← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း(၂၁) ဆရာက သန်မာလွန်းတာလား၊ မိစ္ဆာကြီးက အားနည်းလွန်းတာလား

လင်းပေါင်အာသည် ကောင်းကင်ဘုံ၏ဂုဏ်ယူစရာကောင်းသော သမီးတော်တစ်ယောက်ဖြစ်သည့်အလျှောက် သူမတွင် ဘယ်လိုလုပ် ဆရာမရှိဘဲ နေနိုင်မည်နည်း။

ဟုန်ရီက မေးလိုက်သည်။

“ဒါဆို ညည်းရဲ့ဆရာကဘယ်သူလဲ”

လင်းပေါင်အာ၏ဆရာက မည်သူလဲဆိုတာကို မိစ္ဆာဘုရင်သုံးဦးမှ သိချင်နေမိသည်။

လင်းပေါင်အာမှ ဤသို့သော အင်မော်တယ်တစ်ယောက်ဖြစ်မည်ဟူသော သွေးဆောင်မှုကိုပင် ငြင်းဆန်နိုင်ခဲ့ခြင်းမှာ မဟုတ်မှလွဲရော သူမ၏ဆရာသည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိသည် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နေလေမလား။

ချမ်ချန်ကန်းက ပြုံးလိုက်သည်။ ၎င်းတို့သုံးဦးသည် အခုလေးတင် သူ့အားမထီမဲ့မြင်ပြုခဲ့သည်။

ချမ်ချန်ကန်းသာ လင်းပေါင်အာ၏ ဆရာဖြစ်သည်ကိုသိသွားခဲ့လျှင် ၎င်းတို့မှ မည်သို့ ခံစားရမည်ကို သူမသိပေ။

လင်းပေါင်အာသည် ပြုံး၍ ချမ်ချန်ကန်း၏ အနောက်မှာ ပုန်းနေလိုက်သည်။

“ရှင်တို့အရှေ့ကလူက ကျွန်မဆရာပဲ”

“သူလား..”

ထို့ပါယဲ့၊ ရှဲကျီနယ့်နှင့် ဟုန်ရီတို့အားလုံးသည် လင်းပေါင်အာ၏စကားကိုကြားပြီးနောက် အံ့အားသင့်သွားကြသည်။

ကျင့်ကြံခြင်းအခြေခံမရှိသော၊ ၎င်းတို့မှ လျစ်လျူရှုခဲ့သည့် သာမန်လူ ချမ်ချန်ကန်းသည် ကြောက်မက်ဖွယ်ရာ မိုးကြီးကပ်ဘေးဒဏ်ကို ခံစားခဲ့ရသော ဤပါရမီရှင်မိန်းကလေး၏ ဆရာဖြစ်နေခဲ့သည်။

ဤအရာသည် မိစ္ဆာဘုရင်သုံးပါးမှ စိတ်ကူးကြည့်၍ရနိုင်သော အရာမဟုတ်ပေ။

ချမ်ချန်ကန်းကိုကြည့်၍ လေးနက်သော သံသယစိတ်များ ပေါ်ပေါက်လာခဲ့သည်။

*သူက သူမရဲ့ဆရာတဲ့လား*

မည်သို့ကြည့်စေကာမူ သူသည် လင်းပေါင်အာ၏ ဆရာဖြစ်ရန် အရည်အချင်းပြည့်မီမည်မဟုတ်ပေ။

ဟုန်ရီက ခေါင်းခါ၍ ပြောလိုက်သည်။

“သာမန်လူက ဘယ်လိုလုပ် ညည်းရဲ့ဆရာဖြစ်ဖို့ အရည်အချင်းရှိမှာလဲ”

ထို့ပါ့ယဲ့က လုံးထွေးနေသောလေသံဖြင့် ခေါင်းညိတ်၍ ပြောလိုက်သည်။

“မင်းက အချိန်ဖြုန်းနေတာပဲ”

မြွေသည် ချမ်ချန်ကန်းကို အေးစက်နေသောမျက်လုံးများဖြင့် တည့်တည့်စိုက်ကြည့်၍ ခြိမ်းခြောက်လိုက်သည်။

