အခန်း ၂၅
Vol. 3 Ch. 25
အခန်း(၂၅) အဆင့်ရှစ်ပါရမီသို့ မြှင့်တင်ပေးခြင်း
စွမ်းရည်များ တိုးတက်လာခြင်းက နတ်ဆိုးဘုရင်သုံးပါးအတွက် ကြီးမားသော ပြောင်းလဲမှုကိုဖြစ်ပေါ်စေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားများက လှိုင်းထန်သော မြစ်တစ်စင်းကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှာ အကန့်အသတ်မရှိ ထွက်ပေါ်လာခဲ့သည်။
အထူးသဖြင့် ဟုန်ရီနှင့် ရှဲ့ကျီနယ့်တို့သည် အခြေတည်စိတ်ဝိညာဉ် ကောင်းကင်ဘုံအလွှာသုံး၏ အထွတ်အထိပ်တွင် ရှိကြသည် ဖြစ်သည်။ ထို့ပါယဲ့မှာမူ အလွှာလေးတွင် ရှိခဲ့သည်ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ၎င်းတို့၏ အခြေခံအုတ်မြစ်များမှာ ခိုင်မာနေခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ၎င်းတို့၏ ပါရမီများ တိုးတက်လာသည်နှင့်အမျှ ကျင့်ကြံမှုသည်လည်း ပိတ်ဆို့နိုင်တော့မည်မဟုတ်ပေ။ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးချီများက ကမ္ဘာပေါ်သို့ ပေါက်ထွက်လာခဲ့သည်။
ဟုန်ရီနှင့် ရှဲ့ကျီနယ့်တို့သည် တစ်ချိန်တည်းမှာပင် အခြေတည်စိတ်ဝိညာဉ် ကောင်းကင်ဘုံအလွှာလေးအဆင့်သို့ကျော်ဖြတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီးမှာ အရောင်များ ပြောင်းလဲလာပြီး လေပြင်းများ တိုက်ခတ်ကာ တိမ်ညိုများထူထပ်ပြီး ကြောက်မက်ဖွယ် ကောင်းသော မိုးခြိမ်းသံများဖြစ်ပေါ်လာခဲ့သည်။
၎င်းတို့၏ပါရမီကို မြှင့်တင်ပေးသည့် လုပ်ငန်းစဉ်သည် ယခင်က လင်းပေါင်အာကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီး၏ ကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ဟုန်ရီ၊ ရှဲ့ကျီနယ့်နှင့်ထို့ပါယဲ့တို့အားလုံးသည် အားကောင်းသည့် အခြေတည်စိတ်ဝိညာဉ်များဖြစ်ကြသည်။
ထို့ကြောင့် ၎င်းတို့၏ ကောင်းကင်ဘုံ ကပ်ဘေးသည် လင်းပေါင်အာ ဆွဲဆောင်ခဲ့သည့် ကောင်းကင်ဘုံကပ်ဘေးထက် ပို၍သန်မာပေသည်။ ကောင်းကင်ကြီးတစ်ခုလုံး မိုးခြိမ်းသံကြောင့် ကွဲအက်သွားသည်။
“ ဝုန်း”
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကြောင့် ဖေးရှန့်တောင်တစ်ခုလုံးသာမက တောင်၏ မိုင်တစ်သိန်းပတ်လည် တစ်ခုလုံး ပြာကျသွားနိုင်သည့် သဘောရှိသည်။ ကံအားလျော်စွာပင် ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအတိဒုက္ခက အနီရောင်နတ်ဆိုးဘုရင်သုံးပါးအတွက်သာ ရည်ရွယ်ပေသည်။
သို့သော် ၎င်းတို့ကို နတ်ဆိုးဘုရင်သုံးပါးစလုံး ခုခံရန်မဖြစ်နိုင်ပေ။ အသွင်ပြောင်းခြင်းစွမ်းအားက ၎င်းတို့ကိုရပ်တန့်နိုင်မည်မဟုတ်ပေ။ နတ်ဆိုးဘုရင်သုံးပါးစလုံး၏ မျက်နှာများမှာ ဖြူဖျော့ပြီး “ပြီးသွားပြီ “ဟူသော ခံစားချက်တစ်ခုသာရလိုက်ကြသည်။
