အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) ဆရာကအရမ်းတော်တယ်၊ ငါကမင်းအဖေပဲ
စာကိုဖတ်ပြီးနောက် ချမ်ချန်ကန်းတစ်ယောက် စိတ်ခံစားချက်များရှုပ်ထွေးသွားသည်။ တစ်ဖက်လူမှာ မင်ဟယ်ဟု နာမည်ရသည်။
သူသည် လူအိုကြီး၏အဆက်ဟောင်းဖြစ်သူဟု စာထဲတွင်ဖော်ပြထားသည်။ ထို့အပြင် လူအိုကြီးနှင့် မင်ဟယ်တို့၌ အလွန်ကြည်နူးစရာကောင်းသော အချစ်ဇာတ်လမ်းတစ်ခုရှိကြောင်း ဆိုနိုင်ပေသည်။
ဟုတ်ပေသည်။ ဤသည်မှာ အရေးကြီးဆုံးက သူ့ကြောင်းပင်ဖြစ်၏။ သေချာပေသည်။ လူအိုကြီးသည် သက်ရှည်ဂိုဏ်း၏အရေးကိစ္စကို ကိုင်တွယ်ရန်အလျင်အမြန်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ယခုမူ သူ၏အသက်နှင့်သေဆုံးခြင်းကို မသိရသေးပေ။
ထို့ကြောင့် သူသည် ချမ်ချန်ကန်းကို သူ၏သူငယ်ချင်းဟောင်း မင်ဟယ်ထံကို စောင့်ရှောက်ပေးရန် အပ်နှင်းခဲ့သည်။
“ဒီအဖိုးကြီးကတော့ တသက်လုံး တစ်ကိုယ်တည်းသမားလို့ ငါ့ကိုလိမ်ညာထားတာပဲ”
ချမ်ချန်ကန်းက စာကိုဖတ်ပြီးရေရွတ်လိုက်သည်။ တစ်ဖက်တွင် လင်းပေါင်အာက
“ဆရာ စာထဲမှာဘာရေးထားလို့ သက်ပြင်းချနေတာလဲ”
ချမ်ချန်ကန်းက လင်းပေါင်အာ၏ ခေါင်းလေးကို ညှင်သာစွာပုတ်လိုက်ပြီး။
“ကလေးက ဘာတွေသိချင်နေတာလဲ၊ ဒါမင်းရဲ့ဆရာဘိုးဘိုးရဲ့ အချစ်ဇာတ်လမ်းပဲ “
လင်းပေါင်အာ၏ မျက်လုံးများမှာတောက်ပလာသည်။
“အို ... သမီးမှာ ဆရာဘိုးဘိုးရှိသေးတာလား”
ချမ်ချန်ကန်းက လင်းပေါင်အာကို ဗလာအကြည့် တစ်ချက်ကြည့်လိုက်သည်။
“အခုတော့ သူဘယ်မှာနေလည်းမသိသေးဘူး။ သူသေလားရှင်လားတောင်မသိရသေးဘူး။ “
“ဘာရယ်”
လင်းပေါင်အာက၏ အာမေဋိတ်သံ ထွက်ပေါ်လာသည်။
ချမ်ချန်ကန်းက သူမကိုစိုက်ကြည့်ပြီး
“ဘာရယ်လုပ်မနေနဲ့ မင်း ရွှေဗဟိုချက်နယ်ပယ်အဆင့်ငါးကို မချိုးဖြတ်နိုင်ရင် ထမင်းမစားရဘူး “
လင်းပေါင်အာက အသည်းအသန် ထအော်လိုက်သည်။
“ဆရာတပည့်ကိုတော့ အငတ်မထားပါနဲ့”
ထိုအခိုက်တွင် လင်းပေါင်အာသည် ဖေးရှန့်တောင်အနီးသို့ရောက်လာသော ရင်းနှီးနေသော အငွေ့အသက်နှစ်ခုကို ခံစားလိုက်ရသည်။
ဤအကျွမ်းဝင်နေသော အငွေ့အသက်နှစ်ခုကိုအာရုံခံပြီးနောက် လင်းပေါင်အာ၏ အမူယာမှာပြောင်းလဲသွားသည်။ သူမသည် ခြံဝန်းထဲမှ ဘုရားကျောင်းထဲသို့ အလျင်အမြန် ဝင်ပုန်းလိုက်သည်။
