အခန်း ၂၃
Vol. 3 Ch. 23
အခန်း(၂၃) အင်မော်တယ်သစ်ပင်စိုက်ခြင်း၊ ကျွန်တော်တို့မှားသွားပါတယ် အကြီးအကဲ
ချမ်ချန်ကန်းစိုက်ထားသည့် ကျူးယန်အင်မော်တယ်အသီးဟာ အမှန်တကယ် အပင်ပေါက်လာလိမ့်မည်ဟု မည်သူမျှမှ မထင်ထားခဲ့ပေ။
၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်၍ မယုံကြည့်နိုင်စရာကောင်းလှသည်။
ချက်ချင်းဆိုသလိုပင် အရှက်ရသွားသည့် ခံစားချက်ဖြစ်လာသည်။
ကျူးယန်အင်မော်တယ်အသီး၏ အူတိုင်သည် အပင်အဖြစ်ပေါက်ရောက်ရန် မည်မျှ ခက်ခဲသည်ကို လင်းပေါင်အာက နားမလည်ခဲ့ပေ။
ထို့ကြောင့် သူမသည် မည်သည့်အံ့ဩမှုကိုမျှ မခံစားခဲ့ရပေ။ သို့သော် ကျူးယန်အင်မော်တယ်အပင်၏ ဖူးပွင့်မှုမှာ ဘာကြောင့် အနည်းငယ် မြန်ဆန်နေလဲဆိုတာကိုတော့ သူမ သိချင်နေမိသည်။
ဆရာသည် ၎င်းကို မြေကြီးထဲတွင် စိုက်ထားပြီး အသက်တစ်ချက်ရှိုက်စာ အချိန်အနည်းငယ်အတွင်းမှာပင် ပွင့်ဖူးလာခဲ့သည်။
ဆရာက အမှန်တကယ်ကို အံ့ဩစရာကောင်း၏။
ဤမိစ္ဆာဘုရင်သုံးဦးသာလျှင် ကျူးယန်အင်မော်တယ်သစ်သီး အညှောက်ပေါက်ရန်ပင် အချိန်မည်မျှ ကြာမြင့်နိုင်သည်ကို သိသောကြောင့် အလွန်တရာ အံ့ဩထိတ်လန့်နေကြသည်။
သူတို့သည် ချမ်ချန်ကန်းကို လုံးလုံးလျားလျား ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိပေ။
သူသည် ထိုအရာတွေကို မည်သို့ပြုလုပ်ခဲ့သနည်း။
“ငါ့ရဲ့ရတနာကုန်းမြေမှာ ဖရဲစိုက်ရင် ဖရဲသီးရမယ်၊ ပဲစိုက်ရင် ပဲသီးရမယ်။ အဲ့ဒီ့အတိုင်းပဲ ဒီအင်မော်အသီးစိုက်ရင် အင်မော်တယ်အသီးသီးရမယ်”
ထိုသို့ပြောပြီးသည်နှင့် ယခုမှစတင်ထွက်လာခဲ့သော အဖူးကလေးများသည် အားမာန်တက်ကြွစွာ ကြီးထွားပေါက်ရောက်လာ၍ မကြာမီတွင် နှစ်လက်မအထိ ရှည်လျားလာခဲ့သည်။
မိစ္ဆာဘုရင်သုံးဦးတို့၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
*ဒီအပင်က အပင်ပေါက်တာ မမြန်လွန်းဘူးလား*
၎င်းတို့သည် ထင်ယောင်ထင်မှားဖြင့် အမြင်မှားနေပြီဟု ထင်မိ၍ မျက်လုံးများကို ပွတ်သပ်ပြီး ကြည့်နေရသည်။
သို့သော်လည်း ကံမကောင်းစွာပင် ၎င်းတို့က ထင်ယောင်ထင်မှား မြင်မိခြင်းမဟုတ်ဘဲ အမှန်တကယ် ကြီးထွားပေါက်ရောက်နေခြင်းသာဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထာဝရနုပျိုနိုင်သော အင်မော်တယ်သစ်သီး၏ အပင်သည် တစ်လက်မခန့် ထပ်မံ၍ ကြီးထွားလာခဲ့သည်။
ဤကဲ့သို့ကြည့်လျှင် ကျူးယန်အင်မော်တယ်သစ်ပင်၏ ကြီးထွားနှုန်းသည် ရပ်တန့်သွားခြင်းမရှိပေ။
