← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈) အင်မော်တယ်ဓါးကိုယူခြင်း၊ အမဲလိုက်ရန်အချိန်ကျပြီ

“ဝုန်း”

လင်းပေါင်အာတစ်ယောက် တောင်ပေါ်သို့လွင့်စင်သွားခဲ့ပြီး အလူးအလဲကုန်းထ၍ ထွက်ပြေးလိုက်သည်။

သူမသည် အနည်းငယ်ရှက်ရွံ့မိသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမအား အင်မော်တယ်ဓားမှ ကာကွယ်နိုင်ခဲ့သည်။

လင်းပေါင်အား၏လက်ရှိဒဏ်ရာမှာ မပြင်းထန်ပေ။ လီဖေးဟုန်တစ်ယောက် မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။

လင်းပေါင်အာကမူ သတိမပြုမိပေ။ သူမသည် ၎င်းကိုဖြေရှင်းရန်သာ အာရုံစိုက်ထားပြီး တစ်ချိန်တည်းမှာပင် လွတ်မြောက်ရန်လည်း အခွင့်ရေးကိုရှာဖွေနေသည်။

လင်းပေါင်အာတစ်ယောက် လီဖေးဟုန်၏တိုက်ခိုက်မှုကို အကြိမ်ကြိမ်ဖြိုခွဲနိုင်သဖြင့် လီဖေးဟုန်တစ်ယောက် အမှန်တကယ် တုန်လှုပ်သွားခဲ့သည်။

“ဒါက တိုက်ဆိုင်မှုမဖြစ်နိုင်ဘူး။ ”

သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့်ဖြစ်သည်ကို သိရပေမည်။ သို့သော် နိမ့်ကျသော ကျင်းတန်အဆင့် ကျင့်ကြံသူမှ သူ၏တိုက်ခိုက်မှုကို အကြိမ်ကြိမ်ကာကွယ်နိုင်သည်မှာ မယုံနိုင်စရာကောင်းပေသည်။

မရေတွက်နိုင်အောင် ကြုံခဲ့ရသဖြင့် လီဖေးဟုန်တစ်ယောက် ယခုချိန်၌အလွန်ပင်တုန်လှုပ်ခဲ့ရသည်။

ဤရှု့ထောင့်မှကြည့်လျင် လင်းပေါင်အာ၏ကျင့်ကြံမှုသည် ရွှေဗဟိုချက်နယ်ပယ်တွင်ရှိနေသည်မှာ ကံကောင်းပေသည်။

(ရွှေဗဟိုချက်နယ်ပယ်နှင့် ကျင်းတန်အဆင့်မှာ အတူတူပင်ဖြစ်သည်။)

လင်းပေါင်အာသာ (ယွမ်ယင်အဆင့်) အခြေတည်စိတ်ဝိညာဉ်နယ်ပယ်သို့ ချိုး ဖြတ်သွားပါက သူသည်သူမ၏ပြိုင်ဘက်မဟုတ်တော့မှာကို ကြောက်ရွံ့မိသည်။

(အခြေတည်စိတ်ဝိညာဉ်နယ်ပယ်နှင့် ယွမ်ယင်အဆင့်မှာ အတူတူပင်ဖြစ်သည်)

“ဒီကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပြနေတာပဲ၊ သူမ၏အရည်ချင်းက အဆင့်ရှစ်မဟုတ်ရင် အဆင့်ကိုးဖြစ်နိုင်တယ်။ ဒီလိုလူကို ထိန်ချန်ထားလို့မရဘူး။ ”

လီဖေးဟုန်က အေးစက်စွာကြည့်ပြီး သတ်ဖြတ်ရန်ကြံစည်လိုက်သည်။

လင်းပေါင်အာသည် သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ကို သတိပြုမိသဖြင့် သူမ၏ နှလုံးသားမှာ ပို၍လေးလံလာခဲ့သည်။

“မဖြစ်တော့ဘူး၊ ဒီလူကြီးက ငါ့ကိုသတ်ချင်နေတာပဲ။ ငါမြန်မြန်ပြေးရမယ်။ “

သို့ပေမဲ့ သူမရင်ဆိုင်ရသည်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်သဖြင့် လွတ်မြောက်ရန် မလွယ်ကူချေ။ သို့သော် လင်းပေါင်အာက နည်းလမ်းတစ်ခုကို စဉ်းစားထားပြီးသားဖြစ်သည်။