“သေစမ်း...အဖေက ဒီကိုရောက်နေတာပဲ၊ ဆရာ သမီးဒီမှာရှိနေတာကို အဖေ့ကိုမပြောနဲ့နော် “
အင်မော်တယ်ဘုရားကျောင်းထဲတွင် လင်းပေါင်အာ၏အသံက ထွက်လာသည်။
“မင်းဘာပြောလိုက်တယ်”
ချမ်ချန်ကန်းက ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။ သို့သော် ဘုရားကျောင်းထဲ၌ ပုန်းနေသော လင်းပေါင်အာက အသံတိတ်နေ၏။
“ဒီကောင်မလေးကတော့လေ”
ရှမ်ချန်ကန်းက ခေါင်းခါပြီးရေရွတ်လိုက်သည်။
ခဏအကြာတွင် ဖေးရှန့်တောင်နှင့် သိပ်မနီးမဝေး ကောင်းကင်ယံထက်၌ သက်တန့်နှစ်ဆင်းပေါ်လာသည်။
ထိုသက်တန့်နှစ်ခုတွင် တစ်ခုသည်လင်းပေါင်အာနှင့် ခပ်ဆင်ဆင်တူသော သက်လက်ပိုင်း အရွယ်ချောမောသည့် အမျိုးသားတစ်ဦးဖြစ်သည့် လင်းပေါင်အာ၏ ဖခင်လင်းချင်ရှန့်ဖြစ်သည်။
နံဘေးတွင် ဓါးကိုးဆင်းဂိုဏ်း၏အကြီးအကဲ လူအိုကြီးလင်းဟိုင်လည်းပါသည်။
သူ၏တစ်ခေါင်းလုံး ဆံပင်များဖြူဖွေးနေပြီး သူ၏ကြီးကျယ်ခမ်းနားသည့် အသွင်အပြင်က နတ်ဘုရားတစ်ပါးအလားပင် ထင်ရသည်။
အထူးသဖြင့် လင်းဟိုင်၏ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသော ရက်စက်ကြမ်းကြုတ်သည့် အငွေအသက်အရ သူသည် အခြေတည်စိတ်ဝိညာဉ်ဖြစ်သင့်ပေသည်။
“ဒီရှေ့ကတော့ ဖေးရှန့်တောင်ပဲ “
“ချိုးချမ့်ထူပြောတဲ့အတိုင်းဆိုရင် ပျက်စီးနေတဲ့ ဘုရားကျောင်းက ဒီတောင်ထိပ်ပေါ်မှာရှိမှာပဲ”
လင်းဟိုင်က ဖြည်းညှင်းစွာပြောလိုက်သည်။ လင်းချင်ရှန်း၏ မျက်လုံးများက နက်မှောင်သွားသည်။
“ပေါင်အာရဲ့ အငွေ့သက်ကို ကျွန်တော်မခံစားရဘူး “
“ဟိုကောင် ချိုးချမ့်ထူပြောတာကတော့ အင်မော်တယ်ရတနာက ပေါင်အာ့လက်ထဲမှာရှိနေတာတဲ့”
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အင်မော်တယ်ရတနာဆိုတာက အရမ်းအရေးကြီးတယ်။ ငါတို့ဓါးကိုးဆင်းဂိုဏ်းနဲ့မသက်ဆိုင်ဘူး။ ပေါင်အာ့ကိုမြန်မြန်ရှာရမယ်။ ပေါင်အာထားခဲ့တဲ့ သဲလွန်စတွေရှိမရှိ အမြန်ရှာကြစို့။”
ခဏအကြာတွင် လင်းချင်ရှန်းနှင့် လင်းဟိုင်တို့သည် ဖေးရှန့်တောင်ပေါ်ရှိ အင်မော်တယ်ကျောင်းသို့ ရောက်လာခဲ့သည်။ ဘုရားကျောင်းထဲတွင် လင်းပေါင်အာတစ်ယောက် စိုးရိမ်ပူပန်နေမိသည်။
“အဖေကလည်း ဘာဖြစ်လို့လိုက်လာတာလဲ။ သူက ငါ့ကိုပြန်ဖမ်းမလို့လားမသိပါဘူး။ အဖေနဲ့မလိုက်ချင်ဘူး ဆရာနဲ့ပဲနေချင်တာ “