“သူမက ငယ်သေးတာမို့လို ဒီကောင် လိမ်တာခံထားရတာနေမှာပေါ့။ သူ့ကို သတ်လိုက်ကောင်းမယ်”

လင်းပေါင်အာလည်း ချမ်ချန်ကန်းအတွက် မကျေမနပ်ဖြစ်၍ ပြန်ပြောလိုက်သည်။

“ကျွန်မဆရာက ရှင်တို့ပြောသလို သာမန်လူမဟုတ်ပါဘူး။ သူသာမရှိရင် အခု ကျွန်မက ဒီနေရာမှာ ရပ်နေနိုင်မှာတောင်မဟုတ်ဘူး”

ချမ်ချန်ကန်းသည် စိတ်ဆိုးခြင်းမရှိဘဲ ပေါ့ပါးစွာပြောလိုက်သည်။

“ငါကတော့ ကိုယ့်ကိုယ်ကို သူမရဲ့ဆရာဖြစ်ဖို့ တော်တော်လေး အရည်အချင်းပြည့်မီတယ်လို့ထင်တာပဲ”

“ကောင်းပြီ မင်းက သူမရဲ့ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ထင်မှတော့ မင်းမှာ အရည်အချင်း တကယ်ရှိမရှိကို လက်တစ်ဖက်တည်းနဲ့ နှိမ်နင်းပြမယ်”

ထို့ပါ့ယဲ့တွင်ရှိသော မှော်စွမ်းအင်များသည် ဒေါသမြစ်ကြီး၏ မာန်ဟုန်ပြင်းသော လှိုင်းလုံးကြီးများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းစွာ တဟုန်ထိုးတက်လာပြီး ကောင်းကင်နှင့် မြေကြီးကိုသာ ဖုံးလွှမ်းစေခဲ့သည်။

“မင်းက ငါ့ကို လက်တစ်ဖက်တည်းနဲ့ နှိမ်နင်းချင်တာလား။”

ချမ်ချန်ကန်းသည် ထို့ပါ့ယဲ့ကို ဂရုမစိုက်သည့်ဟန်ဖြင့် လှောင်ရယ်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။

ထို့ပါ့ယဲ့က ပေါက်ကရပြောနေခြင်းမဟုတ်ပေ။

အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ သူသည် နတ်ဆိုးအလင်းရောင်အဖြစ်သို့ ပြောင်းလဲကာ ခြံဝန်းလေးထဲသို့ ပြေးဝင်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူသည် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

“မင်းက ငါ့ကို လက်တစ်ဖက်တည်းနဲ့ နှိမ်နင်းချင်တယ်လို့ ပြောရအောင်၊ ငါ့လက်ချောင်း တစ်ချောင်းကိုတောင် တားနိုင်ပါ့မလား ကြည့်ကြတာပေါ့”

ချမ်ချန်ကန်းက မာနကြီး၍ မောက်မာနေသူဟု ထို့ပါ့ယဲ့က ထင်သောကြောင့် ချမ်ချန်ကန်းကို အရေးမပါသူဟု သတ်မှတ်ထားသည်။

ထိုသို့ သူ့အရှေ့တွင် မောက်မာနိုင်သည့် သတ္တိရှိသူကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ပို၍အရေးကြီးသည်မှာ ဤချမ်ချန်ကန်းသည် သာမန်လူတစ်ယောက်သာဖြစ်သည်။

ဟုန်ရီနှင့် မြွေတို့က ဘေးမှ ရပ်ကြည့်နေလိုက်သည်။

ချမ်ချန်ကန်းသည် မာနကြီးလွန်းသူဟု ချမ်ချန်ကန်း၏စကားကို နားထောင်မိရင်း ခံစားလိုက်ရသည်။

မာနကြီး၍ မောက်မာသော ချမ်ချန်ကန်းသည် ထို့ပါ့ယဲ့ကို တကယ်ပဲ လက်တစ်ချောင်းတည်းဖြင့် ကိုင်တွယ်နိုင်ပါ့မလားဟု ဟုန်ရီနှင့် ရှဲကျီနယ့်တို့မှ သိချင်နေမိသည်။

