← Chapters

အခန်း ၄၁

Vol. 4 Ch. 41

အခန်း ၄၁

Vol. 4 Ch. 41

အခန်း (၄၁) ရှော့ရသွားခြင်း၊ ဒဏ္ဍာရီလာ အင်မော်တယ်သတ်ဖြတ်သူလား

နတ်ဆိုးဘုရင်ရှစ်ပါးတို့မှာ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ ချမ်ချန်ကန်းက သူတို့ကို လွှတ်ပေးရန် ဆန္ဒမရှိပေ။

*မင်းမေကျီးတော်*

*ဘာဖြစ်လဲ ငါတို့တွေအကုန် တူတူသေရမှာပဲ*

ချမ်ချန်ကန်းသည် သူတို့ နတ်ဆိုးဘုရင်ရှစ်ပါး ပူးပေါင်းထားသည့် မဟာမိတ်ကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည့် အစွမ်းရှိသည်ဟု သူတို့မယုံပေ။

နတ်ဆိုးဘုရင်ရှစ်ပါးကလည်း အံကြိတ်ကာ ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်၏။

“လာကြစမ်း ဒီကောင်စုတ်ကို အတူတူသတ်မယ်”

“ဟမ့်..... နံစော်နေတဲ့ချီးလိုကောင်”

“မေနိုး...မင်းကများ သနားညှာတာပေးဖို့ တောင်းဆိုတာတောင် မျက်နှာသာမပေးဘူး။ မင်းကိုယ်မင်း ဘာထင်နေတာလဲ။”

“ယီးပဲ”

“ မင်းရဲ့ယီးက လိပ်ဘုရင်ရဲ့မြေးမှာတောင် အတိုဆုံးအသေးဆုံး ရှစ်ယောက်မြောက်ယီးပဲ”

(အသံသွင်းပေးရတဲ့ ဘာသာပြန်သူ မျက်နှာပူတယ်။ ဒီစကားတွေကို ပါးစပ်ကနေ အသံထွက်ပေးရတာ။ တော်တော်ညစ်ပတ်တဲ့ နတ်ဆိုးတွေ။ သတ်ခံရတာတောင်နည်းသေးတယ်🥲)

“ မင်းမှာ အရည်အချင်းရှိရင် ငါတို့အကုန်လုံးကို သတ်ပစ်လိုက်”

နတ်ဆိုးဘုရင်များသည် မျှော်လင့်ထားသည့်အတိုင်း သူ၏ ကရုဏာတောင်းမှုမှာ ပထမအဆင့်ဖြစ်သည်။

သို့သော် ကရုဏာတောင်းခြင်းကိုမရပါက အခြားသူများကို လှည့်ပတ်ပြီး ဆဲဆိုကြိမ်းမောင်းခြင်းဖြစ်သည်။

ချမ်ချန်ကန်း၏ နဖူးထက်၌ အနက်ရောင်လိုင်းများ ပြည့်လာသည်။

လင်းချင်ရှန်းနှင့် လင်းဟိုင်တို့လည်း စကားမပြောနိုင်တော့ပေ။ လင်းပေါင်အာလည်း ဒေါသတကြီးဖြစ်သွားသည်။

“ဆရာ.... ဆရာကြည့်စမ်း။ ဆရာ့ကို သူတို့ ဆဲဆိုနေကြတယ်”

နတ်ဆိုးဘုရင်များ၏ ဆဲဆိုခြင်းက အလွန်တရာ ရိုင်းစိုင်းကြပေသည်။

“ဆဲတော့ဘာဖြစ်လဲ.... ဟမ့် မင်းဆရာက ယီးတိုလေးပဲ။ မင်းတို့ဆရာတပည့်နှစ်ယောက်လုံး ညစ်ပတ်နံစော်နေတဲ့ကောင်တွေ။ မင်းတို့ကမှ တကယ့်နတ်ဆိုးတွေ။ မင်းတို့တွေလည်း အသက်ရှင်ဖို့မမျှော်လင့်နဲ့ “

နတ်ဆိုးဘုရင်များ၏ ဆဲဆိုကြိမ်းမောင်းသံကို ကြားသောအခါ ချမ်ချန်ကန်းက သွားကြားထဲကအသံဖြင့် ပြောလိုက်သည်။

“မင်းတို့က တကယ့်ကို အသက်ရှင်ရတာ ပင်ပန်းနေတာပဲ.....”