ထိုအချိန်တွင် လင်းပေါင်အာသည် လင်းချင်ရှန်းနှင့် လင်းဟိုင်တို့နှစ်ယောက် အင်မော်တယ်ဘုရားကျောင်းထဲသို့ ဝင်ရောက်လာသည်ကို သတိပြုမိလိုက်သည်။
သူမသည် လိပ်ပေါက်ကလေးကဲ့သို့ ကုပ်ကုပ်ကလေးငြိမ်ပြီး အသက်မရှုဝံ့ပဲ ဘုရားကျောင်းအပြင်ဘက်ကို ဂရုတစိုက် စောင့်ကြည့်နေလေသည်။
သို့သော် ဘုရားကျောင်း၏ အပြင်ဘက်ကိုလှမ်းကြည့်လိုက်သောအခါ ချမ်ချန်ကန်းသည် နေရောင်အောက်၌ သစ်သားကုလားထိုင်ပေါ်တွင် အေးအေးဆေးဆေး လှဲလျှောင်းနေလေသည်။
သူသည် လင်းချင်ရှန်းနှင့် လင်းဟိုင်တို့ရောက်လာသည်ကို သတိမထားမိပဲ သီချင်းအနည်းငယ်ကို သီဆိုနေသည်။
“ဒါက ချိုးချမ့်ထူပြောတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လား “
လင်းချင်ရှန်းသည် ချမ်းချန်ကန်းကိုမြင်ပြီး သူ့မျက်လုံးမှာ အေးစက်သွားသည်။ လင်းဟိုင်သည် ခြံဝန်းထဲရှိသစ်ပင်ပန်းပင်များ၊ ဗောဓိပင်နှင့်အင်မော်တယ်သစ်ပင်ကို ကြည့်ရှု့လိုက်သည်။
အင်မော်တယ်ဘုရားကျောင်းတစ်ခုလုံး လျှို့ဝှက်ဆန်းကြယ်သော လေထုကလွှမ်းခြုံနေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။
လင်းဟိုင်က အံ့အားသင့်သွားပြီး
“ချင်ရှန်း ဒီနေရာက အရမ်းထူးခြားတယ်။ ဒါပေမဲ့ ဒီလူငယ်မှာ ကျင့်ကြံခြင်းအငွေ့သက်က အတတ်အကျမရှိဘူး။ ဧကန္တတော့ ချိုးချမ့်ထူက အမှန်တရားကို မပြောပြခဲ့ပုံပဲ။ သွားကြည့်ကြည့်ရအောင်”
လင်းဟိုင်နှင့် လင်းချင်ရှန်းတို့သည် အင်မော်တယ်ဘုရားကျောင်းထဲသို့ ဝင်ရောက်လာပြီး ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။
နေပူထဲတွင် အေးအေးဆေးဆေးနားနေသော ချမ်ချန်ကန်းက ရုတ်တရက်သီချင်းညည်းတာကို ရပ်သွားပြီး လင်းကျင်ချန်းနှင့် လင်းဟိုင်တို့သူ၏ပြိုင်ဘက်ကင်းနယ်မြေထဲသို့ ဝင်ရောက်လာသည်ကို နောက်ဆုံး၌ သတိပြုမိလိုက်သည်။
သူသည် အကြောဆန့်ပြီး ထိုသူနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။
“မင်းတို့က အင်မော်တယ်ရတနာကို လာရှာတာလား “
“ဟင် .. ဒါနဲ့မင်းက ငါ့တပည့်နဲ့ ဘာကြောင့်ဒီလောက်တောင် တူနေရတာလဲ”
လင်းချင်ရှန်းက အေးစက်စွာအော်ဟစ်လိုက်သည်။
“ငါက သူ့အဖေကွ”
ဘုရားကျောင်းထဲတွင် လင်းပေါင်အာသည် အပြင်ဘက်မှအသံများကို နားထောင်ပြီး မျက်နှာကို လက်ဖြင့်အုပ်လိုက်မိသည်။
