← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) ယုတ်မာတဲ့အဖိုးကြီး ခင်ဗျားကသတ္တိရှိသားပဲ

“ဝုန်း ဝုန်း ဝုန်း”

နတ်ဆိုးဘုရင်သုံးပါးထံမှ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအားများ ထွက်ပေါ်လာပြီး လီဖေးဟုန်တစ်ယောက် အလွန်အမင်းရိုက်နှက်ခံလိုက်ရသည်။

နတ်ဆိုးဘုရင်သုံးပါးစလုံး၏ အရည်အချင်းကို အဆင့်ရှစ်ထိမြင့်တင်လိုက်သောအခါ ၎င်းတို့၏ စွမ်းရည်များမှာ အလွန်ပင်ခုန်တက်သွားခဲ့သည်။

သူ့အသား တစ်ချက်ရိုက်ခံလိုက်ရတိုင်း လီဖေးဟုန်တစ်ယောက် ကျယ်လောင်စွာ အော်ဟစ်ငိုယိုနေသည်။

လင်းပေါင်အာ၏ နောက်ကွယ်၌ နတ်ဆိုးဘုရင်သုံးပါး ထောက်ပံ့နေသည်ကို သူအမှန်တကယ်မသိခဲ့ပေ။ ထိုသို့သာသိခဲ့မည်ဆိုပါက သူမနောက်သို့လိုက်ဝံ့မည်မဟုတ်ပေ။

အခြေတည်စိတ်ဝိညာဉ်အဆင့်များအကြား တိုက်ပွဲသည်အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မှော်စွမ်းအားမှာလည်း လေထုထဲရှိအရာအားလုံးကို ပျက်စီးသွားစေခဲ့သည်။

မြေကြီးတစ်ခုလုံးတုန်လှုပ်သွားပြီး တောင်များနှင့် ကျောက်တုံးကျောက်ဆောင်များလည်း ပြိုကျလာခဲ့သည်။

သို့သော် အင်မော်တယ်ဘုရားကျောင်းမှာမူ ငြိမ်သက်နေပြီး ပြင်ပကမ္ဘာမှ အကြမ်းဖက်မှုများကို အနည်းငယ်မျှမခံစားရပေ။

လင်းပေါင်အာတစ်ယောက် အရိုက်ခံထားရသော လီဖေးဟုန်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ လက်သီးလက်မောင်းတန်း၍ အော်ဟစ်လိုက်သည်။

“လူဆိုးကြီး နင်ကများ ငါ့ကိုအနိုင်ကျင့်ရဲတယ်၊ ရိုက်ရိုက်….များများရိုက် ”

နတ်ဆိုးဘုရင်သုံးကောင်၏ ဝန်းရံတိုက်ခိုက်ခြင်းကြောင့် လီဖေးဟုန်၏ဒဏ်ရာများမှာ ပို၍ပြင်းထန်လာခဲ့သည်။

နတ်ဆိုးဘုရင်သုံးပါးစလုံး၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သော မုန်တိုင်းကဲ့သို့ဖြစ်ပြီး လီဖေးဟုန်အား လုံးဝကိုချေမှုန်းပစ်လိုက်သည်။

“ရွှီး .. ရွှီး”

လီဖေးဟုန်သည် အကာအကွယ်မှော်လက်နက်တစ်ခုပြီးတစ်ခုကို ကမန်းကတမ်း ပစ်လွှတ်လိုက်သည်။ သို့သော်လည်း အသုံးမဝင်ပေ။

နတ်ဆိုးဘုရင်သုံးပါးစလုံး၏ ခွန်အားမှာ အလွန်အားကောင်းပေသည်။ အကာအကွယ်မှော်လက်နက်များအားလုံး တစ်ခုပြီးတစ်ခု ဖျက်စီးခံလိုက်ရသည်။

သိပ်မကြာခင်ပင် လီဖေးဟုန်တစ်ယောက် ထို့ပါယဲ့၏လက်သီးချက်နှင့်အတူ ပြုတ်ကျသွားခဲ့သည်။ ထိုလက်သီးချက်တွင်ပါဝင်သော အံ့အားသင့်ဖွယ်စွမ်းအားက မြေကြီးကိုပင် အပေါက်ကြီးဖြစ်သွားစေခဲ့သည်။

