← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း(၂၂) ကျင်းတူးပြီး အင်မော်တယ်သစ်ပင်စိုက်ခြင်း

ဟုန်ရီနှင့် မြွေခမျာ အလွန် ကြောက်လန့်နေကြသည်။

ကံမကောင်းစွာပင် ချမ်ချန်ကန်းသည် အင်အားကြီးမားသော်လည်း လက်ရှိအချိန်တွင် ၎င်းတို့ကို ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်ကြောင်း ၎င်းတို့မှ မသိခဲ့ပေ။

မည်သို့ဆိုသော် မြွေနယ့်နယ့်နှင့် ဟုန်ရီတို့သည် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်ပယ်အတွင်းသို့ ယခုအချိန်ထိ ဝင်ရောက်ခဲ့ခြင်းမရှိပေ။

“ဒီမိစ္ဆာနှစ်ကောင် ပြိုင်ဘက်ကင်းနယ်ပယ်ထဲကို ဝင်လာအောင် နည်းလမ်းရှာရမယ်”

ချမ်ချန်ကန်းမှ တွေးနေမိသည်။

အထူးသဖြင့် မြွေ၏လက်ထဲရှိသော ပစ္စည်းကောင်းတစ်ခုဖြစ်သည့် ကျူးယန်အင်မော်တယ်အသီးကို ချမ်ချန်ကန်းမှ လိုချင်နေမိသည်။

*ဟီးဟီး ဟုန်ရီက အရမ်းညှို့ယူဖမ်းစားနိုင်တဲ့ အလှပဂေးလေးဆိုတော့ အိပ်ရာနွေး‌စေတဲ့ အစေခံလေးအဖြစ် ငါ့နားမှာအနားတွင် ခစားခိုင်းမယ်ဆိုလည်း မဆိုးလှဘူး*

*အဟမ်း...အဟမ်း..သောက်ကျိုးနည်း ငါဘယ်လိုတောင် ပေါက်ကရတွေ စဉ်းစားနေတာပါလိမ့်*

“ဟေ့ ဘာလို့ စကားမပြောတော့တာလဲ”

မြွေနှင့် ဟုန်ရီတို့လည်း အသိစိတ်ပြန်ကပ်လာခဲ့သည်။

၎င်းနှစ်ဦးခမျာ ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်၏။

အရှက်ရသွား၏။ ၎င်းတို့ ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။

လင်းပေါင်အာ၏ ခေါင်းလေးကို ကိုင်လျှက် ချမ်ချန်ကန်းက ပြောလိုက်သည်။

“မင်းတို့ သူမကို တပည့်အဖြစ် လက်ခံချင်သေးလား”

မြွေနှင့် ဟုန်ရီလည်း ကမန်းကတန်း ခေါင်းခါပြလိုက်သည်။

“ လက်မခံရဲတော့ပါဘူး၊ သူမအတွက်က အကြီးအကဲကို ဆရာအဖြစ် ကိုးကွယ်ရတာက ဂုဏ်ယူစရာပါ။ ကျွန်တော်တို့က သူမကို တပည့်အဖြစ် လက်ခံနိုင်တဲ့ အရည်အချင်းမရှိပါဘူး”

မြွေက မျက်နှာချိုသွေးဟန်ဖြင့် စပ်ဖြီးဖြီးပြုံးပြလိုက်သည်။

ဟုန်ရီသည် ချမ်ချန်ကန်းက တစ်စုံတစ်ခု ပြုလုပ်မည်ကို စိုးရိမ် ထိတ်လန့်နေသောကြောင့် အသင့်အနေအထားဖြစ်နေခဲ့သည်။

“ဟမ့် အခုတော့ မင်းတို့ ရှင်းရှင်းလင်းလင်း သိသွားကြပြီပေါ့”

ရုတ်တရက်ဆိုသလိုပင် ချမ်ချန်ကန်းက မြွေကို ရွဲ့ဟန်ဖြင့် ပြောလိုက်သည်။

“ဒါဆို သေရော သေချင်လား”