“ဆရာရယ် ... သမီးဒီမှာရှိတယ်ဆိုတာကို မပြောပါနဲ့ဆိုမှ သမီးက ဆရာ့ရဲ့တပည့်ဖြစ်ကြောင်းပါ ပြောလိုက်သေးတယ်။ “
“ဪ ... ငါ့တပည့်ရဲ့အဖေဖြစ်နေတာပဲ”
ချမ်ချန်ကန်းက ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။
“မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့သမီးကိုပြန်ပေး။ မဟုတ်ရင် ငါတို့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့ “
လင်းချင်ရှန်းက ပါးစပ်ဟလိုက်သည်နှင့် အေးစက်ပြီးရန်လိုသည့် စကားများကို ပြောလိုက်သည်။ သူသည် လင်းပေါင်အာ၏ အငွေ့သက်ကိုမခံစားရသော်လည်း လင်းပေါင်အာတစ်ယောက် ဤနေရာတွင်ရှိနေမည်ဟု ယုံကြည်မိသည်။
သူ့ဘေးနားရှိ လင်းဟိုင်က စကားမပြောပဲ ချမ်ချန်ကန်းကိုသာ စူးစိုက်ကြည့်နေသည်။ မည်သို့ပင်ကြည့်ကြည့် ဤချမ်ချန်ကန်းသည် သာမန်လူတစ်ယောက်သာဖြစ်သည်။
“ဟုတ်တယ် ချိုးချမ့်ထူက လိမ်နေတာပဲ”
သူက တွေးလိုက်မိသည်။ ချမ်ချန်ကန်းသည် လင်းချင်ရှန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ခင်ဗျားက တော်တော်ကြမ်းတမ်းတာပဲ။ အဲဒါကြောင့် ပေါင်အာက ခင်ဗျားကိုကြောက်နေတာ မဆန်းဘူး။ ခင်ဗျားလာမယ်ဆိုတာသိလို့ သူက ပုန်းနေပြီလေ “
လင်းချင်ချန်းက
“ဟမ့်... ငါ့သမီးရဲ့ဆံပင်တစ်ချောင်းကိုတောင် ထိဝံ့လို့ကတော့ ငါ့ကိုရိုင်းစိုင်းတယ်လို့အပြစ်မတင်နဲ့နော် “
အင်မော်တယ်ဘုရားကျောင်းထဲတွင် လင်းပေါင်အာသည် သူမဖခင်၏ခြိမ်းခြောက်စကားများကို နားထောင်ပြီး မျက်နှာကိုဖုံးအုပ်ကာ သူ၏သမီးဖြစ်ကြောင်း ဝန်ခံရန် ရှက်ရွံ့လာမိသည်။
“အဖေ .. အဖေက ကျင်းတန်အဆင့်ကျင့်ကြံသူပဲရှိသေးတာလေ။ ဆရာကအခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ခဲ့တာ။ ဆရာ့ရှေ့မှာ ဒီလိုစကားတွေပြောနေတယ်ဆိုတာက သေဖို့တောင်းဆိုနေတာပဲ။ ဆရာ့ကိုသွားရန်စမနေနဲ့ အဖေပဲ သေတဲ့ထိရိုက်သတ်ခံနေရလိမ့်မယ်”
လင်းပေါင်အာက တီးတိုးရေရွတ်လိုက်မိသည်။
လင်းချင်ရှန်း၏ ခြိန်းခြောက်မှုကိုနားထောင်ပြီး ချမ်ချန်ကန်းက ပုခုံးအနည်းငယ် တွန့်ပြလိုက်သည်။ သူကဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီး
“ငါက မင်းသမီးရဲ့ ဆံပင်ကိုဖွဖွလေးကိုင်တယ်လေ။ မင်းဘာလုပ်ချင်လဲ”
“မင်း ...”
