အခန်း ၃၄
Vol. 3 Ch. 34
အခန်း (၃၄) မစ်ရှင်၊ သို့…ချစ်ရပါသော
“စနစ်၏သတိပေးချက်: အိမ်ရှင်သည် ကျင်းတန်အဆင့် ကျင့်ကြံသူကိုသတ်ဖြတ်ခဲ့ပြီး နယ်မြေအမှတ် နှစ်ရာ့ရှစ်ဆယ်ကိုရရှိပါသည်။”
“စနစ်၏သတိပေးချက်: အိမ်ရှင်သည် ဗောဓိပင်ကို နတ်ဆိုးတစ်ကောင်အသွင်ပြောင်းလဲကာ နယ်မြေအမှတ်တစ်ရာကို ရရှိပါသည်”
“စနစ်၏ သတိပေးချက်……”
( …… )
ထို့ပါယဲ့၏အငွေ့အသက်ပျောက်သွားသည်နှင့်အမျှ နတ်ဆိုးများနှင့်မိစ္ဆာများသည် အင်မော်တယ်ဓားကိုရှာရန် ဖေးရှန့်တောင်သို့ ရောက်လာကြသည်။
ထုံးစံအတိုင်း လင်းပေါင်အာ၏လက်ထဲတွင် အင်မော်တယ်ဓားကိုတွေ့လိုက်ရသည်။ ထို့နောက် တိုက်ခိုက်ကြသည်။ သို့သော် သူတို့အားလုံး ဖေးရှန့်တောင်တွင် သေဆုံးသွားကြသည်။
ဤနည်းဖြင့် ချမ်ချန်ကန်းသည် နယ်မြေတန်ဖိုးများကို အလိပ်လိုက်အလိပ်လိုက် ရိပ်သိမ်းနိုင်ခဲ့သည်။ နှစ်ရက်အတွင်း ချမ်ချန်ကန်း၏ နယ်မြေတန်ဖိုးမှာ အမှတ်နှစ်ထောင့်နှစ်ရာသို့ ရောက်ရှိသွားပြီး သူ၏နယ်မြေမှာလည်း မီတာငါးဆယ်ထိတိုးလာခဲ့သည်။
သို့သော် ချမ်ချန်ကန်းသည် နယ်မြေတန်ဖိုးနှစ်ထောင့်နှစ်ရာကို မချဲ့ထွင်သေးပေ။ သူ့စိတ်ထဲ၌ စနစ်၏သတိပေးချက်တစ်ခုရှိသည်။
“ပြိုင်ဘက်ကင်းနယ်မြေစနစ်။”
“လက်ရှိဗားရှင်း 2.0 “
“နောက်ထက်ဗားရှင်းအသစ် နယ်မြေတန်ဖိုးငါးထောင်ကို အသုံးပြုရန်။”
ဗားရှင်းအသစ်၌ “အင်မော်တယ်တာအို၏ အစစ်အမှန်ရှင်းလင်းချက်” ကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
ထိုလုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ချမ်ချန်ကန်းက ရှင်းရှင်းလင်းလင်းမသိရပေ။ သို့သော် ဗားရှင်း 2.0၌ “အင်မော်တယ်တာအို၏ အစစ်အမှန်ရှင်းလင်းချက်”ဟူသော လုပ်ဆောင်ချက် အသစ်သည် “အလုံးစုံသောသက်ရှိထက်” ပို၍ အားမနည်းနိုင်ဟု ထင်ရပေသည်။
ထို့ကြောင့် ချမ်ချန်ကန်းသည် နယ်မြေကိုချဲ့ထွင်ရန်မကြိုးစားပဲ စနစ်ကိုဦးစွာ အဆင့်မြင့်တင်မည်ဖြစ်သည်။ ယခု သူ့ခန္ဓာကိုယ်တွင် နယ်မြေတန်ဖိုးးနှစ်ထောင်နှစ်ရာရှိပြီး နောက်ထပ်နှစ်ထောင့်ရှစ်ရာလိုအပ်ပေသည်။