သူမသည် ခဏလောက်တွေးပြီးနောက် ဒေါသတကြီးဖြင့်

“အဖိုးကြီး ငါသေရင်တောင် ဒီအင်မော်တယ်ဓားကို နင်မရစေရဘူး။ ”

လင်းပေါင်အာသည် သူမခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားများကို အင်မော်တယ်ဓားထဲသို့ ရူးသွပ်စွာဖြည့်သွင်းလိုက်သည်။

ဓားက တောက်ပလာခဲ့သည်။ သူမသည် လီဖေးဟုန်ကို တိုက်ခိုက်ခြင်းမဟုတ်ပေ။ ယင်းအစား ဆန့်ကျင်ဘက်သို့ အင်မော်တယ်ဓားကို လွတ်ပစ်လိုက်ခြင်းဖြစ်သည်။

အင်မော်တယ်ဓား၏အရှိန်သည် လျှပ်စီးလက်သကဲ့သို့ မြန်မြန်ဆန်ဆန်ဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

လီဖေးဟုန်၏မျက်နှာမှာ ပြောင်းလဲသွားသည်။ သူသည် လင်းပေါင်အာကို သတ်ချင်သော်လည်း အင်မော်တယ်ဓားကပို၍ အရေးကြီးပေသည်။

ဤအရာသည် အထက်ကမ္ဘာမှာ နတ်ဘုရားလက်နက်ဖြစ်ပြီး အလွန်အဖိုးတန်ပေသည်။

“ဒီအဖိုးကြီး အင်မော်တယ်လက်နက်ကို ယူပြီးတဲ့အထိစောင့်လိုက်။ ပြီးမှ မင်းကို ပြန်လာသတ်မယ်။”

ထိုစကားကိုပြောပြီးနောက် လီဖေးဟုန်သည် လင်းပေါင်အာကို မသတ်တော့ပဲအင်မော်တယ်ဓားအနောက်သို့ အပြေးအလွှားလိုက်သွားလိုက်သည်။

လင်းပေါင်အာလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။

အင်မော်တယ်ဓားကို စွန့်ပစ်ခြင်းက သူမအသက်ကို ချမ်းသာရာရစေခဲ့သည်။ သူမသည် ဤအခွင့်အရေးကိုစုပ်ကိုင်ပြီး ဖေးရှန့်တောင်သို့ ပြေးလွှားသွားလိုက်သည်။

ကံကောင်းထောင့်မစွာဖြင့် သူမသည်ဖေးရှန့်တောင်နှင့် အလွန်နီးကပ်နေပြီဖြစ်သည်။ လင်းပေါင်အာတစ်ယောက် ယခုချိန်၌ ခွန်အားမရှိတော့သဖြင့် အဝေးဆုံးသို့ပြေးမှ လွတ်ကင်းနိုင်ပေလိမ့်မည်။

လင်းပေါင်အာတွင် ပါရမီသည် အကန့်သတ်မရှိသည့် အလားလာရှိသော်လည်း ယခုအခါ ၎င်းမှာအကန့်သတ်သို့ရောက်နေပြီဖြစ်သည်။

လင်းပေါင်အာ၏လက်ထဲတွင် နဂါးကြက်ဆင်ဘုရင်ကိုတော့ စွန့်ပစ်မထားခဲ့ပေ။ ဤအရာသည် သူမဆရာအတွက်ဖြစ်သည်။

ဆရာပေးသောတာဝန်ကို ပြီးမြောက်စေရပေမည်။ သူမသည် လက်ကျန်အင်အားကိုအားကိုးပြီး ဖေးရှန့်တောင်သို့ပြေးသွားခဲ့သည်။

တဖက်တွင်မူ လီဖေးဟုန်တစ်ယောက်က အင်မော်တယ်ဓားကိုအလျင်အမြန် ဖမ်းမိလိုက်သည်။ အင်မော်တယ်ဓားကိုမြင်လိုက်သောအခါ လီဖေးဟုန်၏မျက်လုံးများမှာ လောဘစိတ်ဖြင့် ပူလောင်သွားသည်။

