← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း(၃၈) အပေးအယူ၊ နတ်ဆိုးဘုရင်ဆယ်ပါး ဖေးရှန့်တောင်ကိုဝိုင်းရံထားသည်

*ကြောက်စရာကောင်းတယ်၊ အရမ်းကြောက်စရာကောင်းလွန်းတယ်*

ဤကဲ့သို့သော ဖိနှိပ်မှုမျိုးသည် မည်ကဲ့သို့သော ကြောက်စရာကောင်းသည့် တည်ရှိမှုမျိုးဖြစ်သနည်း။ သူတို့၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များပင် တုန်လှုပ်သွားကြသည်။

အထူးသဖြင့် လင်းဟိုင်အတွက် ပိုမှန်ပေသည်။ သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူဖြစ်သည်။ သို့သော် ဤကဲ့သို့ ဖိနှိပ်မှုမျိုးကို ရင်ဆိုင်ရသောအခါ ခုခံနှိုင်စွမ်းလုံးဝမရှိပေ။

သူသည် သူ့ရှေ့က ချမ်ချန်ကန်းမှာ လုံးဝနားလည်နိုင်စွမ်းမရှိသလို ခံစားလိုက်ရသည်။ ချမ်ချန်ကန်းတစ်ယောက် အခြေတည်စိတ်ဝိညာဉ်ကို တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည်ဟု လင်းပေါင်အာပြောခဲ့သည်မှာ တကယ်ဖြစ်ပုံရသည်။

ဒီတာအိုရောင်းရင်းက ဘယ်သူလည်း၊ သူက တကယ့်ကိုအရှင်သခင်ပဲ *

*ဒါက နတ်ဘုရားတန်ခိုးလား*

ဒါမှမဟုတ် ပိုပြီးသန်မာတဲ့ဖြစ်တည်မှုလား *

လင်းဟိုင်က နားမလည်တော့ပေ။ သို့ပေမဲ့ ယခုတော့ ချမ်ချန်ကန်း၏ စကားများမှာကြီးကြီးကျယ်ကျယ် ပြောနေခြင်းမဟုတ်ပေ။ သူသည် အမှန်တကယ် အင်မော်တယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။

ကောင်းကင်နှင့် မြေကြီးအကြား ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုက အလျင်အမြန် ထွက်ပေါ်လာခဲ့ သည်။ လင်းဟိုင်နှင့် လင်းချင်ရှန်းတို့မှာ ဖြူဖျော့ပြီး ချွေးစေးများထွက်ခါ တစ်ကိုယ်လုံးအေးစက်ပြီး တုန်လှုပ်နေသည်။

“အဖေ အဘိုးဟိုင် ဘာကိစ္စဖြစ်လို့လဲ”

လင်းပေါင်အာက ဘာမှန်းမသိပဲ အံဩသွားသည်။ ထို့ပါယဲ့လည်း ဘာဖြစ်မှန်းမသိဖြစ်သွားသည်။ သို့ပေမယ့် သခင်ဖြစ်သူနှင့် ဆက်စပ်နေသည်ဆိုတာကတော့ ကျိန်းသေနေပေသည်။

သခင်သည် အမှန်တကယ်ကို မယုံနိုင်စရာကောင်းပြီး ပြိုင်ဘက်ကင်းပေသည်။ ဤသည်မှာ လင်းဟိုင်နှင့် လင်းချင်ရှန်းတို့အတွက် အထူးဖြစ်ပုံရသည်။

အထူးသဖြင့် လင်းဟိုင်သည် သူနှင့်တူညီသော နယ်ပယ်တွင်ရှိသော်လည်း ယခုမူ ချမ်ချန်ကန်းကြောင့် ဖိနှိပ်ခံနေရသည်။ လင်းဟိုင်သည် ချမ်ချန်ကန်းကို ယခင်ကလို စူးစိုက်ပြီး မကြည့်ရဲတော့ပဲ ကြောက်စိတ်များဖြစ်ပေါ်နေသည်။