ထို့နောက် မိစ္ဆာဘုရင်သုံးဦးသည် မည်သည့်စကားမှပြောနိုင်ခြင်းမရှိဘဲ သူတို့၏အရှေ့တွင် ကြီးထွားနေသော ပျိုးပင်ငယ်လေးများကိုသာ ကြည့်နေခဲ့သည်။
တောက်ပနေသော နတ်ဘုရားအလင်းရောင်နှင့်အတူ မကြာမီတွင် ကျူးယန်အင်မော်တယ်သစ်ပင်၏ အဖူးကလေးများသည် ဦးချိုပါနဂါးအပင်ကြီးအဖြစ်သို့ ရှင်သန်ပေါက်ရောက်သွားတော့သည်။
အကိုင်းအခက် အရွက်နုများဖြင့် ဝေဆာနေသည့် ဦးချိုပါနဂါးအပင်ကြီးသည် လင်းပေါင်အာ၏ ထက်ဝက်ခန့် မြင့်နေပြီဖြစ်သည်။
ဤကျူးယန် အင်မော်တယ်သစ်ပင်ကြီး၏ ကြီးထွားမှုကိုမြင်တွေ့ရသော မိစ္ဆာဘုရင်သုံးဦးတို့ခမျာ ကြက်သေသေနေကြသည်။
မိုက်မဲလိုက်လေခြင်း။
၎င်းတို့၏အရှေ့တွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းသည် ၎င်းတို့၏ အသိဉာဏ်အတိုင်းအတာထပ်ကိုပင် လုံးလုံးလျားလျား ကျော်လွန်နေခဲ့သည်။
၎င်းတို့၏ အရှေ့တွင်ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးသော ချမ်ချန်ကန်းသည် ကျူးယန် အင်မော်တယ်သစ်ပင်ကို အမှန်တကယ် စိုက်ပျိုးနိုင်ခဲ့သည်။
လင်းပေါင်အာ၏ မျက်လုံးများမှာ တောက်ပနေခဲ့သည်။
“ဆရာ ဒီကျူးယန်အင်မော်တယ်သစ်ပင်သာကြီးလာရင်၊ ကျူးယန် အင်မော်တယ်သစ်သီးတွေ အများကြီးကို တပည့်တို့ စားနိုင်တော့မှာပေါ့နော်”
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်သည်။
“ကြိုက်သလောက်စားလို့ရတယ်။”
အလွန်အရသာရှိသော ကျူးယန်အင်မော်တယ်သစ်သီးကို စားပြီးသည်နှင့် သူမ၏ခန္ဓာကိုယ်သည် လန်းဆန်းတတ်ကြွလာပြီး နတ်မိမယ်လေးကဲ့သို့ တဖျပ်ဖျပ် တောက်ပနေသည်။
မူလက သူမသည် ကျူးယန်အင်မော်တယ်သစ်သီးကို ဒုတိယအကြိမ် ထပ်မံ၍စားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း လက်ရှိအခြေအနေအရဆိုလျှင် သူမတွင် နောက်ထပ်စားသုံးနိုင်မည့် အခွင့်အရေးရှိနေပြီဖြစ်သည်။
နောက်ဆုံးတွင် ကျူးယန်အင်မော်တယ်သစ်ပင်သည် အားလုံး၏ အကြည့်အောက်မှာပင် သုံးမီတာကျော်မျှ ရှည်လျား ကြီးထွားလာ၍ စိမ်းလန်းစိုပြေသော အကိုင်းအခက်များ အရွက်နုများသည် နတ်အလင်းရောင်များဖြင့် တောက်ပနေသည်။
အထူးသဖြင့် ပင်စည်၊ အကိုင်းအခက်များနှင့် အရွက်နုများပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် နတ်စွမ်းအားများ လက်လက်တောက်ပနေသေးသည်။
အရွက်များကြားတွင် အပွင့်ငယ်လေးခုနစ်ခု၊ ရှစ်ခုခန့် ဖူးပွင့်နေခဲ့သည်။
ဤမြင်ကွင်းကိုမြင်သော မြွေ၏နှုတ်ခမ်းထောင့်မှာ ဆန့်တငင်ငင်ဖြင့် တုန်လှုပ်နေတော့သည်။