သို့သော်လည်း ချမ်ချန်ကန်း၏ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှု တစ်စုံတစ်ရာကို မတွေ့ခဲ့ရပေ။

ဆန့်ကျင်ဘက်တွင် ချမ်ချန်ကန်း၏မျက်နှာသည် တည်ငြိမ်ပြှး ထူးခြားသောအမူအရာမရှိသောကြောင့် သူသည် ထို့ပါ့ယဲ့ကို အထင်အမြင်သေးနေသည်ဟု ခံစားရစေသည်။

ဤသို့ခံစားချက်မျိုးသည် ၎င်းတို့ကို ရယ်ဖွယ်ရာဖြစ်စေခဲ့သည်။

ထို့ပါ့ယဲ့ဟူသည် တောင်များနှင့် မြစ်များပေါ်တွင် အုပ်စိုးနေသော အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်၏ မဟာမိစ္ဆာဘုရင်ဖြစ်သည်။

မဟုတ်လွဲရော ချမ်ချန်ကန်းက သူ့ကို တကယ် ရှင်းနိုင်မှာလား။

ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် အရာဖြစ်သည်။

ထိုအချိန်တွင် ထို့ပါ့ယဲ့သည် ချမ်ချန်ကန်း၏ အရှေ့သို့ အပြေးအလွှားရောက်ရှိနေပြီဖြစ်သည်။

သူသည် ကျယ်လောင်စွာအော်၍ သူ၏ ညာဘက်လက်ဖဝါးကို ကိုင်မြှောက်၍ နှိမ့်ချလိုက်သည်။

ဤလက်ဖဝါးတွင် ကြောက်မက်ဖွယ် မှော်စွမ်းအင်များပါဝင်သည်။

အကယ်၍ ၎င်းသည် ချမ်ချန်ကန်းအပေါ်သို့ ကျရောက်လျှင် ချမ်ချန်ကန်းကို သွေးအိုင်တစ်ခုအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲပစ်နိုင်မည်ဟု ထို့ပါ့ယဲ့က ထင်မှတ်ထားသည်။

အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိ ပုဂ္ဂိုလ်၏ ရိုက်ချက်သည် ရွှေဗဟိုချက်နယ်ပယ်အဆင့် ပုဂ္ဂိုလ်သည်ပင် မတားဆီးနိုင်ရာ သူ့အရှေ့တွင်ရှိနေသော ကျင့်ကြံခြင်းအခြေခံမရှိသည့် သာမန်လူသည် ပို၍ပင်မတားဆီးနိုင်ပေ။

အမှန်တော့ ထို့ပါ့ယဲ့သည် ချမ်ချန်ကန်း၏ သေခြင်ရှင်ခြင်းကို ဂရုစိုက်ခြင်းမရှိပေ။

ကောင်းကင်ဘုံ၏ ပါရမီရှင်သမီးတော်ကို လှည့်စားရန် သတ္တိရှိသော ဤမာနကြီး၍ မောက်မာသော လူသည် သူ့လုပ်ရပ်၏ အဖိုးအခကို ပြန်ပေးဆပ်ရမည်မှာ သဘာဝပင်ဖြစ်သည်။

မကြာခင်မှာပဲ ထိုလက်ဖဝါးချက်သည် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်ပေါ် သို့ ကျရောက်လာခဲ့သည်။

ထို့ပါ့ယဲ့သည် ချမ်ချန်ကန်းကို သွေးအိုင်တစ်ခုအဖြစ်သို့ ပြောင်းသွားမည်ဟု ထင်ထားခဲ့သည်။

ဟုန်ရီနှင့် ရှဲ့ကျီနယ့်သည်လည်း ဤသို့သာ ထင်ထားခဲ့ကြသည်။

သို့သော် မိစ္ဆာဘုရင်သုံးဦးကို အံ့အားသင့်စေမည့် ဖြစ်ရပ်မျိုးဖြစ်စေခဲ့သည်။

ချမ်ချန်ကန်းမှာမူ လုံးလုံးလျားလျားကို အန္တရာယ်ကင်းနေခဲ့သည်။ သူ၏ အပေါ်သို့ကျရောက်ခဲ့သော လက်ဖဝါးချက်သည် ချမ်ချန်ကန်းကို ထိခိုက်ခြင်းမရှိခဲ့ပေ။ သွေးအိုင်တစ်ခုအဖြစ်သို့ ရိုက်ခတ်ရန်မှာ ပို၍ပင်မဖြစ်နိုင်ပေ။

