← Chapters

အခန်း ၄၄

Vol. 4 Ch. 44

အခန်း ၄၄

Vol. 4 Ch. 44

အခန်း (၄၄) စနစ်ကိုအဆင့်မြင့်တင်ခြင်း

ဘုရားကျောင်း၏ အပြင်ဘက်ဝန်း၌ လင်းပေါင်အာသည် ဝက်အူချောင်းကဲ့သို့ ရောင်ရမ်းနေသော နှုတ်ခမ်းဖြင့် ချမ်ချန်ကန်း၏လက်နှစ်ချောင်းကို ဆေးလူးပေးလိုက်သည်။

“ဆရာနာသေးလား”

ချမ်ချန်ကန်းက သူမကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး

“မင်းရဲ့ဆရာက ဘယ်လောက်တောင် သန်မာတယ်ဆိုတာ မင်းမသိဘူးလား။ မင်းရဲသွားတွေက စိန်သွားတွေဖြစ်နေရင်တောင်မှ မင်းဆရာကို ကိုက်နိုင်မှာမဟုတ်ဘူး၊ ဒါက ရိုးရိုးသွားလေ ဘယ်လိုလုပ်နာမှာလည်း”

သို့သော် လက်နှစ်ဖက်ရှိသွားရာများကိုကြည့်၍ ချမ်ချန်ကန်း၏နှုတ်ခမ်းထောင့်မှာ တုန်လှုပ်သွားသည်။

*လင်းပေါင်အာ ငါ့ကိုများတကယ်ကိုက်ရဲတယ်။ ငါပြန်လက်စားချေရမယ် *

“ဆရာ စိန်ဆိုတာဘာလဲ”

“အဲဒါက အရမ်းထက်မြက်တဲ့ နတ်ဘုရားလက်နက်ပဲ”

“အိုး ဟုတ်လို့လား”

မကြာခင်မှာပဲ လင်းပေါင်အာသည် ချမ်ချန်ကန်းကို ဆေးထည့်ပြီး သူမ၏နှုတ်ခမ်းထောင့်တွင်ရှိသော တံတွေးကိုသုတ်ကာ

“ဆရာ ဒီတပည့်လေ့ကျင့်တော့မယ်နော်”

ချမ်ချန်ကန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး

“သွားတော့ သွားတော့ ”

“ဟုတ်ကဲ့ပါ”

သို့သော်မကြာမီ လင်းပေါင်အာ၏ ခွေးသွားလေးများက ထပ်မံကိုက်ပြန်သည်။ သို့သော်လည်း ဤကိုက်ချင်းသည် အလွန်ပေါ့ပါးသဖြင့် ချမ်ချန်ကန်းက မနာကျင်ခဲ့ပေ။ ထို့အစား ယားယံသလို ခံစားလိုက်ရသည်။

“ပေါင်အာ မင်းကလူမဟုတ်ဘူး။ တကယ်ခွေးပဲ”

“ဆရာနော် အဲ့လိုပြောရင် တပည့်ထက်ကိုက်လိုက်မယ်နော်။ ညနေကြရင် တပည့်ဆရာအတွက် အရသာရှိတာတစ်ခုခု ချက်ကြွေးပါ့မယ်။ ဆရာစိတ်မဆိုးနဲ့နော် ဒီတပည့်လေး လေ့ကျင့်တော့မယ်”

လင်းပေါင်အာက ထိုသို့ပြောပြီး ထွက်သွားသည်။

ချမ်ချန်ကန်းက သူ့လက်မောင်းပေါ်ရှိ ဒါဇင်နှင့်ချီသော သွားရာများကိုကြည့်ကာ ကူရာမဲ့စွာခေါင်း ခါယမ်းလိုက်သည်။

ဤထာဝရအသက်ရှည်သောခန္ဓာကိုယ်မှ ဖြာထွက်နေသော လျှို့ဝှက်ဆန်းကြယ်ရနံ့က ချမ်ချန်ကန်းကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

သူ့၌ သူ့ဆရာကဲ့သို့ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန်လျှို့ဝှက်နည်းစနစ် မသုံးနိုင်သည်မှာ အလွန်သနားစရာကောင်းသည်။

ချမ်ချန်ကန်းသည် သက်ပြင်းတစ်ချက်ချရင်း သူ့၌ပြိုင်ဘက်ကင်းနယ်မြေတစ်ခုရှိသည့်အတွက် ဝမ်းသာသွားပေသည်။

သူသည် ပြိုင်ဘက်ကင်းနယ်မြေ၏ အလယ်တွင်ရှိသောကြောင့် ကြောက်စရာမလိုပေ။

သူ၏စည်းတံဆိပ်ပျက်ပြားသွားသော်လည်း ပြိုင်ဘက်ကင်းနယ်မြေထဲတွင်ရှိနေသောကြောင့် ထာဝရအသက်ရှည်သည့် ခန္ဓာကိုယ်ကိုဖော်ထုတ်နိုင်လျှင်ပေ ထိုနတ်ဆိုးများကို ကြောက်စရာမလိုပေ။

