← Chapters

အခန်း ၃၁

Vol. 3 Ch. 31

အခန်း ၃၁

Vol. 3 Ch. 31

အခန်း (၃၁) ငါတို့မနာလိုဘူးဆိုတာ ငါတို့ဝန်ခံတယ်

ခြံဝန်းထဲတွင် မီးပုံမှ မီးများတောက်နေပြီး ချမ်ချန်ကန်းက နဂါးကြက်ဆင်ဘုရင်ကို စိတ်အား ထက်သန်စွာ ကင်နေသည်။

မီးတောက်ထဲတွင် ကြက်ဆင်ဘုရင်မှာ နှမ်းဆီနှင့်သုတ်ထားပြီး တစ်ကိုယ်လုံးရွှေဝါရောင်သန်းနေသည်။

ကြက်ဆင်ဘုရင်၏ မွေးရနံ့က နတ်ဆိုဘုရင်းသုံးပါးနှင့် လင်းပေါင်အာတို့ကို သွားရည်ယိုစေခဲ့သည်။ လီဖေးဟုန်ကို သတ်ပြီးနောက် ချမ်ချန်ကန်းက အသားကင်ခြင်းကို စတင်ခဲ့ခြင်းဖြစ်သည်။

ဟုတ်ပေသည်။ သူသည် ထောင်ပေါင်းများစွာသော အကျိုးစီးပွားအတွက် နတ်ဆိုးသုံးကောင်ကို သတ်ရန်ရည်ရွယ်ချက်မရှိပေ။ ဤသည်မှာတွက်ချေမကိုက်ပေ။

“ဆရာ ကြက်ကင်နံ့ကအရမ်းကောင်းတာပဲ”

လင်းပေါင်အာသည် ချမ်ချန်ကန်း၏ဟင်းချက် ကျွမ်းကျင်မှုမှာဤမျှမြင့်မားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မြွေနယ့်နယ့်ကလည်း

“သခင်က ကမ္ဘာမှာပြိုင်ဘက်ကင်းပဲ။ နဂါးကြက်ဆင်ဘုရင်ကို အရင်ကစားဘူးပေမယ့် ဒီလောက်စွဲဆောင်မှုရှိတဲ့ အနံ့မျိုး တစ်ခါမှမရဖူးဘူး ”

ဤချီးမြောက်မှုက ချမ်ချန်ကန်းကို အနည်းငယ်ပြုံးသွားစေခဲ့သည်။

ဒါက မှန်ပေသည်။ သူ၏အကင်ကျွမ်းကျင်မှုကို မည်သူမှမယှဉ်နိုင်ပေ။ အထူးသဖြင့် ထာဝရသက်ရှည်ဂိုဏ်းရှိ သင်ကြားမှုသုံးနှစ်အတွင်း သူသည်မည်ကဲ့သို့ ကျင့်ကြံရမည်ကိုမသိသော်လည်း အသားကင်ရာ ၌အလွန်အမင်း ကျွမ်းကျင်လာခဲ့သည်။

ချမ်ချန်ကန်း တွေးလိုက်မိသည်။ ယခင်က သူ၏ဆရာနှင့် သူ၏ဆရာဖိုးဖိုးက သူ့အား အလုပ်သင်အဖြစ် လက်ခံခဲ့ခြင်းမှာ သူ၏ဟင်းချက်ပညာကို နှစ်သက်ခြင်းကြောင့် ဖြစ်နိုင်ပေသည်။

*အခုဆိုတစ်လတောင်ရှိပြီ။ ငါ့ဆရာကလည်း ပြန်မလာသေးဘူး။ အခုဆိုဗိမာန်တော်မှာလည်း ကန့်သတ်ချက်တွေမရှိတော့ဘူး။ ငါ့ဆရာတော့ တစ်ခုခုဖြစ်နေပြီထင်တယ်*

သူ့ဆရာအကြောင်းကိုတွေးရင်း ချမ်ချန်ကန်းက အနည်းငယ် စိတ်လေးသွားသည်။ သူသည် သာမန်လူတစ်ယောက်အနေဖြင့် သူ့ဆရာ၏ကျေးဇူးကြောင့် ဤကျူးရှို့တိုက်ကြီးတွင် သုံးနှစ်နေ ထိုင်ခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ချမ်ချန်ကန်းသည် သူ့ဆရာအား စိတ်ထဲမှကျေးဇူးတင်မိသည်။ ယခင်က ချမ်ချန်ကန်းသည် ဤအင်မော်တယ်ဘုရားကျောင်း၌ ရိုးရိုးကုတ်ကုတ်သာနေထိုင်ခဲ့ပြီး သူ၏ကံကြမ္မာကြောင့် အပြင်သို့မထွက်ရဲပေ။