ကျူးယန်အင်မော်တယ်သစ်ပင်သည် နှစ်ထောင်ပေါင်းများစွာကြာမှ ဖူးပွင့်၍ အနှစ်တစ်သောင်းအကြာမှသာ အသီးသီးသည်ဟု ၎င်း၏ဘိုးဘေးများက ပြောသည်မဟုတ်လော။
တစ်သက်တာ တားမြစ်နယ်မြေတွင်ရှိသော ကျူးယန်အင်မော်တယ်သစ်ပင်သည် အလွန်ခက်ခက်ခဲခဲ ဖူးပွင့်ရသော အပင်ဖြစ်သည်။ လက်တွေ့ကျကျ ပြောရမည်ဆိုလျှင် ကျူးရှိူ့တိုက်၏ ပြည်မကြီးတွင် ကြီးထွားပေါက်ရောက်ရန်ပင် ဖြစ်နိုင်မည်မဟုတ်ပေ။
*ဒီနေရာမှာကြတော့ ဘယ်လိုဖြစ်လို့ အမြစ်စွဲပြီး အညှောက်ထွက်ရာမှ အပင်အဖြစ်ကြီးထွားဖို့ ဘာလို့ဒီလောက်လွယ်ကူနေရတာပါလိမ့်။*
အပင်သည် ယခုပင် အပြည့်အဝကြီးထွားလာ၍ ပန်းပွင့်ပွင့်ရန်ပင် ပြင်ဆင်နေပုံရသည်။
ဟုန်ရီ၏မျက်လုံးများမှာ တောက်ပလာသည်။
“ဒီကျူးယန်အင်မော်တယ်သစ်ပင်က တကယ်ပွင့်တော့မှာလား။”
ကျူးယန်အင်မော်တယ်သစ်ပင်၏ ဖူးပွင့်မှုသည် ဟုန်ရီအတွက်တော့ သတင်းကောင်းတစ်ခုပင်ဖြစ်သည်။
ကျူးယန်အင်မော်တယ်သစ်သီးကို မြည်းစမ်းကြည့်ရန် အခွင့်အရေးရှိသေးသည်ဟု ဟုန်ရီက မျှော်လင့်နေမိသည်။
ချမ်ချန်ကန်း၏ မျက်လုံးများသည် ထူးခြားမှုများမရှိဘဲ သူ၏အရှေ့တွင်ရှိနေသော အရာအားလုံးကို ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့သည်။
ထင်ထားခဲ့သည့်အတိုင်း သူမျှော်လင့်ထားသည်နှင့် သိပ့်မကွာခြားခဲ့ပေ။
အင်မော်တယ်သစ်သီး၏ အလယ်အူတိုင်သည် ‘အလုံးစုံသော သက်ရှိများ’ ဖြင့် အင်မော်တယ်သစ်ပင်အဖြစ်သို့ ပေါက်ရောက်နိုင်သည်။
ယနေ့တွင် ကျူးယန်အင်မော်တယ်သစ်ပင်သည် ပွင့်ဖူးနေခဲ့၏။
မကြာမီမှာပင် ကျူးယန်အင်မော်တယ်သစ်ပင်သည် အသီးသီးနိုင်၍ အင်မော်တယ်သစ်သီးများကို ခူးဆွတ်နိုင်မည်မှာ အသေအချာပင်ဖြစ်သည်။
“ဘယ်လို...ဒါကဘယ်လိုဖြစ်တာလဲ”
မြွေသည် အလွန်အံ့ဩထိတ်လန့်တုန်လှုပ်ရင်း တီးတိုးရေရွတ်လိုက်သည်။
ကျူးယန်အင်မော်တယ်သစ်ပင်၏ ကိစ္စရပ်ကိုဖြေရှင်းပြီးသည့်အချိန်တွင် ချမ်ချန်ကန်းသည် မိစ္ဆာဘုရင်သုံးဦးဘက်သို့ အာရုံရောက်လာခဲ့သည်။
သူသည် ပုံမှန်အကြည့်ဖြင့် ကြည့်နေသော်လည်း မိစ္ဆာဘုရင်သုံးဦးအတွက်မူ ၎င်းအကြည့်သည် ဓားသွားတစ်ခုကဲ့သို့ ချွန်ထက်၍ တိုက်ရိုက်မကြည့်နိုင်လောက်အောင် စူးရှသည်။
“နွား၊ စပါးအုံး၊ မြေခွေး”
ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်များက တွန့်တက်လာသည်။ သူသည် မိစ္ဆာဘုရင်သုံးဦးကို တိုက်ရိုက်ချေမှုန်းရန် စီစဉ်ခဲ့သည်။
ထို့နောက် နယ်ပယ်တန်ဖိုးကို ရယူနိုင်မည်။
ယခုမူ ချမ်ချန်ကန်းတွင် အခြားအကြံအစည်တစ်ခု ရှိနေလေ၏။
