အခန်း ၃၃
Vol. 3 Ch. 33
အခန်း (၃၃) မင်းရဲ့ကိုယ်ပိုင်နတ်ဆိုးကျင့်ကြံခြင်းစနစ်ကိုဖန်တီးလိုက်
အမြီးလေးက လက်ဖဝါးပေါ်တွင် ကခုန်နေသည်။ သူမသည် အောင်အောင်မြင်မြင် အသွင်ပြောင်းသွားသော်လည်း မူလအဆင့်တွင်သာရှိနေဆဲဖြစ်သည်။
ချမ်ချန်ကန်းက ဟုန်ရီထံ အမြီးလေးကိုပေးပြီး ကျင့်ကြံနည်းစနစ်ကို သင်ကြားပေးခိုင်းလိုက်သည်။ ဟုန်ရီသည် အခြေတည်စိတ်ဝိညာဉ်အဆင့် နတ်ဆိုးဘုရင်ဖြစ်သည်။
သူမသည် နတ်ဆိုးနည်းစနစ်များကို နားလည်ထားသောကြောင့် အမြီးလေးကိုသင်ပေးခြင်းက ပို၍သင့်တော်ပေသည်။
အမှန်တော့ အကြောင်းရင်းမှာ ချမ်ချန်ကန်းကိုယ်တိုင် မည်သို့ကျင့်ကြံရမလဲမသိသည့်အတွက် နတ်ဆိုးလေးကို သင်ပေးဖို့ မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
ခြံဝန်းငယ်ထဲတွင် ချမ်ချန်ကန်းနှင့် လင်းပေါင်အာတို့က ကြက်ကင်နေကြသည်။
အမြီးလေးက ဟုန်ရီအတိုင်းကျင့်ကြံနေသည်။ အမြီးလေးသည် နတ်ဆိုးလမ်းကြောင်းအပေါ် ပထမဆုံးခြေလှမ်းခြင်းဖြစ်သဖြင့် ကမ္ဘာကြီး၏ပြောင်းလဲမှုကိုသိရန် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ် စွမ်းအင်များကို ဆုပ်ယူကာ နေနှင့်လတို့၏ အနှစ်သာရများကို ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကျင့်ကြံနေသည်။
ဟုန်ရီသည် မူလကဘအမြီးလေးသည် နတ်ဆိုးလမ်းကြောင်းသို့ဝင်ပြီး၊း ကျင့်ကြံရန် အချိန်အနည်းငယ်ယူရမည်ဟုထင်ခဲ့သည်။
နောက်ဆုံး၌ သူမသည်လည်း နတ်ဆိုးလမ်းကြောင်းပေါ်သို့ အမှန်တကယ်ခြေချရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
သို့သော် ရှေးဟောင်းမြေခွေးများထဲ၌ သူမသည် ပါရမီရှင်တစ်ဦးဖြစ်သည်။ သို့သော် ဟုန်ရီသည် လင်းပေါင်အာနှင့် အမြီးလေးကိုတွေ့သောအခါ တကယ့်ပါရမီရှင်ဆိုတာ မည်သူဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။
အမြီးလေးသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို ဆုပ်တ်ယူပြီး နေနှင့်လတို့၏ အနှစ်သာရများကို ခန္ဓာကိုယ်ထဲသို့ စွဲသွင်းကာ နတ်ဆိုးလမ်းကြောင်းပေါ်သို့ အခြေချရန် အချိန်တစ်ရက်သာကြာခဲ့သည်။
ထိုကဲ့သို့သော ပါရမီရှင်သည် နတ်ဆိုးမျိုးနွယ်စုကြားထဲတွင် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး အဖြစ်သတ်မှတ်နိုင်သည်။