သို့ပေမယ့် ယခုတော့ မတူတော့ပေ။ သူ့တွင် ပြိုင်ဘက်ကင်းနယ်မြေစနစ်ရှိပြီး နတ်ဆိုးဘုရင်သုံးပါးကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ယခု သက်ရှည်ဂိုဏ်းအခြေအနေကို မေးမြန်းပြီး သူ့ဆရာကိုရှာရန် အလွန်သင့်တော်ပေသည်။ ဤသည်ကိုတွေးရင်း နဂါးကြက်ဆင်ဘုရင်က နောက်ဆုံး၌ကျက်သွားခဲ့သည်။

မီးကိုငြိမ်းသတ်ပြီး ချမ်ချန်ကန်းက ပြုံးကာပြောလိုက်သည်။

“ကဲ .. ဒါကိုမြည်းစမ်းကြည့်ကြတာပေါ့၊ ငါကင်ထားတဲ့ နဂါးကြက်ဆင်ဘုရင်က ဘယ်လိုအရသာရှိလည်းဆိုတာကြည့်ကြစို့”

“ဟီး …. ကျေးဇူးတင်ပါတယ်သခင်”

ခဏအကြာတွင် နဂါးကြက်ဆင်ဘုရင်ကို မျှဝေစား သောက်လိုက်ကြသည်။

လင်းပေါင်အာက သူမလက်ချောင်းများကို လျှာဖြင့်ယက်လိုက်ပြီး

“ဆရာ ဆရာလုပ်ထားတဲ့ကြက်ကင်က အရမ်းအရသာရှိတာပဲ ”

ရှဲ့ကျီနယ့်၊ ထို့ပါယဲ့နှင့်၊ ဟုန်ရီတို့ နတ်ဆိုးဘုရင်သုံးပါးကလည်း လင်းပေါင်အာ၏စကားကို သဘောတူခေါင်းငြိမ့်လိုက်ကြသည်။

ဤကဲ့သို့အရသာရှိသော ကြက်ကင်မျိုးကို သူတို့ပထမဆုံးအကြိမ် စားခဲ့ဘူးခြင်းဖြစ်သည်။ သူတို့ရသည့်အပိုင်းက အရမ်းနည်းနေသဖြင့် ဗိုက်မဝသည်မှာတော့ အလွန်သနားစရာကောင်းပေသည်။

“ဆရာ မနက်ဖြန်ကြရင် သမီးနဂါးကြက်ဆင်ဘုရင်ဆယ်ကောင်ဖမ်းဖို့ ကြက်ဆင်တောင်ကို ပြန်သွားမယ်နော်”

“ပေါင်အာ မင်း အခြေတည်စိတ်ဝိညာဉ်အဆင့်ကို မဖြတ်ရသေးသ၍ တောင်ပေါ်ကဆင်းခွင့် မပေးသေးဘူး။ ထို့ပါယဲ့ကို သွားဖမ်းခိုင်းလိုက်”

ချမ်ချန်ကန်းက အမိန့်ပေးလိုက်သည်။

“အမိန့်အတိုင်းပါ”

ထို့ပါယဲ့က တုန့်ပြန်လိုက်သည်။ လင်းပေါင်အာလည်း ခေါင်းငြိမ့်လိုက်သည်။ နောက်ဆုံး၌ သူသည် တောင်ပေါ်မှ တစ်ကြိမ်ဆင်းပြီး အသက်ဆုံးရှုံးလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။

အကယ်၍ သူမသာ ဖေးရှန့်တောင်သို့ အချိန်မီပြန်မရောက်ခဲ့ပါက သူမဆရာကို နောက်တစ်ကြိမ်တွေ့ရတော့မည်မဟုတ်ပေ။

ထို့အပြင် သူမ၏ကျင့်ကြံခြင်းကလည်း အားနည်းနေသေးသည်။ ထို့နောက် လင်းပေါင်အာက ကျင့်ကြံရန်သွားခဲ့သည်။