သူသည် ထိုအချင်းရာကို စောင့်မျှော်နေပေသည်။
“အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံသူတွေက ဘာလို့အင်မော်တယ်ဓားကို လာမရှာသေးတာလဲ”
ချမ်ချန်ကန်းက ညည်းညူလိုက်သည်။ တစ်ဖက်တွင် ထို့ပါယဲ့က
“သခင်ကိုသတင်းပို့ပါတယ်။ အခြေတည်စိတ်ဝိညာဉ်တွေက ရောက်ဖို့ခက်ခဲတယ်။ အများစုက လက်တွေ့ကမ္ဘာမှာ အင်မော်တယ်ဖြစ်ရန် အမြန်ဆုံးကြိုးစားနေကြတယ်။ အဲ့ဒါကြောင့် အင်မော်တယ်ရတနာရဲ့သတင်းကို မကြားကြတာဖြစ်နိုင်တယ်”
ချမ်ချန်ကန်းက ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်ပြီး
“ဒါဆိုတစ္ဆေအရိုးဂိုဏ်းက ကောင်က တော်တော်သရဲဘောကြောင်တာပဲ၊ သူက ဘာမှမလှုပ်ရှားပဲ ထွက်ပြေးသွားတယ်။ သူတကယ် ဒီဓားကိုလိုချင်ရဲ့လား”
ဤရှု့ထောင့်မှကြည့်လျှင် ချိုးချမ့်ထူက သေခြင်းတရားကို အလွန်ကြောက်သည့်ပုံပေါ်သည်။
“ထို့ပါယဲ့ ဒီတောင်ပေါင်းတစ်သိန်းမှာ အခြေတည်စိတ်ဝိညာဉ်အဆင့် နတ်ဆိုးဘုရင်တွေရှိသေးလား “
ထို့ပါယဲ့က ခနတော့ ထိတ်လန့်သွားပြီး တွေးလိုက်မိသည်။
“သခင်က နတ်ဆိုးဘုရင်တွေကို တစ်ခုခုလုပ်ချင်တာလား “
ထို့ပါယဲ့က ခေါင်းညိမ့်ပြီး
“တောင်းပေါင်းတစ်သိန်းတောင်တန်းက တုနှိုင်းမရအောင်ကျယ်ပြောပြီး နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကြားမှာ အခြေတည်စိတ်ဝိညာဉ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ကပေါ်လာခဲတယ်။ ပြီးတော့ အခုဒီနယ်မြေမှာ ကျွန်တော်၊ ဟုန်ရီနဲ့ ရှဲကျီနယ့်တို့အပြင် အခြားမျိုးရိုးမတူသူတွေလည်းရှိသေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့နယ်မြေကို လွယ်လွယ်ကူကူအခြေချဝင်လာမှာမဟုတ်ဘူး”
“ဟုတ်လား . “
ချမ်ချန်ကန်းသည် မကြာသေးမှီကမှ မြင်တွေ့ခဲ့ရသော အသန်မာဆုံးသူမှာ ရွှေဗဟိုချက်နယ်ပယ် နတ်ဆိုးဖြစ်သည်မှာ မအံ့ဩတော့ပေ။
“အင်မော်တယ်ဓားက ငါ့နယ်မြေမှာရှိနေတယ်ဆိုပေမဲ့လည်း အခြားအခြေတည်စိတ်ဝိညာဉ်တွေက အင်မော်တယ်ဓားကို မလိုချင်တာများလားလို့လို့ ငါသိချင်မိတယ်”