သို့သော် အင်မော်တယ်ဓားသည် လင်းပေါင်အာကိုသာ သခင်အဖြစ်အသိအမှတ်ပြုထားသောကြောင့် လင်းပေါင်အာမရှိသဖြင့် သူ၏စွမ်းအားမှာလည်း အကန့်သတ်ရှိပေသည်။

သို့သော်လည်း လီဖေးဟုန်သည် အင်မော်တယ်ဓားကို အနိုင်ယူရန်အကြိမ်များစွာကြိုးစားခဲ့ရသည်။ သူသည်အင်မော်တယ်ဓား၌ပါရှိသော ကြောက်မက်ဖွယ်ရာစွမ်းအားများကို ခံစားလိုက်ရသဖြင့် အလွန်အံအားသင့်သွားသည်။

“ဒါက နတ်ဘုရားရတနာပဲ၊ ဒီကောင်မလေးက ဒီအဖိုးကြီးကို ဒီဓားနဲ့ တစ်ယောက်တည်း ကိုင်တွယ်နိုင်တာ အံဩစရာတော့မဟုတ်ဘူး။ ”

လီဖေးဟုန်တစ်ယောက် တွေးလိုက်မိသည်။ သူသာ ဤဓားကို အနိုင်ယူနိုင်ပါက သူ့ထက်ပိုမြင့်သော အခြေတည်စိတ်ဝိညာဉ် သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်ပင်လျှင် သူ့အား တိုက်ခိုက်နိုင်သည့် စွမ်းအင်ရှိမည်မဟုတ်ပေ။

အင်မော်တယ်ဓားကိုရပြီးနောက် လီဖေးဟုန်တစ်ယောက် လင်းပေါင်အာကိုသတ်ရန် လှည့်ပြန်လာလိုက်သည်။

လင်းပေါင်အာအသတ်ခံရသ၍ အင်မော်တယ်ဓားသည် သူ့လက်ထဲ၌ ရှိသည်ဟူသောသတင်းကို မည်သူမျှ သိလိမ့်မည်ဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လီဖေးဟုန်တစ်ယောက် ပျောက်ကွယ်သွားသည်။

လင်းပေါင်အာမှာမူ သူမခန္ဓာကိုယ်ရှိ ဒဏ်ရာများကြောင့် စွမ်းအားများကုန်ဆုံးလုနီးပါးဖြစ်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေသည်။

သူမသည် လေထဲ၌ အချိန်မရွေးပြုတ်ကျနိုင်သကဲ့သို့ ရမ်းခါနေသည်။ ကံကောင်းထောက်မစွာဖြင့် လင်းပေါင်အာသည် သူမရှေ့တွင်ရှိသော ခမ်းနားကြီးကျယ်လှသည့် တောင်ကြီးကိုမြင်တွေ့လိုက်ရသည်။

“ငါမကြာခင် ဖေးရှန့်တောင်ကို ပြန်ရောက်တော့မှာပဲ”

အင်မော်တယ်ဘုရားကျောင်းဝန်း၌ ထို့ပါယဲ့၊ ရှဲ့ကျီနယ့်နဲ့ ဟုန်ရီတို့သုံးယောက်သည် လင်းပေါင်အာ၏ အငွေ့အသတ်ပြင်းထန်နေသည်ကို သတိပြုမိလိုက်ကြသည်။

သို့သော်လည်း လင်းပေါင်အာ၏အသက်ရှုသံများမှာ အားနည်းလာသည်ကို တွေ့သဖြင့် ၎င်းတို့၏ အမူအယာများမှာ ပြောင်းလဲလာခဲ့သည်။

မြွေနယ့်နယ့်သည် အပြင်သို့ပြေးထွက်ရန် ကြံစည်လိုက်သော်လည်း ရုတ်တရက်အေးခဲသွားတော့သည်။

လင်းပေါင်အာမှာ သခင်၏တပည့်ဖြစ်ကြောင်းသိရပေမည်။ ထို့အပြင်သူမသည် နဂါးကြက်ဆင်တောင်သို့သွားခြင်းမှာ သူတို့နှင့်ဆက်နွယ်နေခြင်းဖြစ်သည်။