သို့သော် သူ၏ထာဝရအသက်ရှည်သည့် ခန္ဓာကိုယ်မှာအလွန်ထင်ရှားနေသည်။ အမှောင်ထဲ၌ လင်းလက်တောက်ပနေသည့် မီးရှူးတစ်စောင်ကဲ့သို့ပင် အပြင်ထွက်သည့်အခါ၌ သွားရည်တမျှမျှ ကျနေသော နတ်ဆိုးများနှင့် တွေ့နိုင်သည်။

*ဘုရားရေ ငါဒီလောကကို စလာကတည်းက ဘယ်လိုတောင် သနာစရာကောင်းတဲ့ ထာဝရအသက်ရှည်တဲ့ခန္ဓာကိုယ်မျိုးရလိုက်တာလဲ*

ထို့နောက် ချမ်ချန်ကန်းသည် အေးမြသောလေနုအေးကလေးနှင့်အတူ ဗောဓိပင်၏အောက်၌ သီချင်းတစ်ပုဒ်ကို အော်ညည်းလေသည်။

“ရေး … ရေး … ရေး … ငါ့ကိုသိုးပေါက်လေးလို့ ကြည့်မနေနဲ့၊ ငါ့ရဲ့အနံ့က အရမ်းမွှေးကြိုင်ပြီး လူတိုင်းကို စွဲဆောင်နိုင်တယ်”

လင်းပေါင်အာသည် ကျင့်ကြံနေပြီး ထိုသီချင်းသံကိုကြားသောအခါ

ဆရာကသိုးနတ်ဆိုးလား*

ထိုသို့ တိုးတိုးလေးပြောလိုက်သည်။

ချမ်ချန်ကန်းသည် သီချင်းညည်းနေပြီး သူ၏သနားစရာကောင်းသော ထာဝရအသက်ရှည်သည့်ခန္ဓာကိုယ်ကိုမေ့သွားသည်။

ထို့နောက် သူသည် သူ၏ပြိုင်ဘက်ကင်းနယ်မြေကို အဆင့်မြင့်တင်တော့မည်ဖြစ်သည်။ ချမ်ချန်ကန်းသည် ကုလားထိုင်ပေါ်၌ထိုင်ကာ

“စနစ်ရှိလား စနစ်ကိုအဆင့်မြင့်လို့ရလား၊း ”

“စနစ်၏သတိပေးချက်: ပြိုင်ဘက်ကင်းနယ်မြေ ဗားရှင်း 3.0 ကိုအဆင့်မြင့်တင်ရန်အတွက် နယ်မြေတန်ဖိုးငါးထောင်ကို အသုံးပြုလိုပါသလား”

“အိုး … ”

“အိမ်ရှင်ဘာပြောလိုက်တာလဲ”

“ဘာမှမဟုတ်ပါဘူး စနစ်ကိုပဲအဆင့်မြင့်တင်လိုက်”

ထို့နောက်ချမ်ချန်ကန်းက

“မင်းက ပြည်တွင်းထုတ်စနစ်လို့ ငါထင်တယ်”

ချမ်ချန်ကန်းက ထိုသို့ရေရွတ်လိုက်သည်။

“စနစ်၏သတိပေးချက်: အိမ်ရှင်မှ စနစ်ကိုမြင့်တင်နေပါသည်။ ကျေးဇူးပြုပြီး ခဏစောင့်ဆိုင်းပေးပါ။ ”

“ကောင်းပြီ”

ခဏကြာသွားပြီးနောက် စနစ်ကပြန်ပေါ်လာခဲ့သည်။

“စနစ်၏သတိပေးချက်: နယ်မြေတန်ဖိုးငါးထောင်ကို သုံးစွဲပြီး စနစ်အားဗားရှင်းအသစ်သိူ့ အောင်မြင်စွာအဆင့်မြင့်တင်ခဲ့ပါသည်”

“ပြိုင်ဘက်ကင်းနယ်မြေစနစ်၏ လက်ရှိဗားရှင်း 3.0 ၌ အင်မော်တယ်တာအို၏ အစစ်အမှန် လုပ်ဆောင်ချက်ကို ဖွင့်လှစ်ထားပါသည်။”

မကြာမီတွင် ချမ်ချန်ကန်းသည် အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်ဟူသော လုပ်ဆောင်ချက်အသစ်ကို ကျွမ်းကျင်လာခဲ့သည်။

ဤအင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်သည်။

“ငါသည်သာမသေမျိုး၊ ငါ၏အမူအကျင့်နှင့် ငါ၏လုပ်ဆောင်ချက်တို့က တာအိုအမှန်တရားများပါဝင်ပြီး၊ အင်မော်တယ်လမ်းစဉ်ရဲ့ အစစ်အမှန်ဟူသော အဓိပ္ပါယ်ဖြစ်တယ်။ ”

ရိုးရိုးသားသားပြောရလျှင် ဤလုပ်ဆောင်ချက်အသစ်က အလွန်စွဲဆောင်မှုရှိသည်။ သို့ပေမယ့် ဤလုပ် ဆောင်မှုသည် ချမ်ချန်ကန်း မည်မျှဟန်ထုတ်နိုင်သည့်အပေါ်တွင် မူတည်ပေသည်။

