အခန်း ၃၆
Vol. 4 Ch. 36
အခန်း(၃၆) ထူးဆန်းသည့်အရာကိုမြင်လိုက်ရသောအခါ နှစ်ယောက်သားအံ့အားသင့်သွားသည်
ဘုရားကျောင်း၏ အပြင်ဘက်ဝန်း၌ နေရောင်ခြည်က တောက်ပနေသည်။ လေနုအေးလေးက တဖျတ်ဖျတ် တိုက်ခိုက်နေသည်။
လင်းဟိုင်နှင့် လင်းပေါင်အာတို့သည် စကားတစ်ခွန်းမှမပြောပဲ မျက်လုံးအကြီးမျက်လုံး၊ အသေးလေးများဖြင့် လင်းချင်ရှန်းနှင့် ချမ်ချန်ကန်းတို့ကို စိုက်ကြည့်နေကြသည်။
ချမ်ချန်ကန်းကမူ ခက်ခက်ခဲခဲရထားသော တပည့်လေးသည် နာခံမှုရှိသဖြင့် သူမကိုမည်ကဲ့သို့ ပြန်လွှတ်နိုင်မည်နည်း။
“မင်းလိုအမှိုက်ကများ ငါ့သမီးရဲ့ဆရာဖြစ်ထိုက်တယ် ထင်နေတာလား”
လင်းချင်ရှန်းက အေးစက်စွာအော်ဟစ်လိုက်သည်။ လင်းချင်ရှန်းသည် လင်းပေါင်အာ၏ ခေါင်းထဲ၌ မည်သူကမှားယွင်းနေသည်ကိုမသိပဲဖြစ်နေသည်။
ဆရာဖြစ်ချင်တယ်ပြောတိုင်း ဆရာဖြစ်ရမယ်ထင်နေတာလား၊ ဘာလို့ဆရာအနေနဲ့ ကျင့်ကြံခြင်းတောင်မရှိတဲ့ သာမန်လူတစ်ယောက်ကို ကိုးကွယ်နေရတာလဲ *
စိတ်ထဲက တွေးလိုက်မိသည်။
သူမ၏ဖခင်ဖြစ်သူမှာ ဓားကိုးစင်းဂိုဏ်း၏ အစွမ်းထက်သောဂိုဏ်းချုပ်ဖြစ်သဖြင့် ဤကိစ္စကိုအလွန်ရှက်ရွံ့မိ သည်။
“ဆရာ အဖေက အပေါက်ဆိုးတယ်။ သူကြိမ်းမောင်းတာတွေကို ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော် ”
လင်းပေါင်အာလည်း ထိတ်လန့်သွားပြီး လင်းချင်ရှန်းအစား အလျင်စလိုတောင်းပန်လိုက်သည်။
ချမ်ချန်ကန်းသာ သူ့အဖေ၏စကားကြောင့် စိတ်မချမ်းမသာဖြစ်ပါက သူ့အဖေသာ ရိုက်နှက်ခံရမည်ဖြစ်ပေသည်။ ချမ်ချန်ကန်းက အနည်းငယ်သာပြုံးလိုက်ပြီး လင်းချင်ရှန်း၏စကားကိုဘစိတ်ထဲမထားပေ။
“မင်းရဲ့ဆရာက သဘောထားမသေးသိမ်ပါဘူး။ မင်းအဖေကိုနားလည်ပါတယ်”
လင်းချင်ရှန်းသည် ထိုစကားကိုကြားသောအခါ မုတ်ဆိတ်မွှေးများပင် တုန်ခါသွားသည်အထိ ဒေါသထွက်သွားသည်။
သူသည် လင်းပေါင်အာ၏ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် အကြီးအကဲတစ်ဦကိုသာ ခေါ်ဆောင်လာခဲ့ပြီး တောင်ပေါင်းတစ်သိန်းတောင်သို့ အလျင်အမြန်ထွက်လာခဲ့ခြင်းဖြစ်သည်။
*မထင်မှတ်ပဲ ငါ့သမီးက ဒီကလေးဘက်ကဖြစ်လာတယ်။ ဆိုရိုးစကားအတိုင်းပဲ သမီးတွေက ဖိတ်စင်သွားတဲ့ရေလိုပဲတဲ့။ ငါ့သမီးလေးက အရွယ်မရောက်သေးတာတောင် ဒီကောင်လေးဘက်ကပါနေတယ် *
လင်းချင်ရှန်းက ထိုသို့တွေးလိုက်မိသည်။ လင်းချင်ရှန်းဒေါသထွက်သည်ကိုမြင်သောအခါ လင်းပေါင်အာက …
