အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) နတ်ဆိုးဘုရင်သုံးပါးကို ထိတ်လန့်သွားစေခြင်း
ချမ်ချန်ကန်းက ထို့ပါယဲ့၏ဒဏ်ရာများကို ဆိုက်ကြည့်လိုက်သည်။ ထို့နောက်မြေပြင်ပေါ်မှ စိတ်ဝိညာဉ်မြက်ပင်တစ်ပင်ကို နှုတ်ယူလိုက်သည်။ သူသည်စိတ်ဝိညာဉ်မြက်ပင်ကို စိတ်ဝိညာဉ်ဆေးလုံးအဖြစ်တိုက်ရိုက်ပြောင်းလဲလိုက်သည်။
“စားလိုက်”
စိတ်ဝိညာဉ်မြက်ပင်ကို စိတ်ဝိညာဉ်ဆေးလုံးအဖြစ်တိုက်ရိုက်ပြောင်းလဲခြင်းက ပို၍အံ့အားသင့်စရာကောင်းပေသည်။ နတ်ဆိုးဘုရင်သုံးပါးစလုံး ထက်မံ၍ ရှော့ရသွားကြသည်။ ထို့ပါယဲ့သည် ဆေးလုံးကိုယူလိုက်ပြီး ထိုဆေးလုံးထဲမှ အသက်အနှစ်သာရများကို ခံစားလိုက်ရသည်။
သူသည် ဆေးလုံးကိုယူရန် တုံ့ဆိုင်းမနေပေ။ အကယ်၍ ချမ်ချန်ကန်းသာ သူတို့ကို သတ်ချင်မည်ဆိုပါက သူက ရှည်ရှည်ဝေးဝေးလုပ်နေစရာမလိုပေ။ စီနီယာက သူ့ကို ဘာကြောင့် ဒီဆေးလုံးပေးမှန်း သူမသိပေ။ သို့သော် ထို့ပါယဲ့သည် ဆေးလုံးကိုယူသောက်ပြီးနောက် နားလည်သွားသည်။ ဆေးလုံးသည် အရေးကြီးသော အသက်အနှစ်သာရအဖြစ်ပြောင်းလဲသွားပြီး သူ၏ဒဏ်ရာရနေသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။
ပကတိမျက်စိဖြင့်မြင်နိုင်လောက်သည့်အလျင်ဖြင့် ထို့ပါယဲ့၏ ခန္ဓာကိုယ်မှဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်သွားသည်။
မကြာသေးမှီက ချမ်ချန်ကန်း၏ လက်ညိုးကြောင့် အပေါက်ဖြစ်သွားသော သူ၏ရင်ဘက်မှာလည်း အပြည့်အဝကိုကောင်းမွန်သွားသည်။
သူ၏ရင်ဘက်၌ မည်သည့်ဒဏ်ရာဒဏ်ချက်မှမရှိသကဲ့သို့ ထင်ရသည်။ မကြာသေးမှီက ဆိုးဆိုးဝါးဝါးဖြစ်ခဲ့သော သူ၏ခန္ဓာကိုယ်မှာ ထင်ရောင်ထင်မှားဖြစ်နေသကဲ့သို့ပင် အရာအားလုံး ပြန်လည်ကောင်းမွန်သွားသည်။
ထို့ပါယဲ့၏ခန္ဓာကိုယ်မှ ဒဏ်ရာများသာမက ခန္ဓာကိုယ်တစ်ခုလုံး အပြည့်အဝကို ကောင်းမွန်သွားသည်။ အသက်တစ်ရှို့က်စာအတွင်း ထို့ပါယဲ့၏ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။ ရုတ်တရက်အသက်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီးသူ၏အသွေးအသားများထံ ဖုံးလွမ်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအသစ်ဖြစ်လာခဲ့သည်။ ချက်ချင်းပင် ထို့ပါယဲ့၏ခန္ဓာကိုယ်မှ တုန်လှုပ်သွားပြီး အဆင့်ချိုးဖြတ်သွားခဲ့ပြီဖြစ်သည်။
ထို့ပါယဲ့၏ ကျင့်ကြံခြင်းအခြေခံသည် အခြေတည်စိတ်ဝိညာဉ် ကောင်းကင်ဘုံအလွှာသုံးအဆင့်၏ အထွဋ်ထိပ်သို့ရောက်နေခဲ့သည်မှာ နှစ်ပေါင်းသုံးရာကြာခဲ့ပြီဖြစ်သည်။ သို့ပေမယ့် အဆင့်ချိုးဖြတ်မည့် လက္ခဏာမျိုး မပြသေးချေ။