ဟုန်ရီနှင့် ထို့ပါယဲ့တို့လည်း စိတ်လှုပ်ရှားသွားကြသည်။ လင်းပေါင်အာကဲ့သို့ ဤအမြီးလေးသည်လည်း အဆင့်ကိုးအဆင့်ထက် အရည်အချင်းကျော်လွန်နေသော ပါရမီရှင်တစ်ဦးဖြစ်နိုင်လောက်သလား။
အမြီးလေး၏ကြောက်စရာကောင်းသော အရည်အချင်းကိုမြင်လိုက်ရသဖြင့် ဟုန်ရီက ပို၍ စိတ်လှုပ်ရှားသွားပြီး သူမ၏ခွန်အား ဆယ့်နှစ်ရာခိုင်နှုန်းခန့်အထိ သင်ကြားပြသပေးခဲ့သည်။
အမြီးလေးကလည်း ဟုန်ရီသင်ကြားပြသမျှကို စိတ်အားထက်သန်စွာ လိုက်လံလေ့ကျင့်ခဲ့သည်။
“ပေါင်အာ မိစ္ဆာဂိုဏ်းနဲ့ တစ္ဆေအရိုးဂိုဏ်းတို့ကတူတူမလား။ သူတို့က ဘာလို့ အင်မော်တယ်ဓားကို တိုက်ခိုက်ဖို့ တစ်စုံတစ်ယောက်ကိုမပို့သေးတာလဲ”
ကြက်ကင်စားနေရင်း ချမ်ချန်ကန်းက လင်းပေါင်အာကို မေးလိုက်သည်။ လင်းပေါင်အာသည် အသားလေးများကို ဟင်းခက်အမွှေးကြိုင်များဖြန်းကာ ပြုံးရင်းပြောလိုက်သည်။
“ဆရာ တစ္ဆေအရိုးဂိုဏ်းက အင်မော်တယ်ဓားကိုလုဖို့ တစ်ယောက်ယောက်ကို မစေလွှတ်ဝံ့ဘူးလို့ ထင်တာပဲ။ သူတို့က ဆရာကိုကြောက်ပုံရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့ တောင်ပေါင်းတစ်သိန်းပတ်ပတ်လည်မှာ တာအိုကျင့်ကြံသူတွေ၊ နတ်ဆိုးတွေ၊ မိစ္ဆာတွေအများကြီးရှိတယ်လို့ အစ်ကိုနွားပြောတာကို ကြားတယ်။ သူတို့က အင်မော်တယ်ဓါးကို ရှာတာဖြစ်နိုင်တယ်။”
ချမ်ချန်ကန်း၏ မျက်လုံးများမှာ တောက်ပလာသည်။
“ဒါဆို ဖေးရှန့်တောင်ကို ဘာလို့မလာသေးတာလဲ”
ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ရန်နယ်မြေတန်ဖိုးလိုအပ်ပေသည်။ ထိုသူများသာ အင်မော်တယ်ဓားကို လာရောက်လုပါက
*ဟဲ .. ဟဲ … တောင်းပန်ပါတယ်။ ဒီဦးလေးက ငါ့ရဲ့နယ်မြေတန်ဖိုးအတွက် မင်းတို့ကိုသတ်ရုံပေါ့*
ချမ်ချန်ကန်းက တွေးလိုက်သည်။
လင်းပေါင်အာက ခေါင်းခါပြီး
“ဆရာ ဒါပေမဲ့ စိတ်မပူပါနဲ့။ သူတို့တွေက ဖေးရှန့်တောင်ကို မလာရဲဘူး ”
“ဘာကိုဆိုလိုတာလဲ”
ချမ်ချန်ကန်းက ကြောင်အသွားသည်။
“ထို့ပါယဲ့နဲ့ အစ်မဟုန်တို့က နတ်ဆိုးဘုရင်တွေလေ။ နတ်ဆိုးဘုရင်တွေရဲ့ အရှိန်အဝါရှိနေတော့ ဒီနေရာကို နတ်ဆိုးတွေနဲ့ တစ္ဆေသရဲတွေ လုံးဝမချင်းကပ်ရဲဘူး။ ပြီးတော့ အဲဒီတာအိုဘုန်းကြီးတွေကလည်း လူမိုက်တွေမဟုတ်ဘူး။ ”
လင်းပေါင်အာ၏စကားကို ကြားသောအခါ ချမ်ချန်ကန်း၏ နှုတ်ခမ်းထောင့်မှာ တုန်ရီသွားသည်။ ထို့ပါယဲ့နှင့် ဟုန်ရီတို့၏ နတ်ဆိုးဘုရင်အရှိန်အဝါကြောင့် ရန်သူများကို တားနှိုင်သော်လည်း နယ်မြေတန်ဖိုးကို မချဲ့ထွင်နိုင်တော့ပေ။