“အဖေ့ ဆရာကအမှိုက်မဟုတ်ဘူး။ သူက ယွမ်ယင်အဆင့်ကျင့်ကြံသူကိုတောင် တစ်ချက်တည်းနဲ့ ရိုက်သတ် တာနော်။ ဆရာစိတ်ဆိုးသွားရင် သမီးလည်းကယ်နိုင်မှာမဟုတ်တော့ဘူး”
ထိုစကားကိုကြားသောအခါ လင်းချင်ရှန်းက အဓိပ္ပါယ်မဲ့သည့်စကားကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး ဒေါသတကြီးရယ်မောလိုက်သည်။
“ပေါင်အာ မင်းကအစားတွေစားပြီး ဝက်ဦးနှောက်ဖြစ်သွားပြီလား။ အခြေတည်စိတ်ဝိညာဉ်အဆင့်ဆိုတာ ဘယ်လောက်တောင် သန်မာတယ်ဆိုတာ မင်းလည်းသိရဲ့သားနဲ့။ သူက တစ်ချက်တည်းနဲ့ သေသွားတယ် ဟုတ်လား။ ဒါဆိုရင် ဘာဖြစ်လို့ နှာမှုတ်ရုံနဲ့မသတ်လိုက်တာလဲ”
သို့သော် ချမ်ချန်ကန်းသည် ထိုစကားကိုကြားသောအခါ သူနှာခေါင်းကိုပွတ်လိုက်ပြီး
“အဲဒါကတော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး”
အကယ်၍ ထိုသူသည် သူ၏ပြိုင်ဘက်ကင်းနယ်မြေတွင်ရှိပါက သူသည်အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ယောက်ကို နှာမှုတ်ရုံဖြင့် အမှန်တကယ်သတ်ပစ်နိုင်ပေသည်။
ချမ်ချန်ကန်းလည်း ထိုအကြောင်းအရာကို စိတ်ဝင်စားသွားသည်။ သူသည် ဤနည်းလမ်းကို မစမ်းဖူးသေးပေ။ နောက်တစ်ကြိမ် ယွမ်ယင်အဆင့်ကျင့်ကြံသူသာ သူ့ကိုရန်စပါက စမ်းကြည့်ပေမည်။
လင်းပေါင်အာလည်း အကူအညီမဲ့သလိုခံစားနေရသည်။
“အဖေကလည်း သမီးပြောတာအမှန်တွေပါဆို မယုံဘူးလား”
“မဟုတ်ဘူး။ မင်းကများ ငါ့သမီးကို လှည့်စားရဲတယ်။ ငါမင်းကိုသင်ခန်းစာ ကောင်းကောင်းပေးရမယ်”
လင်းချင်ရှန်းသည် ဒေါသထွက်ပြီး ဓားကိုဆွဲထုတ်လိုက်သည်။ သူ့သမီးကိုလှည့်စားတဲ့ကောင်ကို သင်ခန်းပေးရပေမည်။
ထိုအခိုက်တွင် နတ်ဆိုးအလင်းရောင်တစ်ခုက ကောင်းကင်ယံကို ထိုးဖောက်ပြီး ခြံဝန်းဆီသို့ရောက်လာခဲ့သည်။ နတ်ဆိုးအလင်းတန်းပျောက်ကွယ်သွားပြီး ရောက်ရှိလာသူမှာ ထို့ပါယဲ့ဖြစ်သည်။
သူသည် ချီဝမ်တတောင်ကိုသွားပြီး ပြန်လာခြင်းဖြစ်သည်။ ပြင်းထန်သောနတ်ဆိုးဘုရင်၏ အငွေ့အသက်က ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်မြစ်တစ်စင်းကဲ့သို့ဖြစ်နေကာ လင်းချင်ရှန်းနှင့် လင်းဟိုင်တို့အား ကြောက်ရွံ့သွားစေခဲ့သည်။
“အခြေတည်စိတ်ဝိညာဉ်အဆင့် နတ်ဆိုးဘုရင်ပါလား။ သူကဘာလို့ဒီမှာပေါ်လာတာလဲ။ ဖြစ်နိုင်တယ် အင်မော်တယ်ရတနာကြောင့်ဖြစ်ရမယ်။ ”
လင်းဟိုင်က ပိုလို့တောင်ကြောက်လန့်သွားသည်။ သူ၏ကျင့်ကြံမှုအခြေခံသည် အခြေတည်စိတ်ဝိညာဉ် ကောင်းကင်ဘုံအလွှာလေးတွင်ရှိသည်။