တစ်ခုခုသာဖြစ်သွားပါက သူတို့လည်းလွတ်မြောက်လိမ့်မည်မဟုတ်ပေ။

“သခင်ရဲ့တပည့်လေးကို ဘယ်သူကအနိုင်ကျင့်ဝံ့တာလဲ၊ ”

ဤအခိုက်တွင် နတ်ဆိုးသုံးပါးစလုံး ၎င်းတို့၏နှလုံးသားထဲ၌ ဒေါသများဖြစ်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့မှာ အလွန်စိုးရိမ်လာခဲ့သည်။

ချမ်းချန်ကန်းက သူတို့အား အပြစ်တင်လာမှာကို ကြောက်နေမိသည်။

“မြွေနယ့်နယ့် ဘာကဒ်တွေကစားရမလဲစဉ်းစားပြီးပြီလား။ ”

ချမ်ချန်ကန်းက ပြုံးနေသည်ကို မြင်သောအခါ နတ်ဆိုးဘုရင်းသုံးပါးစလုံး စိုးရိမ်ထိတ်လန့်သွားကြသည်။

သခင်၏ခွန်အားအရဆိုလျှင် သူသည်အပြင်ကအခြေအနေကိုသိရပေမည်။ လင်းပေါင်အာ၏ အသက်ရှုသံက အားနည်းနေပြီး ဒဏ်ရာအပြင်းအထန်ရမှာကို စိုးရိမ်မိသည်။

*သခင်က စိတ်မတိုဘူးလား၊ ဒါမှမဟုတ် သူတို့အမှားတွေကို ဝန်ခံဖို့ သခင်ကစောင့်နေတာလား *

မြွေနယ့်နယ့်၊ ဟုန်ရီနှင့် ထို့ပါယဲ့တို့သုံးယောက်စလုံး ကမန်းကတမ်း သူတို့အမှားကို ဝန်ခံလိုက်ကြသည်။

“သခင်… သခင်မလေးပေါင်အာ အခုလိုဒဏ်ရာရတာ ကျွန်တော်တို့အပြစ်တွေပါ ကျေးဇူးပြုပြီး ပြင်ဆင်ခွင့်ပေးပါ။ ဘယ်သူက သခင်မလေးပေါင်အာကို ဒဏ်ရာရအောင်လုပ်လဲဆိုတာ ကျွန်တော်တို့ရှာဖွေပါ့မယ်။ ကျွန်တော်တို့ သူ့ကိုပြန်ပြီးတော့ ပေးချေပါ့မယ်။”

နတ်ဆိုးဘုရင်သုံးပါးမှ သူတို့အမှားကိုဝန်ခံသည်ကိုကြားသောအခါ ချမ်ချန်ကန်း၏ မျက်လုံးများမှာ ဗလာကျင်းဖြစ်သွားသည်။

“ငါ့တပည့်လေး တစ်ခုဖြစ်သွားတာလား”

ပြိုင်ဘက်ကင်းနယ်ပယ်၏ ပြင်ပကမ္ဘာအကြောင်းကို သူဘာမှမသိပေ။ သို့သော်လည်း နတ်ဆိုးဘုရင်သုံးပါး၏စကားကြောင့် ချမ်ချန်ကန်း၏မျက်နှာမှာအနည်းငယ် အရုပ်ဆိုးသွားသည်။

နတ်ဆိုးဘုရင်သုံးပါးသည် လင်းပေါင်အာ၏ အငွေ့သတ်ကိုခံစားနိုင်ကြောင်းဖြစ်သင့်ပေသည်။ ထို့အပြင် လင်းပေါင်အာသည် တောင်ပေါ်မှ ပထမဆုံးအကြိမ်ဆင်းသွားသော်လည်း ယခုအခါ မတော်တဆမှုဖြစ်ပွားခဲ့သည်။