အခြေတည်စိတ်ဝိညာဥ်နယ်ပယ်အဆင့် မိစ္ဆာဘုရင်သုံးဦး ဤကဲ့သို့ သတ်ဖြတ်ခဲ့လျှင် နှမြောစရာကောင်းပေလိမ့်မည်။
မိစ္ဆာဘုရင်သုံးဦးသည် စိတ်မသက်မသာစွာဖြင့် ကြောက်လန့်၍ ရပ်နေခဲ့ရာ ၎င်းတို့ဘေးတွင် နံရံတစ်ခုသာရှိခဲ့လျှင် ထောင့်တစ်နေရာတွင် ကွေးကောက်၍ တုန်လှုပ်နေမည်မှာ အသေအချာပင်ဖြစ်သည်။
၎င်းတို့၏အရှေ့တွင် တာအိုဝတ်ရုံဝတ်ထားသော လူငယ်၏ ကျင့်ကြံခြင်းအဆင့်ကို ထွင်းဖောက်မမြင်နိုင်သော်လည်း သူ့တစ်ကိုယ်လုံးသည် လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါများကို ထုတ်ဖော်ပြသနေသည်။
၎င်းတို့သည် ယခင်က နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်များကို မြင်တွေ့ဖူးပြီး ၎င်းတို့၏ တန်ခိုးစွမ်းအားနှင့်လည်း ထိတွေ့ခဲ့ဖူးသည်။
သို့သော် ၎င်းတို့ထိတွေ့ခဲ့ဖူးသော နတ်ဘုရားအသွင်ေပြာင်းသူများ၏ စွမ်းအားများသည် ၎င်းတို့ကို ဤမျှထိတ်လန့်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းခဲ့ခြင်းမရှိပေ။
၎င်းတို့သည် ချမ်ချန်ကန်းကို ၎င်းတို့၏ စိတ်ဝိညာဉ်မှ အသွေးအသားထဲအထိ ကြောက်ရွံ့နေကြသည်။
မိစ္ဆာဘုရင်သုံးဦး၏ အလွန်တရာ ထိတ်လန့်နေသော အသွင်အပြင်ကို မြင်လိုက်ရသော ချမ်ချန်ကန်းက ရယ်မောမိသွားသည်။
ယခင်နေ့ကသာ ဤမိစ္ဆာဘုရင်သုံးဦးနှင့် ရင်ဆိုင်ခဲ့ရလျှင် ကြောက်လန့်နေမည့်လူသည် ချမ်ချန်ကန်းသာဖြစ်ပေလိမ့်မည်။
ဤသည်မှာ ပြိုင်ဘက်ကင်းနယ်မြေစနစ်၏ ကျေးဇူးကြောင့်သာဖြစ်သည်။
စနစ်၏ စွမ်းအင်ကို စဉ်းစားမိသော ချမ်ချန်ကန်းသည် နောက်တစ်ကြိမ် ထပ်မံ၍ သက်ပြင်းချလိုက်သည်။
“ငါရှင်းလင်းထားတဲ့ ဖေးရှန့်တောင်ကို ပထမကမ္ဘာစစ်ဖြစ်ထားသလို ရှုပ်ပွသွားအောင် လုပ်ထားတဲ့ကိစ္စကို မင်းတို့ ဘယ်လိုရှင်းမှာလဲ”
မြွေက ပါးစပ်ကို ဖွင့်ဟလိုက်သည်။
မြွေသည် လေးစားစွာပြောနေသော်လည်း သူ၏အသံသည် ကြောက်ရွံ့မှုများနှင့် ထိတ်လန့်မှုများ ရှိနေသေးသည်။
“ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အမှားတွေပါ အကြီးအကဲ။ ဒီနေရာက အကြီးအကဲ ကျင့်ကြံအားထုတ်နေတဲ့ နေရာမှန်းမသိခဲ့လို့ပါ။ အကြီးအကဲက ပြစ်ဒဏ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ကျေကျေနပ်နပ်လက်ခံဖို့ ဆန္ဒရှိပါတယ်။”
“အကြီးအကဲက ကျွန်တော်တို့ကို သတ်မယ်ဆိုရင်တောင် အထွန့်မတက်ရဲပါဘူး။”
“ကျွန်တော်တို့ရဲ့ မသိနားမလည်မှုတွေကို ခွင့်လွှတ်ပေးဖို့ အကြီးအကဲကို တောင်းဆိုပါတယ်။”