သူ့ရှေ့က နတ်ဆိုးဘုရင်ကလည်း အခြေတည်စိတ်ဝိညာဉ်အဆင့် ကောင်းကင်ဘုံအလွှာလေးတွင်ရှိနေသည်။ ဒါတွင်မကပဲ နတ်ဆိုးဘုရင်ထံမှ အန္တရာယ်အငွေ့အသက်ကိုလည်း ပြင်းပြင်းထန်ထန် ခံစားနေရသည်။
လင်းဟိုင်၏ နှလုံးသားထဲမှ ပင်ကိုအသိစိတ်တစ်ခုဖြစ်လာသည်။ သူ့ရှေ့ရှိနတ်ဆိုးဘုရင်သည် သူနှင့်ကျင့်ကြံမှုအခြေခံတူသော်လည်း ခွန်အားအရဆိုလျှင် သူသည် ဤနတ်ဆိုးဘုရင်၏ ပြိုင်ဘက်မဟုတ်ပေ။
*ဒီတောင်ပေါင်းတစ်သိန်းတောင်တန်းက အမှန်တကယ်ပဲ ကောလာဟာလတွေနဲ့ ထိုက်တန်တယ်။ ဝပ်နေတဲ့ ကျားတွေ ပုန်းနေတဲ့နဂါးတွေရှိပြီး အလွန်အန္တရာယ်များတာပဲ။*
သူတို့သည် လင်းပေါင်အာကို ဤနေရာမှ ချက်ချင်းထုတ်ခေါ်သွားဖို့တောင် စိတ်ကူးလိုက်သည်။
“ဒီကတာအိုရောင်းရင်း ငါတို့က အင်မော်တယ်ရတနာအတွက်လာတာမဟုတ်ပဲ တစ်စုံတစ်ယောက်ကို ရှာဖို့ရောက်လာတာပါ ”
လင်းဟိုင်က သူ့လက်သီးကို အမြန်ဆုပ်ပြီးပြောလိုက်သည်။ အထူးသဖြင့်နတ်ဆိုးဘုရင်ကဲ့သို့ စွမ်းအားကြီး သောတည်ရှိမှုက သူ့အားခြိမ်းခြောက်နေပေသည်။
နတ်ဆိုးဘုရင်ကြီးက သူတို့ကိုပါ သိမ်းကြုံးတိုက်ခိုက်မည်ကို စိုးရိမ်နေမိသည်။ လင်းချင်ရှန်းက ပိုလို့တောင် ကြောက်လန့်လာပြီး လက်သီးဆုပ်ကာ
“ဒီကနတ်ဆိုးဘုရင်ကြီး ကျွန်တော်ကလင်းချင်ရှန်းပါ ဓားကိုးစင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ပြီးတော့ ကျွန်တော့် နံဘေးကတော့ ဓားကိုးစင်းဂိုဏ်းရဲ့ ဘိုးဘေးအကြီးကဲ လင်းဟိုင်ပါပဲ ”
စကားပြောနေစဉ် သူ့သမီး၏ လုံခြုံရေးကိုပါ စိုးရိမ်မိသည်။
*ဒီကောင်စုတ်လေး နတ်ဆိုးဘုရင်လက်ထဲမှာ သေသွားတာအရေးမကြီးဘူး၊ ငါ့သမီးတော့ စိတ်ပူမိတယ်*
သို့ပေမယ့် နတ်ဆိုးဘုရင်က သူ့စကားကိုနားထောင်ပြီး ပြောလိုက်သည်မှာ
“သခင် ဒီလူနှစ်ယောက်က ဓားကိုလာရှာတာပဲဖြစ်ရမယ်၊ ဒီလက်အောက်ငယ်သား ဒီလူနှစ်ယောက်ကို ရှင်းပစ်လိုက်ရမလား ”
ရှမ်ချန်ကန်းကပြုံးပြီး
“အခြေတည်စိတ်ဝိညာဉ်တစ်ယောက်လည်းရှိတယ်လေ မင်းကဒါကိုဖြေရှင်းနိုင်လို့လား ”
“စိတ်မပူပါနဲ့သခင်။ ကျင့်ကြံမှုအခြေခံကတူပေမယ့် ဒီလက်အောက်ငယ်သားက သူနဲ့မတူတဲ့ပါရမီတွေရှိပါတယ် ”
ထို့ပါယဲ့က ပါးစပ်ဖွင့်လိုက်သည်နှင့် သူ၏အစွမ်းအစကို ယုံကြည်မှုရှိစွာပြောလိုက်သည်။ လင်းပေါင်အာက အလျင်စလို အမြန်ပြောလိုက်သည်။