ကံအားလျှော်စွာ နတ်ဆိုးဘုရင်သုံးပါး၏ ပြောစကားကိုနားထောင်ပြီးနောက် လင်းပေါင်အာတစ်ယောက် ဒဏ်ရာတွေသာရပြီး မသေခဲ့သဖြင့်ချမ်ချန်ကန်းတစ်ယောက် သက်ပြင်းချနိုင်ခဲ့သည်။

ပေါင်အာတစ်ယောက် ဘာလို့တော်တော်ကြာကြာ ပြန်မလာလဲဆိုတာ သူအံ့ဩနေသည်မှာ ဤအချင်းအရာကြောင့်ဖြစ်ပေလိမ့်မည်။

“ငါသူ့ကိုဘာမှမဖြစ်စေချင်ဘူး။ သူ့ကိုချက်ချင်းပြန်ခေါ်ခဲ့ကြ”

“အမိန့်အတိုင်းပါ”

နတ်ဆိုးဘုရင်သုံးပါးစလုံး နတ်ဆိုးမီးလျှံများဖြင့် ပြောင်းလဲသွားပြီး ဖေးရှန့်တောင်မှ ပြေးထွက်လာခဲ့သည်။

များမကြာမီအတွင်း ဖေးရှန့်တောင်ပေါ်သို့ ပြေးတက်လာသော လင်းပေါင်အာကို တွေ့လိုက်ရသည်။

“သခင်မလေးပေါင်အာ အဆင်ပြေရဲ့လား ”

ဟုန်ရီသည် အားနည်းနေသော လင်းပေါင်အာကို မြင်လိုက်ရသောအခါ သူမ၏အမူအယာသည် အလျင်အမြန် ပြောင်းလဲသွားပြီး မေးလိုက်သည်။

“အစ်မဟုန်ရီ နတ်ဆိုးနဂါးလှိုဏ်ဂူကလူတွေက ညီမကိုသတ်ချင်နေကြတာ ”

လင်းပေါင်အာသည် နတ်ဆိုးဘုရင်းသုံးပါးကို မြင်သောအခါ နောက်ဆုံး၌ စိတ်သက်သာရာရသွားသည်။

တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများမှာ ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်ထက်မှပြုတ်ကျလာသည်။

ဟုန်ရီက လင်းပေါင်အာကို လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။

“သွားစို့…အမြန်ပြန်မယ်”

ထို့ပါယဲ့နှင့် ရှဲ့ကျီနယ့်တို့၏ မျက်နှာများမှာ အရုပ်ဆိုးသွားကြသည်။

“သေစမ်း…. မင်းကများ သခင်မလေးကို တစ်ခုခုလုပ်ရဲတယ်ပေါ့ ”

သူတို့လည်း လင်းပေါင်အာကိုချီပြီး ပြေးထွက်သွားကြသည်။ နတ်ဆိုးဘုရင်းသုံးပါးထွက်သွားပြီး မကြာမီမှာပင် လီဖေးဟုန်တစ်ယောက် အင်မော်တယ်ဓါးကို လက်ထဲတွင်ကိုင်ထားပြီး လင်းပေါင်အာ၏ အငွေ့သက်ကို လိုက်ရှာနေခဲ့သည်။

သူက အေးစက်စွာအော်ဟစ်ရင်း

“ဒီကောင်မလေးရဲ့ မှော်စွမ်းအားတွေက သူ့ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားပြီ။ ဒဏ်ရာလည်း အပြင်းအထန်ရသွားတာတောင်မှ ငါ့လက်ကနေလွတ်သွားမယ်လို့ မမျှော်လင့်ထားဘူး။ ”

သို့သော် လင်းပေါင်အာ၏ အသက်ရှုသံအရ အလွန်နီးကပ်နေပြီဖြစ်ကြောင်း သူခံစားမိသည်။

“ဒီအဖိုးကြီးသတ်ချင်ရင် ဒီကမ္ဘာတစ်ခုလုံး ဘယ်သူမှ ဒီအဖိုးကြီးလက်ကနေ မလွတ် မြောက်နိုင်ဘူး ”

ထို့နောက် လီဖေးဟုန်တစ်ယောက် သက်တန့်အဖြစ်ပြောင်းသွားပြီး ဖေးရှန့်တောင်ဆီသို့ ဦးတည်သွားခဲ့သည်။

All Chapters