လင်းချင်ရှန်းသည် ထိုစကားကိုကြားသောအခါ ဒေါသတကြီးဖြစ်သွားပြီး ကျင်းတန်( ရွှေဗဟိုချက်နယ်ပယ်) အဆင့် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ လင်းပေါင်အာသည် သူမဆက်ပြီးပုန်းလို့မရကြောင်း သိလိုက်သည်။
သူ့အဖေသာ ဆရာကိုတကယ်တိုက်ဝံ့ပါက သူ့အဖေပဲ သေဆုံးရလိမ့်မည်
“အဖေစိတ်မတိုပါနဲ့။ ဆရာက သမီးကိုဘာမှမလုပ်ဘူး”
လင်းပေါင်အာသည် မကျေနပ်သောအမူအရာဖြင့် အင်မော်တယ်ဘုရားကျောင်းထဲမှ ထွက်ပြေးလာပြီး ချမ်ချန်ကန်း၏နောက်သို့ ပုန်းလိုက်သည်။
ဘေးနားရှိ လင်းဟိုင်သည် အင်မော်တယ်ဘုရားကျောင်းကို လှမ်းကြည့်ရင် သူ့နှလုံးသားမှာ အနည်းငယ်တုန်လှုပ်သွားသည်။
ယခင်က သူ၏ စိတ်ဝိညာဉ်အသိဖြင့် အင်မော်တယ်ဘုရားကျောင်းထဲကို ထိုးဖောက်ကြည့်သော်လည်း သူသည် လင်းပေါင်အာ၏ အသက်ရှုသံကို အနည်းငယ်မျှပင် သတိမထားမိပေ။
လင်းပေါင်အာ ဤနေရာ၌မရှိဘူးဟုသာ ထင်နေမိသည်။ သို့သော် လင်းပေါင်အာသည် အင်မော်တယ်ဘုရားကျောင်းထဲတွင်ရှိနေခဲ့ပြီး သူ၏ရှာဖွေမှုမှ လွတ်မြောက်ခဲ့သည်။
“ပေါင်အာ မြန်မြန်ထစမ်း ....ငါနဲ့အတူဓါးကိုးဆင်းဂိုဏ်းကိုလိုက်ခဲ့”
လင်းချင်ရှန်းသည် ပေါင်းအာကိုမြင်သောအခါ သက်ပြင်းတစ်ချက်ချမိပြီး ဒေါသတကြီးအော်ဟစ်လိုက်မိသည်။ လင်းပေါင်အာသည် ချမ်ချန်ကန်း၏ နောက်ကွယ်တွင်ပုန်းနေပြီး သူမ၏ဖခင်အပေါ် ကြောက်ရွံ့နေမိသည်။
“အဖေ့နောက်မလိုက်ချင်ဘူး၊ ဆရာ့နောက်ပဲလိုက်ချင်တာ။ “
ချမ်ချန်ကန်းက ပြုံးပြီး လင်းပေါင်အာ၏ ခေါင်းကိုပုတ်လိုက်သည်။
“စိတ်မပူပါနဲ့ မင်းကငါ့တပည့်ပဲ။ ဆရာခွင့်မပြုရင် ငါ့တပည့်ကိုဘယ်သူမှခေါ်သွားလို့မရဘူး “
“အိုး ...”
လင်းပေါင်အာ၏မျက်လုံးမှာ တောက်ပလာသည်။ လင်းပေါင်အာနှင့် ချမ်ချန်ကန်းတို့၏ ရင်းနှီးသောအပြုအမူကို မြင်မိသောအခါ လင်းချင်ရှန်းမှာ စိတ်မကောင်းဖြစ်သွားမိသည်။
သူသည် လင်းပေါင်အာ၏ ဖခင်သာဖြစ်သည်။ သို့သော် လင်းပေါင်အာသည် သူ့အနား၌တစ်ခါမှ ဤကဲ့သို့ ရင်းနှီးသလိုမပြုမူခဲ့ပေ။
“ပေါင်အာ ငါက မင်းရဲ့အဖေပါ၊ “
“ထွက်သွားစမ်း.... ဒါဆိုရင် အခုငါကလည်းပေါင်အာရဲ့ ချစ်လှစွာသောဆရာဖြစ်နေတုန်းပဲ “