မြွေ၏အပြုံးမှာ ရုတ်တရက် အေးခဲသွားကာ သူ့နှလုံးသားသည်လည်း အလွန်တုန်လှုပ်ပြီး ထိတ်လန့်သွားခဲ့သည်။

“ဘာမှပြန်မပြောဘူးဆိုတော့ သေချင်တယ်ဆိုတဲ့သဘောလား”

မြွေနယ့်နယ့်၏ စိတ်ဝိညာဉ်ခမျာ သုံးပေခန့်အထိ ပျံသန်းသွားသကဲ့သို့ အလွန်ထိတ်လန့်သွားသည်။

“မဟုတ်ဘူး မဟုတ်ဘူး... ကျွန်တော် မသေချင်ပါဘူး အကြီးအကဲရယ်”

“အိုး..မသိပါဘူး၊ သေချင်နေတယ်လို့ ထင်နေတာ”

ဘေးတွင်ရှိသော လင်းပေါင်အာက မထိန်းနိုင်ဘဲ ထရယ်လိုက်မိသည်။

ဤမိစ္ဆာဘုရင်က ဆရာ့အရှေ့မှာ ဘယ်လိုလုပ် ဒီလောက်ထိတ်လန့်နေရတာပါလိမ့်။

မည်သို့ဆိုစေကာမူ ရယ်စရာကောင်းလွန်းလှသည်။

မြွေ၏ မျက်နှာသည် ဖြူဆွတ်သွားပြီး နဖူးမှ ချွေးစေးများထွက်လာခဲ့သည်။ သူသည် ခေါင်းကိုငုံ့ချလိုက်၏။

ချမ်ချန်ကန်းသည် ရှဲ့ကျီနယ့်ကို သတ်ပြီးသည်နှင့် သူမအလှည့်သို့ရောက်လာမည်ဟု ဘေးတွင်ရှိနေသော ဟုန်ရီက ထင်မှတ်ထားသည်။

သူမသည် ပန်းကလေးတစ်ပွင့်ကဲ့သို့ လှပသော်လည်း ချမ်ချန်ကန်းသည် အလှလေးကို သနား၍ ကျောက်စိမ်းကို မြတ်နိုးတန်ဖိုးထားမည့် လူမျိုးဖြစ်နိုင်မည် မဟုတ်ပေ။

“မသေချင်ဘူးဆိုရင် မင်းလက်ထဲက ကျူးယန်အင်မော်တယ်အသီးကို ပေးလိုက်ရုံပဲ။”

ချမ်ချန်ကန်းက ပြောလိုက်သည်။

“ဒီမှာပါ အကြီးအကဲ”

မြွေသည် တုံ့ဆိုင်းမနေဘဲ ကျူးယန်အင်မော်တယ်အသီးကို ချမ်ချန်ကန်းအား အမြန်ပေးလိုက် သည်။

ချမ်ချန်ကန်းသည် နီမြန်း၍ မွှေးပျံ့နေသော ဤကျူးယန်အင်မော်တယ်အသီးကို စူးစူးစိုက်စိုက်ကြည့်နေသည်။

“ဒါက ကျူးယန်အင်မော်တယ်သစ်သီး ဆိုတာလား”

“ဟုတ်ပါတယ် အကြီးအကဲ”

နဖူးမှ ချွေးစေးများ စီးကျလျက်ရှိသော မြွေက တလေးတစား ပြန်ဖြေလိုက်လေ၏။

တစ်ဖက်တွင် ကျူးယန်အင်မော်တယ်အသီး၏ စွဲဆောင်မှုရှိသော ရနံ့ကိုရှူရှိုက်မိသော လင်းပေါင်အာ၏ မျက်လုံးများ အရောင်တောက်ပလာ၍

အနည်းငယ်မျှ သရေယိုသွားခဲ့သည်။

“စကားမစပ် ဒီအင်မော်တယ်အသီးက ထူးခြားတယ်လို့ မင်းပြောခဲ့သလားလို့”