ယခုအခါ လီဖေးဟုန်တစ်ယောက် ဒဏ်ရာအမာရွတ်များနှင့် ပြည့်နှက်နေသည်။ သူ၏အသက်ရှုသံမှာလည်း အလွန်ပင်အားနည်းနေသည်။ သူသည်မြေပြင်ပေါ်လဲကျသွားပြီး ကြောက်ရွံ့အားငယ်စိတ် အကြည့်ဖြင့်ကြည့်နေမိသည်။

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထို့နောက် နောက်ထပ်ရိုက်နှက်မှုတစ်ခုကို ခံလိုက်ရသည်။ လင်းပေါင်အာက စိတ်သက်သာရာရစွာ အော်ဟစ်လိုက်သည်။

“ဟမ့် … .. နင်ကများ ငါ့ကိုသတ်ချင်နေတယ်။ နင်ဘယ်လောက်များ မောက်မာရဲလည်း ကြည့်ကြသေးတာပေါ့၊ ”

“သူ့ကိုခေါ်လာခဲ့”

ချမ်ချန်ကန်းကဘပြောလိုက်သည်။ ထို့ပါယဲ့က လီဖေးဟုန်ကိုကောက်ယူပြီး ချမ်ချန်ကန်းရှေ့သို့ ခေါ် ဆောင်သွားခဲ့သည်။

ထို့ပါယဲ့သည် မြေပြင်ပေါ်တွင်ရှိသော အင်မော်တယ်ဓားကို ကောက်ယူပြီး လင်းပေါင်အာကို ပြန်ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်မဟုန်ရီတို့”

ဟုန်ရီက ရယ်မောပြီး

“ဒါကငါတို့လုပ်သင့်တဲ့ကိစ္စပဲ။ ဒီအဖိုးကြီးကမ‌ေား ညီမလေးကို အနိုင်ကျင့်ဝံ့တယ်။ သူ့ကို ကောင်းကောင်းပညာပေးရမယ်။ ”

လီဖေးဟုန်သည် ထို့ပါယဲ့၏လက်ထဲ၌ ခွေးသေတစ်ကောင်ကဲ့သို့ပင်။ နတ်ဆိုးဘုရင်ဟူသည် အနန္တတန်ခိုးနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ပြည့်နေသည့် နတ်ဆိုးဘုရင်ဖြစ်ထိုက်ပေသည်။

လီဖေးဟုန်၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံးနီးပါး ကျိုးကြေသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများစိုရွဲနေသည်။

ထို့အပြင် အသက်ရှုသံမှာလည်း အလွန်ပင်အားနည်းနေသည်။ သို့သော်အသက်ဓာတ်မှာ အရမ်းပြင်းထန်နေသေးသည်။ နောက်ဆုံး၌ သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူပင် ဖြစ်နေသည်။

အရိုက်ခံရရုံဖြင့် အလွယ်တကူမသေနိုင်ပေ။

“သခင် ဒီလူကိုဘာလုပ်ရမလဲ”

ထို့ပါယဲ့က မေးလိုက်သည်။

“သခင် ဒီလူကိုဘာလုပ်ရမလဲ”

လီဖေးဟုန်တစ်ယောက် အလွန်ပင်ထိတ်လန့်သွားပြီး နှာခေါင်းလည်းကျိုးကျေကာ မျက်လုံးမှာလည်း ရောင်ကိုင်းနေပြီး လုံးဝကိုဖွင့်မရသလိုဖြစ်နေသည်။

ချမ်ချန်ကန်းကိုကြည့်သည့် သူ၏အကြည့်တွေက ဝေဝါးနေသည်။ သူသည် ယခုချိန်ထိ ချမ်ချန်ကန်း၏ ကျင့်ကြံမှုကိုအာရုံမခံနိုင်ပေ။ ယင်းမှာသာမန်လူတစ်ယောက်ဆိုတာ ထင်ရှားပေသည်။

နတ်ဆိုးဘုရင်သုံးပါးသည် အဘယ့်ကြောင့် ချမ်ချန်ကန်းအပေါ် ဤမျှရိုသေလေးစားသည့် သဘောထားရှိသည်ကို သူနားမလည်နိုင်ပေ။

ရှေးဟောင်းမိသားစုတစ်ခု၏ တပည့်တစ်ဦးဖြစ်နိုင်သလား။ သို့သော်လည်းဤအချင်းအရာက မဖြစ်နိုင်ပေ။ သို့သော် ယခုအချိန်သည် လီဖေးဟုန်အတွက် စဉ်းစားရမည့်အချိန်မဟုတ်သေးပေ။ သူ့အသက်အတွက် စိုးရိမ်ပူပန်နေရပေသည်။