မည်သို့ပင်ကြည့်စေကာမူ ထိုလက်ဖဝါးချက်သည် သာမန်လက်ဖဝါးချက်ဟုသာ ခံစားရသည်။

ထို့ပါ့ယဲ့၏ နွားမျက်လုံးများမှယ ပြူးကျယ်သွားတော့သည်။

“မဖြစ်နိုင်ဘူး”

ချမ်ချန်ကန်းက ထို့ပါ့ယဲ့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“လက်ဖဝါးချက်က အားနည်းလိုက်တာ၊ မင်း မနက်စာ မစားရသေးဘူးလား”

ထိုသို့ပြောပြီးနောက် ထို့ပါ့ယဲ့မှ တစ်ခုခုပြောမည်ကို စောင့်မနေဘဲ သူ၏ညာဘက်လက်ညိုးကို ညင်သာစွာ တောက်လိုက်သည်။

လက်ညိုးသည် အားနည်း၍ ပေါ့ပါးစွာ ထွက်လာသော်လည်း ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး စွမ်းအားများ ပါဝင်နေပုံရသည်။

ထို့ပါ့ယဲ့၏ ရင်ဘတ်သည် ထိုစွမ်းအင်ဖြင့် ထိမှန်ခဲ့ပြီး စွမ်းအင်ကြီးမားသော မိစ္ဆာခန္ဓာကိုယ်သည်ပင် သွေးရောင်အပေါက်ကြီးအဖြစ်သို့ ပေါက်ကွဲသွားစေခဲ့သည်။

ကြောက်မက်ဖွယ် အော်ဟစ်သံနှင့်အတူ မီတာဆယ်ဂဏန်းအကွာအဝေးထိ လွင့်ပျံသွားခဲ့သည်။

ပြိုင်ဘက်ကင်းနယ်မြေမှ လွင့်ပျံထွက်တော့မည့်အချိန်တွင် အင်အားစုတစ်ခုဖြင့် သီးခြားချုပ်တည်းထားခြင်းခံခဲ့ရသည်။

ဤမိစ္ဆာဘုရင်သည် သူ၏ပြိုင်ဘက်ကင်းနယ်ပယ်သို့ ဝင်ရောက်လာခဲ့ရာဤသို့ထွက်သွားခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

မြေပြင်ပေါ်သို့ ရိုက်ချခံရသော ထို့ပါ့ယဲ့သည် သူ၏အသက်ဓာတ်များ စီးဆင်းနေသကဲ့လို့ သေလုမတတ် ခံစားနေရသည်။

ဟုန်ရီနှင့် မြွေနယ့်နယ့်တို့ မိစ္ဆာဘုရင်နှစ်ဦးတို့သည်လည်း မျက်လုံးများ ပြူးကျယ်၍ မှင်သက်သွားကြသည်။ ၎င်းတို့မှ မြင်တွေ့ခဲ့ရသော မြင်ကွင်းသည် အလွန်ထိတ်လန့်စရာကောင်းသောကြောင့် စကားတစ်ခွန်းပင် မပြောနိုင်ကြတော့ပေ။

လင်းပေါင်အာသည် သူမဆရာမှ ဒဏ်ရာအပြင်းအထန်ရအောင်ပြုလုပ်ခဲ့သော ထို့ပါ့ယဲ့ကို စူးစူးစိုက်စိုက်ကြည့်ကာ မျက်စောင်းထိုးပြီး ပြောလိုက်သည်။

“ဆရာက သန်မာလွန်းတာလား၊ ဒါမှမဟုတ် ဒီမိစ္ဆာကြီးက အားနည်းလွန်းတာလား”

ပတ်ဝန်းကျင်လည်း အချိန်အတော်ကြာမျှ တိတ်ဆိတ်သွားသည်။

ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်မှာ တွန့်တက်လာခဲ့ပြီး တုန်လှုပ်ခြောက်ခြားနေသော မြွေနယ့်နယ့်နှင့် ဟုန်ရီတို့ကို ကြည့်လိုက်သည်။

