← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း(၂၆) သင့်အကျိုးတွက်ရက်ရောပါ

“ဆရာ.. ဆရာ.. သူတို့ရဲ့အရည်အချင်းတွေအကုန်လုံး အဆင့်ရှစ်ထိရောက်သွားပြီဆိုတော့ တပည့်လည်း တပည့်အရည်အချင်းက ဘယ်လောက်လည်းဆိုတာ သိချင်နေမိတယ်”

လင်းပေါင်အာမှာ သူမ၏အရည်အချင်းက ဘယ်လောက်ရောက်နေပြီဆိုတာ သိရန်မစောင့်နိုင် တော့ပေ။

*အဆင့်ရှစ်လား၊ ဒါမှမဟုတ်အဆင့်ကိုးလား*

ဤသို့အခြေအနေမျိုးသာဆိုပါက သူမသည် ပါရမီရှင်တစ်ဦးဖြစ်လာနိုင်ပေသည်။

ဟုန်ရီသည် ထိုစကားကိုကြားသောအခါ သူမလက်ထဲမှကျောက်တုံးကို လင်းပေါင်အာလက်ထဲသို့ အမြန်ပေးလိုက်သည်။ သူတို့သုံးဦးစလုံး လင်းပေါင်အာအရည်အချင်းကို အလွန်စိတ်ဝင်စားကြပေသည်။ ချမ်ချန်ကန်းလည်း သိချင်မိသည်။

လင်းပေါင်အာ၏ အရည်ချင်းများတိုးတက်စေရန် သူသည် အလုံးစုံသော သက်ရှိစွမ်းအားကို အသုံးပြုခဲ့သည်။ နတ်ဆိုးဘုရင်သုံးပါးတောင် အဆင့်ရှစ်သို့ရောက်နေပြီဖြစ်သည်။ လင်းပေါင်အာ အရည်ချင်းသည်လည်း လုံလောက်သည်ထက်ပို၍ အဆင့်ကိုးသို့ရောက်ရှိသင့်ပေသည်။

ခဏအကြာတွင် လင်းပေါင်အာ၏လက်ထဲမှ ကျောက်တုံးမှာ အရောင်တောက်ပလာခဲ့သည်။ အနီ၊လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ ခရမ်း၊ အနက်ရောင်နှင့် ရွှေရောင်စသည်ဖြင့် အရောင်ကိုးမျိုး တစ်လှည့်စီ လှည့်ပတ်လာသည်။

လင်းပေါင်အာ၏အရည်ချင်းမှာ အဆင့်ကိုးဖြစ်ကြမည်ဟု အားလုံးကထင်ခဲ့မိသည်။ သို့သော် အရောင်ကိုးရောင် တစ်လှည့်စီလှည့်ပတ်ပြီးနောက် ထျန်းကျီကျောက်တုံး၏အရောင်မှာ ပုံမှန်အတိုင်းပြောင်းလဲသွားသည်။

နတ်ဆိုးဘုရင်သုံးပါးစလုံး အံအားသင့်သွားသည်။ လင်းပေါင်အာလည်း ထိတ်လန့်သွားသည်။ ချမ်ချန်ကန်းခမျာလည်း ရှော့ရသွားသည်။

“ဇာတ်ကွက်ကမှားသွားတယ် ….ရွှေရောင်ကော ဘယ်ရောက် သွားတာလည်း”

“ဆရာ ဘာဖြစ်သွားတာလဲ”

လင်းပေါင်အာတစ်ယောက် ထျန်းကျီကျောက်တုံးကို မျက်နှာသေနှင့်စိုက်ကြည့်နေမိသည်။ နတ်ဆိုးဘုရင်သုံးပါးစလုံးကလည်း ချမ်ချန်ကန်းကိုစိုက်ကြည့်နေပြီး ချမ်ချန်ကန်း၏အဖြေကိုသာ စောင့်နေကြသည်။

ထျန်းကျီကျောက်တုံးမှာ မပျက်စီးချေ။ နောက်ဆုံးတော့ နတ်ဆိုးဘုရင်သုံးပါးစလုံး ဤအရာကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းပေါင်အာလက်ထဲ၌ရှိသည် ထျန်းကျီကျောက်တုံးက ဘာလို့မပြောင်းလဲတာလဲ။ သူတို့လုံးဝနားမလည်နိုင်ပေ။ သူတို့နားမလည်သော်လည်း ချမ်ချန်ကန်းသိလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။

ချမ်ချန်ကန်းလည်း စိတ်ထဲ၌ ကျောက်တုံးက ဘာလို့အရောင်မပြောင်းတာလဲ၊ လင်းပေါင်အာ မှာအရည်အချင်းမရှိလို့လား၊ သို့သော် မကြာခင်မှာပဲ ချမ်ချန်ကန်းက သူ့အတွေးကို ငြင်းပယ်လိုက် သည်။