လီဖေးဟုန်က စိတ်ထဲကတွေးလိုက်မိသည်။

*ငါတော့ ဒီနတ်ဆိုးဘုရင်သုံးပါရဲ့လက်က လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့လည်း ငါ့ကို လွယ်လွယ်ကူကူသတ်လို့ရမှာတော့မဟုတ်ဘူး*

*ဒါပေမဲ့လည်း အဲ့ဒါက ငါ့ကိုစိုးရိမ်စိတ်ဖြစ်စေတယ်။ ငါ့မှာနောက်ဆုံးဝှက်ဖဲတော့ရှိတယ်။ အဲ့ဒါကိုသာမသုံးနိုင်ရင်တော့ ငါတော့ လုံးဝလွတ်နိုင်မှာမဟုတ်ဘူး*

ချမ်းချန်ကန်းသည် လီဖေးဟုန်၏စိတ်ထဲ၌ မည်သည့်အရာကိုတွေးနေသည်ကို မသိပေ။ သူက လီဖေးဟုန်ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

“ဒီအရှင်ရဲ့တပည့်ကိုတောင် သတ်ချင်နေတာပဲ၊ ဒီအရှင်က ခင်ဗျားကို ဘာလုပ်သင့်တယ်လို့ထင်လဲ ”

လီဖေးဟုန်၏အသံက ပျော့ညံ့ပြီးအားအင်ပင်မရှိတော့ပေ။

“တာအိုရောင်းရင်း ဒီကလေးက မင်းရဲ့တပည့်မှန်း ငါမသိခဲ့လို့ပါကွ။ ငါသာသိရင် သူ့ကိုဘယ်တော့မှ လုပ်တော့မှာမဟုတ်တော့ဘူး။ ငါ့အသက်ကိုချမ်းသာပေးပါ။ ကျေးဇူးပြုပြီးချမ်းသာပေးပါ။”

ထိုစကားထွက်လာသည်နှင့်အမျှ အားနည်းနေသော လီဖေးဟုန်၏ခန္ဓာကိုယ်ထဲမှ အံ့အားသင့်ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထို့ပါယဲ့၏လက်မှ လွတ်မြောက်သွားသည်။

ထို့ပါယဲ့၏မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။

“မင်းလုပ်ရဲတယ်ဟုတ်လား”

တစ်ဖက်မှာလည်း ဟုန်ရီနှင့် ရှဲ့ကျီနယ်တို့က တုံ့ပြန်ရန်နောက်ကျသွားခဲ့သည်။

“သေသင့်တဲ့အဖိုးကြီး ”

ထိုအချိန်တွင် လီဖေးဟုန်၏လက်ထဲ၌ အခြားသောဓားတစ်လက်ရှိနေခဲ့သည်။ ယခုမူ ထိုဓားသည် ချမ်ချန်ကန်း၏လည်ပင်း၌ ထောက်ထားပြီး အလွန်အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည်။

လီဖေးဟုန်က

“မလှုပ်နဲ့ မဟုတ်ရင် ငါဒီကောင်လေးကို သတ်လိုက်ရလိမ့်မယ်။”

နတ်ဆိုးဘုရင်သုံးပါးစလုံး လှုပ်ရှားလာသည်နှင့် သူသည် ချမ်ချန်ကန်းကို အကြင်နာမဲ့စွာ သတ်ဖြတ်ပစ်လိမ့်မည်ဖြစ်သည်။

နတ်ဆိုးဘုရင်သုံးပါးသည် ဤကောင်လေးအား အလွန်ကြောက်ရွံ့ရိုသေသောကြောင့် ယခု ကောင်လေးသည် သူ့လက်ထဲတွင်ရှိနေမည်ဖြစ်သည်။

လီဖေးဟုန်က အလွန်ဂုဏ်ယူလိုက်သည်။ သို့ပေမယ့် နောက်အခိုက်တန့်မှာပင် လီဖေးဟုန်၏စိတ်ထဲ၌ မသက်မသာခံစားလိုက်ရသည်။

သူသည် နတ်ဆိုးဘုရင်သုံးပါးကို ခြိမ်းခြောက်ရန် ချမ်ချန်ကန်း၏လည်ပင်း၌ဓါးကို ထောက်ထား သော်လည်း ထိုနတ်ဆိုးဘုရင်သုံးပါးမှာ ချမ်ချန်ကန်း၏အသက်အတွက် မစိုးရိမ်ပေ။