ချမ်ချန်ကန်းက နတ်ဆိုးဘုရင်ရှစ်ပါးစလုံးကို သတ်ပစ်တော့မည်ဖြစ်သည်။ ဒါပေမယ့် ဒုတိယအတွေးမှာတော့ ထိုကဲ့သို့ သတ်ခြင်းက မထိုက်တန်ပေ။ သူ့တပည့်လေး၏ရှေ့၌ သွေးထွက်သံယိုများကို မပြချင်ပေ။

အကုန်လုံးကို သွေးဆေးလုံးအဖြစ် ပြောင်းလိုက်တော့မယ်။

ချမ်ချန်ကန်းက “အလုံးစုံသော သက်ရှိစွမ်းအားကို” အသုံးပြုလိုက်သည်။ သွေးအလင်းတန်းများက နတ်ဆိုးဘုရင်ရှစ်ပါး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

နတ်ဆိုးဘုရင်ရှစ်ပါး၏ မျက်နှာများမှာ ပြောင်းလဲသွားသည်။ သွေးအလင်းရောင်က နတ်ဆိုးဘုရင်တစ်ပါးအား သွေးဆေးလုံးအဖြစ် တိုက်ရိုက်ပြောင်းလဲသည်ကို သူတို့ မြင်တွေ့ကြပေသည်။

သူတို့သည် ပျံသန်းပြီး အလင်းရောင်ကို ရှောင်တိမ်းနေကြသည်။

“ဘာလို့ရှောင်နေကြတာလဲ။ မလှုပ်နဲ့....ငြိမ်ငြိမ်နေကြစမ်း။”

ချမ်ချန်ကန်းက ထိုစကားကို မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည်။ ထိုအခိုက်တွင် အလွှာတစ်သောင်းလောက်ရှိသော တောင်တန်းများကဲ့သို့ ဖိအားက လေဖိအားနည်းရပ်ဝန်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ၎င်းတို့ကို ဖိနှိပ်လိုက်သည်။

သွေးအလင်းတန်းကို ရှောင်ရှားနေသော နတ်ဆိုးဘုရင်ရှစ်ပါးတို့၏ မျက်နှာများသည် အလွန်ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်များမှာ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

“သေစမ်း... ငါ့ခန္ဓာကိုယ်က ဘာဖြစ်သွားတာလဲ။”

“ငါလည်း မလှုပ်နိုင်တော့ဘူး”

“ဒီလူယုတ်မာကမှ တကယ့်နတ်ဆိုးပဲဖြစ်ရမယ်”

နတ်ဆိုးဘုရင်များ၏ မျက်နှာများမှာ တုန်လှုပ်ခြောက်ခြားပြီး ဒေါသတကြီးဖြစ်လာသည်။

လင်းဟိုင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်လှုပ်သွားသည်။

“စကားတစ်ခွန်းတည်းနဲ့ နတ်ဆိုးဘုရင်တွေ မလှုပ်နိုင်တော့ဘူး။ အဲ့ဒါက ဥပဒေဿရဲ့ စွမ်းအားလား။”

“ဥပဒေဿရဲ့စွမ်းအား ဟုတ်လား”

လင်းချင်ရှန်းက အံ့ဩတကြီး မေးလိုက်သည်။

လင်းဟိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး တုန်လှုပ်နေသော စိတ်ဖြင့် ပြောလိုက်သည်။

“အင်မော်တယ်တွေသာ ဥပဒေဿကို ကျွမ်းကျင်နိုင်တယ်လို့ ကောလာဟလ သတင်းတွေရှိတယ်။ သူတို့ရဲ့ စကားလုံးနဲ့ အပြုအမူတိုင်းက ဥပဒေဿရဲ့ စွမ်းအားကို ကိုယ်စားပြုတယ်။ စီနီယာစကားပြောလိုက်တာနဲ့ နတ်ဆိုးဘုရင်တွေ ရပ်တန့်သွားတယ်။ အဲ့ဒါက ဥပဒေဿရဲ့ အာဏာပဲဖြစ်တယ်။”