ကျူးယန်အင်မော်တယ်အသီး။

ချမ်ချန်ကန်းသည် သူ့ဆရာထံမှ ထိုသစ်သီးအကြောင်းကို ကြားခဲ့ဖူးသည်။

ကျူးယန်အင်မော်တယ်သစ်ပင်သည် အထက်ဘုံမှ ပြုတ်ကျလာသည့် အပင်ဟုကြားခဲ့ဖူးသည်။ ကျူးယန်အင်မော်တယ်အသီးသည် လူသားများကို နုပျိုလှပစေရုံသာမက ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ပြန်လည်ပုံဖော်၍ ၎င်းတို့၏ခန္ဓာကိုယ်ကို အင်မော်တယ်အဖြစ်သို့ ပြောင်းလဲရန် ကူညီပေးနိုင်သေးသည်။

ကြားရုံသာကြားခဲ့ခြင်းဖြစ်ပြီး ဤကောလဟာလဟာ မှန်ကန်ခြင်းရှိမရှိကို ချမ်ချန်ကန်းသည်လည်း သေချာမသိပေ။

ယခုမူကား သူ့လက်ထဲတွင် ဤအင်မော်တယ်အသီး ရှိနေခဲ့ပြီဖြစ်သောကြောင့် စမ်းသပ်ကြည့်နိုင်မည်ဖြစ်သည်။

ကျူးယန်အင်မော်တယ်အသီးကို စားသုံးခြင်းဖြင့် အင်မော်တယ်ခန္ဓာကိုယ်သို့ အမှန်တကယ်ပြောင်းလဲသွားခဲ့လျှင် ဤသည်မှာ သတင်းကောင်းတစ်ခုပင်ဖြစ်သည်။

“အကြီးအကဲကို အစီရင်ခံတင်ပြရမယ်ဆိုရင် ဒီကျူးယန်အင်မော်တယ်အသီးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်က ရှေးဟောင်းကြေးနီတောင်တန်းမှာ ကျွန်တော်တို့ ရွှေစပါးအုံးဘိုးဘေးတစ်ယောက်က ရရှိခဲ့တာပါ။ အဲ့ဒီ့နေ့မှာပဲ အထက်ဘုံက အင်မော်တယ်တွေက ကမ္ဘာမြေပေါ်ကို သက်ဆင်းပြီး ကျူးယန်အင်မော်တယ်သစ်သီးတွေကို ယူဆောင်သွားခဲ့တာကြောင့် ဤကျူးယန်အင်မော်တယ်သစ်သီး တစ်ခုသာ ကျန်ရစ်ခဲ့တာပါ”

ချမ်ချန်ကန်းလည်း အံ့သြသွားသည်။ သူသည် ရှေးဟောင်းကြေးနီတောင်တန်းသည် ဖုန့်ကျိုးတွင်တည်ရှိသည်ဟု သိထားသည်။ ထာဝရအသက်ရှည်ဂိုဏ်းသည်လည်း ဖုန့်ကျိုးတွင်ရှိခဲ့သည်။ ၎င်းတောင်တန်းသည် အလွန်ဆိုးရွားလှသော တစ်သက်တာ တားမြစ်နယ်မြေတစ်ခုဖြစ်သည်။ အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့်လျှင်ပင် ထာဝရတားမြစ်နယ်မြေထဲသို့ ၀င်မိသည်နှင့်တပြိုင်နက်တည်း သေဆုံးသွားနိုင်သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။

မြွေနယ့်နယ့်၏ ဘိုးဘေးသည် ထာဝရတားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤရှုထောင့်မှကြည့်လျှင် ရွှေစပါးအုံးမျိုးနွယ်၏ဘိုးဘေးများသည် နက်နဲသော ကျင့်ကြံခြင်းအခြေခံရှိကြပုံရမည်။ ၎င်းတို့သည် အခြေတည်ဝိညာဥ်နယ်ပယ်ကို ကျော်လွန်၍ နတ်ဘုရားအသွင်ကူးပြောင်းခြင်းဖြစ်ပေမည်။

မြွေနယ့်နယ်သည် ချမ်ချန်ကန်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ထိုစကားများ ပြောခဲ့ခြင်းဖြစ်သည်။