“အစ်ကိုနွား ဒီတစ်ယောက်က သမီးရဲ့အဖေဖြစ်ပြီး ဒီတစ်ယောက်က သမီးရဲ့အဖိုးဟိုင်။ အစ်ကို သူတို့ကို ဘာမှမလုပ်ရဘူး၊ ”
ထိုစကားကိုကြားသောအခါ ထို့ပါယဲ့က အံ့အားသင့်သွားသည်။ လင်းချင်ရှန်းကို လေးလေးနက်နက် ကြည့်လိုက်သောအခါ လင်းပေါင်အာနှင့် တော်တော်လေးတူနေတာကို တွေ့လိုက်ရသည်။
သူက ရှက်ရွံ့စွာဖြင့် သူ၏ဦးဂျိုကိုကုတ်ပြီး
“သခင်မလေးပေါင်အာ ကျုပ်တောင်းပန်ပါတယ်။ သူတို့ကို အင်မော်တယ်ဓား လာရှာတဲ့သူတွေလို့ပဲ ငါထင်သွားလို့ ”
လင်းပေါင်အာက သူ့ကိုမျက်စောင်းထိုးလိုက်သည်။
“သခင် ဒါဆို ဘာကိစ္စရှိသေးလဲ”
ထို့ပါယဲ့က ချမ်ချန်ကန်းကို မေးလိုက်သည်။ ချမ်ချန်ကန်းက လက်ကိုဝှေ့ယမ်းပြီး
“ဘာမှလုပ်စရာမရှိတော့ဘူး။ ငါပြောတဲ့အတိုင်းကော လုပ်ပြီးပြီလား”
ထို့ပါယဲ့က သူ့ရင်ဘက်ကို အားရပါးရပုတ်လိုက်ရာ ကျယ်လောင်သောအသံထွက်ပေါ်လာသည်။
“သခင် အရာအားလုံးအဆင်ပြေတယ်။ သခင့်ရဲ့လက်အောက်ငယ်သားက သခင့်အလိုအတိုင်း လုပ်ခဲ့တယ်ဆိုတာသေချာတယ်။ စိတ်ချလက်ချနေနိုင်တယ်”
လင်းချင်ရှန်းနှင့် လင်းဟိုင်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရူးသွပ်သွားသလို ခံစားလိုက်ရသည်။
*နတ်ဆိုးဘုရင်က ဘာပြောလိုက်တယ်။ ပေါင်အာကို သခင်မလေးပေါင်အာလို့ခေါ်လိုက်တယ်။ ဒီကြွားလုံးထုတ်တဲ့ကလေးကိုတော့ သခင်လို့ခေါ်တယ်။ ကိုယ့်ကိုယ်ကိုတော့ လက်အောက်ငယ်သားလို့ပြောတယ်။ ဘယ်လိုကြီးလဲ*
လူတိုင်းသိပေသည်။ ဤကဲ့သို့နတ်ဆိုးဘုရင်သည် သာမန်နတ်ဆိုးတစ်ကောင်မဟုတ်ပဲ အုပ်ချုပ်သူအဆင့်နတ်ဆိုးဘုရင်ဖြစ်သည်။
လင်းချင်ရှန်းနှင့် လင်းဟိုင်တို့နှစ်ယောက်စလုံး အံဩတုန်လှုပ်သွားသည်။ ဘာပြောရမှန်းမသိဖြစ်လာသည်။ ကိစ္စမှာ နည်းနည်းတော့ရှက်စရာကောင်းပေသည်။
ယခုလေးပင် သူတို့သည် ဤနတ်ဆိုးဘုရင်ကို ကြောက်ရွံ့ပြီး သူ့ကိုရန်မစဝံ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤနတ်ဆိုးဘုရင်သည် ချမ်ချန်ကန်းနှင့် လင်းပေါင်အာကို လေးစားပုံရသည်။
ချမ်ချန်ကန်းသည် လင်းချင်ရှန်းနှင့် လင်းဟိုင်တို့ကိုကြည့်ပြီး အနည်းငယ်ပြုံးကာ
“စကားမစပ် ငါတို့ဘယ်ကနေဆက်ပြောရမလဲ”
လင်းပေါင်အာက တခစ်ခစ်ရယ်မောပြီး
“ဆရာ .. အဖေက ဆရာ့ကို သင်ခန်းစာတစ်ခုခုပေးမယ်လို့တော့ပြောလိုက်တာပဲ ”
လင်းချင်ရှန်းသည် လင်းပေါင်အာကို အလျင်အမြန်စိုက်ကြည့်လိုက်သည်။ လင်းပေါင်အာကမူ သူမ၏လျှာလေးကို ထုတ်ပြလိုက်သည်။