“ငါ့လက်ချောင်းတစ်ချောင်းကိုတောင် သူတကယ်မတားနိုင်ပုံပဲ။ မင်းတို့နှစ်ယောက်ရော တားနိုင်မလား ကြည့်ချင်သေးသား”

ချမ်ချန်ကန်း၏ စကားကိုကြားလိုက်ရသော မြွေနှင့်ဟုန်ရီတို့၏ မျက်နှာများမှာ ဖျော့တော့သွားလေ၏။

မိစ္ဆာသုံးဦးတို့၏ စွမ်းအင်သည် တူညီသော်လည်း ထို့ပါ့ယဲ့၏ ခန္ဓာကိုယ်သည် ၎င်းတို့ထဲတွင် အသန်မာဆုံးဖြစ်သည်။

ထို့ပါ့ယဲ့သည် ချမ်ချန်ကန်း၏ လက်ချောင်းတစ်ချောင်းဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အကယ်၍ ထို့ပါ့ယဲ့၏နေရာတွင် ၎င်းတို့သာဆိုလျှင် ချမ်ချန်ကန်း၏ လက်ချောင်းဖြင့် ပစ်သတ်၍ခံရပေမည်လား။

ချမ်ချန်ကန်း၏ အကြည့်များကို ရင်ဆိုင်ရသော ၎င်းတို့သည် ကြောက်ရွံ့ထိတ်လန့်ခြင်းကို ခံစားလိုက်ရသည်။

ယနေ့တွင် ၎င်းတို့သည် သံပြားကို ကန်မိသကဲ့သို့ ထိုအင်အားကြီးပုဂ္ဂိုလ်ကို စော်ကားမိလေသည်။

“အဲ့ဒီ့တော့ ငါ့က သူမရဲ့ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီပြီလို့ ထင်ကြလား”

မြွေနှင့် ဟုန်ရီတို့ခမျာ ၎င်းတို့၏ နဖူးပေါ်မှ ချွေးစေးများကျနေလျှက် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ကြသည်။

၎င်းတို့အရှေ့တွင်ရှိနေသည့် သာမန်ဟုထင်ရသော ချမ်ချန်ကန်းကို မျက်နှာမူလျှက် ဘာပြောရမှန်းမသိဖြစ်နေကြသည်။

၎င်းတို့၏စိတ်မှာ လွန်စွာရှုပ်ထွေးနေကြသည်။

ချမ်ချန်ကန်းသည် ထို့ပါ့ယဲ့ကို လက်ချောင်းတစ်ချောင်းတည်းဖြင့် အပြင်းအထန် ထိခိုက်နိုင်သဖြင့် သူသည် မည်ကဲ့သို့သန်မာသူဖြစ်မည်နည်း။

ကျူရှို့တိုက်ကြီးတွင် ကျင့်ကြံခြင်းအဆင့်သည် စည်းမျဥ်းကြပ်မတ်ထားခဲ့သောကြောင့် နယ်ပယ်တစ်ခုစီ၏ အင်အားကွာဟချက်သည် အလွန်ကွာခြားသည်ဟု ဆိုနိုင်သည်။

ချီသန့်စင်ခြင်းနယ်ပယ်!

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း!

ရွှေဗဟိုချက်နယ်ပယ်!

အခြေတည်စိတ်ဝိညာဉ်နယ်ပယ်!

နတ်ဘုရားအသွင်းပြောင်းခြင်းနယ်ပယ်!