နတ်ဘုရားအသွင်ပြောင်းသူဆိုပြီး လှည့်စားဖို့မစဉ်းစားနဲ့။ ငါတို့ရွှေစပါးအုံးမျိုးနွယ်မှာလည်း နတ်ဘုရားအသွင်ပြောင်းသူရှိတယ် ဟုဆိုလိုရင်းဖြစ်သည်။

ချမ်ချန်ကန်းသည် မြွေနယ့်နယ်၏ ရည်ရွယ်ချက်ရှိရှိပြောခဲ့သော စကားသံကို နားလည်လိုက်သော်လည်း ဂရုစိုက်ခြင်းမရှိပေ။

ချမ်ချန်ကန်းသည် လင်းပေါင်အာ၏ သရေယိုနေသောအပြုအမူနှင့် သူ၏ လက်ထဲတွင်ရှိနေသော ကျူးယန်အင်မော်တယ်သစ်သီးကို စူးစူးစိုက်စိုက်ကြည့်နေသော အပြုအမူကို တွေ့လိုက်ရသည်။

ချမ်ချန်ကန်းက ပြုံး၍ မေးလိုက်သည်။

“စားချင်လို့လား”

“တပည့် စားလို့ရမလား ဆရာ”

လင်းပေါင်အာက တံတွေးမျိုချ၍ ပြောလိုက်သည်။

“ စားချင်ရင်စားလိုက် အလယ်အူတိုင်ကို ဆရာ့အတွက် ချန်ထားလိုက်”

ကျူးယန်အင်မော်တယ်သစ်သီးသည် ပစ္စည်းကောင်းတစ်ခုဖြစ်ရာ ဤကျူးယန်အင်မော်တယ်သစ်သီးကို ‘အလုံးစုံသောသက်ရှိများ’ ဖြင့် စိုက်ပျိုး၍ ရနိုင်မည် မရနိုင်မည်ကို မသိသေးပေ။

ဤသို့ စိုက်ပျိုးနိုင်မည်ဆိုလျှင် ကျူးယန်အင်မော်တယ်သစ်သီးသည် သူ့လက်ထဲတွင် တမူထူးခြားတော့မည် မဟုတ်ပေ။

စီရင်စုကိုးခုတိုက်ကြီးရှိ မိန်းကလေး မည်မျှလောက် သူ့လက်ထဲတွင်ရှိနေသော ကျူးယန်အင်မော်တယ်သစ်သီးကို ရူးသွပ်နေမည် မသိပေ။

ထို့ကြောင့် ချမ်ချန်ကန်းသည် ဤအင်မော်တယ်သစ်သီးကို လင်းပေါင်အာသို့ ပေးရမည်ကို တုံ့ဆိုင်းမနေခြင်းဖြစ်သည်။

သို့သော်လည်း လင်းပေါင်အာက မသိခဲ့ပေ။ သူမသည် အလွန်စိတ်လှုပ်ရှားပြီး နှုတ်ခမ်းထောင့်သည်လည်း လခြမ်းလေးကဲ့သို့ ကွေးကောက်သွားခဲ့သည်။

“ဟီးဟီး...ဆရာက အရမ်း သဘောကောင်းတာပဲ”

“ဆရာရော မစားတော့ဘူးလားဟင်”

ချမ်ချန်ကန်းက ခေါင်းခါ၍ ပြောလိုက်သည်။

“မစားတော့ဘူး”

ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်များက တွန့်တက်လာခဲ့သည်။ သူသည် ကျူးယန်အင်မော်တယ်သစ်သီးကို စိုက်ပျိုးနိုင်လျှင် လိုသည်ထပ်ပို၍ စားနိုင်မည်ဖြစ်သည်။

“ကောင်းပါပြီ ဆရာ”

လင်းပေါင်အားသည် ဟန်ဆောင်ပန်ဆောင်ပြုမနေဘဲ ပြုံးရွှင်လျက် သူမဘာသာသူမ ကိုက်စားလိုက်သည်။

“အ့......”