“မဖြစ်နိုင်ဘူး”

နောက်ဆုံးတော့ ချမ်ချန်ကန်းသည်လင်းပေါင်အာ၏ အရည်အချင်းကိုတိုးမြင့်ပြီးနောက် ကြုံတွေ့ခဲ့ရသော အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း ခံစားရသည်။

ထို့ကြောင့် ဘာကြောင့် အရောင်မပေါ်လည်းဆိုတာကို အကြောင်းပြချက်တစ်ခုရှိပေသည်။ သူက ပြောလိုက်၏။

“အဆင့်ကိုးဆိုတာက အရည်ချင်းရဲ့အကန့်သတ်ဆိုတာ လူတိုင်းသိကြတယ်၊ ဒါပေမဲ့ အဆင့်ကိုးထက်ပိုမြင့်တဲ့အဆင့်ရှိတယ်ဆိုတာကတော့ ထျန်းကျီကျောက်တုံးက ရှာမတွေ့နိုင်ဘူး။ အဲ့ဒါက ပုံမှန်ပဲ”

ချမ်ချန်ကန်း၏စကားထွက်ပေါ်လာသည်နှင့်အမျှ နတ်ဆိုးဘုရင်သုံးပါးစလုံး ထိတ်လန့်သွားပြီး အသက်ပြင်းပြင်းရှုလိုက်ကြမိသည်။

“ဒါကတကယ့်ကို သတင်းကောင်းပဲ၊ အဆင့်ကိုးထက်ပိုမြင့်တဲ့အဆင့်တွေ ရှိတာပေါ့”

သူတို့သည်မ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော်လည်း တစ်ခါမျှ မကြားခဲ့ဘူးပေ။ လင်းပေါင်အာလည်း ခဏလောက်အေးခဲသွားပြီး စိတ်လှုပ်ရှားသွားသည်။

“အဆင့်ကိုးအထက်အရည်ချင်းတွေရှိတယ်၊ ဆရာ ဒါဆိုတပည့်ရဲ့အရည်အချင်းက အဆင့်ကိုးထက်ကျော်လွန်နေတာလား”

“ဟုတ်တယ်”

ချမ်ချန်ကန်းကဘလိမ်ပြောလိုက်သဖြင့် သူ့မျက်နှာမှာ နီရဲနေသည်။ သို့သော် လင်းပေါင်အာဖြစ်ဖြစ်၊ နတ်ဆိုးဘုရင်သုံးပါးစလုံးဖြစ်ဖြစ် ချမ်ချန်ကန်းကို အလုံးစုံယုံကြည်ကြပေသည်။ ချမ်ချန်ကန်း၏ ကျင့်ကြံမှုအခြေခံသည် နားမလည်လောက်အောင် အားကောင်းပေသည်။

အင်မော်တယ်သစ်ပင်ကိုကြီးထွားလာစေရန်လည်းကောင်းတို့၏အရည်အချင်းများကို မြင့်တင်ပေးခြင်းမှာလည်းကောင်း အရာအားလုံး သူ၏လက်တစ်ခက်စာသာရှိသည်။ ထို့ကြောင့် ချမ်ချန်ကန်းသည် အထက်ကမ္ဘာမှ အင်မော်တယ်ဖြစ်နိုင်သည်ဟု သံသယရှိပေသည်။

တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားထဲ၌ သက်ပြင်းချလိုက်မိသည်။ ချမ်ချန်ကန်းကြောင့်သာ မဟုတ်ပါက ဤအချင်းအရာများကို သူတို့ လုံးဝသိလိမ့်မည်မဟုတ်ပေ။ သူတို့အားလုံး ရေတွင်းထဲမှ ဖားတစ်ကောင်သာဖြစ်ကြသည်။

နတ်ဆိုးဘုရင်သုံးပါးနှင့် လင်းပေါင်အာတို့မှာ လှည့်စားခံလိုက်ရသည်ကိုမြင်၍ ချမ်ချန်ကန်းက ပြုံးလိုက်ပြီး

“ဆရာက မင်းရဲ့အရည်ချင်းတွေကို မြင့်တင်ထားပေမယ့် မင်းက စိတ်မရှည်ပြီး ဒေါသကြီးတာမျိုး မောက်မာတာကိုရှောင်ရှားရမယ်။ မင်းထက်ပိုပြီးအရည်အချင်းရှိတဲ့သူတွေ အများကြီးရှိသေးတယ်။ ”