“ရှဲကျီနယ့်၊ ထို့ပါယဲ့၊ ဟုန်ရီ ယွမ်ကျိုးကို မင်းတို့တွေထဲက ဘယ်သူရင်းနှီးလည်း”

ချမ်ချန်ကန်းက မေးလိုက်သည်။ ရှဲကျီနယ့်က …

“အရှင် ကျွန်တော်က ယွမ်ကျိုးမှာရှိတဲ့ ရွှေစပါးအုံးမျိုးနွယ်စုကပါ။ ကျွန်တော်ယွမ်ကျိုးနဲ့ တော်တော်လေး ရင်းနှီးပါတယ်။ ”

“ရွှေစပါးအုံးမျိုးနွယ်စုကလား”

ချမ်ချန်ကန်းက အံအားသင့်သွားသည်။

သူသည် သက်ရှည်ဂိုဏ်းတွင်ရှိသည့်အခါက ရွှေစပါးအုံးမျိုးနွယ်စု အကြောင်းကို ကြားသိခဲ့ရသည်။

၎င်းတို့သည် ထိပ်တန်းနတ်ဆိုးမျိုးနွယ်စုများ ဖြစ်ကြသည်။ အဆိုပါရွှေစပါးအုံးမျိုးနွယ်စုမှတစ်ယောက်က သူ့ထံ သစ္စာခံလာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

“မင်းရဲ့နောက်ကွယ်က အင်အားက ဒီလောက်ရှိမယ်လို့ ငါမမျှော်လင့်ထားဘူး။ ”

ရှဲကျီနယ့်က ရှက်ရွံ့စွာပြုံးလိုက်ပြီး

“သခင်အခုတော့ ကျွန်တော်က ရွှေစပါးအုံးမျိုးနွယ်စုနဲ့ ဘာမှမဆိုင်တော့ပါဘူး။ ”

“အိုး … ”

ချမ်ချန်ကန်းက အနည်းငယ်သိချင်လာမိသည်။ တစ်ဖက်မှ ဟုန်ရီက ရှင်းပြလိုက်သည်။

“သခင် ရှဲကျီနယ့်က တစ်ချိန်တုန်းက ရွှေစပါးအုံးမျိုးနွယ်စုရဲ့ ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်သူထဲကတစ်ဦးဖြစ်ခဲ့တယ်။ ကံမကောင်းစွာပဲ သူကိုရွှေစပါးအုံးမျိုးနွယ်စုရဲ့ မြင့်မြတ်သားတော်က အနိုင်ယူခဲ့ပြီး တောင်ပေါင်းတစ်သိန်းတောင်အထိ မောင်းထုတ်ခဲ့တာပါ။ အဲဒါကြောင့်လည်း သူက ဒီတောင်ကိုရောက်ခဲ့တာပဲ ”

“ဟုတ်လား”

မြွေက မေးလိုက်သည်။

“သခင် ဘာများအမိန့်ပေးမလို့လဲ”

“ငါအရင်ကတော့ မင်းကို ယွမ်ကျိုးကို သွားခိုင်းမလို့ပဲ။ တစ်ချိန်တည်းမှာပဲ အခြားတစ်ယောက်ကို ရှာခိုင်းမလို့ပေါ့။ ဒါပေမဲ့ ရွှေစပါးအုံးမျိုးနွယ်စုနဲ့ မင်းရဲ့ဆက်ဆံရေးက အခုအခြေအနေမကောင်းတာကို ငါသိလိုက်ရတော့ ထားလိုက်ပါတော့ ထို့ပါယဲ့ကိုပဲ ခိုင်းလိုက်တော့မယ်။ ”

“သခင် ကျွန်တော့်ကို သွားခွင့်ပြုပါ၊ ကျွန်တော့ရဲ့လက်ရှိအရည်ချင်းနဲ့ဆိုရင် ရွှေစပါးအုံးမျိုးနွယ်စုသို့ ပြန်သွားလို့ရှိရင် မြင့်မြတ်သားတော်ရာထူးကို ထပ်ပြီးတိုက်ပွဲဝင်ဖို့ အရည်ချင်းပြည့်မီပါ တယ်။ လက်ရှိရွှေစပါးအုံးမျိုးနွယ်စုရဲ့ မြင့်မြတ်သားတော်က ကျွန်တော့်ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ”