လင်းပေါင်အာသည် ဤမိုးကြိုးကပ်ဘေးကို ကြုံတွေ့ဖူးခဲ့ပြီးဖြစ်သောကြောင့် မကြောက်ပေ။
“စိုးရိမ်မနေကြနဲ့၊ ဒီမှာ ဆရာရှိတယ်။ ဘာမှမဖြစ်ဘူး”
ဟုန်ရီ၊ ထို့ပါယဲ့နှင့် မြွေနယ့်နယ့်တို့ နတ်ဆိုးဘုရင်သုံးပါးစလုံးက အံ့ဩစရာကောင်းအောင် ကြောက်ရွံ့ ထိတ်လန့်နေကြသည်။
သူတို့၏ အရည်အချင်းများ တိုးတက်လာသဖြင့် သူတို့၏ အနာဂတ်ကျင့်ကြံမှုမှာလည်း တောက်ပလာပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်သို့ရောက်ရှိရန်မှာ အိပ်မက်မဟုတ်တော့ပေ။ သို့ပေမဲ့ ထိုသို့စွမ်းရည်မြှင့်တင်ခြင်းက ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအတိဒုက္ခကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
မတားဆီးနိုင်ခဲ့ပါက အဆုံးသတ်က တစ်ခုသာရှိပေသည်။ သူတို့၌ ချမ်ချန်ကန်းကို ယုံကြည်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ သူတို့သခင်ကိုသာ ပုံအပ်ထားလိုက်ကြသည်။
“ဝုန်း ဝုန်း ဝုန်း။”
ကောင်းကင်ကြီး ပြိုကျလာပြီး မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ချမ်ချန်ကန်း၏ အမူအရာမှာ ပုံမှန်အတိုင်းဖြစ်ပြီး ဤကဲ့သို့ မိုးခြိမ်းသံကို သူ၏ မျက်လုံးထဲ၌ မထည့်ပေ။ ဤသည်မှာ ခွန်အားဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအတိဒုက္ခက ကျဆင်းလာခဲ့သည်။
သို့သော် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်ပယ်ထဲသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့အားလုံးသည် နူးညံ့သိမ်မွေ့သော စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထို့နောက် လေပြေညှင်းကဲ့သို့ နတ်ဆိုးဘုရင်သုံးပါးစလုံး၏ ခန္ဓာကိုယ်ထဲသို့ အရည်ပျော် ဝင်သွားကြသည်။
သူတို့၏ ပါရမီကို မြှင့်တင်ပေးသည့် လုပ်ငန်းစဉ်၌ သူတို့၏ ခန္ဓာကိုယ်သည်လည်း မိုးကြိုးပစ်ခတ်မှုကြောင့် မူလခန္ဓာကိုယ်မှာ ပို၍ အားကောင်းလာခဲ့သည်။ ဤသည်မှာ နတ်ဆိုးဘုရင်သုံးပါးအတွက် ကြီးမြတ်သော ကောင်းချီးဖြစ်သည်။
ကြောက်လန့်စရာကောင်းသော မိုးကြိုးအတိဒုက္ခက ကမ္ဘာတစ်ခုလုံးကို ပြိုကွဲနိုင်စေလောက်သည့် မြင်ကွင်းတစ်ခုပေးသည်။
၎င်းကြောင့် တောင်ပေါင်းတစ်သိန်းရှိ နတ်ဆိုးများနှင့် သရဲတစ္ဆေများအားလုံး အလွန်ထိတ်လန့်ပြီး မြေကြီးပေါ်၌ ပြားပြားဝပ်ကုန်ကြသည်။ သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော မိုးခြိမ်းသံကို ချမ်ချန်ကန်းက နောက်တစ်ကြိမ် တားဆီးလိုက်ပြန်သည်။