နတ်ဆိုးဘုရင်သုံးပါးစလုံး ချမ်ချန်ကန်း၏စကားကို နားလည်ကြပေသည်။ ထို့အပြင် ချမ်ချန်ကန်းသည် အထက်နယ်ပယ်မှဖြစ်ကြောင်း သူတို့က ပို၍သေချာလိုက်ပေသည်။

ဤလူသည် သူတို့ရန်စနိုင်သည့် အရာမဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူတို့အားလုံးသူ့အား သစ္စာခံရန်ဆန္ဒပိုရှိကြပေသည်။ နောက်ဆုံး၌ သူတို့အရည်အချင်းများအားလုံး အဆင့်ရှစ်သို့ ရောက်ရှိလာကြပြီဖြစ်သည်။

သူတို့၏အရည်ချင်းများအားလုံးကိုလည်း ပို၍တိုးမြင့်လိုပေသည်။ နတ်ဆိုးဘုရင်သုံးပါးစလုံး ချမ်ချန်ကန်းကိုကြည့်သည့် မျက်လုံးများမှာ ပြောင်းလဲသွားသည်။ ဤအကြည့်က လေးစားမှုအပြည့်ရှိသည်။

ချမ်ချန်ကန်းသည် ဤအချင်းအရာကိုမြင်သောအခါ သဘာဝအတိုင်း ကျေနပ်သွားပေသည်။ သူလိုချင်တာဒါပဲ။ သူက သက်ပြင်းချလိုက်မိ၏။ ဤနတ်ဆိုးဘုရင်သုံးပါးစလုံးသည် အခြေတည်စိတ်ဝိညာဉ်နယ်ပယ် မဟာနတ်ဆိုးဘုရင်များဖြစ်ကြသည်။

၎င်းတို့သည် ယခင်က တန်ခိုးကြီးခဲ့ဘူးသော်လည်း ယခု၌ သူ၏လက်အောက်ငယ်သားများဖြစ်လာကြသည်။ ထို့ကြောင့် သူလုပ်ဆောင်လိုသည်များကို ဤသုံးပါးအားလုပ်ခွင့်ပေးမည်ဖြစ် သည်။

“မင်းတို့ ငါ့အနောက်ကိုလိုက်ခဲ့ပြီဆိုပါတော့ မင်းတို့အလုပ်ကြိုးစားသ၍ အနာဂတ်မှာ မသေမျိုးနယ်ပယ်ထိ မရောက်နိုင်ဘူးဆိုတာ မဖြစ်နိုင်စရာအကြောင်းမရှိဘူး။ ”

ချမ်ချန်ကန်းသည် နတ်ဆိုးဘုရင်သုံးပါးစလုံးအတွက် ကိတ်မုန့်တစ်တုံးချပေးလိုက်သောအခါ နတ်ဆိုးဘုရင်သုံးပါးစလုံး အလွန်စိတ်လှုပ်ရှားပြီး ဝမ်းသာသွားကြသည်။ သူတို့သည် အလွန်ဉာဏ်ရည်မြင့်မားပြီး နတ်ဆိုးဘုရင်များဖြစ်ကြသဖြင့် အရှုးလုပ်ခံကြမည်မဟုတ်ပေ။

သို့သော် ယခုချိန်မှာတော့ဘမတူပေ။ သူတို့အရည်အချင်းများလည်းတိုးတက်လာပြီး သူတို့၏ ကျင့်ကြံခြင်းမှာလည်း အဆင့်ချိုးဖြတ်သွားပြီဖြစ်သည်။

ထို့အပြင် ကျူးယန်အင်မော်တယ်သစ်ပင်မှာလည်း ကြီးထွားပြီးအပွင့်များပွင့်လာခဲ့သည်။ ဤအချင်းအရာအားလုံးက တုန်လှုပ်စရာကောင်းပေသည်။ ဤသည်မှာ သာမန်လူတွေ လုပ်နိုင်သည့်အရာ မဟုတ်ပေ။

အခြေတည်စိတ်ဝိညာဉ်နယ်ပယ်ကိုမပြောနှင့် နတ်ဘုရားအသွင်ပြောင်းလဲခြင်းနယ်ပယ်ကပင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ယခုအခါ ချမ်ချန်ကန်းသည် သူတို့အား အနာဂတ်တွင် အင်မော်တယ်များဖြစ်နိုင်သည်အထိ တိုးမြင့်ပေးမည်ဟုပြောသောအခါ အခြားသူဆိုရင် ယုံကြည်မည်မဟုတ်ပေမယ့် အကြောင်းတစ်ခုခုကြောင့် ချမ်ချန်ကန်း၏ပါးစပ်မှထွက်လာသည့်အရာကို သူတို့နှလုံးသားထဲ၌ အနည်းငယ်မျှပင် သံသယမရှိကြပေ။