ချမ်ချန်ကန်းက စိတ်လိုလက်ရမေးလိုက်သည်။ ထို့ပါယဲ့က ခေါင်းခါယမ်းပြီး
“သခင် အဲ့လိုမျိုးမဟုတ်ဘူး။ အဓိကအားဖြင့် ကျွန်တော်တို့က အခြေတည်စိတ်ဝိညာဉ်အဆင့် အဆင့်လေးမှာရှိတယ်လေ။ အခြားနတ်ဆိုးဘုရင်တွေက လွယ်လွယ်ကူကူမလုပ်ရဲဘူး။ ဒါပေမဲ့ အခြေတည်စိတ်ဝိညာဉ်တွေရဲ့ လက်အောက်ငယ်သားဆီကနေ နတ်ဆိုးဘုရင်တွေက တောင်ပေါင်းတစ်သိန်းမှာ အင်းအားဖြည့်နေပြီဆိုတဲ့ သတင်းကိုရထားတယ်။ သူတို့ရည်ရွယ်ချက် ဓားကိုလုမယ်ဆိုပဲ။ “
ချမ်ချန်ကန်း၏ မျက်လုံးများမှာ ရုတ်တရက်တောက်ပလာသည်။
“ဒါက သတင်းကောင်းပဲ”
သူသည် အခြေတည်စိတ်ဝိညာဉ်များမှ နယ်မြေတပ်မှုးများကို ပေးပို့ရန်မျှော်လင့်နေမိသည်။ ချမ်ချန်ကန်း၏အမူအရာကိုမြင်လျှင် ထို့ပါယဲ့က တောင်ပေါင်းတစ်သိန်းရှိ အခြားသောနတ်ဆိုးများအတွက် ခဏလောက်မျက်ရည်ကျလိုက်မိသည်။
“အင်မော်တယ်ဓားကို တိုက်ဝံ့ပါက အဆုံးသတ်တစ်ခုသာရှိတယ် “
“သခင်က ကမ္ဘာပေါ်မှာ တုနှိုင်းမဲ့တဲ့ပုဂ္ဂိုလ်ပဲ”
“အဲ့ဒါတော့အမှန်ပဲ”
“ထို့ပါယဲ့ မင်းကိုငါအလုပ်တစ်ခုပေးမယ်။ ရှီဝမ်းတတောင်ကို သွားပြီးတော့ ဖေးရှန့်တောင်မှာ အင်မော်တယ်ဓါးရှိတယ်ဆိုတဲ့ သတင်းကိုဖြန့်လိုက် “
ထို့နောက် ချမ်ချန်ကန်း၏ မျက်လုံးများက နူးညံ့လှပသော ကျူးယန်အင်မော်တယ်သစ်ပင်ပေါ်သို့ ကျရောက်သွားသည်။
ပန်းများသည် အချိန်အတော်ကြာ ခြောက်သွေ့နေပြီး မကြာခင် အင်မော်တယ် အသီးသီးတော့မည်ဖြစ်သည်။
“ကျူးယန်အင်မော်တယ် သစ်ပင်က အင်မော်တယ်နယ်မြေရဲ့အဖိုးတန်သစ်ပင်ဖြစ်တော့ အင်မော်တယ်ဓားထက် သူ့ရဲ့တန်ဖိုးနိမ့်ကျမှာမဟုတ်ဘူး။ ဒါကလည်း လူတွေအများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်။”
သူ့ထံ၌ အကြံရှိပြီးသားဖြစ်သည်။
“ထို့ပါယဲ့ ဖေးရှန့်တောင်မှာ အင်မော်တယ်သစ်ပင်ရှိတယ်ဆိုတဲ့သတင်းကိုပါ ဖြန့်လိုက်”
ထို့ပါယဲ့က မျက်လုံးပြူးပြီးမေးလိုက်သည်။
“သခင် အဲ့ဒါက ဘာကိုဆိုလိုတာလဲ”
ချမ်ချန်ကန်းက သူ့အား မျက်လုံးပြူးပြီးကြည့်ကာ
“မင်း ငါခိုင်းတဲ့အတိုင်းသာလုပ်စမ်းပါ”
“အမိန့်အတိုင်းပါ”
ထို့ပါယဲ့က အမြန်ထွက်သွားသည်။