“စနစ်၏သတိပေးချက်: လက်ရှိဗားရှင်း 3.0 ၌ အိမ်ရှင်သည် ငါးဆားနယ်‌ဘဝဖြင့်နေထိုင်မှုပုံစံကိုရရှိပ်သည်။ ထိုအချင်းအရာကို ဖွင့်လိုပါသလား ”

သူ့ခေါင်းထဲ၏အသံက ချမ်ချန်ကန်း၏စိတ်ကို လျော့ကျသွားစေခဲ့သည်။ သူသည်သစ်သားကုလားထိုင် ပေါ်မှ မြင်းရိုင်းတစ်ကောင်လို ကုန်းထလိုက်သည်။

*အမေရေ .. ဒါက တကယ့်လက်ဆောင်ကြီးပဲ။ ကောင်းကင်ပေါ်က ပိုင်မုန့်ပြုတ်ကျလာတာပဲ*

“ဖွင့်လိုက်စမ်း.... ဖွင့်လိုက်စမ်း ”

“စနစ်၏သတိပေးချက်: အိမ်ရှင်သည် ပန်းလစန္ဒာကြေးမုံလုပ်ဆောင်ချက်ကို ရရှိထားပါသည်။”

“စနစ်၏သတိပေးချက်: အိမ်ရှင်သည် ဤလုပ်ဆောင်ချက်ကို အင်မော်တယ်တာအို၏ အစစ်အမှန်လုပ်ဆောင်ချက်၌ တစ်ကြိမ်သာအသုံးပြုနိုင်သည်။”

“ကျေးဇူးပြု၍ ပစ်မှတ်ကိုရွေးချယ်ပေးပါ”

အင်မော်တယ်လမ်းစဉ်သည် ထာဝရတည်တံ့မည်ဖြစ်ပြီး ၎င်းသည် သာမန်အရာဝတ္ထုများကို အစစ်အမှန်အရာဝတ္ထုများအဖြစ်သို့ တစ်ကြိမ်ပြောင်းလဲပေးနိုင်သည်။

ကံမကောင်းစွာဖြင့် ၎င်းသည် တစ်ကြိမ်သာအသုံးပြုနိုင်သည့် အတွေ့အကြုံကတ်တစ်ခုဖြစ်သည်။ ထိုအကြောင်းကိုစဉ်းစားပြီးနောက် ချမ်ချန်ကန်းကပြောလိုက်သည်။

“စနစ် ဒီအတွေ့အကြုံကတ်ကို ငါရှိတဲ့ ဒီပြိုင်ဘက်ကင်းနယ်မြေအတွက် အသုံးပြုလို့ရလား”

“အသုံးပြုလို့ရပါသည်”

တနည်းအားဖြင့် သူသည် သူ၏ပြိုင်ဘက်ကင်းနယ်မြေကို အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲနိုင် တော့မည်ဖြစ်သည်။

“ဟဲဟဲဟဲ…”

*အောက်ဘုံက အင်မော်တယ်နယ်မြေ။ ပြီးတော့ ငါက အြဲအင်မော်တယ်နယ်မြေရဲ့ အရှင်သခင်ပဲ**

သို့ပေမယ့် ချမ်ချန်ကန်းက ပြဿနာရှိနေသေးပေသည်။

“စနစ် ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ပြီးလို့ရှိရင် အဲ့အထဲမှာ အင်မော်တယ်နယ်မြေရဲ့ လုပ်ဆောင်ချက်လည်းပါဝင်လား”

“အခြေခံသဘောတရားအရတော့ မဖြစ်နိုင်ပါဘူး။ ”

“ပြီးတာပဲ”

သို့သော် စနစ်သည် ရှင်းရှင်းလင်းလင်းမပြောပဲ နောက်မှသာ “အိမ်ရှင်သာ နောက်ထက်နယ်မြေတန်ဖိုးငါးထောင်ကို အသုံးပြုမည်ဆိုလို့ရှိရင်တော့ အနာဂတ်မှာချဲ့ထွင်မဲ့ ပြိုင်ဘက်ကင်းနယ်မြေမှာလည်း အင်မော်တယ် နယ်မြေရဲ့ လုပ်ဆောင်ချက်လည်း အတူတူပါရှိလိမ့်မယ်”

ချမ်ချန်ကန်းသည် ထိုစကားကိုကြားသောအခါ မျက်လုံးပြူးသွားသည်။

“ဒါက ဒီသဘောတရားပဲ ”

ချမ်ချန်ကန်းက အရမ်းဝမ်းနည်းသွားသည်။

“အလျော့ပေးလို့မရဘူးလား။ ငါကအခုလူကောင်းတစ်ယောက်ပဲလေ။ အဲဒါကြောင့် ပိုက်ဆံနည်းနည်းလောက် အလျော့ပေးလို့မရဘူးလား”

All Chapters