အထူးသဖြင့် နတ်ဆိုးမျိုးနွယ်စုများကြားတွင် အဆင့်အတန်းပိုမြင့်ပြီး ပို၍ဉာဏ်ကောင်းသော နတ်ဆိုးများသည် ဤနယ်မြေထဲသို့ ဝင်ရဲတော့မည်မဟုတ်ပေ။
မည်သူမှ ဖေးရှန့်တောင်ကို ခြေမချဝံ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ ချမ်ချန်ကန်းတစ်ယောက် သူ၏နယ်မြေတန်ဖိုးများ အမြောက်အများဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရပြီး ခဏလောက်အကူအညီမဲ့သွားသည်။
“ဒါဆိုရင်တော့ ဟုန်ရီနဲ့ ထို့ပါယဲ့တို့ ခန္ဓာကိုယ်ပေါ်က နတ်ဆိုးအရှိန်အဝါကို ထိန်းခိုင်းရမဲ့ပုံပဲ”
ထိုအခိုက်အမြီးလေးက ဟုန်ရီနှင့်အတူတူလာခဲ့သည်။
“ဟီး … ဟီး … ဟီး ”
အမြီးလေးသည် လင်းပေါင်အာ၏ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်သွားပြီး မီးထဲ၌ ရွှေရောင်သန်းနေသော ကြက်ကင်ကို စိုက်ကြည့်နေသည်။
“ဟမ့် .. အမြီးလေးက အရသာရှိတဲ့ အစားစာကိုစားချင်လို့ အသွင်းပြောင်းတယ်ဆိုတာ သံသယရှိလာပြီ ”
“ဟီး .. ဟီး … ဟီး ..”
ချမ်ချန်ကန်းက
“ဟုန်ရီ ဘာကိစ္စရှိလို့လဲ၊ ”
“သခင့်ကိုသတင်းပို့ပါတယ်။ အမြီးလေးက အခုဆို နတ်ဆိုးလမ်းကြောင်းပေါ် အခြေချနေပြီဆိုပေမယ့် သခင့်မှာ သူ့အတွက်သင့်တော်တဲ့ နတ်ဆိုးနည်းစနစ်များရှိလားလို့ တွေးမိတယ်။”
ဟုန်ရီ၏အမြင်အရ ချမ်ချန်ကန်းသည် အလွန်အစွမ်းထက်ပြီး အမြီးလေးအတွက် သင့်လျော်သည့် နတ်ဆိုးနည်းစနစ်များ စုဆောင်းထားသည်ဟု ထင်ပေသည်။
ထိုအချင်းအရာက ချမ်ချန်ကန်းကို ရှော့ရသွားစေခဲ့သည်။ သူ့ထံ၌ အမြီးလေးအတွက် သင့်လျော်သည့် နည်းစနစ်မရှိလို့မဟုတ်ပဲ လုံးဝမသိခြင်းဖြစ်သည်။
သူ့စိတ်ထဲ၌ လျှို့ဝှက်ချက်ကိုဖုံးကွယ်ရန် ပေါ့ပေါ့တန်တန်ချောင်းဆိုးကာ
“ဟုန်ရီ ငါကမင်းကို အမြီးလေးကို လွှဲပေးလိုက်ပြီလေ။ သူ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်တွေက မင်းရဲ့တာဝန်ပဲ။ ထုံးစံအတိုင်း နတ်ဆိုးကျင့်ကြံနည်းစနစ်ကလည်း မင်းတာဝန်ယူသင့်တယ်။ သင့်တော်လား မသင့်တော်လား ကောင်းလားမကောင်းလားဆိုတာ မင်းမှာရှိတဲ့ နတ်ဆိုးနည်းစနစ်ထဲကပဲ ရွေးလိုက်လေ ”
ဟုန်ရီက အံ့အားသင့်သွားသည်။
“ဒါပေမယ့် သခင် အမြီးလေးက အပင်လေ။ ရှေးမြေခွေးတွေရဲ့ ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံနိုင်ပါ့မလား ”