“ထာဝရသက်ရှည်ဂိုဏ်းက ယွမ်ကျိုးမှာ ပထမတန်းစားဂိုဏ်းပဲ။ ဒါပေမယ့် ညတွင်းချင်း ပျက်စီးသွားတယ်။ ကြီးကြီးမားမားတစ်ခုဖြစ်လာမလားလို့ ကျွန်တော်လည်း စိုးရိမ်မိတယ်။ ”

“ထို့ပါယဲ့က ယွမ်ကျိုးနဲ့ သိပ်မရင်းနီးဘူး။ သူအချိန်မီပြီးမြောက်အောင် မဆောင်ရွက်နိုင်မှာ စိုးရိမ်မိတယ်။”

“ရှဲကျီနယ့် မင်းကများ ငါ့ကို ပုတ်ခတ်ဝံ့တယ်၊ ငါက တာဝန်တွေကို အချိန်မီမပြီးနိုင်ဘူးဟုတ်လား ”

ထို့ပါယဲ့က ဒေါသထွက်သွားသည်။ ဟုန်ရီက ပုခုံးတွန့်ပြီး ပြောလိုက်သည်။

“ထို့ပါယဲ့က နည်းနည်းတော့ ကြောင်တောင်တောင်နိုင်တယ်။ ပြီးတော့ သူက ဒီတောင်ပေါင်းတစ်သိန်းမှာတောင် လမ်းပျောက်နေတာ။ သူ့ကိုသာ ယွမ်ကျိုးကို ပို့လိုက်မည်ဆိုလို့ရှိရင် တော်တော်တိုင်ပတ်သွားမှာ။ ဒီတာဝန်ကို ရှဲကျီနယ့်အတွက်သာ ပေးသင့်ပါတယ်သခင်”

ထို့ပါယဲ့လည်း မျက်နှာမှာနီရဲလာပြီး ဘာမျှပြန်မပြောပဲ ခဏလောက်ငြိမ်သက်သွားခဲ့သည်။

“ကောင်းပြီ ဒါဆိုရင် မင်းကိုသက်ရှည်ဂိုဏ်းကို ဘယ်အင်အားစုက ဖျက်စီးသွားလည်းဆိုတာသိဖို့ ယွမ်ကျိုးကို သွားစုံစမ်းခိုင်းမယ်။ တစ်ချိန်တည်းမှာပဲ ဖုန့်ချီယွင်ရဲ့သတင်းကိုပါ စုံစမ်းလိုက်။ သူက အရင်တုန်းက သက်ရှည်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။ သူ့အကြောင်း သတင်းတစ်ခုခုရတာနဲ့ ငါ့ကိုချက်ချင်း သတင်းပေး။ အန္တရယ်တစ်ခုခုကြုံလာရင် သူ့ကိုကာကွယ်ပေးလိုက် ”

“အမိန့်အတိုင်းပါ”

ချမ်ချန်ကန်းသည် မြေပေါ်ရှိစိတ်ဝိညာဉ်မြက်ပင်အနည်းငယ်ကို နှုတ်ယူပြီးအလုံးစုံသောသက်ရှိစွမ်းအင်ကို အသုံးပြုကာ သူ့လက်ထဲတွင်ဆေးပြားဆယ်ပြားအဖြစ် ပြောင်းလိုက်သည်။

“ယူလိုက်”

ရှဲကျီနယ့်က ဝမ်းသာအားရဖြင့်

“ကျေးဇူးတင်ပါတယ်သခင်”

နံဘေးမှ ဟုန်ရီနှင့် ထို့ပါယဲ့တို့က မနာလိုဖြစ်ကြသည်။ ဤဆေးလုံး၏အစွမ်းထက်သော မှော်စွမ်း အားကို သူတို့သိပေသည်။ အထူးသဖြင့် ထို့ပါယဲ့သည် တစ်လုံးကိုစားပြီးသည်နှင့် မျက်စိတစ်မှိတ်အတွင်း ပြန်လည်ကောင်းမွန်လာကာ နယ်ပယ်တစ်ခုကိုပင် ချိုးဖြတ်သွားခဲ့သည်။

ဤသည်မှာ အခြေတည်စိတ်ဝိညာဉ်၏ သေးငယ်သောနယ်ပယ်တစ်ခုဖြစ်သော်လည်း သေးငယ်သောနယ်ပယ်သည်လည်း နယ်ပယ်တစ်ခုဖြစ်ကြောင်း သိရပေမည်။ သေးငယ်သည့်နယ်ပယ်ကိုပင် ကျော်ဖြတ်ဖို့က အလွန်ခက်ခဲပေသည်။