လင်းချင်ရှန်းက မေးလိုက်သည်။

“ဒါဆို စီနီယာက အင်မော်တယ်များလား။”

လင်းဟိုင်၏ အမူအရာက ပို၍လေးနက်လာခဲ့သည်။

“အင်မော်တယ်သတ္တဝါတိုင်း အထက်ဘုံကို တက်ရမယ်။ ကျူးရှို့တိုက်ကြီးရဲ့ ဥပဒေဿက အင်မော်တယ်သတ္တဝါတွေရဲ့ တည်ရှိမှုကိုလက်မခံနိုင်ဘူး”

“အင်မော်တယ်တွေ အောက်ဘုံမှာရှိရင်တောင် ကျူးရှို့တိုက်ကြီးရဲ့ ကောင်းကင်တာအိုက သူတို့ကို ဖိနှိပ်ထားမှာပဲ။ အဲ့ဒါကြောင့် သူတို့စွမ်းအားတွေ လျော့ကျနိုင်တဲ့အတွက် ကျူးရှို့တိုက်ကြီးမှာ သူတို့တွေ ကြာကြာမနေနိုင်ဘူး”

“ဒါပေမဲ့ စီနီယာကို ကြည့်ရတာတော့ သူက ဥပဒေဿရဲ့ စွမ်းအားကို အလွယ်တကူ သုံးနိုင်ပြီး အင်မော်တယ်ဆိုတဲ့အရာတွေကို စိတ်ထဲထည့်မထားဘူး။ ဒါဆိုရင် သူက ဒဏ္ဍာရီလာအင်မော်တယ်သတ်ဖြတ်သူပဲဖြစ်ရမယ်”

“ဘာ..... ဒဏ္ဍာရီလာအင်မော်တယ် သတ်ဖြတ်သူဟုတ်လား”

လင်းချင်ရှန်းက အံ့အားသင့်သွားပြီး သူသည် ထိုစကားကိုမကြားဖူးပေ။

“အင်မော်တယ်နိမိတ်ပုံဆိုတဲ့ အကြောင်းကို ဟိုးလွန်ခဲ့တဲ့ ထောင်ချီတုန်းက ငါကြားခဲ့ဖူးတယ်။ အဲ့တာက နှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ ကောလဟာလပဲ။ တစ်ခါတုန်းက ကျူးရှို့တိုက်ကြီးက အကြောင်းပြချက်မရှိဘဲ အထက်ဘုံကို ဒေါသဖြစ်စေခဲ့တယ်။ အဲ့ဒါကြောင့် ကျူးရှို့တိုက်ကြီးကို သုတ်သင်ဖို့ အထက်ဘုံကသူတွေ အောက်ဘုံကို ဆင်းလာခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ ဘယ်တော့မှ မျှော်လင့်မထားခဲ့တာက ကျူးရှို့တိုက်ကြီးမှာ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နေတဲ့ အင်မော်တယ်သတ်ဖြတ်သူအလား တည်ရှိမှုတစ်ခုရှိမယ်လို့ပဲ။ သူ့ရဲ့ခွန်အားက အရမ်းကြောက်စရာကောင်းပြီး အင်မော်တယ် တွေထက်တောင်မှ အားမနည်းဘူး။ ဒါကြောင့် အောက်ဘုံကို ဆင်းလာတဲ့ အင်မော်တယ်တွေအကုန်လုံး ကျူးရှို့တိုက်ကြီးမှာပဲ သေဆုံးသွားကြတယ်။”

လင်းဟိုင်၏ စကားကိုကြားသောအခါ လင်းချင်ရှန်းက အသက်ပြင်းပြင်းရှုလိုက်ပြီး ကူရာမဲ့သွားသည်။