ချမ်ချန်ကန်းကပြုံးပြီး

“မင်းအဖေနဲ့ အခြားသူတွေက အဆင်ပြေပါတယ်။ သူတို့က လမ်းမှာ အကြာကြီးလာရတော့ ဗိုက်ဆာပြီး အဆာလွန်နေကြတာ‌ထင်တယ်။ ဒါပေမဲ့ အခုတော့ မင်းကိုပြန်မခေါ်တော့ဘူး ထင်တာပဲ ”

လင်းဟိုင်နှင့် လင်းချင်ရှန်းတို့သည် စကားတစ်ခွန်းမှမဆိုနိုင်ပဲ သူတို့နှလုံးသားထဲ၌ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြသည်။

ဒီချမ်ချန်ကန်းက ဘယ်လိုလုပ်သာမန်လူဖြစ်မှာလည်း *

*ကျားကိုစားချင်လို့ ဝက်တစ်ကောင်လို ဟန်ဆောင်နေတဲ့ စီနီယာတစ်ယောက်ဆိုတာ အသေချာပဲ *

*ရိုးရိုးသားသားပြောရရင် ပေါင်အာကသူ့ကိုဆရာတစ်ယောက်အနေနဲ့ ကိုးကွယ်နိုင်တာ တကယ့်ကိုကောင်းချီးပဲ၊ *

လင်းပေါင်အာလည်း အံဩသွားပြီး

“အဖေ ဆရာပြောတာမှန်လား၊”

လင်းချင်ရှန်းက အလေးအနက်ခေါင်းညိတ်ပြလိုက်သည်။ အထူးသဖြင့် ချမ်ချန်ကန်း၏ ခွန်အားကိုမြင်ပြီးနောက် သူစဉ်းစားလိုက်ပြီဖြစ်သည်။

စီနီယာ၏ ကျင့်ကြံမှုအခြေခံသည် နားမလည်နိုင်အောင်ဖြစ်ပြီး သူသည် အင်မော်တယ်များနှင့်ပတ်သက်၍ နားလည်မှုအချို့ ရှိပေမည်။ အင်မော်တယ်တွေကို မကြောက်ရသည့် အကြောင်းပြချက်လည်း သူ့ထံ၌ရှိပုံရ သည်။

ဒါ့အပြင် စီနီယာက သူ့သမီးကိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ရက်အနည်းငယ်အတွင်း ရွှေဗဟိုချက် နယ်ပယ်ကိုပင်ချိုးဖြတ်နိုင်ခဲ့သည်။

ထိုကဲ့သို့မျိုး ဘယ်သူကလုပ်နိုင်လို့လဲ။ ယခုမူ လင်းချင်ရှန်းက စဉ်းစားရင်း ပြောလိုက်သည်။

“ပေါင်အာ အဖေတို့ သမီးကိုပြန်မခေါ်တော့ဘူး။ ဒီစီနီယာကို ဆရာအဖြစ်ကိုးကွယ်နိုင်တာ သမီးအတွက် ကောင်းချီးတစ်ခုပဲ။ သမီးကောင်းကောင်း လေ့ကျင့်ရမယ်နော် ”

လင်းဟိုင်က လက်သီးစုပ်ကာ ဦးညွတ်ပြီး တလေးတစား ပြောလိုက်သည်။

“စီနီယာ ကျွန်တော်တို့အရင်ကပြောခဲ့တာတွေအတွက် စိတ်ထဲမထားပါနဲ့”

ချမ်ချန်ကန်းက လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“ငါက အဲ့လောက်တော့ စိတ်ထားမဆိုးသေးပါဘူး”