ထို့နောက် ချမ်ချန်ကန်း၏ လက်ထဲ၌ အနူးညံ့ဆုံး စွမ်းအားအဖြစ်ပြောင်းလဲသွားပြန်သည်။ ဤနည်းလမ်းက ရိုးရှင်းပြီး အံအားသင့်စရာကောင်းပေသည်။ လက်ရှိမူ နတ်ဆိုးဘုရင်သုံးပါးစလုံး ချမ်ချန်ကန်းကို လုံးဝယုံကြည်သက်ဝင်သွားစေခဲ့သည်။ အချိန်မည်မျှကြာသွားလည်း မသိနိုင်ပေ။ မိုးကြိုးအတိဒုက္ခ ပျောက်ကွယ်သွားပြီး နတ်ဆိုးဘုရင်သုံးပါးစလုံး အသွင်ပြောင်းလဲသွားကြသည်။
“ကျေးဇူးတင်ပါတယ် သခင်။ သခင့်လက်အောက်ငယ်သားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”
နတ်ဆိုးဘုရင်သုံးပါးစလုံးက ရိုသေလေးစားစွာ ရိုသေပေးလိုက်ကြသည်။
ချမ်ချန်ကန်းက ပြုံးလိုက်သည်။ ဤလှုပ်ရှားမှုသည် သူ့အတွက် လက်တစ်ခတ်ရုံမျှသာရှိသည်။
သို့သော် ဤအချင်းအရာကြောင့် နတ်ဆိုးဘုရင်သုံးပါးစလုံး သူ့အား အမှန်တကယ် လက်နက်ချပြီဟု မှတ်ယူလိုက်ပေသည်။
“ပါရမီက ဘယ်လောက်တိုးတက်လာပြီလဲ။”
ချမ်ချန်ကန်းက မေးလိုက်သည်။
နောက်ဆုံးတွင် သူသည် ဤနတ်ဆိုးဘုရင်သုံးပါးကို အနိုင်ယူခဲ့ပြီဖြစ်သောကြောင့် ဤနတ်ဆိုးဘုရင်သုံးပါးအတွက် အလုံးစုံသောသက်ရှိ လုပ်ဆောင်ချက်ကို အသုံးပြုပြီး သူတို့၏ ပါရမီကို မြှင့်တင်ပေးခဲ့သည်။
မြွေနယ့်နယ့်က ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။ ထိုကျောက်တုံးသည် လက်သီးအရွယ်အစားရှိပြီး ကြည်လင်ပြတ်သားပေသည်။
ထျန်းကျီကျောက်တုံး။
လင်းပေါင်အာ၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။ ထျန်းကျီကျောက်တုံးသည် ပါရမီကို စမ်းသပ်ရန် အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ပါရမီက ကိုးမျိုးရှိသည်။
အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ မဲနယ်ရောင်၊ ခရမ်းရောင်၊ အနက်ရောင်နှင့် ရွှေရောင်တို့ဖြစ်သည်။
ချန်ချန်ကန်း၏ အကူအညီဖြင့် လင်းပေါင်အာ၏ အရည်အချင်းများမှာ တိုးတက်လာခဲ့သည်။ သူမကလည်း သူမ၏ လက်ရှိပါရမီကို သိချင်ပေသည်။
မြွေနယ့်နယ့်၊ ထို့ပါယဲ့နှင့် ဟုန်ရီတို့၏ လက်ရှိ အရည်အချင်းမှာ အဆင့် ၆ ဖြစ်သည်။
မြွေနယ့်နယ့်သည် သူ၏ စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ပြီး သူ၏အရည်အချင်းကို စစ်ဆေးလိုက်သည်။ ကျောက်တုံးက တောက်ပလာခဲ့သည်။
ခဏအကြာတွင် ကျောက်တုံးပေါ်၌ အရောင်ကိုးရောင် ပြောင်းလဲသွားပြီး အနက်ရောင်သာ ကျန်ရှိခဲ့တော့သည်။ နတ်ဆိုးဘုရင်သုံးပါးစလုံး၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားသည်။ ကျောက်တုံးကို ကိုင်ထားသည့် မြွေ၏လက်မှာလည်း တုန်ခါလာသည်။
“အနက်ရောင်...အဆင့်ရှစ်ပါရမီ။ ဒါက အနက်ရောင်ပဲ။ အဆင့်ရှစ်ပါရမီဖြစ်လာတာပဲ။”
ထို့ပါ့ယဲ့က တံတွေးတစ်လုပ်မျိုချလိုက်သည်။ ဟုန်ရီ၏ လှပသော မျက်လုံးများကလည်း တောက်ပလာပြီး သူမ၏ လက်ရှိ အရည်အချင်းကို ပို၍ မျှော်လင့်လာမိသည်။
“အဆင့်ရှစ်ပါရမီလား။”