ရှဲကျီနယ့်မှ ဤသို့စကားများကို ပြောလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ထို့ပါယဲ့နှင့် ဟုန်ရီတို့လည်း အလွန် အံ့အားသင့်သွားကြသည်။
ချမ်ချန်ကန်းသာ ၎င်းတို့ကို အမှန်တကယ်သတ်ဖြတ်ခဲ့လျှင် မည်လို့လုပ်ရမည်နည်း။
“မင်းတို့ရော ဘယ်လိုထင်လဲ”
ချမ်ချန်ကန်းသည် ထို့ပါ့ယဲ့နှင့် ဟုန်ရီတိူ့ကို မေးလိုက်သည်။
ထို့ပါ့ယဲ့နှင့် ဟုန်ရီတို့ခမျာ စိတ်ဝိညာဉ်များ တုန်လှုပ်နေကြသော်လည်း ရှဲကျီနယ့်၏ စကားကို ငြင်းဆန်သည့် စကားများမပြောဝံ့ကြပေ။
“ကျေးဇူးပြုပြီး သနားငဲ့ညှာပေးပါ အကြီးအကဲ”
“ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးပါ အကြီးအကဲ “
ချမ်ချန်ကန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
“မင်းတို့က စိတ်ရင်းအမှန်နဲ့ အမှားကို ဝန်ခံနေမှတော့ ငါက မင်းတို့ကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး ပေးရတာပေါ့”
ချမ်ချန်ကန်း၏ စကားကိုကြားသော မိစ္ဆာဘုရင်သုံးဦး၏ နှလုံးသားသည် နေရာအမှန်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ချမ်ချန်ကန်းက ၎င်းတို့ကို မနှစ်သက်သောကြောင့် ချက်ချင်း သတ်ဖြတ်ပစ်မည်ကို အလွန်ကြောက်နေခဲ့ကြသည်။
ဟုန်ရီက အသံဖျော့ဖျော့လေးဖြင့် မေးလိုက်သည်။
“ကျွန်မတို့ကို ပြောင်းလဲဖို့ အခွင့်အရေးပေးတာနဲ့ ပတ်သက်ပြီး ဘာများညွှန်ကြားစရာရှိတာပါလဲ အကြီးအကဲ”
လင်းပေါင်အာလည်း အလွန်စူးစမ်းလိုစိတ်ရှိနေ၏။ ၎င်းတို့သည် မိစ္ဆာဘုရင်သုံးဦးဖြစ်ကြပြီး ကျူးရှိူ့တိုက်ကြီးတွင် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအရှိန်အဝါ နှစ်ခုစလုံးသည် ထိပ်တန်းအဆင့်တွင် ရှိနေကြသူများဖြစ်သည်။
သူမ၏ဖခင်ပင် သူမအရှေ့တွင်ရှိနေသော မိစ္ဆာဘုရင်သုံးဦးနှင့်ယှဉ်နိုင်ခြင်းမရှိပေ။
ဆရာ၏တပည့်ဖြစ်ရခြင်းသည် သုံးဘဝအဆက်ဆက်၏ ကောင်းချီးတစ်ခုသာဖြစ်သည်။
တစ်သက်တာလုံး၏ ကံကောင်းခြင်းများဖြစ်ပေလိမ့်မည်ဟု လင်းပေါင်အာက တွေးနေမိသည်။
ဟုန်ရီတောင်းဆိုခဲ့သော ပြန်လည်ပြင်ဆင်ခွင့်နှင့် ပက်သက်၍ ချမ်ချန်ကန်းက ဘာမှပြန်မဖြေခဲ့ပေ။
၎င်းအစား သူသည် ထို့ပါယဲ့၏ အရှေ့သို့ လျှောက်သွားခဲ့သည်။
ထို့ပါ့ယဲ့၏စိတ်ထဲတွင် အလွန်တရာမှ ထိတ်လန့်တုန်လှုပ်နေတော့သည်။
“ အကြီး... အကြီးအကဲ”
သူသည် ချမ်ချန်ကန်းမှ လက်တစ်ချောင်းဖြင့် ထပ်မံ ထိုးနှက်မည်ကို အမှန်တကယ်ကြောက်ရွံ့နေသည်။
ထိုသို့ဖြစ်ခဲ့လျှင် ထို့ပါ့ယဲ့ကို လက်တစ်ချောင်းတည်းဖြင့် ထိုးသတ်နိုင်မည်မှာ မလွဲဧကန်ပေ။