သို့သော် ချမ်ချန်ကန်းသည် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ မမျှော်လင့်ပဲ ပြိုင်ဘက်ကင်းနယ်မြေ၏ စွမ်းအားကို သုံးပြီးနောက် လင်းဟိုင်နှင့် လင်းချင်ရှန်းတို့ကို ဤအခြေအနေသို့ တုန်လှုပ်သွားစေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သေချာပေသည်။ ဤကမ္ဘာမြေ၌ သန်မာသည့်လူများသာ လေးစားခံရသည်။ အရာအားလုံးခွန်အားပေါ် သာ အခြေခံသည်။

*သူတို့နဲ့ မိုက်မိုက်မဲမဲစကားတွေ ဆက်ပြောရမှန်းသာသိရင် ငါ့ရဲ့ခွန်အားကိုအစကတည်းကပဲ ထုတ်ပြလိုက်ပါတယ်*

လင်းပေါင်အာသည် အလွန်ပျော်သွားသည်။ နောက်ဆုံး၌ သူမ ပြန်သွားရန်မလိုတော့ပေ။

“အဖေ ကျင့်ကြံဖို့ ဆရာ့နောက်ပဲလိုက်မယ်နော် ”

“အရမ်းကောင်းတယ်”

လင်းချင်ရှန်းက ချမ်ချန်ကန်းကိုကြည့်ပြီး တလေးတစားပြောလိုက်သည်။

“စီနီယာ ပေါင်အာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စီနီယာကို ဒုက္ခပေးရဦးမယ်။ အခြားကိစ္စမရှိရင် ကျွန်တော်တို့အရင်ထွက်သွားပါတော့မယ် ”

ချမ်ချန်ကန်းက

“ကောင်းပြီသွားကြတော့။ ငါပြောတဲ့စကားကို ချိုးချမ့်ထူကို သေချာပြောဖို့မမေ့နဲ့နော်။ သူတို့တွေ အင်မော်တယ်ဓားကို လိုချင်တယ်ဆိုလို့ရှိရင် ဖေးရှန့်တောင်ကို လူကိုယ်တိုင်လာယူခိုင်းလိုက်”

“စီနီယာ ကျွန်တော်တို့ စီနီယာ့အတွက် စကားပါးပေးပါ့မယ် ”

လင်းဟိုင်နှင့် လင်းချင်ရှန်းတို့ထွက်ခွာခါနီးတွင် ဖေးရှန့်တောင်တစ်ခုလုံးကိုဖုံးလွှမ်းထားသော ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဆိုးစွမ်းအားများ ရုတ်တရက်ပေါ်လာခဲ့သည်။

နှစ်ယောက်သား၏ မျက်နှာများမှာ ပြောင်းလဲသွားသည်။

*ဘာဖြစ်တာလဲ *

*နတ်ဆိုးဘုရင်တွေရဲ့ အငွေ့အသက်တွေ ဘာလို့ဒီမှာပေါ်လာတာလဲ*

“ဟဲဟဲ ဟဲဟဲ .. အင်မော်တယ်ရတနာဆိုတာ ဒီတောင်ပေါ်မှာရှိတယ်လို့ ငါကြားတယ်”

“တစ္ဆေဘုရင်ချီယမ် မင်းရဲ့သတင်းကတော့ ခေတ်နောက်ကျသွားပြီ။ အင်မော်တယ်ရတနာအပြင် ဒီတောင်ပေါ်မှာ အင်မော်တယ်သစ်ပင်တစ်ပင်လည်းရှိတယ်လေ”

“ဟုတ်တယ် အဲ့သတင်းလည်း ငါသိသားပဲ။ ဟမ့် ဘာပဲဖြစ်ဖြစ် အင်မော်တယ်ဓားကော အင်မော်တယ်သစ်ပင်ကောရှိတယ်ဆိုတော့ အရမ်းကောင်းတာပဲ ”

“ထို့ပါယဲ့၊ ရှဲကျီနယ့်နှင့် ဟုန်ရီတို့ သုံးကောင်စလုံး အဲ့အရာကို သူတို့သုံးယောက်တည်း မသိမ်းပိုက်နိုင်သင့်ဘူး”