*အင်မော်တယ်တွေအကုန်လုံး သေကုန်တယ်ဟုတ်လား*

*ဒီလိုနတ်ဘုရားရဲ့ တိုက်ခိုက်မှုက တကယ့်ကို ကြောက်စရာကောင်းတာပဲ*

ဤကဲ့သို့ လျှို့ဝှက်ချက်မျိုးကို သူ ပထမဆုံးအကြိမ် ကြားခဲ့ဖူးခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ ကျူးရှို့တိုက်ကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းခန့်လောက်က ကပ်ဘေး၌ ပျက်စီးလုနီးပါးဖြစ်ခဲ့သည်။

“လူအိုကြီးဟိုင် ဒါဆို စီနီယာက အင်မော်တယ်သတ်ဖြတ်သူလား”

လင်းဟိုင်က ခေါင်းခါလိုက်ပြီး

“ဒါက မှန်းဆချက်ပဲ။ ငါလည်း အဲ့ဒါကို ကြားပဲကြားခဲ့ဖူးတာ။ အင်မော်တယ်သတ်ဖြတ်သူကို တစ်ခါမှမမြင်ဖူးဘူး။”

ထိုအချိန်တွင် နတ်ဆိုးဘုရင်ရှစ်ပါး၏ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လင်းဟိုင်နှင့် လင်းချင်ရှန်တို့၏ စကားများလည်း ရပ်သွားသည်။

နတ်ဆိုးဘုရင်များသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အလုံးစုံသော သက်ရှိစွမ်းအား၏ လုပ်ဆောင်မှုအောက်တွင် သွေးဆေးလုံးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

သွေးဆေးလုံးရှစ်လုံးကိုကြည့်ပြီး ချမ်ချန်ကန်းက ပြုံးကာ ကျေနပ်သွားသည်။ ဤသည်က သူလိုချင်သည့် ရလဒ်ဖြစ်သည်။

ဤကဲ့သို့သော နတ်ဆိုးဘုရင်ရှစ်ပါးကို သတ်ပစ်ရုံဖြင့် နယ်မြေတန်ဖိုးကိုသာရရုံက ဘာမှမဟုတ်ပေ။ ယခုမူ နတ်ဆိုးဘုရင်ရှစ်ပါးကို သတ်ပစ်လိုက်သော်လည်း နယ်မြေတန်ဖိုးသာမက သွေးဆေးလုံးရှစ်လုံးကိုပါ ရရှိခဲ့သည်။

အဆိုပါ သွေးဆေးလုံးရှစ်လုံးသည် သူတို့၏ နတ်ဆိုးဘုရင်ခန္ဓာကိုယ်ရှိ စွမ်းအားအနှစ်သာရများနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ၎င်းသည် ထို့ပါယဲ့အတွက် နယ်ပယ်သေးတစ်ခုကိုပင် ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်သည်။ ဤသွေးဆေးလုံး၏ အာနိသင်က အလွန်စွမ်းထက်ပေသည်။

ပြင်ပကမ္ဘာသို့ ပျံ့နှံ့သွားပါက မည်သည့်ပြဿနာများ ဖြစ်ပေါ်လာမလဲဆိုတာ သူမသိပေ။ ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့ သွေးဆေးလုံးမျိုးကို လိုချင်ကြမှာကို စိုးရိမ်မိသည်။ ထို့ကြောင့် သွေးဆေးလုံး၏ တန်ဖိုးကို လုံးဝမတွက်ချက်နိုင်ပေ။

*နတ်ဆိုးဘုရင်ရှစ်ပါးစလုံး သွေးဆေးလုံးအဖြစ် ပြောင်းလဲသွားကြတာပဲ*

လင်းဟိုင်နှင့် လင်းချင်ရှန်းတို့နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။ နောက်ဆုံး၌ သူတို့နှစ်ဦးသည် အရင်က သွေးဆေးလုံး၏ အကျိုးသက်ရောက်မှုကို မြင်တွေ့ခဲ့ဖူးသည်။ ယခုအချိန်၌ နောက်ထပ် ရှစ်လုံးရှိနေသေးသည်။