ထို့ပါယဲ့၏အမြင်အရ သူသည်အခြေတည်စိတ်ဝိညာဉ် ကောင်းကင်ဘုံအလွှာသုံးအထွဋ်အထိပ်အဆင့်မှ အဆင့်လေးသို့ရောက်ရန် အနည်းဆုံးနှစ်နှစ်မှ အနှစ်သုံးရာလောက် ထပ်မံအချိန်ယူရမည်ဖြစ် သည်။
သို့သော် စီနီယာပေးလိုက်သော ဆေးကိုသောက်ပြီးနောက် အဆင့်ချိုးဖြတ်သွားလိမ့်မည်ဟု သူတစ်ခါမှမတွေးခဲ့ဘူးပေ။
“ဒါကဘယ်လိုလုပ်..ဒီဆေးကဘယ်လိုမျိုးလည်း၊ ဒါကဘယ်လိုလုပ် ရိုးရှင်းတဲ့ဆေးဖြစ်မှာလဲ”
ထို့ပါယဲ့၏ ကြမ်းတမ်းသော အချိန်အဝါကြောင့် ဟုန်ရီနှင့် ရှဲကျီနယ့်တို့ပါ အံ့အားသင့်သွားသည်။
“ဒါကအဆင့်ချိုးဖြတ်သွားတာလား”
သူတို့နတ်ဆိုးဘုရင်သုံးပါးစလုံး၏ ကျင့်ကြံခြင်းအခြေခံသည် အခြေတည်စိတ်ဝိညာဉ် ကောင်းကင်ဘုံအလွှာသုံးအဆင့်၌ရှိကြသည်ကို သိရပေမည်။
အထူးသဖြင့် ကျင့်ကြံမှုအခြေခံပိုမြင့်လျှင် ချိုးဖြတ်ဖို့ပိုခက်လေဖြစ်သည်။ အဆင့်သေးတစ်ခုကို ချိုးဖြတ်ဖို့ပင် ကောင်းကင်ဘုံကို တက်ရောက်သည်ထက် ပို၍ခက်ပေသည်။
ထို့ကြောင့်အခြေတည်စိတ်ဝိညာဉ် အလွှာသုံးမှာ အခြေတည်စိတ်ဝိညာဉ်အလွှာလေးအထိ ထို့ပါယဲ့တစ်ယောက်ချိုးဖြတ်ရန် မည်မျှခက်ခဲမည်ကို သူတို့သိပေသည်။
“ဆေးလုံးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
ထို့ပါယဲ့က စိတ်လုပ်ရှားစွာဖြင့် ကျေးဇူးတင်လိုက်သည်။
ချမ်ချန်ကန်းက
“ဒါက မင်းကို ပြောင်းလဲဖို့အတွက် အခွင့်အရေး ပေးလိုက်တာပဲ”
သူသည် ထိုစကားကို ဘာမှမထူးခြားသည့်ဟန်ဖြင့် ပြောလိုက်သည်။ သို့သော် ချမ်ချန်ကန်း၏ စိတ်ထဲတွင်တော့ အပေါ်ယံမျက်နှာပြင်လောက်တည်ငြိမ်ခြင်းမရှိချေ။ နောက်ဆုံးတွင်သူတို့သည် အခြေတည်စိတ်ဝိညာဉ်အဆင့် နတ်ဆိုးဘုရင်သုံးပါးဖြစ်ကြပြီး သူတို့အားနာခံရန်၊ အတင်းအကြပ်လုပ်ရန်မဖြစ်နိုင်ပေ။
သူတို့ကိုအနိုင်ယူမည်ဆိုပါက အခုလိုမျိုးလုပ်ခြင်းကသာ ပို၍လွယ်ကူပေသည်။ သို့မှသာ သူတို့သခင်အကြောင်းကို အမြဲတွေးနေမည်ဖြစ်သည်။
ထို့အပြင် သူ၏ဆရာကိုလည်း တွေးနေမိသည်။ သူ၏ဆရာသည် သူနှင့်တစ်လလောက်ဝေးကွာခဲ့ပြီး ယခုမူ သေလားရှင်လားမသိသေးပေ။ ထို့ကြောင့် ဒီနတ်ဆိုးဘုရင်သုံးပါးကို သူ့ဆရာ၏သတင်းကို စုံစမ်းခိုင်းရန်အတွက် အပြင်ထွက်ရန် စေခိုင်းနိုင်မည်ဖြစ်သည်။
သူ့ဆရာဖြစ်သူ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူသိလိုပေသည်။ ချမ်ချန်ကန်း၏မျက်လုံးများက ထို့ပါယဲ့၊ ရှဲကျီနယ့်၊ ဟုန်ရီတို့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
ထို့ပါယဲ့က ချက်ချင်းပင်မတွေဝေပဲ
“ကျွန်တော် စီနီယာအတွက် အလုပ်လုပ်ပေးချင်ပါတယ်။ ကျွန်တော်စီနီယာအတွက် အကောင်းဆုံး လုပ်ပေးပါ့မယ်။”
နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော နတ်ဆိုးဘုရင်တစ်ဦး အနေဖြင့် ချမ်ချန်ကန်း၏အစွမ်းသတ္တိများကို မြင်သောအခါ သူသည် တုံ့ဆိုင်းမနေပေ။
နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်တောင်မှ ဒီလိုမျိုးလုပ်နိုင်ကြောင်းကို သူတစ်ခါမှ မမြင်ဘူးပေ။ သူ့၌ အသိဥာဏ်ရှိပေသည်။ ဤအရာသည် သူ၏နတ်ဆိုးဘုရင်ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးတစ်ခုဖြစ်နိုင်ပေသည်။
ထို့ကြောင့် ထို့ပါယဲ့သည် ဤအခွင့်အရေးကို အခိုင်အမာဆုပ်ကိုင်ထားမည်ဖြစ်သည်။ ထိုပါယဲ့သည် နတ်ဆိုးသွေးမျိုးဆက်မှ ဆင်းသက်လာသူဖြစ်ပြီး သူ၏အဆင့်အတန်းက မည်မျှ ဂုဏ်ယူဖွယ်ဖြစ်ကြောင်းကိုသိပေသည်။
ပုံမှန်အားဖြင့် သူသည် အလွန်မာနကြီးသူဖြစ်သည်။ သို့သော် သူသည် ချမ်ချန်ကန်းကို တိုက်ရိုက်လက်နက်ချရန်ဆန္ဒရှိခဲ့သည်။ ဤသည်မှာ ဆေးလုံးကြောင့်ဖြစ်သည်။
“ဒီနတ်ဆိုးကတော့ လက်နက်ချပြီ မင်းတို့နတ်ဆိုးနှစ်ကောင်ကရော”
ချမ်ချန်ကန်းက မေးလိုက်သည်။
သူ့ထံလက်နက်ချခြင်းက သူတို့၏အသက်ရှင်ရန်အတွက် အခွင့်အရေးဖြစ်သည်။ မဟုတ်ပါက ချမ်ချန်ကန်းက သူတို့ကို သတ်ပစ်မည်ဖြစ်သည်။ သုံးစားလို့မရတဲ့လူတွေကို သူမလိုအပ်ပေ။
ဟုန်ရီကလည်း မကြာမှီကမှ အပင်ပေါက်လာသည့် ကျူးယန်အင်မော်တယ်သစ်ပင်ကိုကြည့်ပြီး
“စီနီယာ ဟုန်ရီလည်း လက်နက်ချဖို့အဆင်သင့်ဖြစ်ပါပြီ၊ စီနီယာ့အတွက် အကောင်းဆုံး အလုပ်လုပ်ပေးပါ့မယ်”
ထို့ပါယဲ့နှင့်ဟုန်ရီတို့ လက်နက်ချသည်ကိုမြင်သောအခါ ရှဲကျီနယ့်ကလည်း တုံ့ဆိုင်းသွားမိသည်။ ထို့နောက် ချမ်ချန်ကန်းကို ချက်ချင်းပင်မြောက်ပင့်လိုက်သည်။ ဤနည်းဖြင့် ရှဲကျီနယ့်နှင့် ဟုန်ရီတို့သည်လည်း ချမ်ချန်ကန်းထံသို့ လက်နက်ချလိုက်ပြီဖြစ်သည်။
အခြေတည်စိတ်ဝိညာဉ်နယ်ပယ်အဆင့် နတ်ဆိုးဘုရင်သုံးပါးကို သိမ်းပိုက်နိုင်ခဲ့သည်မှာ အံ့ဩစရာကောင်းပေသည်။
“မင်းတို့ ငါ့ကို လက်နက်ချပြီးပြီမို့ နောက်နောင် ငါ့ကို စီနီယာလို့မခေါ်နဲ့ သခင်လို့ပဲခေါ်ရမယ်။”
နတ်ဆိုးဘုရင်းသုံးပါးလုံးက လေးလေးစားစားပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါသခင်”
သူတို့သည် နတ်ဆိုးဘုရင်ကြီးများဖြစ်ကြသော်လည်း တစ်နေ့၌ တစ်ပါးသူကိုလက်နက်ချလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ထို့ကြောင့် သူတို့မှာ အနည်းငယ်တော့ ကျင့်သားမရသေးပေ။ ချမ်ချန်ကန်းကလည်း ထိုအချင်းအရာကိုသိပေသည်။