မြွေ၏ဘေးတွင်ရှိနေသော ဟုန်ရီက အားကျနေမိသည်။

သူမလည်း ကျူးယန်အင်မော်တယ်သစ်သီးကို စားချင်မိသည်။

“ဆရာ ကျူးယန်အင်မော်တယ်သစ်သီးက အရမ်းချိုတာပဲ”

လင်းပေါင်အာ၏ မျက်လုံးများက တောက်ပလာသည်။

မကြာမီတွင် လင်းပေါင်အာသည် ကျူးယန်အင်မော်တယ်သစ်သီးကိုစားပြီး သူမခန္ဓာကိုယ်တစ်လုံး အရောင်များဖြာထွက်၍ မွှေးပျံ့လာကာ သူမ၏အသွင်အပြင်သည်လည်း လုံးလုံးလျားလျား အသစ်တစ်ခုအလား ဖြစ်လာတော့သည်။

ချမ်ချန်ကန်းက ကြည့်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ချမ်ချန်ကန်း၏မျက်လုံးများ လင်းလက်လာခဲ့သည်။ လင်းပေါင်အာ၏ ခန္ဓာကိုယ်သည် အမှန်တကယ် ပြောင်းလဲသွားသည်ကို သတိပြုမိခဲ့ရာ သူမ၏ အသွေးအသားထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအငွေ့အသက်များ အနည်းငယ် ရှိနေသည်ကိုလည်း တွေ့ရသည်။

ယခင်က လင်းပေါင်အာ၏ အသွေးအသားထဲတွင် ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုများမရှိခဲ့ပေ။

ထိုဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် သူ့ဆရာပြောခဲ့သော အရာများသည် ကောလာဟလများမဟုတ်ဘဲ အစစ်အမှန်များဖြစ်နေသည်ကို သိနိုင်သည်။

ကျူးယန်အင်မော်တယ်သစ်သီးသည် သာမန်ခန္ဓာကိုယ်ကို အင်မော်တယ်ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။

အထက်ဘုံက အင်မော်တယ်အသီးဆိုသည့်အတိုင်း အံ့ဩစရာကောင်းလှသည်။

လင်းပေါင်အာသည် အင်မော်တယ်သစ်သီးကို နှစ်ကိုက် သုံးကိုက်စားပြီးနောက် သူမမျက်နှာမှယ သိသာထင်ရှားစွာ ပြောင်းလဲသွားသည်။ ဟုန်ရီသည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူမစိတ်ထဲတွင် သက်ပြင်းမချနိုင်ဘဲမနေနိုင်လောက်ဖြစ်မိသည်။ သူမသည် အမှန်တကယ်ပင် မနာလိုဖြစ်မိ၏။

“ဆရာ ဒီမှာ ကျူးယန်အင်မော်တယ်သစ်သီးရဲ့အူတိုင်ပါ”

လင်းပေါင်အာသည် ကျန်ရှိနေသော အသီး၏ အူတိုင်ကို ချမ်ချန်ကန်းအား ပေးလိုက်သည်။

မြွေနှင့် ဟုန်ရီတို့သည် ချမ်ချန်ကန်းက ဤအလယ်အူတိုင်ကို အဘယ်ကြောင့်လိုချင်ရသနည်းဟု တွေးနေမိသည်။

မနီးမဝေးတွင်ရှိသော ထို့ပါ့ယဲ့သည် အပေါ်သို့ပြန်တက်လာပြီဖြစ်သည်။ ထုံပါ့ယဲ့၏ ရင်ဘတ်သည်လည်း ပိုင်းခြားရန် မလွယ်လောက်အောင် ဒဏ်ရာအပြင်းအထန်ရခဲ့ရာ အလွယ်တကူ ပြန်လည်ကုသနိုင်မည့်ပုံ မပေါ်ပေ။

ချမ်ချန်ကန်းသည် အင်အားကြီးမား၍ တောင်ကြီးတစ်ခုကဲ့သို့ ကြီးကျယ်မြင့်မြတ်သည်ကို ထို့ပါ့ယဲ့မှ မြင်ခဲ့ရ၍၊