၎င်းသည် ကောင်းကင်ဘုံကို တက်ရောက်သည်ထက်ပင် ပို၍ခက်ခဲပေသည်။ ဤစိတ်ဝိညာဉ်မြက်ပင်မှ ပြောင်းလဲသွားသော စိတ်ဝိညာဉ်ဆေးလုံးများသည် နယ်ပယ်တစ်ခုကို အလွယ်တကူချိုးဖြတ်နိုင်ပေသည်။

“ဒီဆေးက ဘယ်လိုလုပ်ရိုးရိုးဆေးဖြစ်မှာလဲ ”

မမျှော်လင့်ထားပဲ သခင်ဖြစ်သူက မြွေကို တစ်ကြိမ်တည်းတွင် ဆယ်ပြားဆုချလိုက်ပြီဖြစ်သည်။ ထို့ပါယဲ့နှင့် ဟုန်ရီတို့မှာ အလွန်ပင်မနာလိုဖြစ်သွားသည်။

*ငါတို့အရမ်းမနာလိုဖြစ်တာ ငါတို့ဝန်ခံတယ်*

“မြွေနယ့်နယ့် မင်းဒီတာဝန်ကို ကောင်းကောင်းပြီးမြောက်အောင်လုပ်နိုင်လို့ရှိရင် ဒီအရှင်က မင်းကိုဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး။”

ချမ်ချန်ကန်းက ထပ်ပြောလိုက်သည်။

မြွေသာတာဝန်ကို ပြီးမြောက်စေရန် ချမ်ချန်ကန်း ကိတ်မုန့်တစ်လုံးဖြင့် ဆွဲဆောင်းလိုက်ခြင်းဖြစ်သည်။

မြွေသည် သူ့စကားကိုနားထောင်ပြီး ချက်ချင်း မယုံကြည်နိုင်ဖြစ်သွားသည်။ သူ၏စိတ်ထဲ၌ စိတ်အားထက်သန်မှု အပြည့်ဖြစ်လာခဲ့သည်။

သူသည် ယွမ်ကျိုးကို ချက်ချင်းပင်သွားချင်ခဲ့သည်။

“လက်အောက်ငယ်သားက သခင်၏မျှော်လင့်ချက်အတိုင်း ဖြစ်စေရပါမယ်၊ သိပ်နောက်ကျနေပြီဆိုတော့ အခုသွားတော့မယ်။ ”

မြွေသည် တုံ့ဆိုင်းမနေပဲ နတ်ဆိုးအလင်းတန်းဖြင့် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖေးရှန့်တောင်မှ ထွက်ခွာလာခဲ့သည်။

မြွေထွက်သွားသည်ကို မြင်သောအခါ ချမ်ချန်ကန်းက သက်ပြင်းချပြီးတွေးလိုက်မိသည်။

*ဆရာ ဆရာ့ကိုရှာဖို့အတွက် တစ်စုံတစ်ယောက်ကို လွတ်လိုက်ပြီ။ ဆရာမသေနဲ့ဦးနော် *

မြွေထွက်သွားပြီးနောက် ချမ်ချန်ကန်းက ဟုန်ရီနှင့် ထို့ပါယဲ့ကို ပြောလိုက်သည်။

“ဟုန်ရီနဲ့ ထို့ပါယဲ့ မင်းတို့အတွက်လည်း အလုပ်တွေကျန်သေးတယ် ”

ဟုန်ရီနှင့် ထို့ပါယဲ့တို့၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။

“သခင်ခိုင်းတာကို လုပ်ပါ့မယ်။ ”

“ဒီအင်မော်တယ်ဘုရားကျောင်းက ပျက်စီးနေပြီ။ မင်းတို့ရဲ့တာဝန်က ဒီဘုရားကျောင်းကို ပြုပြင်ဖို့ပဲ။ မြွေကတော့ ယွမ်ကျိုးကိုသွားပြီဆိုတော့ မင်းတို့တွေ နောက်ထပ်နဂါးကြက်ဆင်ဘုရင် အချိုကိုလည်း ဖမ်းလာဖို့မမေ့နဲ့၊ ”

ဟုန်ရီ …..

ထို့ပါယဲ့……

All Chapters