“မသေမျိုးဖြစ်လာလိမ့်မယ်။”

လင်းပေါင်အာသည် ငယ်ရွယ်သော်လည်း အင်မော်တယ်အဖြစ်သို့ တက်လှမ်းရန် မည်မျှအရေးကြီးကြောင်းကိုသိပေသည်။ ကျူးရှို့တိုက်ကြီးတွင် နတ်ဆိုးများ၊မကောင်းဆိုးဝါးများနှင့် လူသားများအားလုံး ၎င်းတို့ကျင့်ကြံရသည့်ရည်ရွယ်ချက်မှာ အင်မော်တယ်ဘဝသို့ တက်လှမ်းရန်သာဖြစ်သည်။

သို့ပေမယ့် ချမ်ချန်ကန်းကဲ့သို့ စကားများကို ယုံယုံကြည်ကြည် ပြောရဲသူဘယ်နှစ်ယောက်ရှိလို့လဲ။ သေချာပေသည်။ သူတို့သည် ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေစနစ်၏ လုပ်ဆောင်ချက်အကြောင်း မသိကြခြင်းဖြစ်သည်။

သူသည် သူ့အတွက်ခိုင်းစေရန် အခြေတည်စိတ်ဝိညာဉ်အဆင့် နတ်ဆိုးဘုရင်သုံးပါးကို လှည့်ဖြားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအချင်းအရာကနတ်ဆိုးဘုရင်သုံးပါးစလုံးအတွက် အလွန်စိတ်လှုပ်ရှားစရာဖြစ်သည်။

ထို့နောက် ထို့ပါယဲ့၊ ရှဲ့ကျီနယ့်နှင့် ဟုန်ရီတို့သည် ခြံဝန်းထဲသို့ စူးစမ်းလေ့လာလိုစိတ်အပြည့်ဖြင့် လှည့်ပတ်ကြည့်ရှု့နေကြသည်။ နေရာတိုင်းတွင်စိတ်ဝိညာဉ်မြက်ပင်များရှိပြီး၊ ကောင်းကင်နှင့်မြေကြီးကြားတွင်အေးချမ်းသည့် တာအိုကျက်သရေတစ်မျိုးလည်းရှိပေသည်။

ဤနေရာ၌နေရသည်မှာ သူတို့အတွက်အလွန်ပင် သက်သောင့်သက်သာခံစားရပေသည်။ သူတို့သည် နှလုံးသားထဲမှ သက်ပြင်းချလိုက်ကြသည်။

ထို့နောက် ဟုန်ရီသည် အင်မော်တယ်သစ်ပင်ဖြစ်သည့် ကျူးယန်အပင်ပေါ်သို့ ကြည့်လိုက်သည်။ အင်မော်တယ်ကျူးယန်သစ်ပင်သည် ကြီးထွားလာပြီးအပွင့်များပွင့်လာသည်။ အသီးများသီးရန်မှာ အချိန်ကြာတော့မည်မဟုတ်ပေ။ ဤအချင်းအရာကို ရှဲ့ကျီနယ့်ကလည်း စောင့်မျှော်နေမိသည်။

ခဏကြာသောအခါ သူကတုံ့ဆိုင်းသွားပြီး ချမ်ချန်ကန်းကို တလေးတစားမေးလိုက်သည်။

“သခင် ဒီအင်မော်တယ်သစ်ပင်ကြီးက၊ အပွင့်ပွင့်ပြီးအသီးသီးဖို့ ဘယ်လောက်ကြာမှာလဲ”

ချမ်ချန်ကန်းက ဟုန်ရီကိုကြည့်ပြီး

“ကျူးယန်အင်မော်တယ်သစ်ပင်က အသီးမသီးခင် အချိန်တစ်ခုတော့ရှိသင့်တယ်။ မင်းစားချင်ရင်တော့ ကိုယ့်ဘာသာခူးစား ”

ဟုန်ရီက ချမ်ချန်ကန်း၏ စကားကိုကြားသောအခါ သူမ၏လှပသောမျက်လုံးအိမ်မှာ တောက်ပသွားသည်။

“သခင် အဲ့ဒါကအမှန်ပဲလား”

“ငါက မင်းကိုလိမ်မှာမို့လို့လား၊ မင်းစားချင်ရင် မင်းဘာသာမင်းခူးစားလို့ရတယ်၊ အချိန်မရွေးလိုသလောက်ခူးစားလို့ရတယ်၊ ကိုယ့်အဖွဲ့သားချင်းအတွက် ဒီအသီးလောက်ကတော့ ပြောဖို့တောင်မလိုဘူး။ ”

All Chapters