ယခု သူ့ကို တိုက်ခိုက်ခဲ့သော စွမ်းအားလျှင်ပင် ချမ်ချန်ကန်း၏စွမ်းအင်များထဲမှ ရေခဲတောင်ထိပ်ဖျားလေးမျှသာရှိသေးသည်။

ယခု သူသည် မမောက်မာရဲတော့ဘဲ လိမ္မာပါးနပ်၍ ရိုးသားသော ကလေးတစ်ယောက်ကဲ့သို့သာ ချောင်တွင်ကွေးနေကာ အသံပင်မထွက်ရဲတော့ပေ။

ချမ်ချန်ကန်းက သစ်သီးအူတိုင်ကို ညှစ်လိုက်သည်။

ထို့နောက် အသီး၏အူတိုင်တွင် အသက်ဓာတ် အငွေ့မျော့မျော့လေး ပါရှိနေသည်။

“ဒါက ခေါင်းပိုင်းဖြစ်မယ်”

သူသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြိုင်ဘက်ကင်းနယ်ပယ်မှ ဗားရှင်း၂.၀၏ လုပ်ဆောင်ဖြစ်သော “အလုံးစုံသော သက်ရှိများ” ကို အသုံးပြုခဲ့သည်။

အစိမ်းရောင်အလင်းတန်းနှင့်အတူ ချမ်ချန်ကန်း၏ လက်ဖဝါးမှ အသီးအလယ်အူတိုင်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ပျော်ဝင်သွားခဲ့သည်။

ချမ်ချန်ကန်းသည် ခြံထဲတွင် နေရာလိုက်ရှာ၍ အူတိုင်ကို မြှုပ်လိုက်သည်။

လင်းပေါင်အာကလည်း မျက်တောင်မခတ် ကြည့်နေခဲ့သည်။

*ဆရာက အလယ်အူတိုင်ကနေ ကျူးယန်အင်မော်တယ်သစ်ပင်ကို စိုက်ချင်နေတာလား*

မြွေနယ့်နယ့်သည် အနည်းငယ်ကြောက်နေသော်လည်း အသံတိုးတိုးလေးဖြင့် သတိပေးလိုက်သည်။

“အကြီးအကဲ ကျူးယန်အင်မော်တယ်သစ်ပင်က အထက်ဘုံက နတ်သစ်ပင်မို့လို့ ကြီးထွားတဲ့ ပတ်ဝန်းကျင်ကလည်း အရမ်းအရေးပါတယ်။ ဒီနေရာက ရတနာကုန်မြေဆိုပေမဲ့ ကျူးယန်အင်မော်တယ်သစ်ပင် စိုက်ပျိုးဖို့အတွက် မသင့်တော်လောက်ဘူး”

ထိုါပါ့ယဲ့နှင် ဟုန်ရီသည်လည်း ရှဲကျီနယ့်၏စကားကိုသဘောတူကြသည်။

*ဒါကအင်မော်တယ်သစ်ပင်လေ။ တွင်းတူးလိုက်ရုံနဲ့ ဘယ်လိုလုပ်စိုက်လို့ ရမှာလဲ။ ဒါကြီးက နည်းနည်းလောက် စိတ်ကူးယဉ်ဆန်လွန်းမနေဘူးလား*

သို့သော်လည်း ရှဲကျီနယ့်မှ ပြောပြီးသည်နှင့် ကျူးယန်အင်မော်တယ်သစ်သီး၏ အလယ်အူတိုင်ကို ချမ်ချန်ကန်း မြေမြှုပ်ခဲ့သော နေရာသည်

ပြောင်းလဲသွားတာကို မြင်တွေ့လိုက်ရသည်။

မကြာမီတွင် မြေဆီလွှာထဲမှ အဖူးလေးများ ဖောက်ထွက်၍ ကြီးထွားပေါက်ရောက်လာခဲ့သည်။

ထို့ပါ့ယဲ့ : ? ? ?

မြွေနယ့်နယ့် : ? ? ?

ဟုန်ရီ : ? ? ?

နာနီ ! !(ဘာရယ်)

All Chapters