ထိုအခိုက်တွင် နတ်ဆိုးဘုရင်ဆယ်ပါး ဖေးရှန့်တောင်သို့ ရောက်လာကြသည်။ သူတို့သည် ဖေးရှန့်တောင်တစ်ခုလုံးကို ဝန်းရံထားပြီး အင်မော်တယ်ဓားနှင့် အင်မော်တယ်သစ်ပင်ကို အနိုင်ရရန်တွေးနေကြသည်။

အဘယ့်ကြောင့်ဆိုသော ဤနယ်မြေသည် နတ်ဆိုးဘုရင်သုံးပါး၏ နယ်မြေဖြစ်နေသ၍ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးအနည်းငယ်ကို အားကိုးရုံဖြင့် အင်မော်တယ်ဓားနှင့် အင်မော်တယ်သစ်ပင်များကို ထို့ပါယဲ့တို့ လက်ထဲမှ ထုတ်ယူရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် တောင်ပေါင်းတစ်သိန်းတောင်မှ ဒါဇင်ပေါင်းများစွာသော နတ်ဆိုးဘုရင်များက စုစည်းပြီး ဖေးရှန့်တောင်ရှိ နတ်ဆိုးဘုရင်သုံးပါးကို ကိုင်တွယ်ဖြေရှင်းရန် စည်းလုံးလာကြသည်ဖြစ်သည်။

မြင်ကွင်းက ဤကဲ့သို့ဖြစ်သွားခြင်းဖြစ်သည်။ ထို့ပါယဲ့သည် နတ်ဆိုးဘုရင်ဆယ်ပါး၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ အနည်းငယ် ဘဝင်မြင့်သွားသည်။

အင်မော်တယ်ဓားနှင့် အင်မော်တယ်သစ်ပင်တို့က အမှန်တကယ်ပင် စွဲဆောင်မှုရှိပြီး နတ်ဆိုးဘုရင် ဆယ်ပါးကိုတောင် စွဲဆောင်နိုင်ခဲ့သည်။

ကံကောင်းချင်တော့ သူ့၌သခင်တစ်ယောက်ရှိပေသည်။ မဟုတ်ပါက ရှဲကျီနယ့်၊ ဟုန်ရီတို့အပါအဝင် သူတို့သုံး ယောက်စလုံး ဤအင်မော်တယ်ဓားနှင့် အင်မော်တယ်သစ်ပင်ကို ထိန်းထားနိုင်မည်မဟုတ်ပေ။

“သခင် ဒီမှာနတ်ဆိုးဘုရင်ဆယ်ပါး ရောက်လာပြီ”

ထို့ပါယဲ့က ချမ်ချန်ကန်းကို သတင်းပို့လိုက်သည်။ ချမ်ချန်ကန်းသည် ထိုစကားကိုနားထောင်ပြီး မျက်လုံးများမှ အရောင်တောက်လာကာ ထို့ပါယဲ့ကို လက်မထောင်ပြလိုက်သည်။

“အရမ်းကောင်းတယ်။ နတ်ဆိုးဘုရင်ဆယ်ပါးကိုတောင် စွဲဆောင်လိုက်တာ မင်းအရမ်းတော်တယ် ”

“ဒါက ဒီလက်အောက်ငယ်သား လုပ်သင့်တဲ့ကိစ္စပါ”

နတ်ဆိုးဘုရင်ဆယ်ပါးသည် ဖေးရှန့်တောင်ကို ဝန်းရံလာခဲ့သဖြင့် လင်းချင်ရှန်းနှင့် လင်းဟိုင်တို့လည်း ထွက်ခွာရန်အကျပ်အတည်းဖြစ်ခဲ့သည်။