ချမ်ချန်ကန်းက နတ်ဆိုးဘုရင်ရှစ်ပါးကို သတ်ပြီးနောက် နယ်မြေတန်ဖိုးများကိုကြည့်ပြီး ကျေနပ်သွားခဲ့သည်။

ယခုမူ သူ့တွင် နယ်မြေတန်ဖိုး (၁၃၄၀၀) ရှိသည်။ စနစ်ဗားရှင်း 3.0 ကို အဆင့်မြှင့်ရန် နယ်မြေတန်ဖိုး(၅၀၀၀)ကို အသုံးပြုခဲ့ပြီး သူ့အတွက် နယ်မြေတန်ဖိုး (၈၄၀၀) ကျန်ရှိနေသေးသည်။

ဤနည်းအားဖြင့် သူသည် သူ၏ပြိုင်ဘက်ကင်းနယ်မြေကို နောက်ထပ် ၈၄ မီတာအထိ ချဲ့ထွင်နိုင်တော့မည်ဖြစ်သည်။

သူသည် လက်ကိုမြှောက်ပြီး သွေးဆေးလုံးရှစ်လုံးကို ကြည့်လိုက်သည်။

“စီနီယာရဲ့ခွန်အားက တကယ်နားမလည်နိုင်အောင်ပဲ။ လင်းဟိုင် တကယ် လေးစားမိပါတယ်”

လင်းဟိုင်က ရှေ့သို့တိုးပြီး တလေးတစား ပြောလိုက်သည်။

ချမ်ချန်ကန်းက

“ခင်ဗျားတို့တွေ ငါ့ရဲ့ခွန်အားကိုမြင်ပြီးပြီဆိုတော့ ပေါင်အာရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာမလိုတော့ဘူးမလား”

“စိတ်မပူပါဘူး.... စိတ်မပူပါဘူး။”

လင်းချင်ရှန်းက အလျင်အမြန် တုံ့ပြန်လိုက်သည်။

လင်းပေါင်အာက သူ့ဆရာအတွက် ဂုဏ်ယူနေမိသည်။ ဟုတ်ပေသည်။ သူ့ဆရာသည် ကမ္ဘာပေါ်၌ စွမ်းအားအကြီးဆုံးဖြစ်သည်။

“ကောင်းပြီ...နတ်ဆိုးတွေလည်း မရှိဘူးဆိုတော့ ခင်ဗျားတို့ အေးဆေးထွက်သွားလို့ရပြီ”

ချမ်ချန်ကန်းက ထပ်ပြောလိုက်သည်။

လင်းဟိုင်နှင့် လင်းချင်ရှန်းတို့သည် ချမ်ချန်ကန်း၏ လက်ထဲရှိ သွေးဆေးလုံးများကိုကြည့်ပြီး အနည်းငယ် မနာလိုဖြစ်မိသည်။ ကျင့်ကြံမှုတိုးတက်ခြင်းအတွက် ဤအရာများက အလွန်ကောင်းမွန်ပေသည်။

သူတို့၌သာ တစ်လုံးလောက်ရှိလျှင် သူတို့သည် အခြေတည်စိတ်ဝိညာဉ်အလွှာလေးမှ အလွှာငါးသို့ ကျော်ဖြတ်နိုင်မည်ဟု လင်းဟိုင်က ယုံကြည်မိသည်။

လင်းချင်ရှန်းအတွက်မူ သူ့တွင်သာ သွေးဆေးလုံးတစ်လုံးရှိပါက ရွှေဗဟိုချက်နယ်ပယ်မှ အခြေတည်စိတ်ဝိညာဉ်နယ်ပယ်သို့ သေချာပေါက် ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

သူသည် (ကျင်းတန်) ရွှေဗဟိုချက်နယ်ပယ်အဆင့်တွင် အကြာကြီးနေထိုင်ခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူ့သမီး၏ ကျင့်ကြံမှုသည် ကျင်းတန် နယ်ပယ်ကို ချိုးဖျက်နိုင်သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ဤသွေးဆေးလုံးကို စားမိလို့ ဖြစ်ကောင်းဖြစ်နိုင်လိမ်မည်။