“မင်းက တကယ်ပဲ သခင်ကိုသွားပြီးတော့ရန်စရဲတယ်၊ မင်းတကယ်သတ္တိကောင်းတဲ့ အဖိုးကြီးပဲ၊ ”

ထို့ပါယဲ့က သူ့အမှားကို ဒူးထောက်ဝန်ခံလိုက်သည်။

“သခင် ဒီအဖိုးကြီးက ငယ်သားရဲ့ လက်ကနေလွတ်မြောက်သွားခဲ့ပါတယ်။ ခုသခင့်ကို စော်ကားမိသွားတယ်။ ဒီငယ်သားကိုအပြစ်ပေးပါ။ ”

လီဖေးဟုန်လည်း အံ့အားသင့်သွားသည်။

*ဒီထို့ပါယဲ့ ရူးနေတာလား။ ချမ်ချန်ကန်းတောင် ငါ့လက်ထဲရောက်လာပြီ သူက ဘာလို့အမှားကို ဝန်မခံသေးတာလဲ။ ချမ်ချန်ကန်းကို ကယ်တင်ဖို့နည်းလမ်းရှာနေတာလား *

လီဖေးဟုန်က အများကြီးမတွေးပဲ အေးစက်စွာအော်ဟစ်လိုက်သည်။

“ဒီအဖိုးကြီးအတွက် အရူးလိုဟန်ဆောင်မနေကြနဲ့။ အင်မော်တယ်ဓားကို လွှဲပေးပြီး ဒီအဖိုးကြီးကို လွတ်ပေးလိုက်။ ဒါဆိုရင် ဒီအဖိုးကြီးက ဘယ်သူ့ကိုမှနာကျင်အောင် လုပ်မှာမဟုတ်ဘူး။ မဟုတ်ရင် ဒီဓားနဲ့သတ်ပစ်လိုက်မယ်။”

လီဖေးဟုန်က အေးစက်သောအသံနှင့် နတ်ဆိုးဘုရင်သုံးပါးကိုခြိမ်းခြောက်လိုက်သည်။

“အဖိုးကြီးမင်းကတော့ ဒီလိုမျိုးပြောဖို့ယုံကြည်မှုတွေ ဘယ်ကရလာလဲဆိုတာ ငါမသိဘူး”

ချမ်ချန်ကန်းက ရယ်ရယ်မောမောဖြင့် ခေါင်းခါပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“မင်းသေမှာမကြောက်ဘူးလား ”

လီဖေးဟုန်က ချမ်ချန်ကန်းကို စိုက်ကြည့်ပြီးမေးလိုက်သည်။

သူ့လက်ထဲသို့ ရောက်လာသော်လည်း ဤကလေး၏မျက်နှာမှာ အလွန်တည်ငြိမ်နေသည်။

“ငါက သေရမှာကြောက်တယ်လေ ”

“အင်း…. ဒါပေမယ့် အဲ့ဒါက မင်းအပေါ်မူတည်တယ်။ မင်းကတော့ ဒီအရှင်ရဲ့အသက်ကိုရမှာမဟုတ်ဘူး။ ”

ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်းက လှုပ်ရှားလိုက်သည်။ သူသည် ညာလက်ကို ဆန့်တန်းပြီး သူ့လည်ပင်းတွင် ထောက်ထားသောဓားကို ညာလက်ဖြင့် ချေမှုန်းလိုက်သည်။

“ချွပ်”

ဓါးမှာ ချက်ချင်းကျိုးပဲ့သွားသည်။ လီဖေးဟုန်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ့လက်ထဲတွင်ရှိသောဓားသည် သူ၏ကိုယ်ပိုင်မှော်လက်နက်ဖြစ်ကြောင်း သိရပေမည်။ ၎င်းသည် အခြေတည်စိတ်ဝိညာဉ်ရှိသောကျင့်ကြံသူပင် အလွယ်တကူမချိုးဖြတ်နှိုင်ပေ။

သို့သော် သူ့ရှေ့တွင်ရှိသော ချမ်ချန်ကန်းက သူ၏မှော်လက်နက်အား လက်ညှိုးတစ်ချောင်းတည်းဖြင့် အလွယ်တကူချိုးဖြတ်စီးလိုက်သည်။

သူသည် တုန်လှုပ်နေပြီး ဒေါသတကြီးဖြစ်လာသည်။

“ဒီအဖိုးကြီးရဲ့ မှော်လက်နက်ကို ဘယ်လိုတောင်ဖြတ်စီးရဲတာလဲ။ သေစမ်း….”