ဆက်နေဖို့မဖြစ်နိုင်သည့်အပြင် ထွက်သွားဖို့တောင်ပို၍ မဖြစ်နိုင်တော့ပေ။ နတ်ဆိုးဘုရင်ဆယ်ပါးသည် မောက်မာခြင်းမရှိပဲ အချင်းချင်းစည်းလုံးသည်ကို မြင်ရသည်မှာအလွန်ရှားပါးပေသည်။

နတ်ဆိုးဘုရင်များသည် အင်မော်တယ်ရတနာအတွက် အတူတကွလာသည်ဖြစ်ကြောင်း လင်းဟိုင်က ခန့်မှန်းလိုက်သည်။ လင်းဟိုင်နှင့် လင်းချင်ရှန်းတို့သည် ချမ်ချန်ကန်း၏ ဘုရားကျောင်းသို့သွားသော်လည်း ချမ်ချန် ကန်း၏ တိုက်ကွက်ကိုမတွေ့ဘူးပေ။

ယခုချိန်၌ ချမ်ချန်ကန်းသည် ဤနတ်ဆိုးဘုရင်များကို မည်ကဲ့သို့ကိုင်တွယ်မည်ကို ကြည့်ရှု့ရန်အခွင့်ကောင်းဖြစ်သည်။ နောက်ဆုံး၌ နတ်ဆိုးဘုရင်ဆယ်ပါးကို အနိုင်မယူနိုင်လျှင် အင်မော်တယ်အောက်ဘုံရှိ သက်ရှိများနှင့် မည်ကဲ့သို့ရင်ဆိုင်နိုင်မည်နည်း။

နတ်ဆိုးဘုရင်ဆယ်ပါးထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှုသည်အလွန်ပြင်းထန်ပြီး ကမ္ဘာကြီးကိုပင်အရောင် ပြောင်းသွားစေခဲ့သည်။

ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး မှောင်မိုက်နေပြီး ကြမ်းတမ်းသော အငွေ့သက်များထွက်ပေါ်လာသည်။ နတ်ဆိုးဘုရင်ဆယ်ပါးသည် အင်မော်တယ်ဘုရားကျောင်းထဲသို့ ရောက်လာကြပြီး အလွန်ကြီးစိုးပြီး မာနထောင်လွှားနေကြသည်။

မကြာခင်မှာပင် နတ်ဆိုးဘုရင်ဆယ်ပါးသည် ခြံဝန်းထဲ၌ အင်မော်တယ်သစ်ပင်ကို တွေ့လိုက်ကြသည်။ လင်းပေါင်အာ၏လက်ထဲတွင်ရှိသော အင်မော်တယ်ဓားကိုလည်း တွေ့လိုက်ကြရသည်။

ချက်ချင်းဆိုသလိုပင် နတ်ဆိုးဘုရင်ဆယ်ပါး၏ မျက်လုံးများမှာ တောက်ပလာခဲ့သည်။

“ဒါကအင်မော်တယ်သစ်ပင်ပဲ။ ဒီကလေးမလေးရဲ့ လက်ထဲမှာလည်း အင်မော်တယ်စွမ်းအားကို ခံစားမိတယ်။ အဲဒါက အင်မော်တယ်ရတနာပဲဖြစ်ရမယ်။ အင်မော်တယ်သစ်ပင် အင်မော်တယ်ဓား....တကယ်ပဲ ဒီတောင် ပေါ်မှာရှိတာပဲ”

နတ်ဆိုးဘုရင်ဆယ်ပါးတို့သည် စကားစမြည်းပြောဆိုနေကြပြီး အင်မော်တယ်သစ်ပင်နှင့် အင်မော်တယ်ရတနာကိုကြည့်ကာ မျက်လုံးများမှာ လောဘစိတ်များတောက်လောင်လာတော့သည်။

အထူးသဖြင့် အင်မော်တယ်သစ်ပင်နှင့် အင်မော်တယ်ရတနာကို မျက်စိနှင့်ကိုယ်တိုင်မြင်ခဲ့ကြသဖြင့် ပို၍လိုချင်လာကြသည်။

All Chapters