ချမ်ချန်ကန်းသည် လင်းဟိုင်နှင့် လင်းချင်ရှန်းတို့၏ အကြည့်များကို သဘာဝအတိုင်း သတိထားမိသည်။

*ဟဲဟဲဟဲ.... *

*ငါ့လက်ထဲက သွေးဆေးလုံးတွေကို လိုချင်တာလား။ မင်းတို့နှစ်ယောက်လုံး တန်တယ်ထင်လို့လား*

မင်းတို့တွေ ပေါင်အာရဲ့ ဆွေမျိုးတွေဖြစ်ရုံနဲ့ ငါပေးမယ်မထင်နဲ*

သို့သော် လင်းချင်ရှန်နှင့် လင်းဟိုင်တို့၏မျက်နှာမှာ ဤမျှလောက် အရေမထူပေ။

“ဒါဆိုရင် စီနီယာ၊ ကျွန်တော်တို့ အရင်သွားပါဦးမယ်”

လင်းကျင်ရှန်နှင့် လင်းဟိုင်တို့က တလေးတစားပြုံးပြီး ထွက်ခွာဖို့ ပြင်လိုက်သည်။

“ခဏနေဦး”

ချမ်ချန်ကန်းက မပေးဘူးပြောပေမဲ့လည်း သူတို့ကို တားလိုက်သည်။

“စီနီယာ ဘာများအမိန့်ပေးမလို့လဲ မသိပါဘူး”

လင်းချင်ရှန်နှင့် လင်းဟိုင်တို့က တလေးတစား မေးလိုက်သည်။

“ယူလိုက်”

ချမ်ချန်ကန်းက သူ့လက်ချောင်းကိုလှုပ်လိုက်ရာ သွေးဆေးလုံးနှစ်လုံးက လင်းချင်ရှန်းနှင့် လင်းဟိုင်တို့ လက်ထဲသို့ ကျရောက်သွားသည်။

“ဆရာက အရမ်းကောင်းတယ်။ ဆရာက အရမ်းချစ်စရာကောင်းတယ်။”

“အဖေ .. အဖိုး။ အဆင်ပြေရဲ့လား”

လင်းပေါင်အာက မေးလိုက်သည်။

လင်းချင်ရှန်နှင့် လင်းဟိုင်တို့သည် သွေးဆေးလုံးကိုရလိုက်သဖြင့် သူတို့အမူအရာမှာ တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးသွားကြသည်။

“စီနီယာ ဒါ... ဒါ... ဒါကလေ”

သူတို့သည် ဤသွေးဆေးလုံးနှစ်လုံးကို အရမ်းလိုချင်နေမိသည်။ ထို့အပြင် သွေးဆေးလုံး၏ တန်ဖိုးကိုလည်း သိပေသည်။ သူတို့ရလိမ့်မည်ဟု မမျှော်လင့်ကြပေ။

ချမ်ချန်ကန်းက လင်းပေါင်အာ၏ ခေါင်းကို ကိုင်လိုက်ပြီး

“ခင်ဗျားတို့တွေက ပေါင်အာရဲ့ ဆွေမျိုးတွေဆိုမှတော့ ကျုပ်က ပေးရတာပေါ့။ မြန်မြန်ယူလိုက်။ ဒါ့အပြင် ခင်ဗျားတို့ ထွက်သွားပြီးလို့ရှိရင် ဒီအရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဖေးရှန့်တောင်မှာ ဖြစ်ခဲ့တာတွေကို ထုတ်ဖော်ခွင့်မရှိဘူး။

“အင်မော်တယ်ဘုံကလူတွေ ခင်ဗျားတို့ ဓားကိုးစင်းဂိုဏ်းကို နှောင့်ယှက်တယ်ဆိုရင် ဖေးရှန်တောင်ကို လာခိုင်းလိုက်။ ဒီအရှင်က သူတို့ကို စောင့်နေတယ်လို့ ပြောလိုက်”

All Chapters