ချမ်ရှန်ကန်းက မထိတ်လန့်ပဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“နတ်ဆိုးနည်းစနစ်ကို သင်ပေးခိုင်းတာ ဒါပေမယ့် တကယ့်လက်တွေ့ လေ့ကျင့်ဖို့ မပြောခဲ့ဘူး။ အမြီးလေးရဲ့အရည်ချင်းနဲ့ဆိုရင် သူက မင်းတို့ရှေးမြေခွေးတွေရဲ့ နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါယုံကြည်နေတယ်။ သူ့ရဲ့ကိုယ်ပိုင်နတ်ဆိုးနည်းစနစ်ကိုတောင် ဖန်တီးနိုင် လိမ့်မယ်။ ”
ဟုန်ရီမှာ အံ့အားသင့်သွားသည်။
“တကယ်လား”
*ဟုတ်တယ်။ အမြီးလေးရဲ့အရည်အချင်းက အဆင့်ကိုးအရည်ချင်းကိုကျော်လွန်သွားလို့ သူ့ရဲ့ ကိုယ်ပိုင်နတ်ဆိုးနည်းစနစ်ကိုဖန်တီးနိုင်မှာ အသေအချာပဲ။ ငါတကယ်မိုက်မဲတာပဲ၊ ငါ့သခင်ကတော့ ရေရှည်ကိုတွေးတတ်တယ်*
*မင်းကိုယ်တိုင်ကျင့်ကြံဖို့ မင်းကိုယ်တိုင်နားလည်တဲ့ နတ်ဆိုးနည်းစနစ်က အသင့်တော်ဆုံးပဲ*
ထိုအချင်းအရာကိုတွေးရင်း ဟုန်ရီက ချမ်ချန်ကန်းကို ပိုလို့တောင် အထင်ကြီးသွားသည်။
“သခင်ဟုန်ရီနားလည်ပါပြီ၊”
ချမ်ချန်ကန်းက အံအားသင့်သွားပြီး
“မင်းက ဘာနားလည်တာလဲ”လိုမေးချင်မိသည်။
ဟုန်ရီက ခဏတုန့်ဆိုင်းသွားပြီး
“သခင် သခင်က အမြီးလေးအတွက် နတ်ဆိုးကျင့်ကြံနည်းစနစ်ကို သင်ပေးချင်တယ်ဆိုရင် ဟုန်ရီက ရှေးမြေခွေးနတ်ဆိုးတွေဆီပြန်သွားရမယ် ”
“မင်းမှာ ပါမလာဘူးလား၊ ”
ဟုန်ရီက ခေါင်းခါလိုက်သည်။
“သခင့်ကိုသတင်းပို့ပါတယ်။ နတ်ဆိုးနည်းစနစ်က ရှေးမြေခွေးတွေရဲ့ အခြေခံအုတ်မြစ်ပဲ။ ကျွန်မတို့က ကျင့်ကြံထားတယ်ဆိုပေမဲ့ တားမြစ်ခံထားရတယ်။ နည်းစနစ်ကို လုံးဝသင်ပေးလို့မရဘူး။ သခင် ဖြစ်နိုင်မယ်ဆိုရင် ဟုန်ရီက အမြီးလေးကိုကောင်းကင်နတ်ဆိုး ရှေးမြေခွေးမျိုးနွယ်ဆီပြန်ခေါ်သွားချင်ပါတယ်။ ”
ချမ်ချန်ကန်းက ခဏလောက်စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ ဒါဆိုလည်း မင်းသွားလို့ရတယ်။ ”
သူ့ဘေးနားတွင် ဟုန်ရီရှိနေသဖြင့် ချမ်ချန်ကန်းသည် အမြီးလေး၏ လုံခြုံရေးအတွက် စိတ်မပူ ပေ။
“ဟီး .. ဟီး .. ဟီး”
အမြီးလေးက ခေါင်းခါယမ်းလိုက်ပြီး ရှေ့သို့လှမ်းတက်ကာ ချမ်ချန်ကန်း၏ အင်္ကျီကို ဆွဲဖက်ထားလိုက်သည်။
သူမသည် ချမ်ချန်ကန်းကို မထားချင်ခဲ့ပေ။ ချမ်ချန်ကန်းက ပြုံးပြီးပြောလိုက်သည်။
“အမြီးလေး မင်းက လူ့အသွင်ပြောင်းပြီး ပို၍သန်မာချင်တယ်မဟုတ်ဘူးလား ”
လင်းပေါင်အာကလည်း