သူသည် လက်ငါးချောင်းဖြင့် ချမ်ချန်ကန်း၏ လည်ပင်းကို ကုက်ဖဲ့လိုက်သည်။ ထိုလက်တွင် သေစေနိုင်သောစွမ်းအားများပါဝင်သည်။

သို့သော်လည်း ချမ်ချန်ကန်းက လက်ဖဝါးဖြင့် တစ်ချက်ရိုက်ချလိုက်သည်။ ထို့နောက် လီဖေးဟုန် ၏ခန္ဓာကိုယ် တိုက်ခိုက်မိသွားပြီး လီဖေးဟုန်၏ခန္ဓာကိုယ်မှာ သွေးများ ပေါက်ကွဲထွက်သွားသည်။

လင်းပေါင်အာနှင့် နတ်ဆိုးဘုရင်သုံးပါးလည်း ထိတ်လန့်သွားကြသည်။

ဤလက်ဖဝါး၌ အဘယ်ကြောက်စရာကောင်းသော တန်ခိုးစွမ်းအားများပါရှိသနည်း။ မဟုတ်လျှင် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သွေးတိမ်ကဲ့သို့ တိုက်ရိုက်ဖောက် ခွဲပစ်နှိုင်လိမ့်မည်မဟုတ်ပေ။

လေထုထဲတွင် သွေးတိမ်များ ပြောက်ကွယ်သွားပြီးနောက် အချိန်အတော်ကြာခဲ့သည်။ အင်မော်တယ်ဘုရားကျောင်းတစ်ခုလုံး တိတ်ဆိတ်ပြီးကြောက်စရာကောင်းလာသည်။

ချမ်ချန်ကန်းက လက်ခုပ်တီးလိုက်သည်။ သူသည် မူလက လီဖေးဟုန်ကိုညှင်းပန်းနှိပ်စက် ရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ဤလောက်အလွယ်တကူ ရိုက်နှက်နှိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ အားနည်းလွန်းပေသည်။

“စနစ်၏သတိပေးချက်: အခြေတည်စိတ်ဝိညာဉ်အဆင့် ကောင်းကင်ဘုံအလွှာလေးကျင့်ကြံသူကို သတ်ဖြတ်ခဲ့သဖြင့်၊ နယ်မြေအမှတ် ၁၂၀၀ ကိုရရှိသည့်အတွက်ဂုဏ်ယူပါသည်”

သူ၏စိတ်ထဲတွင် စနစ်၏သတိပေးချက်ကို ကြားလိုက်ရာ ချမ်ချန်ကန်း၏ မျက်လုံးမှာ ရုတ်တရက် တောက်ပလာသည်။

နတ်ဆိုးနဂါးလှိုင်ဂူမှ ရွှေဗဟိုချက်ကျင့်ကြံသူ သုံးယောက်ကိုသတ်ဖြတ်ပြီးနောက် နောက်ဆုံးအကြိမ်၌ နယ်မြေအမှတ် ၁၅၀၀ ကိုရရှိခဲ့သည်။

မမျှော်လင့်ပဲ ယနေ့မူအခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သဖြင့် နယ်မြေအမှတ် ၁၂၀၀ ကိုရရှိခဲ့ပြန်သည်။

“ဒါဆို ဒီနတ်ဆိုးဘုရင်သုံးကောင်ကို သတ်လိုက်ရင် နယ်မြေအမှတ် သုံးလေးထောင်လောက်ကိုရနိုင်မလား၊ ”

ထိုသို့တွေးပြီး ချမ်ချန်ကန်း၏ အကြည့်က နတ်ဆိုးဘုရင် သုံးကောင်ပေါ်သို့ ကျရောက်သွားသည်။ အကြောင်းတစ်ခုခုကြောင့် နတ်ဆိုးဘုရင်သုံးပါးစလုံး ချမ်းချန်ကန်း၏အကြည့်ကို ရင်ဆိုင်ရသောအခါ အလွန်ထိတ်လန့်သွားပြီး အေးစက်သည့် ခံစားချက်မျိုးရလိုက်ရသည်။

All Chapters