ဗောဓိပင်အောက်၌ လင်းပေါင်အာက တင်ပျဉ်ခွေထိုင်ပြီးကျင့်ကြံနေသည်။ သူမသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူပြီး သူမ၏ပတ်ဝန်းကျင်၌ ပြင်းထန်သော မှော်စွမ်းအားများက ထွက်ပေါ်နေသည်။
ချမ်းချန်ကန်းက အလွန်ကျေနပ်နေမိသည်။ လင်းပေါင်အာသည် သူကိုယ်တိုင်လေ့ကျင့်သင်ကြားပေးသော တပည့်ကောင်းတစ်ဦးဖြစ်သည်။
ချမ်ချန်ကန်းသည် သူ့ဆရာဖြစ်သူ ဖုန့်ချီယွင်ကိုတွေးပြီး ရေရွတ်လိုက်မိသည်။
“ဆရာ နှစ်လလောက်တောင်ကြာနေပြီ။ ပြန်မလာသေးဘူးလား “
ရုတ်တရက် ချမ်ချန်ကန်းက တစ်စုံတစ်ခုကို သတိရသွားပြီး မျက်လုံးများတောက်ပလာခဲ့သည်။ ဆရာဖြစ်သူသည် သူထွက်မသွားခင် သိုလှောင်လက်စွပ်တစ်ကွင်းကို ပေးထားခဲ့သည်။
သူသည် ကြေးဝါရောင် သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်။ ဆရာက တပည့်ဖြစ်သူကိူ သိုလှောင်လက်စွပ်ကိုမဖွင့်နိုင်ဘူးဟုထင်ကာ ပေးထားခဲ့သည်။ ဒါပေမဲ့ အခုတော့ မတူတော့ပေ။ ချမ်ချန်ကန်းက လင်းပေါင်အာကို ခေါ်လိုက်သည်။
“ပေါင်အာ ကျင့်ကြံနေတာကိုရပ်လိုက်”
“ဆရာဘာဖြစ်လို့လဲ”
လင်းပေါင်အာက ရောက်လာခဲ့သည်။
“ဒီသိုလှောင်လက်စွပ်ကိုဖွင့်လိုက်၊”
လင်းပေါင်အာက သိုလှောင်လက်စွပ်ကိုယူပြီး ဖွင့်လိုက်သည်။
“ဆရာ ဒီသိုလှောင်လက်စွပ်က ပိုင်ရှင်ရှိရင်ဖွင့်လို့မရဘူး။ “
“ဟင့်အင်း …အဲ့ဒါကပိုင်ရှင်မဲ့ပစ္စည်းပဲ”
ဤသိုလှောင်လက်စွပ်ကို အရင်က သူ့ဆရာပိုင်ပေသည်။ သူထွက်မသွားခင်က ဆရာသည် ဤလက်စွပ်ပေါ်၌ရှိ တံဆိပ်ကို ချိုးဖြတ်ပေးခဲ့သည်။ အဆုံးတွင် သူပြန်မလာပါက ဤလက်စွပ်ကို ကွေ့ကျိုးရှိ လုံဟူတောင်သို့ယူသွားပြီး လုံဟူတောင်က ကာကွယ်ပေးလိမ့်မည်ဟု သူ့ကိုမှာထားခဲ့သည်။
လုံဟူတောင်နှင့် ပတ်သက်ပြီး ၎င်းသည် တစ္ဆေတိုင်းပြည်တွင် အင်အားအကြီးဆုံးဖြစ်ခဲ့သည်။
ချမ်ချန်ကန်းသည် ယွမ်ကျိုးတွင်ရှိသည့်အခါက ထိုအကြောင်းအရာကို ကြားခဲ့ဘူးသည်။ ထို့ကြောင့် ချမ်ချန်ကန်းသည် လုံဟူတောင်သို့သွားရန် မစဥ်းစားခဲ့ပေ။