“အမြီးလေး နင့်အတွက်ထားတဲ့ ဆရာရဲ့မျှော်လင့်ချက်တွေကို မပျက်စီးစေနဲ့နော်”
အမြီးလေးက နှုတ်ခမ်းစူနေပေမယ့် သူ့အင်္ကျီထောင့်ကို တုံ့ဆိုင်းစွာလွတ်လိုက်သည်။
“ဟုန်ရီ စောစောသွားပြီး စောစောပြန်လာခဲ့ ”
ချမ်ချန်ကန်းက အမိန့်ပေးလိုက်သည်။
“သခင် ကျွန်မတို့ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်။ ”
ဟုန်ရီသည် အမြီးလေးကိုချီကာ အင်မော်တယ်ဘုရားကျောင်းမှ ထွက်ခွာလာခဲ့သည်။ ဟုန်ရီသည် အမြီးလေးနှင့် ထွက်ခွာသွားပြီးနောက် ချမ်ချန်ကန်း၊ လင်းပေါင်အာနှင့် ထို့ပါယဲ့တို့သာ ဖေးရှန့်တောင်တွင် ကျန်ခဲ့သည်။
ခြံဝန်းထဲတွင် ကျူးယန်အင်မော်တယ်သစ်ပင်သည် လှပသောပန်းများပွင့်နေပြီး ခြံဝန်းတစ်ခုလုံး အင်မော်တယ်ကျက်သရေများနှင့် ပြည့်နေသည်။ ထို့ပါယဲ့သည် အင်မော်တယ်ဘုရားကျောင်းကို ပြန်လည်ဆောက်ရန် အလုပ်များနေသည်။
ယနေ့ အင်မော်တယ်ဘုရားကျောင်းသည် ယခင်က ပျက်စီးနေသော အင်မော်တယ်ဘုရားကျောင်းနှင့် နှိုင်းယှဉ်ပါက လုံးဝအသစ်အတိုင်းဖြစ်သည်။
ချမ်ချန်ကန်းက
“ဒီလိုမျိုးအင်မော်တယ်ဘုရားကျောင်းမှာ နေရတာလည်း တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ခံစားချက်ပဲ။”
“ထို့ပါယဲ့”
ချမ်ချန်ကန်းက လှမ်းအော်လိုက်သည်။
“သခင် လက်အောက်ငယ်သားဒီမှာပါ။ ”
ထို့ပါယဲ့သည် သူ၏သန်မာသော ကြွက်သားများဖြင့် ချမ်ချန်ကန်း၏ရှေ့တွင် ပေါ်လာခဲ့သည်။ အထူးသဖြင့် သူ၏နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်မှဝင်သက်ထွက်သက်က ပို၍ပင် တုန်လှုပ်စရာကောင်းပေသည်။
“အခုချိန်ကစပြီး ဖေးရှန့်တောင်မှာ မင်းရဲ့အငွေ့သက်တွေကို လုံးဝထိန်းချုပ်ထားရမယ်နော်။ ငါ့ရဲ့ခွင့်ပြုချက်မရှိပဲ အဲ့ဒါကို ထုတ်ဖော်ပြဖို့စိတ်မကူးနဲ့”
“အမိန့်အတိုင်းပါ”
ထို့ပါယဲ့က အငွေ့သက်ကို ထိန်းချုပ်လိုက်သည်။ သူ့ထက်ပို၍ သန်မာသူ ဒါမှမဟုတ် ထို့ပါယဲ့မှစပြီး အငွေ့သက်ကို ဖော်ထုတ်ခြင်းမရှိပါက သူ၏ကျင့်ကြံမှုကို မည်သူမှ သိလိမ့်မည်မဟုတ်ပေ။
ချမ်ချန်ကန်းက ကျေနပ်သွားသည်။
ဟုန်ရီထွက်သွားပြီး ထို့ပါယဲ့သည်လည်း သူ၏ကျင့်ကြံမှုကို ထိန်းချုပ်ထားခဲ့သည်။
“ ဒါဆိုရင်တော့ ဓားလာရှာတဲ့ နတ်ဆိုးတွေ သရဲတစ္ဆေတွေ တာအိုဘုန်းကြီးတွေ၊ ဒီဘုရားကျောင်းကို ရောက်လာကြမှာပဲ မဟုတ်ဘူးလား”
ချမ်ချန်ကန်းက တွေးလိုက်မိသည်။