ချမ်ချန်ကန်းက အံ့ဩသွားသည်။ သူသည် မြွေနယ့်နယ့်၏ အရည်အချင်းကို တိုးမြှင့်ရန် အလုံးစုံသောသက်ရှိစွမ်းအင်ကို အမှန်တကယ် အသုံးပြုခဲ့သော်လည်း သူ၏စွမ်းအင်မှာ အဆင့် ရှစ်သို့ မြှင့်တက်လာခဲ့သည်။
ချမ်ချန်ကန်းသည်ပင် အနည်းငယ် အံအားသင့်သွားသည်။
ကောင်းကင်ဘုံသားတော် မဟုတ်သည့် သူများအတွက် အဆင့်ကိုးပါရမီသည် ကျူးရှို့တိုက်ကြီးအတွက် အလွန်ရှားပါးသော တည်ရှိမှုဖြစ်သည်။ သန်းပေါင်းရာနှင့်ချီသော လူများကြားတွင် လူအနည်းငယ်ကသာ အဆင့်ကိုးအရည်အချင်းသို့ ရောက်နိုင်ပေသည်။
ဤကဲ့သို့ စွမ်းရည်မျိုးကို ကောင်းကင်ဘုံကို အံတုခြင်းလို့ ခေါ်နိုင်ပေသည်။
မြွေ၏ နှလုံးသားမှာ အလွန်တုန်လှုပ်သွားသည်။ ဤအချက်ကို မယုံကြည်နိုင်သေးပေ။
သူ၏အရည်အချင်းကို မြှင့်တင်လိုက်ပြီးနောက် သူ၏ပါရမီလည်း အဆင့်ရှစ်သို့ ရောက်သွားပြီဖြစ်ကြောင်း မယုံနိုင်သေးပေ။
ရွှေစပါးအုံးကလန်ရှိ မြင့်မြတ်သားတော်သည်ပင် အဆင့်ရှစ်ပါရမီရှိသူ ဖြစ်ကြောင်း သိရပေမည်။ ဤသည်မှာ သူမျှော်ကြည့်ခဲ့ဖူးသော တည်ရှိမှုဖြစ်သည်။ သို့ပေမဲ့ ယနေ့တော့ သူကိုယ်တိုင်ရရှိလိမ့်မည်ဟု မထင်ခဲ့ပေ။
ထို့နောက် ထို့ပါယဲ့နှင့် ဟုန်ရီတို့သည်လည်း သူတို့၏ အရည်အချင်းများကို စစ်ဆေးခဲ့ကြသည်။ သူတို့၏ မျှော်လင့်ချက်များကို မပျက်စေခဲ့ပေ။ သူတို့အားလုံး၏ပါရမီမှာ အဆင့်ရှစ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
ချမ်ချန်ကန်းက နတ်ဆိုးဘုရင် သုံးပါးစလုံးကို သာမာန်ကာလျှံကာကြည့်ပြီး
“မင်းတို့က ငါ့ကို သစ္စာခံတဲ့အတွက် ငါက မင်းတို့ကို ပိုပြီးအကျိုးရှိစေတဲ့ အဆင့်ကိုးပါရမီရအောင် လုပ်ပေးနိုင်တယ်။”
ထိုစကားကြောင့် နတ်ဆိုးဘုရင်သုံးပါးလုံး၏ မျက်လုံးများမှာ လင်းလက်လာပြီး လင်းပေါင်အာသည်ပင် မကူညီနိုင်ခဲ့ပေ။
သူတို့၏ အရည်အချင်းများသည် အဆင့်ရှစ်သို့ ရောက်ပြီးနောက် ကောင်းကင်ဘုံသို့ တက်ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ လင်းပေါင်အာ၏ ထူးခြားသော စွမ်းအားကိုလည်း ခံစားနိုင်ပေသည်။
“အဆင့်ကိုးဖြစ်နိုင်လား။”
လင်းပေါင်အာ၏ ပါရမီသည် ဘယ်ကြောင့် ဤမျှလောက် အားကောင်းသည်ဟု သူတို့ နားလည်သွားကြသည်။
ဤအရာအားလုံးမှာ သခင်ကြောင့်ဖြစ်သည်ဟု သူတို့သိလိုက်သည်။ နတ်ဆိုးဘုရင် သုံးပါးစလုံး၏ မျက်လုံးများတွင် မီးတောက်များ တောက်လောင်လာသည်။
ချမ်ချန်ကန်း၏ စကားအရ သူတို့သည် သူတို့ကိုယ်တိုင် အဆင့်ကိုး အရည်အချင်းများရရှိနိုင်သည်ဟု ဆိုလိုပေသည်။
နတ်ဆိုးဘုရင်သုံးပါးစလုံး ဤအခွင့်ရေးကိုယူပြီး ချမ်ချန်ကန်းအား သစ္စာခံမည်ဟု စိတ်ထဲ၌ ကျိန်ဆိုလိုက်ကြသည်။ ချမ်ချန်ကန်း အသားစားပါက သူတို့က အရည်သောက်ပြီး ချမ်ချန်ကန်းနောက်သို့ လိုက်ပါကြတော့မည် ဖြစ်သည်။