ယခု နတ်ဆိုးဘုရင်သုံးပါးကို သူ့လက်အောက်၌ ထည့်သွင်းခဲ့သော်လည်း နတ်ဆိုးဘုရင်သုံးပါးကို ကြောက်လန့်ခြင်းဖြင့် လက်နက်ချရန်မလိုလားပေ။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ သူတို့၏နှလုံးသားကိုအနိုင်ယူရန်သာဖြစ်သည်။
ချမ်ချန်ကန်း၏စိတ်ထဲ၌ အကြံတစ်ခုရှိသည်။
“မင်းတို့အားလုံး ငါ့ဆီလက်နက်ချပြီဆိုမှတော့ ငါက မင်းတို့ကိုသဘာဝအတိုင်း ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်းက နတ်ဆိုးဘုရင်သုံးပါးအတွက် အလုံးစုံသော သက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုလိုက်သည်။ မှန်ပေသည်။
လင်းပေါင်အာနည်းတူ ချမ်ချန်ကန်းကလည်း ဒီနတ်ဆိုးဘုရင်းသုံးပါး၏ ပါရမီကို နည်းနည်းလောက် မြင့်တင်ပေးမည်ဖြစ်သည်။
နတ်ဆိုးတွေတောင်မှ ကိုယ်ပိုင်ပါရမီရှိတာကို သိရပေမည်။ ဤနတ်ဆိုးဘုရင်သုံးပါသည် အလွန်အားကောင်းသော်လည်း သူတို့သည် အခြေတည်စိတ်ဝိညာဉ်အဆင့် အတားဆီသို့ရောက်နေပြီဖြစ်သည်။ ထို့ထက်ပို၍တိုးတက်စေမှာ ခက်ခဲပေသည်။ ဤသည်မှာ ပါရမီကြောင့်ဖြစ်သည်။ ပါရမီတိုးတက်လာသည်နှင့်အမျှ သဘာဝအတိုင်း ကျင့်ကြံခြင်းမှာလည်း အဟန့်အတားမရှိတော့ပေ။
ထို့ကြောင့် နတ်ဆိုးဘုရင်သုံးပါးသည် လင်းပေါင်အာကိုမြင်ပြီး သူ့ကို တပည့်အဖြစ်လက်ခံရန် ဆန္ဒရှိကြခြင်းဖြစ်သည်။
လင်းပေါင်အာသည် အလွန်ထူးချွန်သည်ကို အားလုံးသိသောကြောင့် သူမသည် ကောင်းကင်ဘုံ၏သမီးတော်ဖြစ်ပြီး သူမ၏အနာဂတ်မှာလည်း အဆုံးအစမရှိပေ။ သူမသည် အသက်ဆယ့်တစ်နှစ်သာရှိသေးသော်လည်း ကျင်းတန်(ရွှေဗဟိုချက်နယ်ပယ်) အဆင့်သို့ရောက်နေပြီဖြစ်သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ချိုးဖြတ်နိုင်ခြင်းမှာ ပြဿနာမရှိချေ။ အနာဂတ်တွင် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ရောက်ရှိရန်မှာလည်း မဖြစ်နိုင်ခြင်းမဟုတ်ပေ။
ဤနတ်ဆိုးဘုရင်သုံးပါး၏ ပါရမီက လင်းပေါင်အာထက် သာလွန်ပေသည်။ သို့သော် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ ကျော်ဖြတ်လိုပါက အခွင့်အရေးမှာ အလွန်နည်းပါးသည်။
ချမ်ချန်ကန်းမှာ အလုံးစုံသောသက်ရှိစွမ်းအားကို အသုံးပြုပြီးနောက် နတ်ဆိုးဘုရင်သုံးပါးတို့သည် သူတို့၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ အလွန်ရှင်းရှင်းလင်းလင်း ခံစားလိုက်ရခြင်းဖြစ်သည်။
*ဒါကသူတို့ရဲ့ပါရမီတိုးတက်လာတာပဲ*
သူတို့၏ပါရမီများ တိုးတက်လာသည်ကို ခံစားမိသောအခါ နတ်ဆိုးဘုရင်သုံးပါးစလုံး တုန်လှုပ်သွားကြသည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း။ ငါတို့ရဲ့ပါရမီတွေက မြင့်နေပြီးသားလေ ထပ်ပြီးတော့ မြင့်တင်နိုင်သေးတာလား။”