ကျူရှို့တိုက်တွင် ဂိုဏ်းတစ်ခုကို ဦးဆောင်သည့် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိပုဂ္ဂိုလ်သည် ဘုရင်ဟုခေါ်ဆိုပြီး ၎င်း၏တိုက်ခိုက်ရေးစွမ်းအင်သည် ထိပ်တန်းဖြစ်တည်မှုဟု ခေါ်ဆိုနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။

အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကို ကျော်လွန်ပြီး နတ်ဘုရားအသွင်ပြောင်းခြင်းသည် ရှားပါးသောတည်ရှိမှုတစ်ခုပင်ဖြစ်သည်။ မိစ္ဆာဘုရင်များအနေဖြင့် ၎င်းတို့သည်လည်း နတ်ဘုရားများကို သိမြင်နိုင်သည်။

မဟုတ်မှလွဲရော ၎င်းတို့၏အရှေ့တွင်ရှိနေသည့် သာမန်ဟုထင်ရသော ချမ်ချန်ကန်းသည် နတ်ဘုရားအသွင်ပြောင်းခြင်းများ ဖြစ်နေလေမလား....။

ကြောင်အမ်းအမ်းနှင် တိတ်ဆိတ်နေကြသော ဟုန်ရီနှင့် မြွေနယ့်နယ့်ကိုကြည့်၍

ချမ်ချန်ကန်းက ပြုံးလိုက်သည်။

“မင်းတို့ရဲ့သူငယ်ချင်းလို ငါ့ကို မနှိမ်နင်းချင်ဘူးလား”

ဟုန်ရီနှင့် မြွေနယ့်နယ်တို့သည် ထို့ပါ့ယဲ့၏ဖြစ်ရပ်ကို သင်ခန်းစာယူ၍ ချမ်ချန်ကန်းကို နှိမ်နင်းရန် မည်သို့မျှ သတ္တိရှိကြမည်မဟုတ်ပေ။

၎င်းတို့သည် ဤနေရာမှ ထွက်ပြေးလွတ်မြောက်ချင်သည်ဟူသော အတွေးတစ်ခုသာရှိနေတော့သည်။

သို့သော်လည်း ၎င်းတို့သည် အေးခဲနေသောကျောက်ရုပ်ကဲ့သို့ လှုပ်ရှားနိုင်ခြင်းမရှိကြပေ။

ချမ်ချန်ကန်းသည် ၎င်းတို့ကဲ့သို့ တန်ခိုးကြီးသော မိစ္ဆာဘုရင်များကိုပင် ထိတ်လန့်စေခဲ့သည်။

၎င်းတို့သည် ဤနေရာမှ ထွက်ပြေးရန်ကြိုးစားလျှင် ချမ်ချန်ကန်းက လိုက်လံသတ်ဖြတ်မည်ကို ကြောက်ရွံ့နေကြသည်။

ချမ်ချန်ကန်း၏ ကြောက်မက်ဖွယ် အစွမ်းသတ္တိကို မြင်ပြီးသည့်နောက် ၎င်းတို့သည် ချမ်ချန်ကန်းတွင် ဤသို့ သတ်ဖြတ်နိုင်သည့် အစွမ်းရှိသည်ကို သံသယရှင်းစွာ ယုံကြည်ကြသည်။

၎င်းတို့သည် မိစ္ဆာဘုရင်များဖြစ်သော်လည်း ၎င်းတို့တွင် အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်တွင်သာရှိသေးသည်။

ထို့ကြောင့် ချမ်ချန်ကန်းမှ ၎င်းတို့အား သတ်ဖြတ်ရန် အတွေးရှိနေသရွေ့ ၎င်းတို့ကို ဖယ်ရှားနိုင်မည်ဖြစ်သည်။

နတ်ဘုရားအသွင်ကူးပြောင်းခြင်းသည် မည်မျှကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုဖြစ်သည်ကို ၎င်းတို့သိထားသည်။

ဤနေ့တွင် မည်သို့ကြောင့် ကောင်းကင်ဘုံ၏ ပါရမီရှင်သမီးတော်သည် ချမ်ချန်ကန်း၏ တပည့်ဖြစ်ရသည်ကို နောက်ဆုံးတွင် နားလည်လိုက်ကြသည်။

သူတို့သည် လင်းပေါင်အာကို ၎င်းတို့၏ တပည့်အဖြစ် လက်ခံချင်ကြသေးသည်။

အဆုံးတွင် ၎င်းတို့သိလိုက်ရသည်မှာ

ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ ဆရာဖြစ်ရန် အရည်အချင်း မပြည့်မီခြင်းမဟုတ်ဘဲ ၎င်းတို့ကသာ အရည်အချင်း မပြည့်မီသူများဖြစ်သည်။

All Chapters