“ဟမ့် . ဆရာ့ကို နှိမ့်ချချင်သေးတာလား။ အခုတော့ဆရာဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ သိသွားပြီ မလား”
သို့ပေမယ့် လင်းချင်ရှန်းနှင့် လင်းဟိုင်တို့အတွက်မူ သူတို့ရှေ့က လူငယ်လေးကို သာမန်လူတစ်ယောက်အဖြစ် အထင်လွဲနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
မဟာနတ်ဆိုးဘုရင်တောင်မှ သူ့အားလေးစားရနေရသဖြင့် ချမ်ချန်ကန်းသည် ထင်သလောက်ရိုးရှင်းသူ မဟုတ်ကြောင်း မှန်းဆနိုင်ပေသည်။
လင်းချင်ရှန်းလည်း ရှက်ရွံ့သွားမိသည်။ သူသည် ချမ်ချန်ကန်းကို သင်ခန်းစာတစ်ခုပေးချင်ခဲ့မိသည်။
သို့သော်လည်း နတ်ဆိုးဘုရင်ထံမှ သင်ခန်းစာရမည့်သူမှာ သူပထမဆုံးဖြစ်သွားပေသည်။
သို့သော်လည်း ထို့ပါယဲ့သည် ချမ်ချန်ကန်းထံ လက်နက်ချသူတစ်ဦးတည်းသာမဟုတ်ကြောင်း သူတို့သာ သိလိုက်ရလျှင် မည်ကဲ့သို့ခံစားရမလဲမသိပေ။
ထိုအချိန်ဘေးမှ လင်းဟိုင်က စကားပြောလာသည်။ ထို့ပါယဲ့၏အသွင်အပြင်ကြောင့် သူသည် ချမ်ချန်ကန်းအား မထီမဲ့မြင်ပြုရဲခြင်းမရှိတော့ပေ။
“တာအိုရောင်းရင်း ပေါင်အာက တာအိုရောင်းရင်ကို ဆရာတစ်ယောက်အနေနဲ့ ဘာလို့ကိုးကွယ်တယ်ဆိုတာ ကျုပ်တို့မသိပေမယ့် ဒီနေ့တော့ သူ့ကိုခေါ်သွားရမှဖြစ်မယ်။ တာအိုရောင်းရင်း ကျေးဇူးပြုပြီးတော့ လိုက်လျောပေးပါ။”
ချမ်ချန်ကန်းက မဖြေပေ။ လင်းပေါင်အာက အလျင်အမြန်ဝင်ပြောလိုက်သည်။
“အဘိုးဟိုင် ပေါင်အာ ဆရာ့ကိုမထားခဲ့နိုင်ဘူး။ ဆရာက ပေါင်အာအတွက် အရမ်းကောင်းတယ်။ ဒီမှာစပ်တဲ့ အစားအစာတွေလည်း အများကြီးရှိတယ်။ ဆရာ့ဟင်းချက်လက်ရာလည်း အရမ်းကောင်းတယ်။ ဆရာက ပေါင်အာရဲ့ပါရမီတွေကိုလည်း အရည်အချင်းမြင့်ပေးတယ်။ အဖေ့ရဲ့ကျင့်ကြံမှုကို အမှီလိုက်ဖို့ဆိုတာ သိပ်မကြာတော့ဘူး”
လင်းဟိုင်နှင့် လင်းချင်ရှန်းတို့သည် သူမပြောသည်ကို မယုံမည်ကိုစိုးရိမ်သဖြင့် လင်းပေါင်အာက သူမ၏ကျင့် ကြံခြင်းစွမ်းအားကို ခန္ဓာကိုယ်မှထုတ်လိုက်သည်။
လင်းပေါင်အာ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသော ကျင့်ကြံမှုအရှိန်ဝါကို ခံစားလိုက်ရသောအခါ လင်းချင်ရှန်းနှင့် လင်းဟိုင်တို့မှာ တုန်လှုပ်ပြီးမျက်လုံးများပြူးသွားကြသည်။
“ရွှေဗဟိုချက်နယ်ပယ် စတုတ္ထအဆင့်ပါလား..... ဘယ်လိုဖြစ်ရတာလဲ”
လင်းပေါင်အာ၏ ကျင့်ကြံမှုထွက်ပေါ်လာသည်နှင့်တပြိုင်နက် သူတို့၏မျက်လုံးနှစ်လုံးမှာ ချက်ချင်းကို ပြူးကျယ်သွားတော့သည်။