သူသည် ကျင့်ကြံခြင်းမရှိသည့် သာမန်လူတစ်ယောက်သာဖြစ်သည်။ လုံဟူတောင်သို့ သွားသည်ဆိုပါက မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့်တူပေသည်။ သို့သော် ယခုမူ ချမ်ချန်ကန်းသည် ပြိုင်ဘက်ကင်းနယ်မြေစနစ်နိုးထလာသောကြောင့် သူ့တွင် ထိုသို့သောအစီစဥ်မရှိတော့ပေေ။
ဤသိုလှောင်လက်စွပ်ထဲ၌ ဆရာကမည်သည့်အရာကိုချန်ခဲ့လဲဆိုသည်ကို သူသိချင်မိသည်။ သူ့တွင် ထာဝရအသက်ရှည်ခြင်းခန္ဓာကိုယ်ရှိကြောင်း သိထားရမည်ဖြစ်ပြီး မိစ္ဆာများနှင့် နတ်ဆိုးများသာ သိပါက သူ့ကို လုရန်အပြေးအလွှားယှဉ်ပြိုင်နိုင်ပေသည်။
သူ၏ထာဝရအသက်ရှည်ခြင်းခန္ဓာကိုယ်ကိုသာ ဖော်ထုတ်လိုက်ပါက အင်မော်တယ်ဓားနှင့် ကျူးယန်အင်မော်တယ်သစ်ပင်ပင်လျှင် သူ့လောက်ဆွဲဆောင်နှိုင်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ဤသိုလှောင်လက်စွပ်ထဲရှိအရာကို သူသိချင်မိသည်။
“ကောင်းပြီအဲဒါဆိုလည်း စမ်းကြည့်မယ်”
လင်းပေါင်အာသည် သူမ၏စိတ်ဝိညာဉ်အာရုံကို သိုလှောင်လက်စွပ်ထဲသို့သွင်းပြီး အမြန်ဖွင့်လိုက်သည်။ ထို့နောက် လင်းပေါင်အာလက်ထဲတွင် အလင်းတန်းတစ်ခုပေါ်လာပြီးနောက် စာတစ်စောင်ရောက်လာသည်။
လင်းပေါင်အာက
“ဆရာ ဒီသိုလှောင်လက်စွပ်ထဲမှာ စာတစ်စောင်ရှိတယ်”
“တခြားတစ်ခုခုရှိသေးလား”
“မရှိဘူး ဒီစာပဲ”
ချမ်ချန်ကန်းက သူ့ဆရာသည် ဒီသိုလှောင်လက်စွပ်ထဲစာတစ်သာ ချန်ခဲ့လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူသည် ထိုအဘိုးကြီးမှ သူ့အတွက်ကောင်းမွန်သော အရာတစ်ခုခု ထားခဲ့လိမ့်မည်ဟု ထင်ခဲ့မိသည်။
သူ အတွေးလွန်သွားပုံရသည်။ လင်းပေါင်အာက ချမ်ချန်ကန်းကို စာတစ်စောင်ပေးလိုက်သည်။ ချမ်ချန်ကန်းကစာကို ထုတ်ယူလိုက်သည်။ စာထဲ၌ စကားလုံးအချို့ရေးထားသည်။
ဤစာသည် သူ့ဆရာ၏လက်ရေးဖြစ်ကြောင်း ချမ်ချန်ကန်းသိသည်။ သို့သော် ချမ်ချန်ကန်းသည် အထက်ပါစာများကိုမြင်သောအခါ ရှော့ရသွားသည်။
“သို့…..ချစ်ရပါသော”
ချမ်ချန်ကန်း: ?????
“သေစမ်း…. အဖိုးကြီးက သူ့တစ်သက်လုံး တစ်ကိုယ်တည်းသမားလို့ပြောခဲ့တာ မဟုတ်ဘူးလား။ စာထဲမှာကျ ဘယ်လိုတွေရေးထားတာလဲ”