်စေသည်။
သို့သော် မိစ္ဆာဘုရင်သုံးပါး၏ ခွန်အားကွာခြားချက်မှာ သိပ့်ကွာခြားခြင်းမရှိသောကြောင့် ဤတိုက်ပွဲတွင် ၎င်းတို့အားလုံး အနိုင်ရနေသော်လည်း လက်ရှိအချိန်အထိ အောင်နိုင်သူဟူ၍ မရှိသေးပေ။
သူတို့သည် ခန္ဓာကိုယ်များ ပြန်လည် ပြောင်းလဲ၍ တိုက်ပွဲကို ရပ်တန့်လိုက်ရသည်။
မြွေက ခွန်းတုံ့ပြန်လိုက်သည်။
“ဒီအတိုင်း ဆက်တိုက်ခိုက်နေလို့မဖြစ်ဘူး။ ဒီအတိုင်းသာဆိုရင် ဘယ်သူက အနိုင်ရသူလဲဆိုတာ အချိန်တိုအတွင်းပြောနိုင်မှာမဟုတ်ဘူး”
“ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ”
ထုံပါ့ယဲ့က ငြီးငွေ့နေသော အသံဖြင့် ပြန်ပြောလိုက်သည်။
ဟုန်ရီးက ခပ်ပြုံးပြုံးလေးပြောလိုက်သည်။
“ ဉာဏ်ရည်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်နဲ့ အခုလိုတွေ့ရတော့ ကျွန်မတို့အားလုံး ဘယ်သူကမှ လက်လွှတ်ချင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူ့အမြင်ကို မမေးကြည့်ရသေးဘူးလေ။ အဲ့ဒီ့တော့ သူဘယ်လိုရွေးချယ်လဲဆိုတာ ကြည့်ပြီး ဆုံးဖြတ်ကြရင်ရော ဘယ်လိုလဲ”
မြွေနယ့်နယ့်နှင့် ထုံပါ့ယဲ့က သဘောတူခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ငါတို့ တစ်ယောက်ကိုတစ်ယောက် မယှဉ်ပြိုင်နိုင်မှတော့၊ ဘယ်သူ့ကိုဆရာအဖြစ် ကိုးကွယ်မလဲဆိုတာ သူ့ကိုပဲ ရွေးခိုင်းကြတာပေါ့”
မိစ္ဆာဘုရင်သုံးပါးသည် ကောင်းကင်မှသက်ဆင်း၍ အင်မော်တယ်ဘုရားကျောင်း၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့သည် အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြသော်လည်း လင်းပေါင်အာကို အမြဲတမ်း အာရုံစိုက်နေခဲ့ကြသည်။
အင်မော်တယ်ဘုရားကျောင်းထဲမှ ထွက်လာသော ချမ်ချန်ကန်းကိုလည်း သတိထားမိကြသည်။
သို့သော် ၎င်းတို့သည် ချမ်ချန်ကန်းကို အာရုံစိုက်ခဲ့ခြင်းမရှိခဲ့ပေ။ မည်သို့ဆိုသော် ချမ်ချန်ကန်းထံမှ ကျင့်ကြံခြင်းနှင့်ပတ်သက်သော အတက်အကျ တစ်စုံတစ်ရာ မခံစားခဲ့ရသောကြောင့် ချမ်ချန်ကန်းသည် သာမန်လူဖြစ်မည်ဟု ထင်သောကြောင့်ဖြစ်သည်။
မိစ္ဆာဘုရင်သုံးဦးတို့၏ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်မြင်တွေ့ရချိန်တွင် မိစ္ဆာ သို့မဟုတ် ကျင့်ကြံသူ မည်သူမဆို ထိတ်လန့်ကြောက်ရွံ့နေကြလိမ့်မည်။
သို့သော်လည်း ချမ်ချန်ကန်းနှင့် လင်းပေါင်အာတို့သည် ဤခြံဝန်းကျဉ်းလေးထဲမှာသာ အစားအစာများ စားသောက်နေကြသည်။
ဤဖြစ်စဉ်ကို မိစ္ဆာဘုရင်သုံးပါးက တစ်ခါမှ မစဉ်းစားမိခဲ့ပေ။
“ ဆရာ &?@ မိစ္ဆာ အစုပ်ပလုပ်တွေ ဒီကိုလာနေပြီ@!¥&#”
လင်းပေါင်အာသည် ကျားခြေထောက်ကို ကိုက်၍ ပါးများဖောင်းကားကာ ပလုတ်ပလောင်းဖြစ်နေသောကြောင့် သူမ၏ စကားများသည် မပြတ်မသားဖြစ်နေသည်။
ချမ်ချန်းကန်းသည် ပလုတ်ပလောင်းဖြစ်နေရာမှ မျိုချ၍ ပြောလိုက်သည်။
“မဟုတ်မှလွဲရော ဒီမိစ္ဆာသုံးကောင်ကလဲ ဒီကို အင်မော်တယ်ရတနာကြောင့် ရောက်လာခဲ့တာများလား”
သို့သော်လည်း ချမ်ချန်ကန်းသည် မိစ္ဆာဘုရင်သုံးဦးထဲမှ ဟုန်ရီကို သူ၏ မျက်လုံးထောင့်မှ မြင်လိုက်သောအခါ သူ၏မျက်လုံးများ အရောင်တောက်သွားတော့သည်။
ဤအမျိုးသမီးသည် အရှေ့ဘက်တွင် မို့မောက်၍ အနောက်ဘက်သည် ကွေးကောက်နေသောကြောင့် အလွန်လှပပြီး ဆွဲဆောင်မှုရှိလှသည်။